01/09/2021
안녕 애들아 !! ♥♥
ဒီနေ့ညမှာတော့ Korea နိုင်ငံရဲ့
အထွတ်အမြတ်ပွဲတော်တွေမှာ
ဘယ်လိုအစားအသောက်မျိုးကို စားသောက်ပြီး
ဘယ်လိုမျိုးဖြတ်သန်းကြတယ်ဆိုတာကို
ပြောပြသွားပါမယ်…
Korea နိုင်ငံမှာ အထူးသဖြင့်ပွဲတော်ကြီး
(4) ခုကိုဆင်နွှဲကြပါတယ်…
1.설날 (ဆောလား)_(နှစ်သစ်ကူးပွဲတော်)
အဲ့ဒီ့နှစ်သစ်ကူးပွဲတော်မှာဆိုရင်
စားတဲ့ရိုးရာအစားအသောက်က
떡국 (တော့ဂုဂ်)လို့ခေါ်တဲ့ ``ဆန်မုန့်ပြုတ်´´ပါ……
အဖြူရောင် ဆန်မုန့်ပြုတ်က ဖြူစင်ခြင်းကိုဆိုလိုပြီး
Korea လူမျိုးတွေဟာ ဆန်မုန့်ပြုတ်ကို နှစ်သစ်ရဲ့
မနက်မှာစားသောက်ပြီး စိတ်သစ်လူသစ်နဲ့
အတွေ့အကြုံသစ်တွေကိုစတင်ခြင်းလိုိ့ုဆိုလိုပါတယ်…
2.추석 (ချူဆော့ဂ်)_(ကောက်သစ်စားပွဲတော်)
ကောက်သစ်စားပွဲတော်မှာဆိုရင်တော့ ရိတ်သိမ်းချိန်မှာ
ရိတ်သိမ်းထားတဲ့ ဆန်စပါးနဲ့ 송편 (ဆိုးင်ဖျေားန်)လို့
ခေါ်တဲ့လခြမ်းပုံသဏ္ဌာန်ရှိတဲ့ မုန့်ကို
ပြုလုပ်စားသောက်ကြပါတယ်…
3.정월대보름(ဂျောငွေါလ်ဒဲဘိုလူးမ်)
(နှစ်သစ်ကူးပြီးပထမဆုံးလပြည့်ပွဲတော်)
အဲ့ဒီ့ပွဲတော်မှာတော့ 오곱밥(အိုဂို့ဘ်ဘာ့ဘ်)လို့ခေါ်တဲ့
ငါးမျိုးစပ်ထမင်းနဲ့ အရွက်သုတ်(9)မျိုး
အခွံမာသီးတို့ပါဝင်တဲ့ထမင်းကို လုပ်စားကြပါတယ်…
အကြားအာရုံကိုကောင်းမွန်စေတဲ့ အရက်လဲပါဝင်ပါတယ်…
လတ်ဆတ်အေးမြတဲ့ နွေဦးမရောက်ခင်မှာ
Koreaလူမျိုးတွေကပြီးခဲ့တဲ့ ဆောင်းရာသီကာလကို
ပြန်ဖြတ်ကျော်လာခဲ့တဲ့ သိမ်းထားတဲ့
အရွက်ခြောက်အသီးအနှံတွေကိုပေါင်းပြီး
ငါးမျိုးစပ်ထမင်းနဲ့ အရွက်သုတ်ကိုလုပ်စားကြတာပါ…
အခွံမာသီးကလဲ နွေဦးရာသီအတွင်း
အသားအေရပ်က္စီးတာကို
ကာကွယ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်တဲ့…
4.동지 (ဒိုးင်ဂျီ)_
(နှစ်တစ်နှစ်ရဲ့ နေ့တိုညရှည်ကိုကြိုဆိုတဲ့ပွဲတော်)
ပြောရရင် ဆောင်းဝင်လာတဲ့အခါ
နေ့တာတိုပြီး ညတာရှည်လာတဲ့
အထိမ်းအမှတ်တစ်ခုခုကို သတ်မှတ်တာမျိုးထင်တယ်…
(အတိအကျ ရှာမကြည့်ပေးရလို့ sorry ပါနော်)
အဲ့ဒီ့ပွဲတော်မှာတော့ 팥죽(ဖာ့ဒ်ကျု့ဂ်)လို့ခေါ်တဲ့
ပဲနီဆန်ပြုတ်ကို လုပ်စားကြပါတယ်တဲ့…
ပဲနီဆန်ပြုတ်ကိုတော့ အဲ့ဒီ့နှစ်အတွက်
ကံကောင်းခြင်းတွေကိုယူဆောင်ပေးနိုင်ဖို့
စားသောက်ကြပြီး အချို့ကိုတော့
အိမ်ပတ်ဝန်းကျင်မှာ ဖြန့်ကြဲကြပါတယ်…
အနီရောင်က မကောင်းတဲ့နတ်ဆိုးတွေကို
မောင်းထုတ်ပေးတယ်လို့ ယုံကြည်ကြတာကြောင့်ပါ…
သင်ထားရသလောက်ကလေး
လက်ဆင့်ကမ်းပေးတာပါ…