08/06/2025
★ "LIVE IS A GIFT"
`ဘဝဆိုတဲ့ လက်ဆောင်ကောင်း´
ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လာ့း့?
အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာလည်းပြောင်းလဲသွားတတ်ပါတယ်။
ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ။
အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ။
၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့ စကားမျိုး ပြောတော့မယ်ကြံရင်
လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ
ဆွံ့အနေကြတယ်ဆိုတာ သတိရလိုက်စမ်းပါ။
၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့
အရသာကိုခံတွင်းမတွေ့လို့
အပြစ်တင်တော့မယ်ဆိုရင်
စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ။
၃။ ဒီနေ့ကစပြီး သင့်ရဲ့
ချစ်ရည်းစားလေးကို စိတ်အလိုမကျ
အပြစ်တော်တင်တော့မယ်ကြံရင် ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦး။
၄။ သင့်ရဲ့ကလေးတွေကို
ဆူပူမောင်းမဲတော့မယ်ဆိုရင်လည်း
အကြောင်းအမျိုးမျိုးကြောင့် ကလေး
မရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ။
၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့ သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကို
ကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ
နေစရာမရှိလို့ လမ်းဘေး
အိပ်နေရသူတွေကို သတိရလိုက်ပါဦး။
၆။စိတ်တိုင်းမကျလှတဲ့ကိုယ့်ဘဝကြီးကိုအပြစ်တင်တော့မယ် ဆိုရင်လည်း
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့
သူတွေကို သတိရလိုက်ပါ။
၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင်
ဒီခရီးကိုပဲ ခြေလျှင်သွားနေကြသူတွေကို
သတိရလိုက်ပါ။
၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ
ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့
စိတ်ပျက်မယ်ဆိုရင်
အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို
ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ။
၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး
အပြစ်ရှာတော့မယ်ကြံရင်လည်း တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ။
၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ
အတွေးတွေက သင့်ကိုကျရှုံး
အောင်လုပ်တော့မယ်ဆိုရင်
သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ။
ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့
သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ
(ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက
ထင်သလောက်မဆိုးဘူးပဲ နော့ )
"LIFE IS A GIFT"
`ဘဝဆိုတာလက်ဆောင်ကောင်း´တစ်ခုပါပဲ
ဘဝမှာနေလိုက်စမ်းပါ။ ပျော်လိုက်စမ်းပါ။
အောင်မြင်မှုတွေကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ။
ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင်
သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦး စိတ်ချမ်းသာစေချင်လွန်းလို့ပါ။
#လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်
#မှတ်သားထိုက်သောဒဿနများ
#စာပေဗဟုသုတများ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်