အလင်းရောင်

အလင်းရောင် Religious knowledge.

25/12/2022

ဇွတ်မလုပ်ပါနဲ့။

မျက်စိတစ်လုံထဲရှိသူသောသူကို ကူညီပါ။
18/11/2022

မျက်စိတစ်လုံထဲ
ရှိသူသောသူကို ကူညီပါ။

☪️ဒဂ်ျဂျာလ်ကအဝေးကြီးမှာမဟုတ်ပါဘူး☪️ ဒဂ်ျဂျလ်ဟာ မျက်စိတစ်လုံးပဲရှိတယ်။☪️မျက်စိနှစ်လုံးရှိပေမဲ့တစ်ဘက်ပဲမြင်တဲ့သူဟာလဲဒဂ်ျဂျ...
30/10/2022

☪️ဒဂ်ျဂျာလ်ကအဝေးကြီးမှာမဟုတ်ပါဘူး
☪️ ဒဂ်ျဂျလ်ဟာ မျက်စိတစ်လုံးပဲရှိတယ်။
☪️မျက်စိနှစ်လုံးရှိပေမဲ့တစ်ဘက်ပဲမြင်တဲ့သူဟာလဲ
ဒဂ်ျဂျာလ်ပါပဲ။

* သမီးမ် ဒါရီ   (လူငယ်) အဖွဲ့နှင့် ဒဂ်ျဂျာလ် အမေးအဖြေ===============================ဒဂ်ျဂျာလ် က မေးမြန်းသည်မှာَငါ့ကို ဘိ...
02/06/2022

* သမီးမ် ဒါရီ (လူငယ်) အဖွဲ့နှင့် ဒဂ်ျဂျာလ် အမေးအဖြေ
===============================
ဒဂ်ျဂျာလ် က မေးမြန်းသည်မှာ
َ
ငါ့ကို ဘိုင်စာန် အရပ်ဒေမှာ ရှိတဲ့ စွန်ပလွန်ပင်
များနှင့် စပ်လျဉ်းပြီး အသီးတွေ သီးတုန်းဘဲ
လား? ဒါမှ မဟုတ် အသီးမသီးတော့ဘဲ
အပင်တွေရှားသွားပြီးလား ဆိုတာကို ပြောပြ
ပါ။

ကျွနုပ်တို့က ''ယခု အချိန်ထိ စွန်ပလွန်သီးများ
ဖြင့်ဝေ ဆာနေကြောင်း'' ပြောပြလိုက်၏
ဤ တွင် ယင်းအမျိုးသားက''ထိုအချိန် နီးကပ်လာနေသည်။ ယင်းအချိန်သမယရောက်ရှိလာချိန်တွင် ၎င်း အရပ်ဒေသရှိ စွန်ပလွန်ခြံများတွင် အသီးလုံးဝ ဖြစ်ထွန်းတော့မည် မဟုတ်ပါ'' ဟု ပြောကြား၏။

တစ်ဖန် ၎င်းက ဆက်လက်၍ သွဗရီယဟ်'' အမည်ရှိတဲ့ ရေကန်ကြီးထဲမှာကော ရေတွေ ရှိနေတုန်းဘဲလား???ဒါမှ မဟုတ် ရေခမ်းခြောက်သွားပြီလား???
ဟု မေးမြန်းရာ ကျွ နုပ်တို့က ယခုအချိန်ထိ
တော့ ရေကန်ကြီးထဲမှာ ရေပြည့်လျံနေပါသည်ဟု ဖြေကြားလိုက်သည်။ ယင်းအမျိုးသားကပင် ဆက်လက်၍အချိန်တစ်ချိန် များမကြာမှီ ရောက်ရှိလာမည်။ ထိုအချိန်ရောက်လျှင် ယင်း ''သွဗရီယဟ် '' ရေကန်ကြီးသည်လုံးဝ ခမ်းခြောက်သွားပေမည်''ဟုပြောကြားပြန်၏။

ငါ့ကို မင်းတို့ ''ဇုဂရ် '' အမည်ရှိ စမ်းချောင်း
နှင့် ပက်သက်ပြီး ယင်းစမ်းချောင်းထဲမှ ရေဖြင့် လူအများ စိုက်ပျိုးရေး လုပ်ကြတုန်း
ဘဲလား???? ဟု မေးမြန်းရာ ကျွ န်ုပ်တို့က
''' လက်ရှိ အခြေနေမှာတော့ ယင်းစမ်းချောင်း
ရေကို လူအများကအသုံးချ နေပါသည်'''ဟု
ဖြေကြားလိုက်သည်။

၎င်း အမျိုးသားက ကျွ န်ုပ်တို့အား
အမီးန် သစ္စာရှင် နဗီမုဟမ္မဒ်နှင့် စပ်လျဉ်း၍
လည်း အာရဗ်အမျိုးသားများဟာ ၎င်းနှင့်
စစ်ခင်းနေကြပါသလား???ဟု မေးမြန်းရာ
ကျွ န်ုပ်တို့က '' အမှန်ပင် ထိုအတိုင်း ဖြစ်
ကြောင်း'' ဖြေကြားလိုက်သည်။
ထိုအခါ ၎င်းက '' လူတို့ အတွက် ယင်းနဗီ၏
အမိန့်ကို နာခံခြင်းကသာ အကောင်းဆုံးဖြစ်
သည်'' ဟု ပြောကြား၏။

၎င်း နောက် ဆက်လက်ပြောကြားရာတွင်
'' ယခု ငါ့အကြောင်း မင်းတို့ကို အသိပေး
ပြောကြားပါသည်။ ငါသည် အခြားမဟုတ်
''ဒဂ်ျဂျာလ်'' ဖြစ်ကြောင်း မကြာမီ အခွင့်ရ
သည်နှင့် ထွက်ပေါ်လာမည် ဖြစ်ကြောင်း''
ထုပ်ဖေါ် ပြောကြားလေသည်။
( ဆွဟီးဟ် ဗုခါရီကျမ်း)

အထက်ပါ ဟဒီးစ်တော်အရ
ဒဂ်ျဂျာလ် ၏ တည်ရှိရာ အရပ်ဒေသသည်
ပင်လယ်သမုဒ္ဒရာ တစ်ခု၏ ကျွန်းတကျွ န်း
ပေါ်၌ အချုပ်အနှောင်ဖြင့် ရှိနေကြောင်းသိ
ရှိရပေသည်။ နေရာအတိကျသည် ဖန်ဆင်း
တော်မူသော အလ္လာဟ် အရှင်မြတ်သာလျှင်
အကြွင်းမဲ့ သိတော်မူမည်။
Credit.. ..အလ္လာဟ့် ကျေးကျွ န်
ခူဗ်စူရသ်ဟဒီးစ်တော်များ

 #သူငယ်ပြန်ခြင်း မှကင်းဝေးရန်။ဟဇရသ်အနတ်စ်(ရသွေ့)သခင်ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူသည်။ခလေးတစ်ယောက်သည်အရွ...
17/05/2022

#သူငယ်ပြန်ခြင်း မှကင်းဝေးရန်။

ဟဇရသ်အနတ်စ်(ရသွေ့)သခင်ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူသည်။ခလေးတစ်ယောက်သည်အရွယ်မရောက်သေးပါက၎င်းပြုကျင့်ခဲ့သောအမလ်ကောင်းမှုများသည် ၎င်း၏ဖခင်သို့မဟုတ်မိဘ၏မှတ်တမ်းတွင်ရေးမှတ်ခြင်းခံရသည်။

မကောင်းမှုတစ်ခုလုပ်ခဲ့ပါကထိုခလေး၏မှတ်တမ်းတွင်လဲရေးမည်မဟုတ်။ယင်း၏မိဘ၏မှတ်တမ်းတွင်လဲရေးမှတ်မည်မဟုတ်ပေ။ထိုခလေးအရွယ်ရောက်လာပါကယင်း၏စာရင်းမှတ်တမ်းကိုရေးမှတ်ရန်ကလောင်တံကိုမယူခြင်းခံရသည်။

ကောင်းကင်တမန်နှစ်ပါသည် ယင်းနှင့်အတူရှိတော်မူသည်။ထိုကောင်းကင်တမန်နှစ်ပါးသည်
ယင်းခလေးကိုထိမ်းသိမ်းရန်နှင့်ခွန်အားပေးရန်
အတွက်အမိန့်ပေးခြင်းခံရသည်။

အကြင်သူသည်မွစ်လင်မ်အဖြစ်နှင့်အသက် ၄၀ သို့ရောက်လာပါက အလ္လာဟ်ရှင်သည်ထိုသူအားရောဂါဝေသနာ ၃ မျိုးမှထိမ်းသိမ်းတော်မူမည်။ (၁)ရူးသွပ်ရောဂါ၊(၂)နူနာရောဂါ၊(၃)သမင်ဖြုရောဂါတို့မှထိမ်းသိမ်းတော်မူမည်။

အကြင်သူသည်အသက် ၅၀ သို့ရောက်သောအခါအလ္လာဟ်ရှင်မြတ်သည် ထိုသူ၏စာရင်းကိုပေါ့ပါးစေတော်မည်။အကြင်သူသည်အသက် ၆၀ သို့ရောက်သောအခါ အလ္လာဟ်ရှင်မြတ်သည်ထိုသူအားမိမိဘက်သို့လှည့် ရန်စွမ်းအားချီမြှင့်တော်မူသည်။

အကြင်သူသည်အသက် ၇၀ သို့ရောက်သောအခါ ကောင်းကင်ရှိသူများသည် ထိုသူအားချစ်ခင်ကြသည်။အကြင်သူသည်အသက် ၈၀ သို့ရောက်သောအခါလ္လာဟ်ရှင်မြတ်သည် ထိုသူ၏ ကောင်းမှုများကို ရေးမှတ်စေတော်မူပြီး မကောင်းမှုများကို ခွင့်လွတ်တော်မှုသည်။

အကြင်သူသည်အသက် ၉၀ သို့ရောက်သောအခါ အလ္လာဟ်ရှင်မြတ်သည် ထိုသူ၏ရှေ့နောက်ဂိုနာများကိုခွင့်လွတ်တော်မူသည်။ထိူသူ၏မိသားစုအဖို့ ရှဖာအသ်အသနားခံခွင့်ချီးမြင့်ပြီးလက်ခံကဗွလ်ပြုခြင်းခံရမည်။တစ်ဖန်ထိုသူအား "အမီနွလ္လာ"အလ္လာဟ်ရှင်မြတ်၏ဂတိတည်ကြည်သူ၊"အစီရွလ္လာ အလ္လာဟ်ရှင်မြတ်၏ တုံ့ပန်း ဟူ၍ ဘွဲ့ချီးမြင့်ခြင်းခံရသည်။

အကြောင်းမှာများသောအားဖြင့် လူတို့သည်ထိုအသက်ရွယ်သို့ရောက်သောအခါအင်အားကုန်ခန်းသွားသည်။မည့်သည်အရာတွင်မှအရသာမတွေ့တော့ပေ။ တုံပန်းကဲ့သို့ဖြတ်တမ်းရသည်။သူငယ်ပြန်သောအရွယ်ကို ရောက်ရှိပါက ထိုသူကျန်းမာစဉ်ကပြုကျင့်ခဲ့သောကောင်းမှုများအတိုင်းနေ့စဉ်ရေးမှတ်ခြင်းခံရသည်။အပြစ်ဂိုဏာဖြစ်ပေါ်လာပါကရေးမှတ်ခြင်းမခံရပေ။(အဗူယာလာကျမ်း)

သူငယ်ပြန်ခြင်းဟူသည် မှတ်ဉာဏ်၊ခွန်အားနှင့်အာရုံကြောတို့တွင် အားနည်းလာခြင်းကိုဆိုလိုသည်။ရစူလွလ္လား(ဆွ)သည် ယင်းတို့သူငယ်ပြန်ခြင်းမှကင်းဝေးရန်ဆုပန်တော်မူသည်။ဤဟဒီးဆ်တော်ကိုဆင့်ပြန်သောရာဝီဟဇရသ်စအဒ်ဗင်အဗီဝက္ကားစ်(ရသွေ့)သခင်သည်မိမိ၏သားသမီးများကို သင်ကြားပေးတော်မူသည်။

ဒိုအာ၏အဓိပ်ပါယျ။

ကျွန်တော်မျိုးသည်အရှင်မြတ်ထံတွင် ကပ်ဆေးနဲခြင်းမှ၎င်း၊သူရဲဘောကြောင်ခြင်းမှ၎င်း၊သူငယ်ပြန်သောအသက်အရွယ်မှ၎င်း၊ဒွန်ယာလောက၏စမ်းသပ်မှာအပေါင်းမှ၎င်း၊ကဗရ်သင်္ချိုင်း၏အ‌ဇားဗ်အပြစ်ဒဏ်မှ၎င်းကင်းရန်ဆုပန်ပါ၏။(ဗိုခါရီကျမ်း)

10/05/2022

ဘဝကိုရမ်သွားန်ကဲ့သို့ပြု လုပ်ပါ။ သေခြင်းသည်အီးဒ်ကဲ့သို့ဖြစ်သွားလိမ့်မည်။crd

ငြိမ်းချမ်းမှုလိုလားတယ်ဆိုရင်တော့ နားနဲ့မျက်လုံးကို အသုံးပြုပါ နှုတ်လျှာကိုတော့ အသုံးမပြုပါနဲ့....Ibn e Muttahhir
09/05/2022

ငြိမ်းချမ်းမှုလိုလားတယ်ဆိုရင်တော့ နားနဲ့မျက်လုံးကို အသုံးပြုပါ နှုတ်လျှာကိုတော့ အသုံးမပြုပါနဲ့....

Ibn e Muttahhir

05/05/2022

ဟဇရသ်အဗူဟိုရိုင်ရား(ရသွေ့)အမိန့်ရှိသည်။ရစူလွလ္လား(ဆွ)သည် ကျွန်ုပ်အားအချက်သုံးချက်ကိုလက်မလွတ်ရန်မှာတမ်းတော်မူသည်။ကျွပ်သည်ယင်းအချက်များကို သေသည်အထိလက်လွတ်မည်မဟုတ်ပါ။

(1)လစဉ် ၃ ရက်ရိုဇာစောင့်ထိမ်းရန်
(2)ဆွလာသွဒ္ဒုဟာ(ကျားရှ်နမားဇ်)ဖတ်ရန်
(3)မအိပ်မီအလျှင် ဝိသစ်ရ်နမားဇ်ဖတ်ရန် တို့ဖြစ်သည်။(ဗိုခါရီကျမ်း)

မှတ်ချက်။ ။ဝိသစ်ရ်နမားဇ်ကိုမနက်ထရန်သေချာပါကညနောက်ဆုံးပိုင်းတွင်ဖတ်ခြင်းကမြတ်သည်။မနက်ထရန်မသေချာပါက ဖတ်၍အိပ်ခြင်းကပိုမြတ်သည်။

 #အီးဒ်ည၏ထွတ်မြတ်မှု‎خَمْسُ لَيَالٍ لَا تُرَدُّ فِيهِنَّ الدُّعَاءَ: لَيْلَةُ الْجُمُعَةِ، وَأَوَّلُ لَيْلَةٍ مِنْ رَجَب...
02/05/2022

#အီးဒ်ည၏ထွတ်မြတ်မှု

‎خَمْسُ لَيَالٍ لَا تُرَدُّ فِيهِنَّ الدُّعَاءَ: لَيْلَةُ الْجُمُعَةِ، وَأَوَّلُ لَيْلَةٍ مِنْ رَجَبٍ، وَلَيْلَةُ النِّصْفِ مِنْ شَعْبَانَ، وَلَيْلَتَيِ الْعِيدَيْنِ
‎(مصنف عبد الرزاق :7927۔
တမန်တော်မြတ် ﷺ အမိန့်ရှိတော်မူသည်။
ည (၅) ၌ တောင်းသည့် ဒိုအာများကို အလ္လာဟ်အရှင်ပယ်ချတော် မမူပေ။ ၄င်း ည (၅) ညမှာ
🌌ဂျုမုအဟ်ည (ကြာသပတေးနေ့နှင့် သောကြာကြားည)
🌌ရဂျဗ်လပထမဦးဆုံးည
🌌ရှအ်ဗာန်လ (၁၅) ရက် (ရှဗေဗရအသ်) ည
🌌🌌အီးဒ်နှစ်အီးဒ် မတိုင်ခင် ညတို့ဖြစ်သည်။

ထို့ကြောင့် ယနေ့ညသည် အီဒွလ်ဖိသ်ရ် မတိုင်မီ ည ဖြစ်သည့်အတွက် ဒိုအာကဗူလ်ဖြစ်မည့် ညတစ်ည ဖြစ်ပါသည်။

‎سُمِّيَتْ تِلْكَ اللَّيْلَةُ لَيْلَةَ الْجَائِزَةِ
ဟဒီးဆ်တော်၌ ယခုညကို “ လိုင်လသွလ်ဂျာအေဇဟ်” “ဆုပေးသည့်ည” ဟု အမည်ပေးထားသည်။
တနည်း ဒီညသည် ကျွန်ုပ်တို့၏ တောင်းဆုဒိုအာများကို ရမဇာန်၏ ဆုလဒ် အဖြစ် အလ္လာဟ်အရှင် လက်ခံမှု ပြုတော်မူပါလိမ့်မည်။

နောက်ဟဒီးဆ်တော်တစ်ရပ်တွင်လာရှိသည်။
مَنْ صَلَّى لَيْلَةَ الْفِطْرِ وَالْأَضْحَى، لَمْ يَمُتْ قَلْبُهُ يَوْمَ تَمُوتُ الْقُلُوبُ.( طبرانی اوسط:159)
အလိုသဘောမှာ
အီဒွလ်ဖိသ်ရ်နှင့် အီဒွလ်အဒွ်ဟာ မတိုင်မီညများ၌ နမားဇ်ဖတ်သူသည်သည် ကေယာမသ်နေ့တွင် ထိန့်လန့်ကြောက်ရွံ့မှုများကြောင့် နှလုံးသား သေဆုံးမည့် အဖြစ်ဆိုး ကြုံတွေ့ရမည် မဟုတ်ပေ။

ထိုကြောင့် ဤည၌ တတ်နိုင်သလောက် နဖိလ်နမားဇ်များဖတ်ပြီး ဒိုအာများတောင်းကြပါရန် တိုက်တွန်းအပ်ပါသည်။

#မှဖျသီနူရှလ်လာဟျ

02/05/2022
ရိုဇာဥပုသ်ဆောက်တည်မှုသည်ဂျဟန္နမ်ငရဲမီးမှကာကွယ်ပေးသောဒိုင်းဖြစ်သည်။သို့ဖြင့်အရှက်ကင်းမဲ့သောစကားမပြောရ။ပညာမဲ့သောလုပ်ရပ်မလု...
25/04/2022

ရိုဇာဥပုသ်ဆောက်တည်မှုသည်ဂျဟန္နမ်ငရဲမီးမှကာကွယ်ပေးသောဒိုင်းဖြစ်သည်။သို့ဖြင့်အရှက်ကင်းမဲ့သောစကားမပြောရ။ပညာမဲ့သောလုပ်ရပ်မလုပ်ရ။တစ်ဦးတစ်ယောက်ကရန်စလာပါကသို့မဟုတ်ဆဲဆိုလာပါကကျွန်ုပ်ရိုဇာထားသည်ဟုဆိုပါ။(နှစ်ကြိမ်မိန့်ကြာတော်မူသည်)

ကျွနုပ်၏အသက်ကိုစိုးပိုင်တော်မူသောအရှင်၏ကစမ်၊ရိုဇာထားသူ၏နုတ်မှထွက်သောအနှံစိုးသည်အလ္လာဟ်ရှင်မြတ်ထံတော်တွင်၊ကတိုးနံ့သာထက်သာပို၍နှစ်သက်တော်မူသည်။ရိုဇာထားသူသည်အစားအသောက်နှင့်စိတ်ဆန္ဒကိုငါအရှင်မြတ်အဖို့စွန့်လွတ်သည်။ဤသို့ဥပုသ်သီလဆောင့်ထိမ်းခြင်းသည်ငါအရှင်မြတ်အဖို့ဖြစ်သည်။ယင်း၏အစားကိုငါအရှင်ချီးမြင်တော်မူမည်။ကောင်းမှုတစ်ခု၏အစားသည်ဆယ်ဖြစ်သည်။(ဗိုခါရီကျမ်း)

Address

Hsenwi
BLOCK01

Alerts

Be the first to know and let us send you an email when အလင်းရောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category