17/05/2026
⛳️ဘာသာစကားသင်ယူနေတဲ့ကလေးတွေ အတွက် အဓိက အချိန် နဲ့ အရှိန် လိုအပ်ပါတယ်။ပထမဆုံး အချိန်တစ်ခုကို အဆက်မပြတ်ရင်းနှီးရပါတယ်။ တချို့ အသက် (၅)နှစ်စထားတယ် (စောစောထားနိုင်ရင် အကောင်းဆုံးပါပဲ)တစ်ချို့ (၁၂)လောက် စထားတယ် ဘယ်အချိန်စထားလည်း Result ကောင်းကောင်းထွက်လာဖို့အခြေခိုင်ဖို့အနည်းဆုံး(၃)နှစ်လောက်ဖြည့်ပေးရပါတယ်။
⛳️အခြေခိုင်ဖို့ဆိုတာက ကလေးတွေ တော်တော်များများ ရှက်တတ်တာ၊ အများရှေ့ထွက်ပြောဖို့ ကြောက်တာ၊သူငယ်ချင်းတွေနဲ့ Group work လုပ်ဖို့အားနည်းတာ၊လုပ်နိုင်ပါ့မလား စတဲ့ စိုးရိမ်စိတ်စတာတွေကို ယုံကြည်စိတ်ပိုရှိလာအောင် လေ့ကျင့်သင်ယူရတဲ့အချိန်ကာလဖြစ်ပါတယ်။ တစ်ချို့က မြန်မြန်သင်ယူတယ်၊တစ်ချို့ကကြာတတ်တယ်။မိဘတွေ ကလေးတွေက်ို စိတ်ဆိုးလို့မရပါဘူး၊ကလေးတွေရဲ့သင်ယူမှုပုံစံ မတူလို့ဆိုတာနားလည်ပေးရပါမယ်။
⛳️ဒီအဆင့်ကျော်ဖြတ်ပြီးရင် အရှိန် ရှိလာပါမယ်။
မေးခွန်းတွေ ကိုယ်တိုင်မေး၊ဖြေတတ်လာမယ်၊ လူအများရှေ့ပြော၊ဆိုရဲလာပါမယ်။ ဗဟုသုတ လည်းအများကြီးရလာသလို တွေးခေါ်နိုင်တဲ့စွမ်းရည်မျိုးလည်းပိုမြင့်လာပါတယ်။ အရေးကြီးတာက ကလေးတွေ Independent Learners ဖြစ်လာအောင်ဆက်တိုက်ထားပေးရပါမယ်၊ English စကားပြောတဲ့ ပတ်ဝန်းကျင်မျိုးမှာ အမြဲထားပေးနိုင်ရင်ပိုတိုးတက်လာနိုင်ပါတယ်။
⛳️ ကျောင်းခဏဏပျက်တာမျိုး၊ ပုံမှန်မတက်တာမျိုး ၊ ကျောင်း Activities တွေမှာ မပါဝင်တာမျိုးဆိုရင်တော့ တိုးတက်မှု အားနည်းနေတာတွေ့ရပြီး ကျောင်းပုံမှန် ဆက်တိုက်တက်နေတဲ့ ကလေးတွေက
တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာတွေ့မြင်ရပါတယ်။
💚သားသားမီးမီးတို့ရဲ့ သင်ကြား၊သင်ယူမှု ပိုမိုကောင်းမွန်လာစေရန် EDU FARM ကလည်း အများကြီး ကြိုးစားနေပါတယ်ရှင်
ကျောင်းသားအချို့ရဲ့Summer Class experience လေးတွေပဲဖြစ်ပါတယ် 🫶🫶🫶💚🌿🌿🌿