Mr. AI Hpa-an

Mr. AI Hpa-an Empowring the Business Community through AI

မိတ်ဆွေ …. သင့်အလုပ်တွေ အများကြီးကို အချိန်တိုအတွင်းမှာ ပြီးမြောက်ချင်သလား? ဒါမှမဟုတ် နည်းပညာသစ်တွေကို အသုံးချပြီး ကိုယ့...
12/01/2026

မိတ်ဆွေ …. သင့်အလုပ်တွေ အများကြီးကို အချိန်တိုအတွင်းမှာ ပြီးမြောက်ချင်သလား? ဒါမှမဟုတ်
နည်းပညာသစ်တွေကို အသုံးချပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ထူးချွန်သူတစ်ယောက် ဖြစ်ချင်ပါသလား?
အခုဆိုရင် AI (Artificial Intelligence) ဆိုတာ ဝေးဝေးလံလံ အကြောင်းအရာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ အလုပ်ခွင်ထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာပါပြီ။ ဒါကြောင့် မိတ်ဆွေတို့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Mr. AI Hpa An မှ AI for Business - Level 1 တန်းခွဲအသစ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ.. 📣📣

ဒီသင်တန်းမှာ ဘာတွေ သင်ယူရမလဲ?

Level 1
* ပါဝင်မည့်သင်ခန်းစာများ -
> AI ကို နားလည်သဘောပေါက်ခြင်းနှင့် အရေးပါမှု
> AI အန္တရာယ်နှင့် မိမိတို့၏ လုံခြုံရေး
> AI ၏ အာနည်း/သာချက်
> မိမိတို့၏ လုပ်ငန်းအမျိုးစားနှင့် ကိုက်ညီသော AI အမျိုးစားများနှင့် ထိရောက်သော prompt ရေးနည်းများ
> ဒစ်ဂျစ်တယ်အခွင့်အရေး၊ စည်းစနစ်တကျအသုံးပြုနည်း၊ ဆောင်/ရှောင်ရန်
__________________________________________

Level 1 သည် စီးပွားရေးလုပ်ငန်းများအတွက် သီးသန့် ပြင်ဆင်ထားသည့် AI အသုံးပြုမှု အခြေခံသင်တန်းဖြစ်သည်။

ဤ AI သင်တန်းသည် စီးပွားရေး လုပ်ငန်းပိုင်ရှင်များအတွက် ဒစ်ဂျစ်တယ်အနာဂတ်ထဲသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်ရန် အရေးကြီးသော အခွင့်အလမ်း တစ်ခုဖြစ်သည်။ AI သည် မိမိတို့ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်နှင့်အမျှ၊ ၎င်းကို လုံခြုံစွာ အသုံးပြုတတ် လာသည်နှင့်အမျှ မိမိတို့၏ လုပ်ငန်းကို တိုးတက်စေရန်၊ ဖောက်သည်များ ပိုမိုရရှိရန်နှင့် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ပိုမိုပြင်ဆင်ပြီးသား ဖြစ်နေမည် ဖြစ်သည်။ ပြိုင်ဆိုင်မှုပြင်းထန်သော စျေးကွက်အတွင်း AI နည်းပညာကို သိရှိထားခြင်းဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လည်ပတ်အောင်မြင်နိုင်မည်ဖြစ်သည်။

ဤသင်တန်းတလျှောက်လုံးတွင် သင်သည် စျေးကွက်ရှာဖွေရေး၊ ဖောက်သည်ဝန်ဆောင်မှု၊ ကုန်ပစ္စည်းဖော်ပြချက်များ၊ လုပ်ငန်းစီမံခန့်ခွဲမှု၊ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုနှင့် facebook, Tiktok အစရှိသည့် လူမှုကွန်ယက် အွန်လိုင်းဆက်သွယ်ရေးတို့အတွက် အကူအညီပေးနိုင်မည့် လက်တွေ့ကျသော ကျွမ်းကျင်မှုများကို ရရှိမည်ဖြစ်ပြီး— တချိန်တည်းမှာပင် သတင်းမှားများ၊ လိမ်လည်မှုများနှင့် ဒစ်ဂျစ်တယ်အန္တရာယ်များမှ မိမိကိုယ်ကို ကာကွယ်နည်းကိုလည်း လေ့လာသင်ယူရမည်ဖြစ်သည်။
သင်တန်းတက်ရောက်ခြင်းဖြင့် ထိရောက်မှု၊ တီထွင်ဖန်တီးမှုနှင့် တိုးတက်မှုကို ဆောင်ကြဉ်းပေးမည့် ခေတ်မီနည်းပညာများဖြင့် မိမိကိုယ်ကိုနှင့် မိမိလုပ်ငန်းကို အင်အားဖြည့်တင်း နိုင်မည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသေးစိတ် သိရှိလိုပါက Page Messenger မှတဆင့် ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ပါသည်။

အထူးကျေးဇူးတင်ပါသည်။

ယနေ့ Mr.AI Hpa an ၏ ၅ ရက်တာ AI for Business Level 1- Batch 3  သင်တန်းကို အားတက်သရော တက်ရောက်ပေးကြတဲ့ သင်တန်းသား/သူ တစ်ဦး...
11/01/2026

ယနေ့ Mr.AI Hpa an ၏ ၅ ရက်တာ AI for Business Level 1- Batch 3 သင်တန်းကို အားတက်သရော တက်ရောက်ပေးကြတဲ့ သင်တန်းသား/သူ တစ်ဦးချင်းစီအားကျေးဇူးတင်ခြင်းနှင့်အတူ သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပို့ချမှုပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

06/01/2026

အားလုံးပဲ မင်္ဂလာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံ ပိုင်ဆိုင်ကျပါစေကြောင်း ကျနော်များ Mr. AI Hpa-an မှ ဆုမွန်ကောင်းပြုအပ်ပါသည်။

၂၀၂၆ ခုနှစ်အတွက် AI for Business - စီးပွားရေးလုပ်ငန်းရှင်များအတွက် AI အသုံးပြုနည်းသင်တန်း တန်းခွဲသစ်များကို ဇန္နဝါရီလ (၇) ရက်နေ့မှာ စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

* Weekdays ပုံမှန် သင်တန်းအချိန်များ - နံနက် ၁၀-၁၁ နာရီ နှင့် မွန်းလွဲ ၂-၃ နာရီ
* Weekends သင်တန်းချိန်များ - မွန်းလွဲ ၂-၃ နာရီ
* ပုံမှန်သင်တန်းအချိန်များကို တက်ရောက်ရန် အခက်ခဲရှိသူများအတွက် one on one သင်ယူလိုသူများ သင်တန်းအချိန်ကို ဆရာနှင့် တိုင်ပင်နိုင်ပါသည်။

Video - AI for Business သင်တန်းတက်ရောက်သူများ၏ သင်တန်းအတွေ့အကြုံနှင့် AI knowledge အသစ်များရရှိမှုအခြေနေများကို ဤ ဗီဒီယိုတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
"ပြိုင်ဆိုင်မှုပြင်းထန်တဲ့ AI ခေတ်၏ စိန်ခေါ်မှုများကို Mr. AI Hpa-an နှင့်အတူ ရဲဝင့်စွာ ဖြတ်သန်းလိုက်ပါ"

အသေးစိတ်စုံစမ်းရန် ဖုန်း - 09425298086 (သို့မဟုတ်)
Page Messenger မှ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#စီးပွားရေးလုပ်ငန်းများအတွက်_ai

Mr. AI Hpa-an ​၏ ပထမအသုတ်  #စီးပွားရေးလုပ်ငန်းများအတွက်_AI   သင်တန်းဆင်းပွဲ ပုံရိပ်များ
27/12/2025

Mr. AI Hpa-an ​၏ ပထမအသုတ် #စီးပွားရေးလုပ်ငန်းများအတွက်_AI သင်တန်းဆင်းပွဲ ပုံရိပ်များ

23/12/2025

မိမိဆိုင်အတွက် ဒီလို ကြော်ငြာ video လေးတွေကို အကုန်ကျမရှိဘဲ AI နဲ့ ထုတ်လို့ရနေပီဆိုတာ သင်သိပီးပီလား

Mr. AI Hpa-an ၏ AI for Business Batch One သင်တန်း ပုံရိပ်များ
18/12/2025

Mr. AI Hpa-an ၏ AI for Business
Batch One သင်တန်း ပုံရိပ်များ

M. AI Hpa-an ၏ AI for Business စီးပွားရေးလုပ်ငန်းများအတွက် AI သင်တန်း အစီစဉ်နှင့် အချိန်ဇယားယခုဖွင့်လှစ်ပို့ချမည့် Mr. A...
15/12/2025

M. AI Hpa-an ၏ AI for Business စီးပွားရေးလုပ်ငန်းများအတွက် AI သင်တန်း အစီစဉ်နှင့် အချိန်ဇယား

ယခုဖွင့်လှစ်ပို့ချမည့် Mr. AI Hpa-an ၏ AI for Business စီးပွားရေးလုပ်ငန်းများအတွက် AI သင်တန်းတွင် Level 1 နှင့် Level 2 ဟူ၍ အပိုင်း ၂ ပိုင်းရှိမည်ဖြစ်သည်။

Level 1 သည် စီးပွားရေးလုပ်ငန်းများအတွက် သီးသန့် ပြင်ဆင်ထားသည့် AI အသုံးပြုမှု အခြေခံသင်တန်းဖြစ်သည်။

ဤ AI သင်တန်းသည် စီးပွားရေး လုပ်ငန်းပိုင်ရှင်များအတွက် ဒစ်ဂျစ်တယ်အနာဂတ်ထဲသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်ရန် အရေးကြီးသော အခွင့်အလမ်း တစ်ခုဖြစ်သည်။ AI သည် မိမိတို့ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်နှင့်အမျှ၊ ၎င်းကို လုံခြုံစွာ အသုံးပြုတတ် လာသည်နှင့်အမျှ မိမိတို့၏ လုပ်ငန်းကို တိုးတက်စေရန်၊ ဖောက်သည်များ ပိုမိုရရှိရန်နှင့် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ပိုမိုပြင်ဆင်ပြီးသား ဖြစ်နေမည် ဖြစ်သည်။ ပြိုင်ဆိုင်မှုပြင်းထန်သော စျေးကွက်အတွင်း AI နည်းပညာကို သိရှိထားခြင်းဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လည်ပတ်အောင်မြင်နိုင်မည်ဖြစ်သည်။

ဤသင်တန်းတလျှောက်လုံးတွင် သင်သည် စျေးကွက်ရှာဖွေရေး၊ ဖောက်သည်ဝန်ဆောင်မှု၊ ကုန်ပစ္စည်းဖော်ပြချက်များ၊ လုပ်ငန်းစီမံခန့်ခွဲမှု၊ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုနှင့် facebook, Tiktok အစရှိသည့် လူမှုကွန်ယက် အွန်လိုင်းဆက်သွယ်ရေးတို့အတွက် အကူအညီပေးနိုင်မည့် လက်တွေ့ကျသော ကျွမ်းကျင်မှုများကို ရရှိမည်ဖြစ်ပြီး— တချိန်တည်းမှာပင် သတင်းမှားများ၊ လိမ်လည်မှုများနှင့် ဒစ်ဂျစ်တယ်အန္တရာယ်များမှ မိမိကိုယ်ကို ကာကွယ်နည်းကိုလည်း လေ့လာသင်ယူရမည်ဖြစ်သည်။
သင်တန်းတက်ရောက်ခြင်းဖြင့် ထိရောက်မှု၊ တီထွင်ဖန်တီးမှုနှင့် တိုးတက်မှုကို ဆောင်ကြဉ်းပေးမည့် ခေတ်မီနည်းပညာများဖြင့် မိမိကိုယ်ကိုနှင့် မိမိလုပ်ငန်းကို အင်အားဖြည့်တင်း နိုင်မည်ဖြစ်သည်။

Level 1
* ပါဝင်မည့်သင်ခန်းစာများ -
> AI ကို နားလည်သဘောပေါက်ခြင်းနှင့် အရေးပါမှု
> AI အန္တရာယ်နှင့် မိမိတို့၏ လုံခြုံရေး
> AI ၏ အာနည်း/သာချက်
> မိမိတို့၏ လုပ်ငန်းအမျိုးစားနှင့် ကိုက်ညီသော AI အမျိုးစားများနှင့် ထိရောက်သော prompt ရေးနည်းများ
> ဒစ်ဂျစ်တယ်အခွင့်အရေး၊ စည်းစနစ်တကျအသုံးပြုနည်း၊ ဆောင်/ရှောင်ရန်

Level 2 သင်တန်းအစီစဉ်
Level 2 သင်တန်းသည် အခြေခံ Level 1 တက်ရောက်ပြီးသူများအတွက် မိမိ စီးပွားလုပ်ငန်း၏ next level AI သင်တန်းဖြစ်ပြီး One on one သင်တန်းအစီစဉ်ဖြစ်သည်။

Level 1 တွင် အခြေခံသဘောတရားများ၊ Prompt ရေးနည်းများနှင့် Digital Literacy (ဒစ်ဂျစ်တယ် တတ်မြောက်မှု) ကို သင်ယူလေ့လာပြီးနောက် Level 2 (One on One) အတန်းအတွင် "လက်တွေ့ အသုံးချခြင်း (Implementation)" နဲ့ "မိမိလုပ်ငန်းနှင့် တစ်သားတည်းကျစေခြင်း (Customization)" တို့ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ချင်းစီ၏ လုပ်ငန်းသဘောသဘာဝ (ဥပမာ - ရွှေဆိုင်၊ စားသောက်ဆိုင်၊ အထည်ဆိုင်၊ စတိုးဆိုင်၊ ပွဲရုံ) ပေါ်မူတည်ပြီး One on one ချိန်ညှိသင်ကြားပေးမည့် အစီစဉ်ဖြစ်သည်။

ပါဝင်မည့် သင်ခန်းစာများ
AI for Business Mastery (Advanced & Practical)

ရည်ရွယ်ချက်: AI ကို အသုံးပြုပြီး မိမိလုပ်ငန်း၏ ဝင်ငွေတိုးစေရန်၊ လုပ်ငန်းလည်ပတ်မှု မြန်ဆန်စေရန် လက်တွေ့ စီမံကိန်း ရေးဆွဲခြင်း။

၁။ Advanced Content Creation (ရုပ်ပုံနှင့် ဗီဒီယို ဖန်တီးခြင်း)

AI Image Generation: ကြော်ငြာပိုစတာများ၊ ကုန်ပစ္စည်းပုံများကို ဓာတ်ပုံစတူဒီယို သွားစရာမလိုဘဲ AI Tool များကို အသုံးပြုပြီး ဖန်တီးနည်း။

Video Marketing: AI Video tool များသုံးပြီး Script ရေးခြင်းမှ တည်းဖြတ်ခြင်းအထိ မြန်ဆန်စွာ လုပ်ဆောင်နည်း။

Branding: မိမိလုပ်ငန်းအတွက် Logo ဒီဇိုင်းများ၊ အရောင်များ ရွေးချယ်ရာတွင် AI အကူအညီယူနည်း။

၂။ Custom GPTs တည်ဆောက်ခြင်း (အရေးအကြီးဆုံး အခန်းကဏ္ဍ)

Own Business Bot: မိမိလုပ်ငန်း၏ ကုန်ပစ္စည်းဈေးနှုန်းများ၊ အချက်အလက်များကို AI ထဲသို့ ထည့်သွင်းပြီး မိမိကိုယ်ပိုင် Assistant တစ်ခု (Custom GPT) တည်ဆောက်နည်း။ (ဥပမာ - ဖောက်သည်က မေးလာရင် ဖြေပေးမယ့် Chatbot အကြမ်းဖည် သဘောတရား)။

Training AI: မိမိရဲ့ Writing Style (ရေးသားပုံ လေသံ) ကို AI ကို သင်ပေးပြီး ကိုယ်တိုင်ရေးသကဲ့သို့ ဖြစ်စေခြင်း။

၃။ Data Analysis & Excel with AI (စာရင်းဇယားနှင့် ခွဲခြမ်းစိတ်ဖြာခြင်း)

စီးပွားရေးသမားတွေအတွက် စာရင်းဇယားသည် အသက်ဖြစ်ပါသည်။

Excel/Google Sheets: Excel ဖော်မြူလာများကို အလွတ်ကျက်စရာမလိုဘဲ AI ကို မေးပြီး တွက်ချက်ခိုင်းနည်း။

Sales Analysis: မိမိရောင်းရစာရင်း (Sales Data) ကို AI ထဲထည့်ပြီး "ဘယ်လမှာ အရောင်းရဆုံးလဲ"၊ "ဘယ်ပစ္စည်းက အမြတ်အများဆုံးလဲ" စသည့် Insight များကို ထုတ်ခိုင်းနည်း။

၄။ Business Strategy & Market Research (ဗျူဟာချမှတ်ခြင်း)

Competitor Analysis: ပြိုင်ဘက်တွေ ဘာလုပ်နေလဲဆိုတာကို AI သုံးပြီး သုံးသပ်နည်း။

Business Plan: လုပ်ငန်းတိုးချဲ့ရန် သို့မဟုတ် ထုတ်ကုန်သစ်မိတ်ဆက်ရန်အတွက် အသေးစိတ် စီးပွားရေးစီမံချက် (Business Plan) ကို AI နှင့် တိုင်ပင်ရေးဆွဲနည်း။

Crisis Management: ပြဿနာတစ်ခုခု (ဥပမာ- Customer Complaint) တက်လာလျှင် ဖြေရှင်းရမည့် နည်းလမ်းများကို AI ဖြင့် ရှာဖွေခြင်း။

၅။ One-on-One Workshop (လက်တွေ့ အစီအစဉ်)

သင်တန်းသားတစ်ယောက်ချင်းစီအတွက် သီးသန့်အချိန်။

Workflow Integration: သင်တန်းသား၏ လက်ရှိနေ့စဉ်လုပ်ငန်းဆောင်တာ (Daily Routine) မှာ AI ကို မည်သည့်နေရာများတွင် မည်သို့ အစားထိုးမည်နည်းစသည် လမ်းကြောင်းဆွဲပေးခြင်း။

Q&A & Troubleshooting: သူတို့ တကယ်လက်တွေ့သုံးတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးခြင်း။
~~~~~~~~~~~~~~~~~~~

သင်တန်းအချိန်
Level 1 သင်တန်း စတင်မည့်ရက် - ဒီဇင်ဘာ ၁၇၊ ၂၀၂၅။
ပုံမှန် သင်တန်း အချိန် - နံနက် ၁၀-၁၁ နာရီ၊ မွန်းလွဲ ၂-၃ နာရီ။
သင်တန်းကာလ - ၅ ရက်။

မှတ်ချက်၊ Level 1 သင်တန်းများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိသာ သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကြေး
Level 1: ပုံမှန်သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ်။
* မှတ်ချက် - Level 1 အတွက် ပုံမှန်သင်တန်းအချိန်တွင် အနည်းဆုံး ၇ ယောက်၊ အများဆုံး ၁၀ ယောက် တသုတ်ဖြင့် သတ်မှတ်ထားပါသည်။ ပုံမှန်သင်တန်းအချိန်တွင်တက်ရောက်ရန် အခက်ခဲရှိပါက သင်တန်းဆရာနှင့် ညှိနှိုင်းရမည်ဖြစ်သည်။

Level 2: မိမိတို့၏ လုပ်ငန်းအရွယ်အစား၊ အတိုင်းအတာစသည်များပေါ်မူတည်၍ သင်တန်းကြေး ကွာခြားမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် Page Messenger မှတဆင့် ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ပါသည်။

အထူးကျေးဇူးတင်ပါသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ Hotel United တွင် ကျင်းပသော Mr. AI Hpa-an ၏ AI for Business မိတ်ဆက်အစဉ် ပုံရိပ်များ
15/12/2025

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ Hotel United တွင် ကျင်းပသော Mr. AI Hpa-an ၏ AI for Business မိတ်ဆက်အစဉ် ပုံရိပ်များ

12/12/2025

ကိုယ်ရဲ့ဆိုင်ကို video လေးတွေနဲ့ ကြော်ငြာလေးတွေ တင်ဖို့ကို အကုန်အကျမရှိဘဲ AI နဲ့ လုပ်လို့ရနေပီဆိုတာ သင်သိပြီလား?

စီးပွားရေးလုပ်ငန်းရှင်များအတွက် AI မိတ်ဆက် အစီစဉ်ကုန်ကျစရိတ်လျှော့ချပြီး ဝင်ငွေတိုးမြှင့်နိုင်မည့် လက်တွေ့ကျသော AI အသိပည...
12/12/2025

စီးပွားရေးလုပ်ငန်းရှင်များအတွက် AI မိတ်ဆက် အစီစဉ်

ကုန်ကျစရိတ်လျှော့ချပြီး ဝင်ငွေတိုးမြှင့်နိုင်မည့် လက်တွေ့ကျသော AI အသိပညာနှင့်န ည်းဗျူဟာများကို ထိထိရောက်ရောက် အသုံးချကာ မိမိတို့၏ စီးပွားရေး လုပ်ငန်းနယ်ပယ်ကို တိုးတက်ခေတ်မီစေရန်နှင့် စျေးကွက်ပြိုင်ဆိုင်မှုအားသာချက်ရယူရန် AI အကြောင်းသိကောင်းစရာများကို မိတ်ဆက်ဆွေးနွေးမည်ဖြစ်သောကြောင့် လူကြီးမင်းတို့အား ဖိတ်ကြားအပ်ပါ။

နေရာ၊ ၊ Hotel United, ဘားအံမြို့။
အချိန်၊ ၊ နံနက် ၁၀ နာရီမှ ၁၁ နာရီ။ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။

11/12/2025

AI နဲ့ အခုလို video လေးတွေ ထုတ်လို့ရတယ်ဆိုတာ သင်သိပြီလား?

10/12/2025

မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ယနေ့ခေတ် အလုပ်သမားအင်အားနည်းပါးမှု၊ ဈေးကွက်အားပြိုင်မှု၊ Digital လောကရဲ့စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ Mr. AI Hpa-an နဲ့ လက်တွဲလိုက်ပါ။

Address

9/18 (A), Zwekabin 1 Kone, Adipati Road, Ward (9)
Hpa-an

Website

Alerts

Be the first to know and let us send you an email when Mr. AI Hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share