မြို့ပြအင်ဂျင်နီယာဌာန နည်းပညာတက္ကသိုလ်-ဘားအံ

  • Home
  • Myanmar
  • Hpa-an
  • မြို့ပြအင်ဂျင်နီယာဌာန နည်းပညာတက္ကသိုလ်-ဘားအံ

မြို့ပြအင်ဂျင်နီယာဌာန နည်းပညာတက္ကသိုလ်-ဘားအံ မြို့ပြအင်ဂျင်နီယာဌာနနှင့်သက်ဆိုင?

   Online Groupမြို့ပြအင်ဂျင်နီယာဌာနသို့ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများလှူဒါန်းပေးပါသော Myanmar Professional Civil Engi...
19/08/2020

Online Group
မြို့ပြအင်ဂျင်နီယာဌာနသို့ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများလှူဒါန်းပေးပါသော Myanmar Professional Civil Engineers Online Group အားအထူးကျေးဇူးတင်ရှိပါသည်။

 #မြို့ပြအင်ဂျင်နီယာဌာနမှပထမနှစ်ကျောင်းသူကျောင်းသားများအတွက်ပထမနှစ်‌‌ကျောင်းသား/သူများပညာသင်‌‌ထောက်‌ပံ့‌ကြေး‌လျှောက်‌လွှ...
05/08/2020

#မြို့ပြအင်ဂျင်နီယာဌာနမှပထမနှစ်ကျောင်းသူကျောင်းသားများအတွက်
ပထမနှစ်‌‌ကျောင်းသား/သူများပညာသင်‌‌ထောက်‌ပံ့‌ကြေး‌လျှောက်‌လွှာများကို ၁၄- ၈- ၂၀၂၀ ‌နောက်‌ဆုံးထား၍ စာရွက်စာတမ်းအထောက်အထားနှင့်အတူ အချိန်‌မီ‌လျှောက်‌ထားနိုင်‌ကြ‌ရန်‌ မေတ္တာရပ်‌ခံပါသည်‌။
လူကိုယ်တိုင်လာရောက်ရန်အခက်အခဲရှိပါက အမြန်ချောပို့နှင့်Viber 09796082360 နှစ်မျိုးလုံးသို့အချိန်မီပေးပို့လျှောက်ထားကြပါရန် အသိပေးအပ်ပါသည်။

27/04/2020

🤩 သင်သည် ပုဂ္ဂလိက (သို့မဟုတ်) အစိုးရ ဆရာ/မ တစ်ဦး ဟုတ်ပါသလား? ဟုတ်ခဲ့ပါက Taxila ၏ ETHE သင်တန်းသည် မိမိ အတွက်ပါ။
🦠 Coronavirus ကပ်ဘေးကာလအတွင်း အိမ်တွင် ၃-၄ လ နေထိုင်ရင်း ပညာရေးနည်းပညာများကို လေ့လာလိုသူများ အတွက်

Taxila Institute နှင့် ပူးပေါင်းဆောင်ရွက်ဖူးသော တက္ကသိုလ် (၁၀၀) ကျော်ရှိ ပါမောက္ခချုပ်များထံ အီးမေးလ်များ ပို့ပေးထားပြီး ဖြစ်၍ မိမိတက္ကသိုလ်မှလည်း မိမိအား အကြောင်းကြား ပေးမည် ဖြစ်ပါသည်။

~~~~~~~~~~
ETHE အကျဉ်းချုပ်

💁🏻‍♂️ ETHE အဓိပ္ပာယ်နှင့် အစီအစဉ်
ETHE ဆိုသည်မှာ “Educational Technology for Higher Education” သင်တန်း၏ အတိုခေါက်ဖြစ်ပြီး အဆင့်မြင့်ပညာရေးကဏ္ဍတွင် မဖြစ်မနေလိုအပ်သော ပညာရေး နည်းပညာများကို အထူးပြုမျှဝေပေးသွားမည် ဖြစ်ပါသည်။

🙋🏻‍♀️တက်ရောက်သင့်သော အကြောင်းများ
ဇွန်လတွင် တက္ကသိုလ်များ ပြန်မဖွင့်ခဲ့ပါက (အမေရိကန်နှင့် ဥရောပတွင် ဇွန်လအထိ မဖွင့်တော့ပါ) ဆရာ/မများအနေဖြင့် ပညာရေးနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်ထားရန် လိုအပ်ပါသည်။ နည်းပညာ မည်မျှပင် တက်ကျွမ်းစေကာမူ၊ အလေ့အကျင့်များများ ရှိရန် လိုအပ်ပါသည်။ မျှဝေပေးမည့် ကျွန်တော်တို့ကိုယ်တိုင် ပညာရေးနည်းပညာနှင့် ရင်းနှီးရန် အမြဲလေ့ကျင့်နေရဆဲ ဖြစ်ပါသည်။ ထို့ကြောင့် တက်ရောက်မည့် ဆရာ/မများအနေဖြင့် တက်ရောက်သူ (၂၀၀) ကျော်နှင့် ပညာရေးနည်းပညာများကို စမ်းသပ် အသုံးပြုခွင့် ရမည် ဖြစ်သဖြင့် တက္ကသိုလ်များ ပြန်မဖွင့်ဖြစ်ပါက မိမိအမှန်တကယ် အသုံးပြုရန် လိုအပ်လာသောအခါ အဆင်သင့်ဖြစ်နေရုံသာမက အခြားဆရာ/မများကိုပါ ပြန်လည်မျှဝေ ပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် သင်တန်းတွင် research article readings များ၊ တစ်ဦးချင်း e-portfolios တည်ဆောက်ခြင်းများ၊ အုပ်စုဖွဲ့ကာ online မှ အလုပ်လုပ်ပြီး စာသင်ချိန်တွင် presentation ပေးခြင်းများ၊ ပညာရေးနည်းပညာများကို မိမိ အမှန်တကယ်အသုံးချ ကိုင်တွယ်ရခြင်းများ ပါဝင်မည် ဖြစ်ပါသဖြင့် ဆရာ/မများအနေနှင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရမည် ဖြစ်ပါသည်။ အဆိုပါ ဦးနှောက်စားသော အတွေ့အကြုံများသည် ဆရာ/မများ မိမိတို့ ကျောင်းသား/သူများကို ပြန်လည် သင်ကြားပေးမည့် အလှည့်တွင် ကိုယ်ကိုယ်တိုင် ကြုံခဲ့ဖူးသောအရာများကို ကျောင်းသား/သူများ မတွေ့ကြုံရအောင် များစွာ ဖြည့်သွင်း စဉ်းစားပေးနိုင်မည် ဖြစ်ပါသည်။

💡သင်တန်းထူးခြားချက်များ
Taxila မှ စီစဉ်ပေးသော သင်တန်းများတွင် ထူးခြားချက်မရှိသော၊ မဆန်းသစ်သော သင်တန်းဟူ၍ မရှိပါ။ မြန်မာနိုင်ငံတွင် အသုံးများသော Moodle နှင့် Google Classroom တို့အား အိမ်နီးချင်းနိုင်ငံများရှိ တက္ကသိုလ်အများစုတွင် သိပ်အသုံးမပြုကြတော့ပါ။ ထိုစနစ်များထက် ပိုအဆင့်မြင့်ပြီး ကမ္ဘာတစ်ဝှမ်း အသုံးများသော course/learning management system (CMS / LMS) (၂) ခုဖြစ်သည်ါ BlackBoard နှင့် Canvas တို့အား Taxila မှ access ရှိသည့်အတွက် ဆရာ/မများ အနေဖြင့် (မြန်မာနိုင်ငံတွင် အသုံးမပြုနိုင်သေးသော်လည်း) အသေးစိတ် ကြိုတင်လေ့လာနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် စျေးအလွန်မြင့်မားသော project management software ဖြစ်သည့် Monday.com နှင့် research management software ဖြစ်သည့် Qualtrics များကိုပါ Taxila မှ access ရှိသောကြောင့် အခြားသူများ မကြားဖူး၊ မသုံးဖူးသေးသော software များကိုပါ ကိုယ်တိုင် လက်တွေ့ စမ်းအသုံးပြုနိုင်မှာ ဖြစ်ပါသည်။
ထို့အပြင် EduTech ဘာသာရပ်၏ ကမ္ဘာ့အကောင်းဆုံး သုတေသနဂျာနယ် (၁၀) ခုအပြင် အခြားမည်သည့်ဘာသာရပ်နှင့် မည်သည့် သုတေသန ဂျာနယ်ကိုမဆို (အချို့မှ လွဲ၍) Taxila မှ access ရှိသောကြောင့် တက်ရောက်ကြမည့် ဆရာ/မများအနေဖြင့် စိတ်ဝင်စားဖွယ် EduTech သုတေသနဂျာနယ်များစွာကို ဖတ်ရှုနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် မိမိ ဖတ်ရှုချင်သော်လည်း download ဆွဲ၍ မရသည့် မည်သည့် သုတေသန စာစောင်ကို မဆို Taxila မှ (၁) လအတွင်း အများဆုံး (၅) စောင်အထိ အခမဲ့ download ဆွဲပေးမည် ဖြစ်ပါသည်။

🖥 သင်ကြားပုံ နည်းစနစ်
အွန်လိုင်း သင်ခန်းစာ အများစုသည် ဗီဒီယိုများအား ထိုင်ကြည့်ကာ သင်ယူရသည်မျိုး ဖြစ်သောကြောင့် အလွန်ပျင်းစရာကောင်းကြောင်း ဆရာ/မများ သိရှိကြမည် ထင်ပါသည်။ ဗီဒီယိုကြည့်ကာ လေ့လာနေသည့် အချိန်တွင် မေးမြန်းလိုသော မေးခွန်းပေါ်လာပါက ဖန်သားပြင်ကို ကောက်မေး၍လည်း မရ၊ သင်ယူရသည်မှာလည်း မထိရောက်မှုများကို ကြုံတွေ့ဖူးကြမည် ဖြစ်ပါသည်။ ထို့ကြောင့် Taxila မှ ဗီဒီယိုကိုသာ ထိုင်ကြည့်၍ သင်ယူရသော အွန်လိုင်းသင်တန်းမျိုး မစီစဉ်ဘဲ Zoom နဲ့ Google Classroom တို့မှ တိုက်ရိုက်သင်ကြားပေးသော synchronized online learning စနစ်ဖြင့် ပို့ချပေးမည် ဖြစ်ပါသည်။

💻သင်တန်းပို့ချနည်းများ
ဤသင်တန်းသည် အွန်လိုင်းမှသာ လေ့လာရမည့် သင်တန်းမျိုး လုံးဝမဟုတ်ပါ။ Taxila ၏ သင်တန်းအား innovative blended-learning စနစ်ဖြင့် အသုံးပြုသင်ကြားပေးမည် ဖြစ်သဖြင့် တက်ရောက်ကြမည့် ဆရာ/မများ အနေနဖြင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည့် စာသင်ချိန်မရောက်မီ ပြင်ပ၌ ကြိုလေ့လာဖတ်ရှုခြင်းများ၊ အုပ်စုဖွဲ့ကာ ဆွေးနွေးခြင်းများအပြင် သင်တန်းချိန်ပြီးသွားသောအခါလည်း assignments များ ရှိနေမည် ဖြစ်ပါဖြင့် အိမ်စာလုပ်ရန် လိုအပ်ပါသည်။ online and offline (၂) ခုအား ရောသမ မွှေထားသော blended-learning စနစ်ဖြစ်ပါသည်။

📂သင်တန်းတွင် လုပ်ဆောင်ရမည့် အရာများ
သင်တန်းတွင် assignments (၄) ခုပါဝင်မည် ဖြစ်ပြီး တစ်ဦးချင်းလုပ်ဆောင်ရန် (၂) ခုနှင့် အုပ်စုလိုက် လုပ်ဆောင်ရန် (၂) ခုတို့ ပါဝင်ပါမည်။ ထို့အပြင် မကြေညာဘဲ ရုတ်တရက် ဖြေရမည်ဖြစ်သော unannounced quiz စာမေးပွဲ (၃) ခုပါဝင်ပါမည်။ စာမေးပွဲတွင် multiple choices မေးခွန်းများသာ ဖြေဆိုရမည် ဖြစ်သော်လည်း ဖတ်ရန် ပေးအပ်ထားသော articles များ မဖတ်ခြင်း၊ live စာသင်ချိန် စိတ်မဝင်စားခြင်း၊ သေချာစွာ နားမထောင်ခြင်းများ ရှိပါက ကောင်းမွန်စွာ ဖြေဆိုနိုင်မည် မဟုတ်ပါ။

📚သင်ကြားပေးမည့် အရာများ
EduTech ဘာသာရပ်ဆိုင်ရာ lectures အချိန်သည် ၃-၄ ချိန် (၁၅%) ခန့်သာ ပါဝင်မည် ဖြစ်ပြီး ကျန်သော အချိန်တွင် ပညာရေးနည်းပညာများကို ကိုယ်တိုင် စမ်းသပ် အသုံးပြုရမှာ ဖြစ်ပါတယ်။ နည်းပညာတစ်ခုချင်းအား အစမှ အဆုံး မည်သို့ အသုံးပြုရမည်ကို ပြသပေးမည်မဟုတ်ပါ။ ထို့ကြောင့် online စာသင်ချိန် မတိုင်မီတွင် နည်းပညာများအား ကြိုအသုံးပြုထားခြင်း၊ စာသင်ချိန်ပြီးသည့် အခါတွင်လည်း ထပ်မံအသုံးပြုခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။

📱 လိုအပ်သော နည်းပညာ အခြေခံများ
သင်တန်းတွင် အသုံးပြုရမည့် နည်းပညာများ အလွန် အဆင့်မြင့်နေမည်ကို စိုးရိမ်ရန် မလိုအပ်ပါ။ Computer sciences အခြေခံရှိရန်လည်း မလိုအပ်ပါ။ အဆိုပါ နည်းပညာများသည် user-friendly ဖြစ်သော ready-to-use applications များသာ ဖြစ်ပါသည်။ Facebook application သုံးတတ်ပါက သင်တန်းတွင် မျှဝေမည့် applications တွေအားလုံးကို သုံးတတ်ပါမည်။ သို့သော်၊ application တွင် ပါဝင်သော functions များနဲ့ ရင်းနှီးကျွမ်းဝင်ရန် အချိန်တစ်ခုအထိ အမြဲမပြတ် စမ်းသပ်အသုံးပြုနေရန် လိုအပ်ပါသည်။

🧑🏻‍🏫 ပို့ချပေးမည့် ဆရာများ
ဆရာ/မတွေအား မျှဝေနိုင်ရန် adult teaching အတွေ့အကြုံ ရင့်ကျက်သော၊ ပညာရေးနည်းပညာဘာသာရပ်အား တတ်ကျွမ်းသော ဆရာ (၂) ဦးနှင့် ဆရာမ (၁) ဦး တို့မှ မျှဝေပို့ချပေးမည် ဖြစ်ပါသည်
အဓိက ပို့ချပေးမည့် ဦးဆောင်ဆရာသည် တက္ကသိုလ်မျာရှိ ပါမောက္ခချုပ်များနှင့် ဆရာ/မများမှ လေးစားချစ်ခင်ကြသော ဆရာဦးရဲပြည့်သူပင် ဖြစ်ပါသည်။ ဆရာရဲသည် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး အသိုင်းအဝိုင်းတွင် မိတ်ဆက်ပေးရန် သိပ်မလိုတော့သော ဆရာတစ်ဦး ဖြစ်ပါသည်။
ပါဝင်ပို့ချပေးမည့် ဆရာနောက်တစ်ဦးသည် နိုင်ငံရပ်ခြား ပညာရေး၊ ပညာရေးနည်းပညာအသုံးချမှုများနှင့် ပတ်သတ်သော နယ်ပယ်တွင် အလွန်ရှေ့ပြေးပြီး ပညာရေးအသိုင်းအဝိုင်းအား အမြဲအကျိုးပြုလေ့ရှိသည့် Crown Education ၏ ပဲ့ကိုင်ရှင် ဆရာ ဦးအောင်ကျော်ဆန်းပင် ဖြစ်ပါတယ်။ နိုင်ငံတကာတက္ကသိုလ်များသို့ သွားရောက်ပညာသင်ယူမည့် ကျောင်းသား/သူများ အကြားတွင် မိတ်ဆက်ပေးရန် မလိုတော့သော မြန်မာနိုင်ငံ၏ အကောင်းဆုံး ပညာရေးအတိုင်ပင်ခံ ဝန်ဆောင်မှုများ ပေးအပ်နေသည့် ဆရာပင် ဖြစ်ပါသည်။
ဆရာများနှင့် အတူ အားဖြည့်ပို့ချပေးမည့် ဆရာမသည် ဆရာမ ဒေါ်ပွင့်နီအောင်ပင် ဖြစ်ပါသည်။ ဆရာမသည် နယူးဇီလန်တွင် ပညာရေး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပညာများအား သင်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ ပြန်လည် အကျိုးပြုနေသော ဆရာမ ဖြစ်ပါသည်။ ဆရာမသည် Crown Education လက်အောက်ရှိ Royal Academic Institute ၏ Director of Studies ဖြစ်ပြီး adult teaching များအား အဓိက တာဝန်ယူ သင်ကြားပေးနေသော ဆရာမ ဖြစ်ပါသည်။

📜 လျှောက်ထားနိုင်ပုံ
သင်တန်းကို လျှောက်ထားလိုပါက အဆင့် (၂) ဆင့်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။
(က) www.taxila.edu.mm/ethe-application တွင် လျှောက်လွှာ ဖြည့်စွက် နိုင်ပါသည်။ (ပုဂ္ဂလိက ဆရာ/မ ဖြစ်ပါက မှတ်ပုံတင်ရှေ့မျက်နှာ၊ အစိုးရဆရာ/မ ဖြစ်ပါက ဝန်ထမ်းကတ် ရှေ့မျက်နှာအား ဓာတ်ပုံရိုက်ပြီး လျှောက်လွှာဖြည့်စဉ် ပူးတွဲ တင်ပြရန် လိုအပ်ပါသည်။ ဝန်ထမ်းကတ် မိမိနှင့် အတူ မရှိပါက တက္ကသိုလ်ဝန်ထမ်းဖြစ်ကြောင်း ခိုင်မာသော အခြားအထောက်အထား ပြ၍ ရပါသည်)
(ခ) Taxila မှ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တက္ကသိုလ် (၂၄) ခုတွင် ပြုလုပ်မည့် “Taxila Faculty Development Project (TFDP)” ၏ Certificate in Educational Leadership & Classroom Management (ELCM) သင်တန်း ရေရှည်တည်တံ့ရန်အတွက် Mobile/Online banking မှ အလှူငွေ ပေးပို့ပေးရန် လိုအပ်ပါသည်။ (အလှူငွေ လက်ခံပေးနိုင်မည့် ဘဏ်အကောင့်နံပါတ်များအား မိမိ လျှောက်လွှာဖြည့်ပြီးနောက်တွင် ရရှိမည့် automatic အီးမေးတွင် ပါဝင်မည် ဖြစ်ပါသည်။

☎️ စုံစမ်းမေးမြန်းရန်
သင်တန်းနှင့် ပတ်သတ်၍ စုံစမ်းလိုပါက Taxila ၏ ဖုန်းနံပါတ်များဖြစ်သော ၀၉-၂၅၀၆၂၅၄၁၁ နှင့် ၀၉-၄၂၁၀၇၀၃၃၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

ကျောင်းသားကျောင်းသူများအတွက်ပါ
02/04/2020

ကျောင်းသားကျောင်းသူများအတွက်ပါ

ဆရာ/ဆရာမများအတွက်ပါ
02/04/2020

ဆရာ/ဆရာမများအတွက်ပါ

Coronavirus ကပ်ဘေးကာလအတွင်း အိမ်တွင် ၃-၄ လ နေထိုင်ရင်း ပညာရေးနည်းပညာများကို လေ့လာလိုသော ဆရာ/မများအတွက်

Taxila Institute နှင့် ပူးပေါင်းဆောင်ရွက်ဖူးသော တက္ကသိုလ် (၇၀) ကျော်ထံ အီးမေးလ်များ ပို့ပေးထားပြီး ဖြစ်၍ ဆရာ/မများအား မိမိတက္ကသိုလ်မှလည်း အကြောင်းကြား ပေးမည် ဖြစ်ပါသည်။

~~~~~~~~~~
ETHE အကျဉ်းချုပ်

(1) ETHE အဓိပ္ပာယ်နှင့် အစီအစဉ်
ETHE ဆိုသည်မှာ “Educational Technology for Higher Education” သင်တန်း၏ အတိုခေါက်ဖြစ်ပြီး အဆင့်မြင့်ပညာရေးကဏ္ဍတွင် မဖြစ်မနေလိုအပ်သော ပညာရေး နည်းပညာများကို အထူးပြုမျှဝေပေးသွားမည် ဖြစ်ပါသည်။

(2) တက်ရောက်သင့်သော အကြောင်းများ
ဇွန်လတွင် တက္ကသိုလ်များ ပြန်မဖွင့်ခဲ့ပါက (အမေရိကန်နှင့် ဥရောပတွင် ဇွန်လအထိ မဖွင့်တော့ပါ) ဆရာ/မများအနေဖြင့် ပညာရေးနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်ထားရန် လိုအပ်ပါသည်။ နည်းပညာ မည်မျှပင် တက်ကျွမ်းစေကာမူ၊ အလေ့အကျင့်များများ ရှိရန် လိုအပ်ပါသည်။ မျှဝေပေးမည့် ကျွန်တော်တို့ကိုယ်တိုင် ပညာရေးနည်းပညာနှင့် ရင်းနှီးရန် အမြဲလေ့ကျင့်နေရဆဲ ဖြစ်ပါသည်။ ထို့ကြောင့် တက်ရောက်မည့် ဆရာ/မများအနေဖြင့် တက်ရောက်သူ (၁၀၀) ကျော်နှင့် ပညာရေးနည်းပညာများကို စမ်းသပ် အသုံးပြုခွင့် ရမည် ဖြစ်သဖြင့် တက္ကသိုလ်များ ပြန်မဖွင့်ဖြစ်ပါက မိမိအမှန်တကယ် အသုံးပြုရန် လိုအပ်လာသောအခါ အဆင်သင့်ဖြစ်နေရုံသာမက အခြားဆရာ/မများကိုပါ ပြန်လည်မျှဝေ ပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် သင်တန်းတွင် research article readings များ၊ တစ်ဦးချင်း e-portfolios တည်ဆောက်ခြင်းများ၊ အုပ်စုဖွဲ့ကာ online မှ အလုပ်လုပ်ပြီး စာသင်ချိန်တွင် presentation ပေးခြင်းများ၊ ပညာရေးနည်းပညာများကို မိမိ အမှန်တကယ်အသုံးချ ကိုင်တွယ်ရခြင်းများ ပါဝင်မည် ဖြစ်ပါသဖြင့် ဆရာ/မများအနေနှင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရမည် ဖြစ်ပါသည်။ အဆိုပါ ဦးနှောက်စားသော အတွေ့အကြုံများသည် ဆရာ/မများ မိမိတို့ ကျောင်းသား/သူများကို ပြန်လည် သင်ကြားပေးမည့် အလှည့်တွင် ကိုယ်ကိုယ်တိုင် ကြုံခဲ့ဖူးသောအရာများကို ကျောင်းသား/သူများ မတွေ့ကြုံရအောင် များစွာ ဖြည့်သွင်း စဉ်းစားပေးနိုင်မည် ဖြစ်ပါသည်။

(3) သင်တန်း၏ ထူးခြားချက်များ
Taxila မှ စီစဉ်ပေးသော သင်တန်းများတွင် ထူးခြားချက်မရှိသော၊ မဆန်းသစ်သော သင်တန်းဟူ၍ မရှိပါ။ မြန်မာနိုင်ငံတွင် အသုံးများသော Moodle နှင့် Google Classroom တို့အား အိမ်နီးချင်းနိုင်ငံများရှိ တက္ကသိုလ်အများစုတွင် သိပ်အသုံးမပြုကြတော့ပါ။ ထိုစနစ်များထက် ပိုအဆင့်မြင့်ပြီး ကမ္ဘာတစ်ဝှမ်း အသုံးများသော course/learning management system (CMS / LMS) (၂) ခုဖြစ်သည်ါ BlackBoard နှင့် Canvas တို့အား Taxila မှ access ရှိသည့်အတွက် ဆရာ/မများ အနေဖြင့် (မြန်မာနိုင်ငံတွင် အသုံးမပြုနိုင်သေးသော်လည်း) အသေးစိတ် ကြိုတင်လေ့လာနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် စျေးအလွန်မြင့်မားသော project management software ဖြစ်သည့် Monday.com နှင့် research management software ဖြစ်သည့် Qualtrics များကိုပါ Taxila မှ access ရှိသောကြောင့် အခြားသူများ မကြားဖူး၊ မသုံးဖူးသေးသော software များကိုပါ ကိုယ်တိုင် လက်တွေ့ စမ်းအသုံးပြုနိုင်မှာ ဖြစ်ပါသည်။
ထို့အပြင် EduTech ဘာသာရပ်၏ ကမ္ဘာ့အကောင်းဆုံး သုတေသနဂျာနယ် (၁၀) ခုအပြင် အခြားမည်သည့်ဘာသာရပ်နှင့် မည်သည့် သုတေသန ဂျာနယ်ကိုမဆို (အချို့မှ လွဲ၍) Taxila မှ access ရှိသောကြောင့် တက်ရောက်ကြမည့် ဆရာ/မများအနေဖြင့် စိတ်ဝင်စားဖွယ် EduTech သုတေသနဂျာနယ်များစွာကို ဖတ်ရှုနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် မိမိ ဖတ်ရှုချင်သော်လည်း download ဆွဲ၍ မရသည့် မည်သည့် သုတေသန စာစောင်ကို မဆို Taxila မှ (၁) လအတွင်း အများဆုံး (၅) စောင်အထိ အခမဲ့ download ဆွဲပေးမည် ဖြစ်ပါသည်။

(4) သင်ကြားပုံ နည်းစနစ်
အွန်လိုင်း သင်ခန်းစာ အများစုသည် ဗီဒီယိုများအား ထိုင်ကြည့်ကာ သင်ယူရသည်မျိုး ဖြစ်သောကြောင့် အလွန်ပျင်းစရာကောင်းကြောင်း ဆရာ/မများ သိရှိကြမည် ထင်ပါသည်။ ဗီဒီယိုကြည့်ကာ လေ့လာနေသည့် အချိန်တွင် မေးမြန်းလိုသော မေးခွန်းပေါ်လာပါက ဖန်သားပြင်ကို ကောက်မေး၍လည်း မရ၊ သင်ယူရသည်မှာလည်း မထိရောက်မှုများကို ကြုံတွေ့ဖူးကြမည် ဖြစ်ပါသည်။ ထို့ကြောင့် Taxila မှ ဗီဒီယိုကိုသာ ထိုင်ကြည့်၍ သင်ယူရသော အွန်လိုင်းသင်တန်းမျိုး မစီစဉ်ဘဲ Zoom နဲ့ Google Classroom တို့မှ တိုက်ရိုက်သင်ကြားပေးသော synchronized online learning စနစ်ဖြင့် ပို့ချပေးမည် ဖြစ်ပါသည်။

(5) အခြားပါဝင်သော ပို့ချနည်းများ
ဤသင်တန်းသည် အွန်လိုင်းမှသာ လေ့လာရမည့် သင်တန်းမျိုး လုံးဝမဟုတ်ပါ။ Taxila ၏ သင်တန်းအား innovative blended-learning စနစ်ဖြင့် အသုံးပြုသင်ကြားပေးမည် ဖြစ်သဖြင့် တက်ရောက်ကြမည့် ဆရာ/မများ အနေနဖြင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည့် စာသင်ချိန်မရောက်မီ ပြင်ပ၌ ကြိုလေ့လာဖတ်ရှုခြင်းများ၊ အုပ်စုဖွဲ့ကာ ဆွေးနွေးခြင်းများအပြင် သင်တန်းချိန်ပြီးသွားသောအခါလည်း assignments များ ရှိနေမည် ဖြစ်ပါဖြင့် အိမ်စာလုပ်ရန် လိုအပ်ပါသည်။ online and offline (၂) ခုအား ရောသမ မွှေထားသော blended-learning စနစ်ဖြစ်ပါသည်။

(6) သင်တန်းကာလအတွင်း လုပ်ဆောင်ရမည့် အရာများ
ပထမအနေဖြင့် assignments (၄) ခုပါဝင်မည် ဖြစ်ပြီး တစ်ဦးချင်းလုပ်ဆောင်ရန် (၂) ခုနှင့် အုပ်စုလိုက် လုပ်ဆောင်ရန် (၂) ခုတို့ ပါဝင်ပါမည်။ ဒုတိယနေဖြင့် မကြေညာဘဲ ရုတ်တရက် ဖြေရမည်ဖြစ်သော unannounced quiz စာမေးပွဲ (၃) ခုပါဝင်ပါမည်။ စာမေးပွဲတွင် multiple choices မေးခွန်းများသာ ဖြေဆိုရမည် ဖြစ်သော်လည်း ဖတ်ရန် ပေးအပ်ထားသော articles များ မဖတ်ခြင်း၊ live စာသင်ချိန် စိတ်မဝင်စားခြင်း၊ သေချာစွာ နားမထောင်ခြင်းများ ရှိပါက ကောင်းမွန်စွာ ဖြေဆိုနိုင်မည် မဟုတ်ပါ။

(7) သင်ကြားပေးမည့် အရာများ
EduTech ဘာသာရပ်ဆိုင်ရာ lectures အချိန်သည် ၃-၄ ချိန် (၁၅%) ခန့်သာ ပါဝင်မည် ဖြစ်ပြီး ကျန်သော အချိန်တွင် ပညာရေးနည်းပညာများကို ကိုယ်တိုင် စမ်းသပ် အသုံးပြုရမှာ ဖြစ်ပါတယ်။ နည်းပညာတစ်ခုချင်းအား အစမှ အဆုံး မည်သို့ အသုံးပြုရမည်ကို ပြသပေးမည်မဟုတ်ပါ။ ထို့ကြောင့် online စာသင်ချိန် မတိုင်မီတွင် နည်းပညာများအား ကြိုအသုံးပြုထားခြင်း၊ စာသင်ချိန်ပြီးသည့် အခါတွင်လည်း ထပ်မံအသုံးပြုခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။

(8) လိုအပ်သော နည်းပညာ အခြေခံများ
သင်တန်းတွင် အသုံးပြုရမည့် နည်းပညာများ အလွန် အဆင့်မြင့်နေမည်ကို စိုးရိမ်ရန် မလိုအပ်ပါ။ Computer sciences အခြေခံရှိရန်လည်း မလိုအပ်ပါ။ အဆိုပါ နည်းပညာများသည် user-friendly ဖြစ်သော ready-to-use applications များသာ ဖြစ်ပါသည်။ Facebook application သုံးတတ်ပါက သင်တန်းတွင် မျှဝေမည့် applications တွေအားလုံးကို သုံးတတ်ပါမည်။ သို့သော်၊ application တွင် ပါဝင်သော functions များနဲ့ ရင်းနှီးကျွမ်းဝင်ရန် အချိန်တစ်ခုအထိ အမြဲမပြတ် စမ်းသပ်အသုံးပြုနေရန် လိုအပ်ပါသည်။

(9) ပို့ချပေးမည့် ဆရာများ
ဆရာ/မတွေအား မျှဝေနိုင်ရန် adult teaching အတွေ့အကြုံ ရင့်ကျက်သော၊ ပညာရေးနည်းပညာဘာသာရပ်အား တတ်ကျွမ်းသော ဆရာ (၂) ဦးနှင့် ဆရာမ (၁) ဦး တို့မှ မျှဝေပို့ချပေးမည် ဖြစ်ပါသည်
အဓိက ပို့ချပေးမည့် ဦးဆောင်ဆရာသည် တက္ကသိုလ်မျာရှိ ပါမောက္ခချုပ်များနှင့် ဆရာ/မများမှ လေးစားချစ်ခင်ကြသော ဆရာဦးရဲပြည့်သူပင် ဖြစ်ပါသည်။ ဆရာရဲသည် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး အသိုင်းအဝိုင်းတွင် မိတ်ဆက်ပေးရန် သိပ်မလိုတော့သော ဆရာတစ်ဦး ဖြစ်ပါသည်။
ပါဝင်ပို့ချပေးမည့် ဆရာနောက်တစ်ဦးသည် နိုင်ငံရပ်ခြား ပညာရေး၊ ပညာရေးနည်းပညာအသုံးချမှုများနှင့် ပတ်သတ်သော နယ်ပယ်တွင် အလွန်ရှေ့ပြေးပြီး ပညာရေးအသိုင်းအဝိုင်းအား အမြဲအကျိုးပြုလေ့ရှိသည့် Crown Education ၏ ပဲ့ကိုင်ရှင် ဆရာ ဦးအောင်ကျော်ဆန်းပင် ဖြစ်ပါတယ်။ နိုင်ငံတကာတက္ကသိုလ်များသို့ သွားရောက်ပညာသင်ယူမည့် ကျောင်းသား/သူများ အကြားတွင် မိတ်ဆက်ပေးရန် မလိုတော့သော မြန်မာနိုင်ငံ၏ အကောင်းဆုံး ပညာရေးအတိုင်ပင်ခံ ဝန်ဆောင်မှုများ ပေးအပ်နေသည့် ဆရာပင် ဖြစ်ပါသည်။
ဆရာများနှင့် အတူ အားဖြည့်ပို့ချပေးမည့် ဆရာမသည် ဆရာမ ဒေါ်ပွင့်နီအောင်ပင် ဖြစ်ပါသည်။ ဆရာမသည် နယူးဇီလန်တွင် ပညာရေး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပညာများအား သင်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ ပြန်လည် အကျိုးပြုနေသော ဆရာမ ဖြစ်ပါသည်။ ဆရာမသည် Crown Education လက်အောက်ရှိ Royal Academic Institute ၏ Director of Studies ဖြစ်ပြီး adult teaching များအား အဓိက တာဝန်ယူ သင်ကြားပေးနေသော ဆရာမ ဖြစ်ပါသည်။

(10) လျှောက်ထားနိုင်ပုံ
သင်တန်းကို လျှောက်ထားလိုပါက အဆင့် (၂) ဆင့်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။
(က) www.taxila.edu.mm/ethe-application တွင် လျှောက်လွှာ ဖြည့်စွက် နိုင်ပါသည်။ (မိမိ၏ တက္ကသိုလ် ဝန်ထမ်းကတ် ရှေ့မျက်နှာအား ဓာတ်ပုံရိုက်ထားပြီး လျှောက်လွှာဖြည့်စဉ် ပူးတွဲ တင်ပြးန် လိုအပ်ပါသည်။ ဝန်ထမ်းကဒ် မိမိနှင့် အတူ မရှိပါက တက္ကသိုလ်ဝန်ထမ်းဖြစ်ကြောင်း ခိုင်မာသော အခြားအထောက်အထား ပြ၍ ရပါသည်)
(ခ) Taxila မှ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တက္ကသိုလ် (၂၄) ခုတွင် ပြုလုပ်မည့် “Taxila Faculty Development Project (TFDP)” ရေရှည်တည်တံ့ရန်အတွက် Mobile/Online banking မှ အလှူငွေ ပေးပို့ပေးရန် လိုအပ်ပါသည်။ (အလှူငွေ လက်ခံပေးနိုင်မည့် ဘဏ်အကောင့်နံပါတ်များအား မိမိ လျှောက်လွှာဖြည့်ပြီးနောက်တွင် ရရှိမည့် automatic အီးမေးတွင် ပါဝင်မည် ဖြစ်ပါသည်။

(11) စုံစမ်းမေးမြန်းရန်
သင်တန်းနှင့် ပတ်သတ်၍ စုံစမ်းလိုပါက Taxila ၏ ဖုန်းနံပါတ်များဖြစ်သော ၀၉-၉၇၄၅၃၉၇၃၄ နှင့် ၀၉-၉၅၂၂၀၂၂၉၄ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

  InstituteHome stay ကာလအတွင်း အကျိုးရှိမယ့်သင်တန်းနဲ့မိတ်ဆက်ပေးပါရစေ  Course ဖြစ်ပါတယ် ဆရာ/ဆရာမများအတွက်က ပထမသင်တန်းအစီ...
02/04/2020

Institute
Home stay ကာလအတွင်း အကျိုးရှိမယ့်သင်တန်းနဲ့မိတ်ဆက်ပေးပါရစေ
Course ဖြစ်ပါတယ်
ဆရာ/ဆရာမများအတွက်က ပထမသင်တန်းအစီအစဥ်ပါ
ကျောင်းသူကျောင်းသားများအတွက်ကတော့ ဒုတိယသင်တန်းအစီအစဉ်ပါ
www.taxila.edu.mm/ethe (for teachers)
www.taxila.edu.mm/flcd (for students)

24/03/2020

ရပ်ဝေးသို့ ပြန်မည့် ကျောင်းသားကျောင်းသူများအား.. ပြည်နယ်အစိုးရထံ အကူအညီတောင်းပြီး ကျောင်းမှ ကားစီစဥ်ပေးပါမည် ။ လိုက်ပါလိုသော ကျောင်းသား.ကျောင်းသူများ ကျောင်းသားရေးရာ သို့ သွားရောက် စာရင်းပေးနိုင်ပါသည်။

ဘွဲ့ရကျောင်းဆင်းများ အလုပ်သင် အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ပါသည်။
23/03/2020

ဘွဲ့ရကျောင်းဆင်းများ အလုပ်သင် အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ပါသည်။

15/03/2020

နည်းပညာတက္ကသိုလ်(ဘားအံ)တွင်၂၀၁၉-၂၀၂၀တွင်တက်ရောက်သင်ကြားနေသော BEပထမနှစ်ကျောင်းသား/သူများအနေဖြင့် မိမိ မိသားစု၏ စီးပွါးရေးအခြေနေအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူရန်အခက်အခဲ အဖြစ်နေပါက
ဦးတင်မောင်ပညာသင်ဆု ကိုလျှောက်ထားနိုင်ပြီး ပညာဆက်လက်သင်ယူ နိုင်သည်။
လျှောက်ထားလိုသောကျောင်းသား/သူများသည် လိုအပ်သည့်အချက်အလက်များကိုကျောင်းသားရေးရာတွင် ထုတ်ယူပြီး အခြားလိုအပ်သည့်အချက်အလက်များ(ပုံတွင်ဖော်ပြထားသောအချက်အလက်များ)နှင့်တကွ
၁-၄-၂၀၂၀ နေ့ကို နောက်ဆုံးထားကာ ကျောင်းသားရေးရာတွင်တင်ပြရမည်။

#သတင်းနှင့်ပြန်ကြားရေး
#နည်းပညာတက္ကသိုလ်ဘားအံကျောင်းသားသမဂ္ဂ

  HINTHARမြို့ပြအင်ဂျင်နီယာ ကျောင်းသား/သူများအတွက် မော်လမြိုင်မြို့မှာဖွင့်လှစ်ထားတဲ့ Engineering Training သင်တန်းတခုမိတ...
19/02/2020

HINTHAR
မြို့ပြအင်ဂျင်နီယာ ကျောင်းသား/သူများအတွက် မော်လမြိုင်မြို့မှာဖွင့်လှစ်ထားတဲ့ Engineering Training သင်တန်းတခုမိတ်ဆက်ပေးပါရစေ
စိတ်ပါဝင်စားသူများစုံစမ်းတက်ရောက်နိုင်ပါတယ်

Address

Department Of Civil Engineering
Hpa-an
13011

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Alerts

Be the first to know and let us send you an email when မြို့ပြအင်ဂျင်နီယာဌာန နည်းပညာတက္ကသိုလ်-ဘားအံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to မြို့ပြအင်ဂျင်နီယာဌာန နည်းပညာတက္ကသိုလ်-ဘားအံ:

Shortcuts

Share

Category