Precious Buds Preschool

Precious Buds Preschool Make Way For a Great Day

သြဂုတ်လ အတန်းတွင်း အရောင်ခြယ်ပြိုင်ပွဲ၌သားသားမီးမီးတို့၏ ပုံများကို ဖေဖေ မေမေတို့မှ နှစ်သက်ရာရွေးချယ်၍ စတစ်ကာများကပ်ကာ အ...
24/08/2026

သြဂုတ်လ အတန်းတွင်း အရောင်ခြယ်ပြိုင်ပွဲ၌
သားသားမီးမီးတို့၏ ပုံများကို ဖေဖေ မေမေတို့မှ နှစ်သက်ရာရွေးချယ်၍ စတစ်ကာများကပ်ကာ အမှအနိုင်ရရှိသည့် အသင်းများကို အမှတ်ခွဲပေးခဲ့ပါတယ်ရှင့် 🌺✨

20/08/2026

CCVC blending with our beautiful children from Kindergarten. ❤️✨
They did a great job!👏

15/08/2026

Today’s activity challenged our little learners to work together as a team!👭👬 Each pair had to hug with one arm while using their other hand to carefully unfold the paper. 😍

A simple activity with big learning benefits!
The children learn to work with a team, hand and eye coordination, communication, balance and problem solving skills!✨

Learning is always more fun when we do it together!❤️✨

ဒီနေ့ မူကြိုကလေးတွေက မိုက်ကိုင်ပြီး မိမိတို့အကြိုက်ဆုံးအသီးတစ်မျိုး နဲ့ မကြိုက်တဲ့အသီးတစ်မျိုး အကြောင်း ကိုယ်တိုင်ယုံကြည...
12/08/2026

ဒီနေ့ မူကြိုကလေးတွေက မိုက်ကိုင်ပြီး မိမိတို့အကြိုက်ဆုံးအသီးတစ်မျိုး နဲ့ မကြိုက်တဲ့အသီးတစ်မျိုး အကြောင်း ကိုယ်တိုင်ယုံကြည်မှုရှိရှိ ပြောပြခဲ့ကြပါတယ်🥰🎤

မိမိအကြိုက်ကို ပြောပြရင်း စကားပြော 🗣 နဲ့လူမှုဆက်ဆံရေး တွေကို ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခဲ့ကြပါတယ်🌈✨

‼️ အမြန်ခန့်အပ်မည် ‼️ကရင်ပြည်နယ် . ဘားအံမြို့ . အမှတ် (၄/၄၈၄) သုတလမ်း . Precious Buds Private School. တွင်အောက်ပါရာထူးမျ...
11/08/2026

‼️ အမြန်ခန့်အပ်မည် ‼️

ကရင်ပြည်နယ် . ဘားအံမြို့ . အမှတ် (၄/၄၈၄) သုတလမ်း . Precious Buds Private School. တွင်အောက်ပါရာထူးများ ထပ်မံခေါ်ယူနေပါသည်။

🔺Assistant Teacher (2) ဦး

✔️ဘွဲ့တစ်ခုခု ရရှိထားသူ
✔️အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်တတ်ပြီးသင်ကြားတတ်မြောက်လိုစိတ်ရှိသူ
✔️မူကြိုအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိထားသူ
✔️စည်းကမ်းလိုက်နာပြီး မိမိအလုပ်ကိုတန်ဖိုးထား တာဝန်ယူတတ်သူ

✅လျောက်ထားလိုသူများအနေဖြင့်
▪️CV Form - passport ပုံကပ်ပီး အချက်လက်အပြည့်စုံ နှင့် မျှော်မှန်းလစာ
▪️ပညာအရည်အချင်းအထောက်အထားမိတ္တူ
▪️မှတ်ပုံတင် မိတ္တူ
▪️အိမ်ထောင်စုစာရင်း မိတ္တူ
များကို Viber / Telegram ; 09791568342 သို့ (25.8.2026) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျောက်ထားနိုင်ပါသည်။

08/08/2026

Each child had the chance to name the fruits, describe how they taste and share how they feel about them.
“It is sweet!”
“It is sour!
“I like it because it’s yummy!”
Through this fun activity our children are developing their vocabulary, communication skills, confidence, sensory awareness and healthy eating habits while having lots of fun.

05/08/2026

🍎🍌 Fruit Learning Fun! 🍓🍇

Our Nursery children had a wonderful time learning about different fruits—their names, colors, shapes, and tastes! Through fun, hands-on activities, they explored healthy foods while building their vocabulary and confidence.

Every lesson is a step toward curious minds and happy hearts! ❤️🍎

31/07/2026

A-E-I-O-U we love singing with you!

မြတ်စွာဘုရား၏ သာသနာတော်တွင် ဝါဆိုလသည် မြတ်ဗုဒ္ဓ၏ ပဋိသန္ဓေတော်ဆောင်ခြင်း၊ တောထွက်တော်မူခြင်းနှင့် ဓမ္မစကြာတရားဦးကို ဟောကြ...
28/07/2026

မြတ်စွာဘုရား၏ သာသနာတော်တွင် ဝါဆိုလသည် မြတ်ဗုဒ္ဓ၏ ပဋိသန္ဓေတော်ဆောင်ခြင်း၊ တောထွက်တော်မူခြင်းနှင့် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့သည့် အဓိပ္ပါယ်ရှိသော လဖြစ်သည်။

ထို့ကြောင့် Precious Buds Private School မှ ကျောင်းသား၊ ဆရာ၊ မိဘအုပ်ထိန်းသူများအားလုံး ပူးပေါင်း၍ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ဃန်းနှင့် ဆွမ်းများ ကပ်လှူပူဇော်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ ဝါဆိုသင်္ဃန်းဆိုသည်မှာ သံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးရန် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသည့် ပစ္စည်းလေးပါးကို ကပ်လှူခြင်းဖြစ်သည်။ ဤသည်မှာ ကုသိုလ်ကောင်းမှုကို ဖန်တီးခြင်းနှင့် သာသနာတော်ကို ဆည်းကပ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။

ဤအခမ်းအနားဖြင့် ကျွန်ုပ်တို့အားလုံး-

🙏သံဃာတော်များအား ရိုသေကြည်ညိုခြင်း၊
🙏မိဘဘိုးဘွားတို့၏ ဓလေ့ထုံးတမ်းကိုဆက်လက်ထိန်းသိမ်းခြင်း၊
🙏သားသမီးများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုကို သင်ကြားပေးခြင်းတို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။

“ဝါဆိုသင်္ဃန်း ကပ်လှူခြင်းသည် စိတ်၏ကြည်လင်မှုကို ဖြစ်စေ၍ ဘဝခရီးကို လင်းစေသော ကောင်းမှုတစ်ခုဖြစ်သည်”

“ဤကုသိုလ်ကောင်းမှုကြောင့် ကျမတို့ Precious Buds Private School ရှိကျောင်းသား၊ကျောင်းသူအားလုံး ပညာထက်မြက်၍ ဘဝအေးချမ်းသာယာပါစေသတည်း” 🙏🙏🙏🙏🙏

သားသားမီးမီးလေးများက မိမိအနှစ်သက်ဆုံးသော ကစားစရာအရုပ်ကလေးများ အကြောင်း ပြောပြမိတ်ဆက်ပြီး သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ...
24/07/2026

သားသားမီးမီးလေးများက မိမိအနှစ်သက်ဆုံးသော ကစားစရာအရုပ်ကလေးများ အကြောင်း ပြောပြမိတ်ဆက်ပြီး သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ကြပါတယ်။

Address

No. 4/484 Thuta Street. Hpa-an. Kayin State
Hpa-an
13011

Opening Hours

Monday 09:00 - 14:30
Tuesday 09:00 - 14:30
Wednesday 09:00 - 14:30
Thursday 09:00 - 14:30
Friday 09:00 - 14:30

Telephone

+959791568342

Website

Alerts

Be the first to know and let us send you an email when Precious Buds Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Precious Buds Preschool:

Shortcuts

Share