Teacher Tin Htar Win

Teacher Tin Htar Win မကောင်းမှူရှောင် ကောင်းမှူဆောင်
ဖြူအောင်စိတ်ကိုထား😘😘😘

မဂ်လာနံနက်ခင်းပါရှင့်ဘုရားကျောင်းဆောင်မှာကုသိုလ်ပြုခွင့်ရတဲ့အချိန်ကမင်မင်အတွက်အကြည်ဓာတ်အများဆုံးရသောအချိန်နှလုံးသားမှာ ဘ...
12/06/2025

မဂ်လာနံနက်ခင်းပါရှင့်

ဘုရားကျောင်းဆောင်မှာ
ကုသိုလ်ပြုခွင့်ရတဲ့အချိန်က

မင်မင်အတွက်
အကြည်ဓာတ်အများဆုံးရသောအချိန်

နှလုံးသားမှာ ဘာတွေဖြစ်နေဖြစ်နေ
ကုသိုလ်ပြုခွင့်ရရင်
လူက အလိိုလိုနေရင်းအမြဲသောပျော်သောမင်မင်ပါ

ကောင်းမှူကုသိုလ်များနေ့စဥ်ပြုခွင့်ရကြပီး
ကောင်းသောအကြောင်းတရားများ
အမြဲမပြတ် ဖြည့်နိုင်ကြပါစေ🙏

#ချစ်သော
#အဂ္ဂမဟာအဘန်းဒန်စ့်တင်ထားဝင်း

ဘုရားရှိခိုး မပျင်းပါနဲ့  ဘုရားရှိခိုးမပျင်းနဲ့။အချိန်ဖြုန်းတဲ့အလုပ်မဟုတ်ဘူး။တစ်နေ့လုံး သုံးဖို့စိတ်တန်ခိုး ထုတ်လုပ်တာစိ...
18/11/2024

ဘုရားရှိခိုး မပျင်းပါနဲ့

ဘုရားရှိခိုးမပျင်းနဲ့။
အချိန်ဖြုန်းတဲ့
အလုပ်မဟုတ်ဘူး။
တစ်နေ့လုံး သုံးဖို့
စိတ်တန်ခိုး ထုတ်လုပ်တာ
စိတ် ဓါတ်ဆီထည့်တာ၊
စိတ် စက်ဆီဖြည့်တာ။

သန့်စင်တဲ့ စိတ်ဖြစ်အောင်
ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုရေနဲ့ဆေးတယ်လို့မှတ်။
စက်ကရိယာတွေကို
ဆေးကြောသန့်စင်တယ်လို့
စိတ်ထဲမှာ နှလုံးသွင်းထား။

ဘုရားရှိခိုးတာ
ဘုရားဂုဏ်တော်ပွားတာ၊
မေတ္တာပို့တာ
ထွက်လေဝင်လေ
စူးစိုက်ပြီးမှငါးမိနစ်
ဆယ်မိနစ် တရားထိုင်တာဟာ
ကျန်းမာရေးလဲရ၊
စိတ်ခွန်အားလဲကောင်း
စိတ်ကြံ့ခိုင်ရေးလဲတိုးတက်တယ် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလဲတိုးတက်တယ်
အကုန်လုံး အကောင်းတွေချည်းပါပဲ။

ဒီကနေ့ကစပြီး
ကုသိုလ်အလုပ်၊
တရားအလုပ် လုပ်တာမှာ
ဝတ်ကျေတန်းကျေ
လုပ်မနေနဲ့တော့။

အရေးကြုံလာပြီဆိုရင်
ကိုယ့်မှာ အားကိုးစရာ
အသင့်ရှိထားအောင်
ဘုရားရှိခိုးတာမှ
စိတ်ပါလက်ပါရှိခိုး။

ကုသိုလ်အလုပ်
တရားအလုပ်လုပ်တာမှာ
စိတ်ပါလက်ပါ
အရည်အသွေးပါအောင်လုပ်။

ဘယ်အရာမဆို
စူးစူးစိုက်စိုက်လုပ်။
ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား။

ကိုယ့်သန္တာန်မှာ
အကောင်းဓာတ်တွေ
ရှိသင့်သလောက်ရှိထားမှ
စိတ်အေးရမှာ။

ဘုရားရှိခိုးခိုင်းတယ်
တရားထိုင်ခိုင်းတယ်ဆိုတာ
သက်သက်မဲ့ အချိန်ဖြုန်းခိုင်းတာ မဟုတ်ဘူး။

ဘေးရန်အလွန်ပေါတဲ့ လောကကြီးမှာ
ဘေးရန်လုံလုံခြုံခြုံနဲ့
စွမ်းအားပြည့်ပြည့်ဝဝ နေနိုင်အောင်လို့။

အရည်အသွေးတွေ
မြင့်မားတောက်ပြောင်လာအောင်လို့
ချီးမြှောက်ပေးတာနော်..။


(တိပိဋကဓရ
ယောဆရာတော်ဘုရားကြီး)


ကုသိုလ်ပြုပြန်လည်မျှဝေ ပူဇော်ပါသည်..🙏🙏🙏
မူရင်းရေးသူcrdပေစပါတယ်ရှင်

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတ...
15/11/2024

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။

သာမညဖလ ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊

မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုး ပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ်ပါယျရပါသညျ။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး

(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါဖွဈ၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ်ဓဘာသာဝငျမြားအတှကျေ ကျးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။
Credit to original!
Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှ။ မူရင်းရေးသားသူကို credit ပေးပါသည်။

တရားထိုင်ခြင်း "လူရဲ့ဦးနှောက်ဟာ စိတ်ခံစားချက်တွေ၊ ပူပင်သောကတွေ နှစ်ရှည်စုဆောင်းလာတဲ့အခါ လူဟာ ....ထိုင်းမှိုင်းလာတယ်၊ လေး...
10/10/2024

တရားထိုင်ခြင်း "

လူရဲ့ဦးနှောက်ဟာ
စိတ်ခံစားချက်တွေ၊
ပူပင်သောကတွေ
နှစ်ရှည်စုဆောင်းလာတဲ့အခါ
လူဟာ ....
ထိုင်းမှိုင်းလာတယ်၊
လေးလံလာတယ်။
ထိုင်းမှိုင်းလေးလံမှုကို
ပယ်ဖျက်ဖို့ ....
အကောင်းဆုံးနည်းက
တရားထိုင်ခြင်း ပဲဖြစ်တယ်။

လူ့စိတ့်ရဲ့ သဘောက
ဖြစ်ပြီးတာကို တွေးတယ်၊
မဖြစ်သေးတာကို တွေးပြီး
သောကရောက်တယ်။
တရားထိုင်တာက
လက်ရှိပစ္စုပ္ပန်မှာဖြစ်ပျက်၊
တည်ရှိနေတာကို
ရှုမြင်စေတာဖြစ်တယ်။

၅ မိနစ်တရားထိုင်တာဟာ
တစ်နာရီအိပ်စက်တာနဲ့
ညီမျှပါတယ်။
တရားထိုင်ခြင်းဟာ
ဦးနှောက်၊
စိတ်၊
ကိုယ်တွင်းအင်္ဂါအားလုံးကို
အနားပေးတာဖြစ်တယ်။

တရားထိုင်ခြင်းအားဖြင့်
ကျန်းမာရေးအတွက်
စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်းဆိုင်ရာ
အကျိုးရလဒ်များစွာ
အထောက်အကူဖြစ်စေပါတယ်။

တရားထိုင်ချိန်မှာ
အာရုံစူးစိုက်မှုအား
ပိုကောင်းလာတယ်၊
အသက်ရှုနှုန်းမှန်လာတယ်။
ခန္ဓာကိုယ်က
အင်အားကုန်ဆုံးမှုနည်းလာတယ်။
နှလုံးက ...
အောက်ဆီဂျင်သုံးစွဲနှုန်း
သာမန်ထက်ပိုနည်းသွားတယ်။
သွေးလည်ပတ်မှု အားကောင်းလာတယ်။

အားကောင်းတဲ့...
သွေးလည်ပတ်မှုတွေက
ကိုယ်အင်္ဂါထဲမှာရှိတဲ့
အညစ်အကြေးတွေကိုလည်း
ထုတ်ပေးတယ်။
အရေပြားတွေကို
ကြည်လင်သန့်ရှင်း ၊
နုပျို စေတယ်။

တရားထိုင်ခြင်းက
နာတာရှည်ရောဂါနဲ့
နာမည်တပ်ရခက်တဲ့
ရောဂါတွေကို
သက်သာစေပါတယ်။
ဥပမာ-
သွေးတိုးရောဂါ၊
နှလုံးရောဂါ၊
ကျောက်ကပ်ရောဂါ၊
အဆုတ်ရောဂါ၊
ဦးနှောက်က ...
လုံလောက်တဲ့သွေးမရတာတွေ၊
ခေါင်းတစ်ခြမ်းကိုက်တာ၊
ခန္ဓာကိုယ်လေးလံတာ၊
ခြေလက်အေးစက်တာ၊
အိပ်ရေးပျက်တာ
စတာတွေဖြစ်တယ်။

နေ့တိုင်း ...
တရားထိုင်ပေးခြင်း အားဖြင့်
လူရဲ့စိတ်၊ ခန္ဓာကိုယ်အပြုအမူတွေက
တဖြည်းဖြည်း တည်ငြိမ်လာတယ်၊
သိမ်မွေ့လာတယ် ။
စိတ်ဖိစီးမှု၊
စိတ်လှုပ်ရှားမှု၊
စိတ်မငြိမ်မှုတွေကို
သက်သာစေတယ်။
စိတ်ထဲမှာ ကြည်လင်တော့
အပြင်ပန်းသဏ္ဌာန်က
ငြိမ်းချမ်းလာတယ်။
စိတ်နဲ့ခန္ဓာကိုယ်ရဲ့
ညီမျှတဲ့ဟန်ချက်ဖြစ်တယ်။

ထိုင်စမှာ ...
အာရုံပြန့်လွှင့်တာ၊
အတွေးတွေဝင်လာတာ၊
မထိုင်နိုင်တာတွေရှိပါတယ်။
အချိန်အတိုင်းအတာတစ်ခုထိ
ရောက်တဲ့အခါ
ကိုယ့်အာရုံကို ကိုယ်
ထိန်းချုပ်လို့ရသွားပါတယ်။
စိတ်တည်ငြိမ်ခြင်းရဲ့
အရသာကိုခံစားမိပါလိမ့်မယ်။

အိပ်ရာမဝင်ခင်လေး
အချိန်ငါးမိနစ်လေးပေးပြီး
ကိုယ့်အတွက်ကြိုးစား
တရားထိုင် ကြည့်ပေးပါ။

တရားထိုင်ခြင်း နဲ့ပတ်သတ်ပြီး
ဖတ်ထား ၊ သိထားတာလေးတွေ ၊
ကိုယ်တိုင်လဲ အကျိုးကျေးဇူး ကို
လက်တွေ့ခံစားခဲ့ရတော့
ချစ်ခင်မြတ်နိုးရသူ တွေကို
ပြန်လည်ဝေမျှပေးတာပါ......

ချစ်ခြင်းများစွာဖြင့်🙏
MOe #

ဘာလို့ တရားထိုင်တော့မှ နိဗ္ဗာန် မြင်နိုင်တာလဲ။သိပ္ပံနည်းနဲ့ပဲ ပါဠိမသိလဲ နားလည်အောင် ရှင်းပြပေးမယ်နော်။ တကယ်တော့ တရားထိုင...
10/10/2024

ဘာလို့ တရားထိုင်တော့မှ နိဗ္ဗာန် မြင်နိုင်တာလဲ။

သိပ္ပံနည်းနဲ့ပဲ ပါဠိမသိလဲ နားလည်အောင် ရှင်းပြပေးမယ်နော်။ တကယ်တော့ တရားထိုင်တယ်ဆိုတာ မိမိရဲ့ ခန္ဓာကို သေပီဆိုပီး ယာယီ အလှူပေးလိုက်တာပေါ့နော်။ ဘာပဲ ကျန်ခဲ့မှာလဲဆိုရင် ဦးနှောက်နဲ့ နှလုံးသားနဲ့ အဆုတ်နဲ့ပဲ ကျန်ခဲ့မှာ။ ကျန်တာတွေ အကုန်လုံးကို သေပီဆိုပီး ယာယီ ထားပလိုက်တာ။ ကလီစာတွေကို ကားတစ်စီးအနေနဲ့ ယာယီ မြင်ကြည့်။
နှလုံး= Engine
အဆုတ်=Pump
ဦးနှောက်=Computer box
အသက်ရှင်ဖို့ လိုအပ်သလောက်ပဲ ချန်ထားပီး ကျန်တာကို လှူပလိုက်တာ။ အဲ့အတွက် အလိုလိုနေရင်း တရားစထိုင်ပီဆိုတာနဲ့ ၃၁ဘုံရဲ့ အမြင့်ဆုံး အရူပလေးဘုံကို ရောက်သွားပီ။ အဲ့အတွက် သိပ္ပံလို ပြောရင် နိဗ္ဗာန်နဲ့ လက်တစ်ကမ်းကို ရောက်သွားပီ။ အရူပအဆင့်ရဲ့ အပေါ်ထပ်မှာ Matrix(Dynamo) သင်္ခါရ လောကကြီးနဲ့ ကင်းရာပဲ ရှိတော့တာ။ အဲ့တာ နိဗ္ဗာန်ပဲ။

အဲ့တော့ အရူပဘုံကို အလိုလို ရောက်သွားပီးသား ဖြစ်လို့ ဝိပဿနာ တရားစထိုင်ပီဆိုတာနဲ့ Time Dilation က 0 ရောက်သွားပီ။ ပြောရင် Superman mode on လိုက်ပီ။ အဖြစ်အပျက်တွေက အရမ်းမြန်လာတယ်။ အချိန်က အသေနှေးသွားတယ်။ ရပ်သလောက်ကို ဖြစ်သွားပီ။ Video Editingလိုပြောရင် Zoom in ဖြစ်သွားပီ။ အချိန်ရပ်လိုက်တဲ့အတွက် ကိုယ်က အနာဂတ်ကို ခရီးသွားနေပီ။အနာဂတ်ကို ကြိုရောက်နေပီ။အနာဂတ်မှာ ဖြစ်ပျက်မယ့် ဘဝတွေက ဒီမှာ တစ်ထိုင်တည်း ဖြစ်ပျက်မယ့်သဘော ဖြစ်လာပီ။

ပုံမှန်က ရေက ဖြည်းဖြည်းပဲ စီးနေရင် တရားစထိုင်တာနဲ့ ရေပိုက်က Pressure gun ဖြစ်သွားပီ။ မီးသတ်ပိုက်ကို Pressure တပ်ပေးလိုက်တာနဲ့ တူတူပဲ။ အကျိုးပေးကံတွေက တလဟောစီးတာ။ အကြွေးဆပ်တယ်လို့လဲ သတ်မှတ်လို့ရတယ်။ အဲ့မှာ မဖြစ်သေးတဲ့ ဘဝအဆောက်အဦး Architect ဒီဇိုင်း စာရွက်တွေပါ ဆုပ်ဖြဲပီးသား ဖြစ်သွားတယ်။ အဲ့အတွက် အကုသိုလ်တွေကို ထိုင်ချေဖျက်နေတာဖြစ်လို့ အလိုလို ကုသိုလ်စိတ် ဖြစ်နေပီ။

တရားထိုင်တဲ့အခါမှာ အပေါ်က ပြောသလို ဦးနှောက်နဲ့ နှလုံးသားနဲ့ အဆုတ်ပဲ ကျန်တော့တာ။ အဲ့တော့ အဆုတ်ကို ခဏမေ့ထား။ ဦးနှောက်နဲ့ နှလုံးသားပဲ ကျန်တော့တာ။ ဘုရားလက်ထက်တုန်းက ခွဲတာစိပ်တာတွေ မပေါ်သေးဘူး။ အဲ့တုန်းက ရောဂါဖြစ်ရင် သမားတော်နည်းနဲ့ပဲကုတာ။ ဓာတ်ဖောက်ပြန်တာကိုပဲ ဓာတ်မျှအောင် သဘာဝဆေးနည်းနဲ့ပဲ ကုတာ။ ဆေးလဲ အစာ အစာလဲဆေး ဆိုတာ တိုင်းရင်းဆေးက အဲ့ဒါပဲ။ Nutrition နဲ့ပဲကုတာ။ သမထနည်းဆိုတာလဲ တိုင်းရင်းဆေးနည်းပဲ။ ဘုရားမပေါ်ခင် ရှာတွေ့ထားတဲ့ နည်းပညာ။

ဘုရားပေါ်လာတဲ့အခါ စိတ်ကိုခွဲတာစိပ်တာတွေ ပေါ်လာပီ။ အဲ့တာကို ဝိပဿနာနည်းလို့ ခေါ်တယ်။ ပေါ်ရာ တန်းခွဲပလိုက်တာ။ အနောက်တိုင်းဆေးနည်းလိုပဲ။ တရားထိုင်တဲ့ စစ်မြေပြင်မှာ ပေါ်ရာတန်းခွဲ ပစ်တာ။ ဒါကြောင့် ဝိပဿနာနည်းက ပိုပီး နာကျင်ရတယ်။ စျာန်လောက် မအေးချမ်းဘူး။ အဲ့ ဝိပဿနာတစ်နည်းက ပေါ်ရာတန်းခွဲတဲ့နည်းကပဲ ထာဝရ ငြိမ်းချမ်းခြင်းကို ပို့ပေးမှာ။ စာတွေကို ဖတ်ပီးရင် တရားထိုင်ဖို့ ဘာလို့လိုတယ်ဆိုတာ ရှင်းသွားလိမ့်မယ်။
ခတျတေဗှမာ
ကုသိုလ်စိတ်
ပေါ်ရာတန်းခွဲမယ်
အရူးရောဂါပျောက်ဖို့ ပေါ်ရာတန်းခွဲရတာ။အကြွေးဆပ်တယ်လို့ပဲ ပြောပြော အမှန်မြင်တာလို့ပဲ ပြောပြောပေါ့။ အဲ့ဒီ ဝိပဿနာမှတ်လိုက်တဲ့ စိတ်တစ်စိတ်တိုင်းက ကိုယ့်ရဲ့ ဉာဏ်ကို အမြင့်ဆုံး Level ကို ဆွဲခေါ်မှာ။ ဉာဏ်က အမြင့်ဆုံး Level ရောက်တော့မှ ထာဝရ ငြိမ်းချမ်းခြင်းဆိုတာ ရှာတွေ့တာ။ အဲ့သဘော။ ဘုရားက သိပ္ပံနည်းနဲ့ပဲဟောတာ။ ဒီဖက်ခေတ်က ရုပ်တရားထွန်းကားနေတော့ ဂျင်းမိပီး လည်ထွက်နေတော့တာ။

ဒီဖက်ခေတ် ရုပ်တရားက ထွန်းကားနေတဲ့အချိန် ဘုရားဘာလို့ မပွင့်လဲဆိုတော့ ဉာဏ်အားနည်းနေကြလို့။ ဘုရားက ဉာဏ်အားတွေ အကောင်းဆုံး တက်တဲ့အချိန်မှာပဲ ပွင့်တာ။ ဉာဏ်အားက ဘာလဲဆိုရင် စျာန်အားပဲ။ စျာန်အား အကောင်းဆုံး အာရုံအစိုက်နိုင်ဆုံးလူတွေ အများဆုံး ထွန်းကားတဲ့ အချိန်တွေမှာပဲ ပွင့်တာ။ အဲ့ဒါကို သိချင်ရင် အီဂျစ်ခေတ်ကို ပြန်ခေါ်ကြည့်။ ဘာပစ္စည်းမှ မပါပဲ ပြက္ခဒိန်ကို ဘာမျက်လုံးနဲ့ ကြည့်ပီး တိုင်းတာတာလဲ။ ပီးတော့ ကမ္ဘာကြီးတစ်ပတ်ကို တစ်ရက်လို့ ဘယ်လို ရှာတွေ့ကြတာလဲ။ တကယ်တော့ ဦးနှောက်နဲ့ပဲ ရှာကြတာ။

ဦးနှောက်က ဦးနှောက်ကိုပဲ အာရုံစိုက်ရင် ဦးနှောက်မှာ စျာန်ဝင်သွားတယ်။ အဲ့ဆို စွမ်းအင်တွေ ထွက်လာလို့ စကြာဝဠာက ရုပ်လုံးပေါ်လာတယ်။ ရုပ်တွေက အလုံးတွေမလို့ ရုပ်လုံးပေါ်တယ်ဆိုတာ အဲ့ကလာတာ။ အဲ့ဦးနှောက်နဲ့ပဲ စကြာဝဠာ ခရီးသွားပီး ဂြိုလ်တွေကို ကြည့်ခဲ့တာ။ စိတ်မျက်လုံးနဲ့ ရှာခဲ့ကြတာ။ ဒီဖက်ခေတ်ကို Meter တွေ မလိုဘူး။ ၃၁ ဘုံကိုလဲ အဲ့နည်းနဲ့ပဲ ရှာထားကြတာ။ဘုရားပွင့်တာ ဉာဏ်အကောင်းဆုံး အချိန်မှာပဲ ပွင့်တာ။

ဒိဖက်ကခေတ်က ရုပ်တရားကို တီထွင်တာကို တကယ်က ဉာဏ်လို့ လူတွေက ထင်နေကြတာ။ တကယ်က လူစဖြစ်လာပီဆိုရင် အဲ့ခန္ဓာမှာ DNA ဆိုတာပါတယ်။ အဲ့DNA က တကယ်တော့ ကံတရားပဲ။ ကံတရားက ဘာပီးရင် ဘာလာမယ်ဆိုတာ သတ်သတ်မှတ်မှတ် ရှိပီးသား။ ဒါကြောင့် DNA က တစ်ယောက်နဲ့ တစ်ယောက်မတူဘူးဆိုတာ ကံမတူလို့။ ဘုရားလက်ထက်မှာ ကတည်းက ကလပ်စည်းဆိုတာ ပေါ်နေပီ။ အဲ့တာကို ဒီဖက်ခေတ် (Cell) လို့ခေါ်တာ။ ပြန်စဉ်းစားကြည့်ရင် ဘုရားက Meter မသုံးပဲ ဘာနဲ့ ကြည့်တာလဲ။ အဓိကက ဉာဏ်မျက်လုံးနဲ့ပဲ ကြည့်တာ။ ဉာဏ်ရှိရင် စကြာဝဠာက ခေါင်းထဲမှာ ရှိတယ်။

ပြေးကြည့်စရာ မလိူဘူး။ တွေးကြည့်တာနဲ့တင် သိတယ်။ ဒီဖက်ခေတ်က ရုပ်တရား ထွန်းကားနေတယ်ဆိုတာ အဲ့တီထွင်မယ့် ဦးနှောက်တွေ ပါလာလို့။ အဲ့ဦးနှောက်ကို အတိတ်ဘဝတုန်းက စိတ်တွေက တပ်ဆင်ပေးထားတာ။ အဲ့စိတ်ကနေ ကိလေသာထွက်။ ကိလေသာ လှိုင်းကနေ ကံဖြစ်လာ။ ကံရေလှိုင်းက ခန္ဓာအဖြစ်ကို ရောက်အောင် စွမ်းအင်ပေးနေတာ။ တီထွင်မယ့် ဦးနှောက်ကြီးက နှဂိုတည်းက ပါလာပီးသား။ ဘယ်ချိန် ထမင်းစားမယ်။ ဘယ်ချိန် သေမယ်။ ဘယ်ချိန် တီထွင်မယ်ဆိုတာတွေက ပါလာပီးသား။ သူက အဲ့ဒါတွေကြည့်ပီး ခံစားလိူ့ပဲ ရတာ။ တကယ်က သူတီထွင်နေတာ မဟုတ်ဘူး။

အများကံနဲ့ဆိုင်လို့ပဲ အများက သုံးခွင့်ရနေတာ။ တကယ်လို့ သူသာ တီထွင်တယ်ဆိုရင် သူသေတာနဲ့ အဲ့တာတွေက ပျောက်သွားရမှာ။ အဲ့နည်းပညာတွေက သူနဲ့အတူ တစ်ပါတည်း နောက်ဘဝထိ ပါသွားရမှာ။ မပါဘူးဆိုကတည်းက အဲ့တာတွေကို သူတစ်ကယ်မပိုင်လို့။ ခန္ဓာက သစ်တစ်ပင်လို Run နေတာကြီးကြည့်ပီး ငါပိုင်တယ်။ ငါဆိုင်တယ်။ ငါလုပ်နေတာ။ Hyuna ရဲ့ I Me My Mine လုပ်နေလို့ သံသရာလည်နေတာ။ အဲ့တာကိုကြည့်ပီး ဘုရားကိုတောင် ဗုဒ်ပေါ လုပ်လိုက်သေး။ အဲ့လို ဉာဏ်တွေ ရှိနေလို့ပဲ ဘုရားက ဒီဖက်ခေတ် မပွင့်တာ။ ဒီဖက်ခေတ်နဲ့ ပြောရင် ဉာဏ်မမီလို့ကို ဘုရားက မပွင့်တာ။ ပွင့်လဲ အကျိုးမထူးဘူးဆိုတာ ဘုရားက သိနေတာ။

အဲ့တော့ နတ်သားအဖြစ်နဲ့ အချိန် ပြန်စောင့်နေရတာ။ အဲ့သဘော။ ရှေးခေတ်က Anatomy မပေါ်သေးဘူး။ အဲ့ကျ ကလီစာတွေမှာ တစ်ခုချင်းစီ ကိုယ်ပိုင်နာမည် မပေါ်သေးဘူး။ အဲ့ကျ ပါဠိနဲ့ပဲ တရားဟောခဲ့တာ။ ဒီဖက်ခေတ်နားလည်အောင် သိပ္ပံလို ပြန်တိုက်ပေးမယ်နော်။

စေတသိက်= ဦးနှောက်+ နှလုံးသား

စေတသိက်ဆိုတာ စိတ်နဲ့ ဦးနှောက်နဲ့ ဓာတ်ပြုလိုက်လို့ စိတ်ပုံရိပ်ယောင် ထွက်လာတာ။ အဲ့တာကို စေတသိက်လို့ခေါ်တာ။ ပုံရိပ်ယောင်။ ခုလူတွေ ဘာလို့ သံသရာလည်နေတာလဲဆိုရင် အဲ့တာကို အစစ်လို့ ထင်နေလို့ သံသရာ လည်နေတာ။ အဲ့တာက တစ်ချိန်တည်းမှာ ပေါ်လာတာနဲ့ စိတ်ကိုပါ Shock ဓာတ်ပြေးလိုက်တာ။ အဲ့တော့ စိတ်က ဘယ်လို မြင်လာလဲဆိုရင် ငါလို့ မြင်လာတာ။ လက်ရှိလို့ မြင်လာတာ။ အဲ့မို့ ပေါ်လာတဲ့ အာရုံတွေကို အစစ်လို့ မြင်လို့ သံယောဇဉ်တွယ်ကုန်တာ။ အဲ့ကိလေသာက အနာဂတ်ဘဝတွေကို တည်ဆောက်စေတာပဲ။

အတိတ်မေ့လိုက်။ ဘဝတည်လိုက်။ အပေါ်ပြောသလိုပဲ ထပ်မြင်လိုက်။ ပီးတော့ သေသွားလိုက်။ အတိတ်မေ့လိုက်။ ဘဝတည်လိုက်။ အဲ့လို ထပ်မြင်လိုက်နဲ့ ပတ်နေတော့တာ။ ဘယ်တော့မှ မဆုံးတော့ဘူး။ စိတ်က ဦးနှောက်ပေးတဲ့ အာရုံကို ခံစားလိုက်တိုင်း ခံစားလိုက်တိုင်း ဉာဏ်ဆိုတာ ပေါ်တယ်။ အဲ့ဉာဏ်ပေါ်မူတည်ပီး ဖြစ်တည်တဲ့ ဘဝ Form တွေက အနာဂတ်မှာ သွားသွားပြောင်းတာ။ လောကကြီးကို အစစ်ထင်ပီး သံယောဇဉ်တွယ်လေလေ ဉာဏ်က နိမ့်လေလေ။ ဉာဏ်နိမ့်လေလေ ရလာမယ့်ဘဝရဲ့ ဦးနှောက် နိမ့်လေလေပဲ။

ကံစွန်းနဲ့ အတ္တစွန်းဆိုတာ ရှိတယ်။ သာမန်လူတွေက အဲ့တာတစ်ခုခုကို ကိုင်စွဲထားတယ်ဆိုတာ ရှိတယ်။ ကံစွန်းကို ကိုင်ထားရင် တိရစ္ဆာန်ဖြစ်တယ်။ အတ္တဆိုတဲ့ ငါကို ကိုင်ထားရင် ပူလောင်တဲ့ ဘဝ ပြန်ရတယ်။ အပူလောင်ဆုံးကတော့ ငရဲပဲပေါ့။ အဲ့လို ဘဝတွေ ပြန်ထွက်လာတာ။ အပါယ်ကျပီးရင် တစ်ခါ နောင်တရတယ်။ ကံကို အမှန်ပြန်မြင်တယ်။ အဲ့ကျ အထက်ဘုံ ပြန်တက်လာတယ်။ အထက်ဘုံ အပေါ်တွေ ရောက်လာတော့ အတ္တပြန်ဝင်လာရော။

ငါသိတယ်။ ငါတတ်တယ်။ ငါကြိုစားတယ်။ ငါရယူတယ်။ ငါဖန်ဆင်းတယ်။ ငါ့တန်ခိုး။ နတ်ဘုံမှာဆို ပိုသိသာတယ်။ အရာတွေက အလိုလိုပေါ်တာကို ငါဖန်ဆင်းတယ် လုပ်ကော။ လူ့ဘုံမှာဆိုရင် ငါကြိုးစားလို့ ငါရတာ။ တန်ခိုးတွေ ဇွတ်ပြပီး ကြွယ်ပြရော။ တစ်ခါ အဲ့စိတ်တွေက အပါယ်ပြန်ပို့တာကိုး။ ဘာလို့ဆို အမြင်မှားကြီး ဖြစ်နေတာ။ အဲ့လိုနဲ့ ၃၁ ဘုံ အပေါ်တက် အောက်ဆင်းတွေ ဖြစ်နေရော။

အပေါ်ကဟာကို ပြန်ချိတ်ရင် စေတသိက်က ဦးနှောက်ကို မီပီး ထွက်လာတာ။ စိတ်ကို ကြိုးကိုင်ထားတဲ့ ကြိုးကိုင်ရှင်။ စိတ်က စေတသိက်ကို တည်ဆောက်ထားတယ်။ အဲ့တည်ဆောက်ထားတဲ့ စေတသိက်ကပဲ ပြန်ဒုက္ခပေးတယ်။ ငါလို့ မြင်တယ်။ အဲ့မှာ သံသရာ အဆုံးမရှိတော့ဘူး။ သံယောဇဉ်တွယ်နေတော့ ဉာဏ်က ပုနေရော။ ပုတော့ သံသရာကို မမြင်တော့ဘူး။ အဲ့သဘော။

အဲ့တော့ လွယ်အောင်ပြောရင် ဦးနှောက်နဲ့ နှလုံးသားကိုပဲ မြင်။ စိတ်က နှလုံးသားဘေးက ရင်ဝမှာ။ စေတသိက်က ဦးနှောက်တစ်ခုလုံးမှာ။ ဘုရားက အဲ့တုန်းက Anatomy မပေါ်သေးဘူး။ ပီးတော့ အဲ့ခေတ်ရှေးလူကြီးတွေက ဉာဏ်မီတယ်။ စျာန်ရှိတယ်။ အဲ့ကျ ဘုရား တစ်ခွန်းဟတာနဲ့ နားထောင်တဲ့သူက စိတ်ထဲမှာ မြင်ပီးသားပေါ့နော်။ အဲ့သဘော။ ဦးနှောက်က တကယ်တော့ ကိုယ့်ရဲ့ သူငယ်ချင်း ဟုတ်သလို ရန်သူလဲဟုတ်တယ်။

ဝိပဿနာဆိုတာ ဉာဏ်သုံးပီး ဂျင်းတွေကို ဖော်ထုတ်တာ။ အဲ့မို့ ဉာဏ်ကိုသုံးပီး ဒီဦးနှောက်ကြီးမှာ အဖြေရှာတာ။ ဦးနှောက်ကို ကိုယ်က ထိန်းချုပ်နေတာလား။ ဦးနှောက်က နှလုံးသားကို ထိန်းချုပ်နေတာလား။ အဲ့တာတွေကို ရှာရတာ။ တကယ် ဦးနှောက်က ခန္ဓာကို ထိန်းချုပ်နေတာဟုတ်သလို အဲ့ဦးနှောက်ကပဲ စိတ်ကို ထိန်းချုပ်နေတာ။ စိတ်က ဦးနှောက်ရဲ့ အထိန်းချုပ်ခံ လုပ်နေရင် သံသရာလည်ပီ။ ဦးနှောက်ကို အတိတ်တုန်းက ကံက တည်ဆောက်ထားပေးတာ။

တည်ဆောက်ထားတဲ့ ဦးနှောက်ကပဲ တစ်ခါပြန်ပီး ကိုယ့်ကို ဂျင်းတယ်။ အဲ့တော့ ဒီတိုက်ပွဲက နှလုံးသားနဲ့ ဦးနှောက်တိုက်ပွဲ။ အတိတ်ကံက ထောက်ပံ့ထားလို့ ဦးနှောက်က ဂျင်းထည့်နိုင်တာ။ ဂျင်းထည့်နေတာကို သိရင် သံသရာပြတ်တယ်။ အာရုံတွေအကုန်လုံးကို ဦးနှောက်က ပေးနေတာ။ အဲ့တာကို စိတ်က အတိတ်ကံလို့ အတုပုံရိပ်ယောင်လို့ မြင်ပေးပီး ဥပေက္ခာပြုပေးလိုက်ရုံပဲ။ အဲ့အတွက် ဗြမာစိုရ်တရားကို သတိလေးကပ်နေဖို့ပဲ လိုတာ။ တရားထိုင်တဲ့အခါ ပေါ်သမျှအာရုံတွေကို သတိလေးကပ်ပီး ဒါအတိတ်ကံပါလား။ ဒါဂျင်းနေပါလား။ ဒါ ပုံရိပ်ယောင်တွေပဲဆိုတဲ့ အသိလေးနဲ့ စိတ်က သံယောဇဉ်ဖြတ်ပေးရုံပဲ။

ဒီသံယောဇဉ် ဖြတ်လိုက်တဲ့ တစ်စိတ်တစ်စိတ်တိုင်းက ဉာဏ်တက်လာစေတာပဲ။ တစ်နာရီမထိုင်ခင် အခြေအနေနဲ့ တစ်နာရီထိုင်ပီး အခြေအနေ ဉာဏ်မတူစေရဘူး။ လုံးဝ အာမခံတယ်။ တရားထိုင်ဖို့ ဘာလို့ လိုတယ်ဆိုတာရယ် တရားထိုင်ရင် ဘာလို့ ကုသိုလ်ရတာလဲဆိုတာရယ် ရှင်းမယ် မြင်မိပါတယ်။ အတိတ်ကံကို ဉာဏ်နဲ့ တိုက်ရတာ။ ဦးနှောက်ကို နှလုံးသားနဲ့ တိုက်ရတဲ့ တိုက်ပွဲပေါ့။
ဦးနှောက် vs နှလုံးသား

လူသေကောင်လို နေတာနဲ့ ဘာလို့ နာလာလဲဆိုရင် ဦးနှောက်ရဲ့ သညာကို ယာယီရပ်ထားလို့။ ပုံမှန်က ခန္ဓာက Dynamo လို စွမ်းအင်ထုတ်နေတာ။ ငြိမ်နေရင် Potential Energy (-)ဓာတ်။ အဲ့တာကို Kinetic Energy(+) ပြောင်းပေးနေမှ ကမ္ဘာကြီးရဲ့ သံလိုက်ဓာတ်က သက်သာတာ။ (-) လူသေကောင်လို ထားထားရင် ကမ္ဘာကြီးရဲ့ သံလိုက်ဓာတ်(ပထဝီဓာတ်)က အသေဆွဲတော့တာ။ ဘာလို့ဆို ကမ္ဘာကြီးက ဆက်တိုက်လည်နေတာ။ အပေါင်းဓာတ်။ Dynamoလို Sine Waveလို ACနည်းနဲ့ မီးပေးနေတာ။ မီးစက်တစ်လုံးလိုပဲ။

အဲ့တော့ တရားထိုင်ရင် Mass အစစ်က ဘာလဲဆိုတာ ထွက်လာလိမ့်မယ်။ ရုပ်က လှုပ်ရှားနေ Kinectic Energy ပေးနေမှ ကမ္ဘာကြီးရဲ့ သံလိုက်ဓာတ် သက်ရောက်မှုက သက်သာတာ။ အဲ့မှ နေလို့ ထိုင်လို့ ကောင်းတာ။အားကစားလုပ်တယ်ဆိုတာ အဲ့သံလိုက်ဓာတ်အား သက်သာအောင်လို့။ အဲ့ဓာတ်သက်သာတော့မှ လူက လေးတာတို့ ငြောင်းတာတို့က သက်သာစေတာ။ ဒါကြောင့် ပုံမှန်ချိန်မှာ လူက အမြဲလှုပ်နေတာ။ (-)ကို အပေါင်းလိုက်လိုက် ပြောင်းပေးတာ။ ဘာကလဲဆို ဦးနှောက်ကပဲ။ အဲ့တော့ ငါကထိန်းနေတာလား။ ဦးနှောက်က ထိန်းနေတာလား ကွဲနေပီ။ ဦးနှောက်က ငါမဟုတ်ဘူး။ ဘုရားက အဲ့သဘော ပြောတာ။

သေခါနီးလူကျရင် ဝေဒနာ ဘယ်လောက်ခံရခက်မလဲ ခုတည်းက တွေးကြည့်လို့ ရတယ်။ မလှုပ်ရှားနိုင်တော့ သံလိုက်ဓာတ် ဘယ်လောက်တောင် ကြီးနေမလဲ။ အဲ့မှာ Gravity က နင်းကန်ဆွဲမှာ။ တရားထိုင်ကြည့်တာနဲ့ သံလိုက်ဓာတ်(ပထဝီ) Gravity ကြီးက ဘယ်လောက်တောင် ကြီးမလဲ မြင်လာလိမ့်မယ်။ သာသနာထွန်းကားတော့ အရိယာဆရာတွေ ပေါတုန်း လူဖြစ်တုန်း ဝိပဿနာ အားထုတ်ကြပါ။ မဟုတ်ရင် အချိန်တစ်ခါ ပြန်စောင့်ရပါလိမ့်မယ်နော်။

သေခြင်းမှ လွတ်မြောက်ကြပါစေ။🙏🙏🙏


#ချစ်သော
#အဂ္ဂမဟာအဘန်းဒန်စ်တင်ထားဝင်း

10/10/2024

🤗ပေါက်ရင်ယူ မပေါက်ရင် လှူ🙏

🙏ကုသိုလ်ဘဏ်တိုက်အလှူ🙏

10/10/24 -ဒိတ်လှလှလေးမှာ
ပဌာန်းဆက်များအတွက်
ရည်မှန်းပီး ပြုလုပ်တဲ့ ကုသိုလ်ဘဏ်တိုက်အစီအစဥ်လေးပါ

ကုသိုလ်ဘဏ်တိုက်
အစီစဥ်လေးမှာ ဆိုရင်
မဲတစ်စုကို -5000ကျပ်စီထည့်ရပါမယ်
မဲကို သုံးမဲ လေးမဲ ငါးမဲအကြိုက်ထည့်လို့ရပါတယ်
မဲများရင် ကိုယ့်နာမည်မဲအရေအတွက်
များများပါမယ်
ပဌာန်းကျမ်း တစ်စုံ နဲ့ဘာပြန်စာအုပ်လေးကို
21မဲ ပြည့်တာနဲ့ တစ်စုံ မဲဖောက်ပါမယ်
လစဥ် မဲအလှူပြုလုပ်သွားပါမယ်

ချစ်ရတဲ့ပဌါန်းဆက်များအတွက်ပါ

မင်မင်ကတော့ လစဥ်ပဌာန်းကျမ်းတစ်စုံအလှူရယ်
မဲကနှစ်မဲရယ်နဲ့
အသက်ရှင်သမျှကာလပတ်လုံး
​ပဌာန်းကျမ်းပူဇော်ကုသိုလ်ပြုပါမယ်
ကြွားဝါခြင်းမဟုတ်ရပါ
ပဌာန်းဆက်များ ကုသိုလ်တွေ မျှဝေချင်ရုံပါ

အလှူ5000ကိုလှူလိုက်ခြင်းအားဖြင့်
မပွင့်သေးသော ရွှေတံခါးပေါက် ငွေတံခါးပေါက်
ကုသိုလ်တံခါးပေါက်ကြီး
ကံကောင်းခြင်းများစွာ ပွင့်လာဖို့
အကြောင်းတရားတွေဖြည့်ရတာရယ်
ဘဝအဆက်ဆက် အထုံပါရမီလေးပါသွားပါတယ်

ကိုယ်မရွတ်ဖြစ်ရင်တောင်
ကိုယ်လှူထားတဲ့အတွက် ကိုယ့်အတွက်
ကုသိုလ်အထုံလေး ပါသွားကြဖို့ရည်ရွယ်ရင်း

မင်မင်ကိုယ်တိုင်လည်း
အတိတ်က ပဌာန်းနဲ့ပတ်သက်ပီး
ကုသိုလ်အထုံအများကြီး
ပြုခဲ့လို့ ဒီဘဝမှာ ကုသိုလ်ပြန်ပြုခွင့်ရတာလို့
မြင်မိပါတယ်

ဒါကြောင့် ပေါက်ရင်ယူ မပေါက်ရင်
လှူ ကုသိုလ်ဘဏ်တိုက်အလှူလေးမှာ
ပါဝင်ကြပါစို့လို့ နှိုးဆော်ရင်း🤗🤗🤗🤗

မင်မင်ရဲ့ စိတ်ကူးပေါက်တာနဲ့
ထရိုက်တဲ့ videoလေးကို
ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြပါလို့
video လည်း ထပ်ရိုက်ဖို့အချိန်မရတာမို့
editဘာညာလည်း မလုပ်တတ်တာ့ အမှားပါရင်
နားလည်ပေးကြပါချစ်တို့ရေ

မဲ တစ် စု -5000ကျပ်
kpay/wave.pay-
09973911933
Tin Htar Win
မှတ်ချက် - ကုသိူလ်ဘဏ်တိုက်အလှူ
ရေးပီး အကောက်ဆီလွဲထားလို့ရပါတယ်

#ချစ်သော
#အဂ္ဂမဟာအဘန်းဒန်စ်တင်ထားဝင်း

ယတြာထက်သာလွန်သော***********************ဆရာကြီးစန္ဒြဆိုတာကမြန်မာပြည်ရဲ့ ဗေဒင်နဲ့ လက္ခဏာပညာမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ သူဌ...
08/10/2024

ယတြာထက်သာလွန်သော
***********************
ဆရာကြီးစန္ဒြဆိုတာက
မြန်မာပြည်ရဲ့ ဗေဒင်နဲ့ လက္ခဏာပညာမှာ
နိုင်ငံ့ခေါင်းဆောင်တွေ၊ သူဌေးတွေ၊
ရုပ်ရှင်လောကသားတွေနဲ့ပြည်သူတွေပါ
လေးစားဂုဏ်ပြုခြင်းခံရတဲ့ တကယ့်ပါရမီရှင်
ပုဂ္ဂိုလ်တဦးပါ။

ဘယ်အသက်ရွယ်မှာသေမလဲ
ဘယ်အချိန်မှာဘာဖြစ်မယ်
ဘယ်အချိန်မှာအောင်မြင်မယ်
ဘယ်အချိန်ပြည်ပကို ခရီးထွက်ရမယ်
ဆိုတာကအစ အတတ်ဟောနိုင်တဲ့
အအောင်မြင်ဆုံး မြန်မာ့လက္ခဏာဗေဒင်ပညာရှင်။

ဒါပေမဲ့
သူ့ဟောခန်းမှာ ရဟန်းသာမဏေများနဲ့
သီလရှင်များအား မဟောပါ ဆိုပြီး
ဆိုင်းဘုတ်ချိတ်ထားသတဲ့

ဒါနဲ့ ပတ်သက်ပြီး ဆရာစန္ဒြကို
မေးမြန်းကြည့်တဲ့အခါ

တပည့်တော်က ရဟန်းသာမဏေများနဲ့
သီလရှင်များကို မကောင်းတဲ့ အတိတ်နိမိတ်မြင်လို့ ကြိုတင်နိမိတ်ဖတ်ဟောတဲ့အခါ
လွဲတာကများတယ်။
ရဟန်းသံဃာများဟာ
နေ့စဉ်အမြဲ ဘုရားကို သောက်တော်ရေ၊
ပန်းတော်၊ ဆွမ်းတော်စတဲ့
ဘုရားဝေယျာဝစ္စ။

ပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တဲ့
ဓမ်မာနုဿတိ။
ကျောင်း အိပ်ရာနေရာ တံမြက်လှည်းခြင်းစတဲ့
ကုသိုလ်ကိစ္စတွေကို နေ့စဉ်မပြတ်ပြုလုပ်ကြတာများတော့
နောင်ဖြစ်လာမည့် မကောင်းတဲ့
အတိတ်နိမိတ်တွေဟာ မဖြစ်နိုင်ကြတော့ဘူး။

ကုသိုလ်စရဏတရားတွေ
မပြတ်ပြုလုပ်နေသူတွေကို သူဟောရင်လွဲတာက များတယ် တဲ့။
ဒါကြောင့် ရဟန်းသံဃာများနဲ့ သီလရှင်များကို
တပည့်တော် ဗေဒင်မဟောခြင်းပါလို့ဆိုပါတယ်။

ဆရာကြီးဟာ
သူ့အသက် ၇၂နှစ်မှာ သေမယ်လို့
သူ့ပညာအရသိတဲ့အခါ ဗေဒင်လက္ခဏာ
ပညာကိုခဏရပ်နားကာ ဆရာတော်ကြီးတွေရဲ့
အဆုံးအမကိုခံယူပြီး အညာဘက်ကိုသွား
နွားတွေဝယ် ဘေးမဲ့လွတ်၊ ရေးရှားတဲ့ဒေသ
တွေမှာ ရေတွင်းရေကန်တွေတူးလှူစတဲ့ ကုသိုလ်
တွေကို ပြုလုပ်ခဲ့ပါတယ်။

အသက် ၇၂နှစ်မှာမသေခဲ့တဲ့အတွက်
သူ့ပညာတွေကို အပြီးအပိုင်
စွန့်လွတ်ပြီး ရဟန်းဝတ်ပါတယ်။

ရဟန်းဘဝနဲ့ ဗုဒ္ဓတရားတော်များက
လူတယောက်ရဲ့ကံဇာတာကို ပြောင်းလဲ
ပေးနိုင်ကြောင်း ဆောင်းပါးများကို ရေးသား
ခဲ့ပါတယ်။

အသက်၈၃နှစ်မှ ရွှေပြည်သာက
ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ
လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာကြီးရဲ့ဘဝအတွေ့အကြုံ
သင်ခန်းစာတွေကို ကြည့်ခြင်းအားဖြင့်

ကုသိုလ်အလုပ်တွေကို
စဉ်ဆက်မပြတ်ပြုလုပ်နေသူတို့အဖို့
ကံဆိုး ကံညံ့တွေမကျရောက်နိုင်ဘူး။

မကောင်းတဲ့အတိတ်တွေ နိမိတ်တွေဟာ
အကောင်းဘက်ကို ရောက်ရှိသွားနိုင်တယ်
ဆိုတာတွေ့ရပါတယ်။

ဒါ့ကြောင့်
ကိုယ့်ဘဝမှာ မကောင်းတဲ့
အတိုက်အခိုက်တွေကြုံလာလို့ပဲ ဖြစ်ဖြစ်၊

အလုပ်အကိုင် အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်၊
ဗေဒင်ကကိုယ့်ကို ကံဆိုးကံညံ့နေတယ်လို့
ပြောရင်ဘဲဖြစ်ဖြစ်၊

အဆင်မပြေမှု့တွေ ကြုံလာတိုင်း

ဘုရားဝေယျာဝစ္စတွေ
ပရိတ်ပဌာန်းရွတ်တာတွေ၊
ရေအလှူ ၊ ဆေးအလှူ၊ လမ်းအလှူ
စတဲ့ ကုသိုလ်တွေကိုသာ အတတ်နိုင်ဆုံး
စွဲစွဲမြဲမြဲကြိုးစားအားထုတ်လိုက်ပါ။

ဒါဟာ ယတြာထက် ကောင်းတဲ့
ဘုရားပေးတဲ့ ယတြာပါဘဲ။
🙏🙏🙏🙏🙏

#ခင်ဇော်

.....
ပြန်လည်မျှဝေခြင်းပါ။

ဖူးထိုက်သူသာဖူးရစေ🙏 ဝဋ်ကြွေးမှန်သမျှကြေပါစေ🙏ဒုက္ခမှန်သမျှငြိမ်းပါစေ🙏 ပဋ္ဌာန်းဆက်သာမြင်ရစေ🙏အလွန်တရာ ဖူးချင်သပ့ဆိုရင်တောင်...
06/10/2024

ဖူးထိုက်သူသာဖူးရစေ🙏 ဝဋ်ကြွေးမှန်သမျှကြေပါစေ🙏
ဒုက္ခမှန်သမျှငြိမ်းပါစေ🙏 ပဋ္ဌာန်းဆက်သာမြင်ရစေ🙏

အလွန်တရာ ဖူးချင်သပ့ဆိုရင်တောင်မဖူးတွေ့ရနိုင်သော ရွှေချိုးဖြူ မူလခဲ သိုက်မှ ဘုရား ကိုးဆူ

၁.ရွှေချိုးဖြူ မူလခဲသိုက်ဘုရား

၂.စိန်ပြောင်ထိန်လင်းလာဘမုနိသိုက်ဘုရား

၃.နဂါးရုံ ပြဒါး သိုက်ဘုရား

၄.ရွှေတောင်ငွေတောင်မဟာဓနသိဒ္ဓိပတ္တမြားမျက်ရှင်ဘုရား

၅.ဝိဇယာမဟာမြတ်မုနိ ကန်တော်မင်သိုက်ဘုရား

၆.ရာဇဘိသေက ဘေသဇ္ဇ ဂုရုမုဒြာ ဆေးသိဒ္ဓိ
လာဘမုနိ သိုက်ဘုရား

၇.အာဟာရ သိဒ္ဓိ ရုပ်ပွား သိုက်ဘုရား

၈.ရွှေပုံကြီး ငွေပုံကြီး ရုပ်ရှင်တော်မြတ် သိုက်ဘုရား

၉.ကျိုက်မရောအလိုတော်ပြည့် သိုက်ဘုရား

ဤဘုရား ကိုးဆူကို ဖူးမြင်ရသူတိုင်း ပုံတော်ကိုဖူးတွေ့ရသည့်နှင့်တစ်ပြိုင်နက် ပုံတော်တစ်ဆူချင်းစီတိုင်းကို သေသေချာချာရှုကြည့်ပြီး ဂုဏ်တော်ကိုးပါးကို တစ်ဆူကိုတစ်ခေါက်စီအားဖြင့် ပွားများပူဇော်ကြပါရန်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါင်း၏အနန္တဂုဏ်တော်များကိုရိုသေစွာ ဤ post ကိုတင်ခြင်းအားဖြင့် ဦးတိုက်ကန်တော့အပ်ပါသည်ဘုရား

ဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါင်း၏ မရေမတွက်နိုင်သော အနန္တဂုဏ်တန်ခိုးဖြင့် သတ္တဝာ ဥဿုံအလုံးစုံတို့ ဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပါစေ


#ဘုရားဂုဏ်တော်ပွားများကြစေရန်တိုက်တွန်းချက်
#ဗုဒ္ဒသာသနံစိရံတိဋ္ဌတု

ကုသိုလ်ကံနဲ့ တောင့်ထားပေးပါ ဟာ...တို့ကုသိုလ်တွေသာလုပ်နေရတာ၊ကောင်းကျိုးကြတော့ မရဘူး၊တို့ပြုထားတဲ့ကုသိုလ်တွေကတော့အလကားဖြစ်...
06/10/2024

ကုသိုလ်ကံနဲ့ တောင့်ထားပေးပါ

ဟာ...တို့ကုသိုလ်တွေသာလုပ်နေရတာ၊
ကောင်းကျိုးကြတော့ မရဘူး၊
တို့ပြုထားတဲ့ကုသိုလ်တွေကတော့
အလကားဖြစ်ပြီထင်ပါရဲ့လို့ မတွေးနဲ့၊မတွေးနဲ့၊
ဘယ်တော့မှ မတွေးပါနဲ့၊
အဲဒီလိုတွေးနေတာကိုက အကုသိုလ်ဖြစ်နေတာ၊
ကုသိုလ်ကိုပြစ်မှားနေတာ။

ကုသိုလ်ကိုပစ်မှားနေတယ်ဆိုတာက
ကုသိုလ်ရဲ့အကျိုးပေးမှာကိုပဲ
အကျိုးမပေးတော့ဘူးလို့ လက်ခံလိုက်တာနဲ့
ကံနဲ့ကံရဲ့အကျိုးပေးကို
ပြစ်ပယ်တဲ့သဘော ရောက်သွားတာပေါ့၊
ဒါလည်း မိစ္ဆာဒိဋ္ဌိတစ်မျိုးပဲ။

ကုသိုလ်လုပ်ထားရင်
ကောင်းတဲ့အကျိုးက ပေးကိုပေးဦးမှာ၊
အခု အကျိုးမပေးသေးဘူးလား..?
ကိစ္စမရှိဘူး၊ တစ်ချိန်ကျရင် အကျိုးပေးလိမ့်မယ်။

အဲဒီလိုပါပဲ၊အကုသိုလ်လုပ်ထားတဲ့ပုဂ္ဂိုလ်ကလည်း
လောလောဆယ် ကုသိုလ်ရဲ့အကျိုးပေးတွေကို
ခံစားနေရတဲ့အချိန်မှာ
အကုသိုလ်ကံအကျိုးပေးက
မလာတော့ပါဘူးလို့ မတွေးနဲ့၊မတွေးနဲ့၊
အကုသိုလ်ကံက အကျိုးပေးချိန်ရောက်လာရင်
အကုသိုလ်ကံအကျိုးတွေက ခံစားရမှာပဲ။

အဲဒီတော့ အကုသိုလ်ကံကလည်း
သူ့အလှည့်ရောက်လာမှအကျိုးပေးသလို
ကုသိုလ်ကံကလည်း
သူ့အလှည့်ရောက်ရင် အကျိုးပေးပါလိမ့်မယ်တဲ့။

မြတ်စွာဘုရားက-
ကုသိုလ်ကံက အကျိုးပေးခွင့်မရသေးဘူးဆိုရင်
အကုသိုလ်ကံရဲ့အကျိုးပေးကို
သူက ပြုံးပြုံးကြီးထိုင်ကြည့်နေမှာပဲ၊
သူအကျိုးပေးခွင့်ရလာတဲ့အခါကြတော့
သူ့အလှည့်ကိုရောက်လာပြီဆိုရင်
ဘယ်တော့မှ မကောင်းကျိုးကိုမဖြစ်စေဘူး၊
ကောင်းကျိုးကိုပဲဖြစ်အောင်လုပ်ပေးပါတယ်တဲ့။

အဲဒါကြောင့်
ဘုန်းကြီးတို့ပရိတ်သတ်တွေက
မိမိတို့သည် ပုထုဇဉ်များဖြစ်သည့်အတွက်
မိမိပြုလုပ်ထားတဲ့ ကုသိုလ်ကံလည်းရှိတယ်၊
မိမိပြုလုပ်ထားတဲ့ အကုသိုလ်ကံလည်း
ရှိနေကြမှာပါပဲ၊ဒီလိုမဟုတ်လား..?

အဲဒီတော့ ကုသိုလ်ကံတွေကများနေလို့
အကုသိုလ်ကံတွေက
ပျောက်ပျက်သွားလိမ့်မယ်လို့တော့ မထင်နဲ့၊
အကုသိုလ်ကံတွေကများနေလို့
ကုသိုလ်ကံက အကျိုးမပေးတော့ဘူးလို့မထင်နဲ့။

ဒါပေမဲ့ လောလောဆယ်တော့
ကုသိုလ်အကျိုးပေးလေးတွေများများရချင်ရင်
ကုသိုလ်ကံတွေများများလုပ်ထားပေါ့၊
ဘယ်သူ့ကို မိတ်ဆွေဖွဲ့ထားရမှာလဲ..?
ကုသိုလ်ကို မိတ်ဆွေဖွဲ့ထား။

သွားလည်း ကုသိုလ်စိတ်ဖြစ်နေရမယ်၊
ထိုင်နေလည်း ကုသိုလ်စိတ်ဖြစ်နေရမယ်၊
စကားပြောလည်း ကုသိုလ်စိတ်ဖြစ်နေရမယ်၊
အလုပ်လုပ်လည်း ကုသိုလ်စိတ်ဖြစ်နေရမယ်၊
မကောင်းတဲ့အတွေးတွေ ဘယ်တော့မှမတွေးနဲ့၊
အမြဲတမ်း ကောင်းတဲ့အတွေးပဲတွေး၊
ကုသိုလ်ဖြစ်မဲ့အတွေးကိုပဲတွေး။

ကိုယ်ကပုထုဇဉ်ဖြစ်နေလို့၊
ကိလေသာကိုမပယ်နိုင်သေးလို့၊
အနုသယကိလေသာက ရှိနေသေးလို့
အာရုံနဲ့တွေ့ရင် အကုသိုလ်ဖြစ်ချင်ဖြစ်မယ်၊
ဒါပေမဲ့ ဖြစ်ကြောမရှည်ပါစေနဲ့၊ကုသိုလ်စိတ်မွေး၊
ကုသိုလ်စိတ်နဲ့ပြန်အစားထိုး။

ဒီတော့ ကုသိုလ်ကံနဲ့ အကုသိုလ်ကံ၊
ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်က
ဘာလုပ်နေတာလဲ..?
အားပြိုင်နေတာ၊တိုက်ပွဲဝင်နေတာ၊
အဲဒီတော့ကိုယ်က လောလောဆယ်မှာ
ကောင်းတဲ့အကျိုးပေးလေးတွေနဲ့
ရပ်တည်နိုင်ဖို့အတွက်ဆိုရင်
ကုသိုလ်စိတ်တွေများများမွေးထားဖို့လိုပါတယ်။

ဒီတိုက်ပွဲကိုအဆုံးအဖြတ်ပေးမှာက ဉာဏ်၊
အကြင်မျှ လောက်သောကာလပတ်လုံး
ကုသိုလ်ကံနဲ့အကုသိုလ်ကံအကျိုးပေးကို
ဖြတ်တောက်နိုင်တဲ့ဉာဏ် မပေါ်သေးဘူးဆိုရင်၊
မပေါ်သေးသမျှကာလပတ်လုံး
ကုသိုလ်စိတ်၊ကုသိုလ်ကံနဲ့ တောင့်ထားပေးပါ၊
အကုသိုလ် မဖြစ်ပါစေနဲ့။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့

(သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ)

🙏6/10/2024🙏🙏အနန္တော အနန္တငါးပါး ပူဇော်ကန်တော့🙏ငါးပါးသီလ ခံယူစောင့်တည်ပီး🙏နတ်ပင့်🙏ခင်ပွန်းကြီးဆယ်ပါးဝန်ချတောင်းပန်ကန်တော့...
06/10/2024

🙏6/10/2024🙏

🙏အနန္တော အနန္တငါးပါး ပူဇော်ကန်တော့
🙏ငါးပါးသီလ ခံယူစောင့်တည်ပီး
🙏နတ်ပင့်
🙏ခင်ပွန်းကြီးဆယ်ပါးဝန်ချတောင်းပန်ကန်တော့
🙏ဘုရားဂုဏ်တော်/တရားဂုဏ်တော်/သံဃာဂုဏ်တော်/မေတ္တာ သုတ်

🙏 မဟာသမသုတ်တာ်ရွတ်ဖတ်ပူဇော်ကုသိုလ်ယူ
🙏တာဝတိံသာပဌာန်း ပူဇော်
🙏ပဌါန်းကျမ်းကြီး ပဌာနပါဠိ ပထမတွဲ
စာမျက်နှာ170မှ190 အထိ
ရွတ်ဖတ်ပူဇော်ကုသိုလ်ယူ

🙏မေတ္တာ ပို့ အမျှဝေကုသိုလ်ယူခဲ့ပါပီး

🙏ဤကုသိုလ်များ ထပ်တူရှိကြပါစေ

🙏🙏🙏

#ချစ်သော
#အဂ္ဂမဟာအဘန်းဒန်စ်တင်ထားဝင်း

Morningကမ္ဘာတစ်ဝှမ်း မှာရှိတဲ့သူတောင်းကောင်းအပေါင်းတို့ရဲ့ပြုပြုသမျှ ကုသိုလ်အားလုံးသာဓု ခေါ်ပါတယ်သာဓု သာဓု သာဓု🙏🙏🙏ကျန်းမ...
06/10/2024

Morning

ကမ္ဘာတစ်ဝှမ်း မှာရှိတဲ့
သူတောင်းကောင်းအပေါင်းတို့ရဲ့
ပြုပြုသမျှ ကုသိုလ်အားလုံး
သာဓု ခေါ်ပါတယ်
သာဓု သာဓု သာဓု
🙏🙏🙏

ကျန်းမာကြပါစေ🙏
ချမ်းသာကြပါစေ🙏

#ချစ်သော
#အဂ္ဂမဟာအဘန်းဒန်စ်တင်ထားဝင်း

၁ ။ အချိန် သွားနေတယ်။၂ ။ အသက်အရွယ် ပြောင်းနေတယ်။၃ ။ ကလေးအရွယ်ကနေ ဆယ်ကျော်သ၊က်အရွယ်ကအပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။၄ ။ ဆယ်က...
05/10/2024

၁ ။ အချိန် သွားနေတယ်။

၂ ။ အသက်အရွယ် ပြောင်းနေတယ်။

၃ ။ ကလေးအရွယ်ကနေ ဆယ်ကျော်သ၊က်အရွယ်ကအပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။

၄ ။ ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်ကဘာလုပ်လုပ် စိတ်အားထက်သန်တယ်။

၅ ။ လူရွယ်ကနေ လူလတ်ပိုင်းအရွယ်ရောက်တော့စိတ်ပျက်လက်မှိုင်ချရတာတွေ များလာ
ခဲ့တယ်။

၆ ။ ဘဝဆိုတာ ရုပ်ရှင်ရိုက်သလိုပါပဲ။

၇ ။ ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင် ငါတို့ဖြစ်လာတယ်။

၈ ။ အရံကနေ ခေါင်းဆောင်သရုပ်ဆောင်ဖြစ်လာတယ်။

၉ ။ အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး

၁၀ ။ အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။

၁၁ ။ မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်။

၁၂ ။ တည်ငြိမ်လာခဲ့တယ်။

၁၃ ။ အရာတော်တော်များများကိုလည်း
သဘောပေါက် နားလည်လာခဲ့တယ်။

၁၄ ။ လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။

၁၅ ။ စစချင်းမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက
နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။

၁၆ ။ စစချင်းမှာ ကြည့်မရတဲ့အရာတွေက
နောက်ပိုင်းမှာ ထားလိုက်တော့လို့ဖြစ်သွားတယ်။

၁၇ ။ ဒီဘဝခရီးလမ်းက
ပြောင်းလဲမှုမြန်ဆန်နေတယ်။

၁၈ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။

၁၉ ။ မိဘတွေ ဖြစ်ကုန်ကြပြီ။

၂၀ ။ ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။

၂၁ ။ အမှားလုပ်မိရင် တာဝန်ယူရပြီ။

၂၂ ။ မိသားစုရှိလာတော့ တာဝန်ကိုထမ်းပိုးရ
ပြိး။

၂၃ ။ အရင်ကလို အဖေတို့ အမေတို့လုပ်လိုက်မယ်ဆိုတာမျိုး မရတော့ဘူး။

၂၄ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။

၂၅ ။ ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။

၂၆ ။ ဗိုက်ပူလာပြီ။

၂၇ ။ အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့ပြီ။

၂၈ ။ အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။

၂၉ ။ ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။

၃၀ ။ ကျန်းမာရေးကိုပထမလို့ ထားတတ်လာခဲ့
ပြိ။

၃၁ ။ ငွေကြေးဥစ္စာအပေါ် အမြင်တဖြည်းဖြည်းပေါ့လာခဲ့ပြီ။

၃၂ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။

၃၃ ။ မောတဲ့အခါ နားသင့်ရင်နားပါ..
ခန္ဓာကိုယ်က အဓိကပါ။

၃၄ ။ နွမ်းတဲ့အခါ အိပ်သင့်ရင်အိပ်ပါ..
အိပ်ရေးတွေ အပျက်မခံနဲ့တော့။

၃၅ ။ ဆာတဲ့အခါ စားသင့်ရင်စားပါ...
ချွေတာမနေနဲ့တော့။

၃၆ ။ တစ်သက်တာက တိုလွန်းပါတယ်..
မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာပါပဲ။

၃၇ ။ ကောင်းတဲ့အရာကို နောက်ဆုံးသိမ်းမထားပါနဲ့။

၃၈ ။ သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက်မဟုတ်ဘူးဖြစ်သွားလိမ့်မယ်။

၃၉ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။

Credit;

Address

Hpa-An
Hpa-an
13011

Telephone

+959973911933

Website

Alerts

Be the first to know and let us send you an email when Teacher Tin Htar Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category