Baby's First step

Baby's First step ကလေးတိုင်း ကျန်းမာပျော်ရွှင် ဖွံ့ဖြိုးဖို့
မိဘဆရာပူးပေါင်းစို့

18/05/2026

ကရင်ပြည်နယ် ဘားအံမြို့ရှိ
Preschool တွင်
အတူလက်တွဲလုပ်ကိုင်ရန်

Main teacher (2)ဦး အလိုရှိပါသည်။

- တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရပြီး
(သို့မဟုတ်)

-ECCD လက်မှတ်ရရှိထားသူ
(မူကြို လုပ်ငန်း
အတွေ့အကြုံရှိသူဦးစားပေးမည်။)

မိမိ၏လုပ်ကိုင်နိုင်စွမ်းနှင့်အတွေ့အကြုံပေါ်
မူတည်ပြီး မျှော်မှန်းလစာ
တောင်းဆိုနိုင်ပါသည်။

-အလုပ်ချိန် (8:00AM - 4:00 PM)

စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
အတိုင်းပိတ်ပါသည်။

Viber နံပါတ် 09442639256 သို့
CV form ပေးပို့၍လျှောက်ထားနိုင်ပါသည်။

23/04/2026

4.5.2026(Monay) တွင်
မူကြိုပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အုပ်ထိမ်းသူ
မိဘများအား အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်

21/04/2026

ဘားအံမြို့နယ် အောင်နန်း(‌၂)လမ်း
အတွင်းရှိ မူကြိုကျောင်းအတွက်
Preschool Main Teacher (၁) ဦး
အလိုရှိပါသည်။

* ဘွဲ့ရ (သို့မဟုတ်) တက္ကသိုလ်တတ်ရောက်နေဆဲ

* ECCD လက်မှတ်ရရှိထားသူ

* ဆရာမအလုပ်အပေါ်အမှန်တစ်ကယ်
စိတ်ဝင်စားပြီး ကလေးငယ်များအပေါ်
ချစ်ခင်ကြင်နာစွာဖြင့် စိတ်ရှည် သည်းခံနိုင်
ရမည်။ Attitude ကောင်းကောင်းဖြင့်
သင်ကြားနိုင်ရမည်။

* လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
( အတွေ့မရှိသေးသူများလဲ
လျှောက်ထားနိုင်ပါသည်။)

အလုပ်ချိန် - 8:00AM to 4:00PM
စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
ပိတ်ပါသည်။

Viber - 09442639256
(CV form ပေးပို့ရန်)

April 30.2026 ဖောင်ပိတ်ပါမည်။

မူကြိုပြီးဆုံးကြောင်း လက်မှတ်နှင့်အမှတ်တရ လက်ဆောင်
27/03/2026

မူကြိုပြီးဆုံးကြောင်း လက်မှတ်နှင့်
အမှတ်တရ လက်ဆောင်

ကလေးလေးတွေဘွဲ့ရပြီလူကြီးပေါက်စလေးများ😘😘😘
27/03/2026

ကလေးလေးတွေဘွဲ့ရပြီ
လူကြီးပေါက်စလေးများ😘😘😘

23/02/2026

ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
မူရင်းရေးသားသူအား Credit ပေးပါသည်။

“မူကြိုဆိုတာ စာသင်တဲ့နေရာမဟုတ်ပါဘူး”

ဖေဖေမေမေတို့ရေ

မူကြိုဆိုတာ
ကခ အော်ဆိုတဲ့နေရာမဟုတ်ပါ
A B C သင်ပေးတဲ့နေရာမဟုတ်ပါဘူး။
၁ ၂ ၃ ရေတွက်သင်ပေးတဲ့နေရာလည်း မဟုတ်ပါဘူး။

မူကြိုဆိုတာ
ကလေးရဲ့ ဘဝအတွက် အခြေခံဖွံ့ဖြိုးမှုတွေကိုတည်ဆောက်ပျိုးထောင်ပေးတဲ့နေရာပါ။

မိဘတချို့က မေးကြတယ် —
“စာမသင်ရင် ဘာသင်လဲ?” လို့။

ဒီမှာ အရေးကြီးတာက
မူကြိုက စာထက် အရေးကြီးတဲ့ အရာတွေ သင်ပေးနေတယ် ဆိုတာ နညးလည်ရပါမယ်



လူမှုရေးဖွံ့ဖြိုးမှု (Social Development)

ကလေးက
မျှဝေတတ်လာတယ်။
စောင့်ဆိုင်းတတ်လာတယ်။
မိတ်ဆွေဖွဲ့တတ်လာတယ်။

ဒါတွေဟာ
စာအုပ်ထဲမှာ မရှိတဲ့ သင်ခန်းစာတွေပါ။



စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)

ကလေးက
ဒေါသကို ထိန်းချုပ်တတ်လာတယ်။
ကြောက်ရွံ့မှုကို ပြောပြတတ်လာတယ်။
အောင်မြင်မှုနဲ့ အရှုံးကို လက်ခံတတ်လာတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု မရှိရင်
စာတတ်တာတောင် အကျိုးမရှိပါဘူး။



ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Physical Development)

ပုံဆွဲခြင်း
ကတ်ကြေးညှပ်ခြင်း
ကစားခြင်း
ခုန်ခြင်း
ပြေးခြင်း စတဲ့
ဒီလှုပ်ရှားမှုတွေက
လက်ချောင်းအသေးစားကြွက်သား (Fine Motor)
ကိုယ်ခန္ဓာကြီးထွားကြွက်သား (Gross Motor)
ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။

စာရေးနိုင်ဖို့အတွက်
ပထမဆုံး လက်ကို ခိုင်မာအောင် လေ့ကျင့်ရပါတယ်။



ဘာသာစကားဖွံ့ဖြိုးမှု (Language Development)

မူကြိုမှာ
ပုံပြင်နားထောင်တယ်
စကားတွေပြောကြတယ်
သီချင်းနားထောင်ကြတယ်
မေးခွန်းမေးတတ်လာတယ်
ဒီလို လေ့ကျင့်မှုတွေကြောင့်
နောက်ပိုင်း စာဖတ်၊ စာရေး လွယ်ကူလာပါတယ်။



ဖန်တီးနိုင်စွမ်း (Creativity)

မူကြိုမှာ ကလေးကို မှားနေတယ်လို့ မပြောကြဘူး။ အပြစ်မတင်ကြဘူး

ကလေးရဲ့ အတွေးအမြင်ကို
အကန့်အသတ်မထားဘူး။

ဒါကြောင့်
စိတ်ကူးယဉ်နိုင်စွမ်း
ဖန်တီးနိုင်စွမ်း
ပြဿနာဖြေရှင်းနိုင်စွမ်း
တိုးတက်လာတယ်။



အရေးကြီးဆုံး ပြောချင်တာ

မူကြိုက
စာအတွက် ပြင်ဆင်တာမဟုတ်ပါဘူး။

ဘဝအတွက် ပြင်ဆင်တာပါ။

စာသင်ခြင်းကို အမြန်လုပ်ချင်လို့ စာတတ်ချင်လို့ဆိုပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ကျော်မသွားပါနဲ့။

အခြေခံမခိုင်ရင်
အဆောက်အဦး မတည်မြဲနိုင်ပါဘူး။

မူကြိုက
စာတတ်စေဖို့ထက်
လူကောင်းတစ်ယောက်ဖြစ်ဖို့
အခြေခံတည်ဆောက်ပေးနေတဲ့ အဆင့်ပါ။

ဖေဖေမေမေတို့ရေ
ကလေးကို စာထက် အသက်အလိုက်ဖွံ့ဖြိုးမှုကို ဦးစားပေးပါ။

စာက နောက်မှ လိုက်လာပါလိမ့်မယ်။
ဖွံ့ဖြိုးမှုက မစောင့်နေဘူးနော်

ဒါကြောင့်
မူကြိုကို စာသင်ကျောင်းလို့ မမြင်ပါနဲ့။
ဘဝအခြေခံတည်ဆောက်ရာနေရာလို့ မြင်ပါ။

ကလေးအတွက်
မှန်ကန်တဲ့ ချစ်ခြင်းနဲ့ ပျိုးထောင်ပေးတဲ့ မျှော်မှန်းချက် ရှိပါစေ။

ပန်းဝတ်ရည်ဇော်ချင်း

04/01/2026

သမီးလေးများ အာလူးအစားထိုး
ကြက်ဥကောက်😀👏👏👏

04/01/2026

အငယ်အဆင့် အိတ်စွပ်ခုန်😁😍👏
ကြိုးကြိုးစားစား ကလေးငယ်များ

Address

Aung Nan(2)st, (5)quarter
Hpa-an

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959269239248

Website

Alerts

Be the first to know and let us send you an email when Baby's First step posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Baby's First step:

Shortcuts

Share