Board Of Education Hpa-An Township

Board Of Education Hpa-An Township Educational opportunity and support

30/09/2025

#စစ်မြေတိုက်‌ပွဲ

゚viralシ ゚ ゚

28/09/2025

ကြာအင်းပွဲ

゚ ゚viralシ

သက်တမ်းတိုးခွင့်ရသည့် ကြားကာလပြည်သူ့အခြေပြုကျောင်းများစာရင်း
25/09/2025

သက်တမ်းတိုးခွင့်ရသည့် ကြားကာလပြည်သူ့အခြေပြုကျောင်းများစာရင်း

လူတွေက ဘာလို အရင်လို မဟုတ်တော့တာလဲ? ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းလာတာလဲ? အသိစိတ်တွေပျောက်လာတာလဲ?ကျွန်မတို့နိုင်ငံမှာ စစ်...
25/09/2025

လူတွေက ဘာလို အရင်လို မဟုတ်တော့တာလဲ? ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းလာတာလဲ? အသိစိတ်တွေပျောက်လာတာလဲ?

ကျွန်မတို့နိုင်ငံမှာ စစ်ဒဏ်ကို နာတာရှည်ခံစားလာရတဲ့အခါ လူတွေဟာ ဆင်းရဲမွဲတေမှုတွေ၊ အကြမ်းဖက်မှုတွေ, ဖိနှိပ်မှာတွေကြောင့် အချို့သောသူတွေမှာ စိတ္တဇတွေ ဖြစ်လာပါတယ်။ ဒါမှမဟုတ် ရင် မှုးယစ်ဆေး၀ါးကြောင့် ဆေးကြောင် ပြီး အသိစိတ်မဲ့လာပါတယ်။

1. Brian in Survival mode
စစ်ဖြစ်ပွားတဲ့ နေရာတွေ၊ ဆင်းရဲမွဲတေမှုတွေ ရှိလာတဲ့ နေရာမှာ လူတွေရဲ့ ဦးနှောက်ဟာ အမြဲနိုကြားနေပြီးတော့။လူတွေက အရင်လုပ်တယ်၊ နောက်မှတွေးတယ်။ သူတို့ခေါင်းထဲမှာ ကရုဏာနှင့် ယုတ္တိဗေဒတို့ကို ဒေါသနှင့် အကြောက်တရားက လွှမ်းမိုးသွားပါတယ်။

2. ကိုယ်ကျင့်တရာပေါက်ဆုံးခြင်း

လူ့အသက်ကို သတ်တယ်။ ခိုးတယ်။ အဓမ္မပြုတယ်။ ဒါတွေကိုလူတွေက အမြဲ သိမြင်ဖြစ်ပျက် လာတဲ့အခါ အမှန်အမှားကို ခွဲခြားးမတတ်တော့ဘူး။

3. စိတ်ထွက်ပေါက်ရှာဖို့ မူးရစ်ဆေးဝါး သုံးစွဲခြင်း

လူတွေက သူ့တို့ရဲ့ နာကျင်မှုနဲ့ စိတ်ဒဏ်ရာတွေကို ထုံထိုင်းစေဖို့ မူးယစ်ဆေး၀ါးတွေသုံးစွဲလာတယ်။ ဒါက ဆေးကြောင် ကြောင်ရင် ရန်လိုမှု၊ အကြောက်လွန်ခြင်းနှင့် စိတ်မြန်သောအပြုအမူတို့ကို တိုးပွားစေပြီး အကြမ်းဖက်မှုကို ပိုမိုဖြစ်ပွားစေတယ်။

4. ပတ်၀န်းကျင်က စိတ်ကိုပြောင်းလဲပေးတယ်။

တစ်စုံတစ်ယောက် ကြီးပြင်းလာချိန် သို့မဟုတ် ဤငရဲဆန်သော ပတ်ဝန်းကျင်တွင် ပိတ်မိနေသောအခါသူ့ ရဲ့ ဦးနှောက်က သူ့ပတ်၀န်းကျင်ရဲ့ပုံစံကို အတုယူလာပါတယ်
ရာဇ၀တ်မှု၊ စစ်ပွဲနှင့် ငတ်မွတ်မှုနဲ့ ကြီးပြင်းလာပါက အကြမ်းဖက်မှုက သင်၏ဘာသာစကား ဖြစ်လာနိုင်ပါတယ်။

လူငယ်တွေကလဲ အတုယူလာကြတယ်။

Gen Z တွေက ခေတ်မှီတိုးတက်ဆုံးနဲ့ စိတ်ဖိစီးမှု အခံရဆုံးဖြစ်ပါတယ်။ လူအချို့ဟာ internal / external ပြသနာတွေ များလာတဲ့ အခါ စိတ်ထွက်ပေါက်ရှာပြီး p**n website တွေ သွားပြီး ma********on ( အာသာဖြေ ) ကြတယ်။ နောက် အဲ့ထက်ပိုပြီး အဆင့်မြင့်လာပြီး Dark web တွေထဲက လူသတ်တဲ့ အကြမ်းဖက်တဲ့ video တွေကို ကြည့်ပြီး သတ္တိစမ်းလာကြတယ်။ အဲ့ထက်ပိုဆိုးတာက လက်တွေ့လုပ်လာကြတာ။ ထို့အပြင် cyberbullying ( အွန်လိုင်း ညှင်းပန်းနှိပ်စက်ခြင်းတွေလုပ်လာကြပါတယ်။ သူတို့ရဲ့ စိတ်မတည်ငြိမ်မှုတွေ၊ အကြောက်တရားတွေ ကို ဒေါသနဲ့ အကြမ်းဖက်မှုတွေအဖြစ် အခြားသူကို နှိပ်စက်ပြီး သူတို့ကပိုပြီး အင်အားရှိပါတယ်လို့ ခံစားစေအောင် လုပ်လာကြပါတယ်။

Cyberbullying ကိုနောက်အပိုင်းမှ သေချာ ရှင်းလင်းသွားပါမယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှိနိုင်တဲ့ စိတ်ရောဂါများ။

Trauma & War Zone-Related Disorders

1. Post-Traumatic Stress Disorder (PTSD)
2. Complex PTSD (C-PTSD)
3. Antisocial Personality Disorder (ASPD)
4. Substance-Induced Psychotic Disorder
5. Reactive Attachment Disorder (RAD) (common in children)
6. Dissociative Disorders (e.g., Dissociative Identity Disorder, Dissociative Amnesia)

Teenage Behavior & Social Media-Related Disorders

7. Conduct Disorder (CD)
8. Oppositional Defiant Disorder (ODD)
9. Depression
10. Anxiety Disorders
11. Internet/Social Media Addiction
12. Impulse Control Disorders (like Intermittent Explosive Disorder)

゚viralシ ゚

 #မြို့နယ်အသီးသီးမှ CDM များခင်ဗျာ မော်လမြိုင် - ရန်ကုန် ၊ ဘားအံ - ရန်ကုန် သို့ခရီးသွားရင် မှတ်ပုံတင်များ အထူးသတိပြုကြပါ...
22/09/2025

#မြို့နယ်အသီးသီးမှ CDM များခင်ဗျာ မော်လမြိုင် - ရန်ကုန် ၊ ဘားအံ - ရန်ကုန် သို့ခရီးသွားရင် မှတ်ပုံတင်များ အထူးသတိပြုကြပါဗျ ၊ ဝေါမြို့မဝင်ခင် ညောင်ခါးရှည်ဂိတ်မှာ လူကြီးလူငယ်မရွေး တစ်ဦးချင်းတန်းစီကာ X-ray စက်ဖြင့် မှတ်ပုံတင်များကိုစစ်ဆေးနေပါတယ် ထို့ကြောင့် ခရီးသွားလျှင် သတိထားဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ .... ။

゚viralシ ゚

ဘားအံမြို့နယ်မှာ CDM ဆရာဆရာမများ ထောက်ပံ့ကြေးလျှောက်လိုပါက စာရင်းလာရောက်ပေးသွင်းနိုင်ပါသေးတယ်ခင်ဗျာ .... ။ မှတ်ချက်။   ။...
21/09/2025

ဘားအံမြို့နယ်မှာ CDM ဆရာဆရာမများ ထောက်ပံ့ကြေးလျှောက်လိုပါက စာရင်းလာရောက်ပေးသွင်းနိုင်ပါသေးတယ်ခင်ဗျာ .... ။

မှတ်ချက်။ ။ လူဦးရေအများအပြားလိုအပ်ပါသေးတယ် ၊ အမည် သို့မဟုတ် ကုတ်နံပါတ် နဲ့ ငွေလက်ခံအကောင့်သာလိုအပ်ပါမည်။

゚viralシ

ဘားအံမြို့နယ်မှ CDM ဆရာ၊ဆရာမများအတွက် ထောက်ပံ့မှုအနည်းငယ်ပြုလုပ်မှာဖြစ်လို့ လိုအပ်နေသူများနှင့် မရဖူးသေးသူများ ဦးစားပေးက...
14/09/2025

ဘားအံမြို့နယ်မှ CDM ဆရာ၊ဆရာမများအတွက် ထောက်ပံ့မှုအနည်းငယ်ပြုလုပ်မှာဖြစ်လို့ လိုအပ်နေသူများနှင့် မရဖူးသေးသူများ ဦးစားပေးကာ လာရောက်သတင်းပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ ။

မှတ်ချက် ။ ။ ဘားအံမြို့နယ်မှ CDM ဆရာ၊ဆရာမများအတွက်သာ အကျုံးဝင်ပါသည်။

Study method အချို့Feynman Technique -ခေါင်းစဉ်ကိုလေ့လာပါ။ တစ်ယောက်ယောက်ကိုပြန်သင်ပေးပါ ဒါမှမဟုတ် သင်ပေးနေသလိုလုပ်ကြည့်ပ...
29/06/2025

Study method အချို့

Feynman Technique

-ခေါင်းစဉ်ကိုလေ့လာပါ။ တစ်ယောက်ယောက်ကိုပြန်သင်ပေးပါ ဒါမှမဟုတ် သင်ပေးနေသလိုလုပ်ကြည့်ပါ။ ကိုယ်ရှင်းမပြနိုင်တဲ့အချက် (နားမလည်တဲ့အချက်) ကိုနားလည်အောင်ပြန်လေ့လာပါ။

Blurting Technique

- ခေါင်းစဉ်အကြောင်းကိုဖတ်ပါ။ မှတ်စုတွေပြန်ဖော်ထုတ်ကြည့်ပါ (နှုတ်/ရေး)။ အကုန်လုံးကိုနားမလည်မချင်း အဲ့အတိုင်းထပ်ခါထပ်ခါလုပ်ပါ။

Flash cards Technique

- ခေါင်းစဉ်မှတ်စုတွေကိုသုံးပါ။ Card ရဲ့ တစ်ဖက်မှာ ဝေါဟာရ၊ဖွဲ့စည်းပုံကိုရေးပြီး တစ်ဖက်မှာ definition (အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုရေးပါ)။

Test/ Exam Technique

- အစမ်းစာမေးပွဲဖြေကြည့်ပါ။ အဖြေမှားတွေကိုစစ်ပါ။ မှားတဲ့မေးခွန်းတွေကို မေးခွန်းပိုထုတ်ပြီးလေ့ကျင့်ပါ။

Memorising Technique

- ဆယ်ကြိမ်ဖတ်ပါ။ ဆယ်ကြိမ်ရွတ်ဆို/ပြောပါ။ နှစ်ကြိမ်ချရေးပါ။

゚viralシ

"မင်းလည်း သေနတ်ကိုင် ငါလည်း သေနတ်ကိုင်ထားရင်၊ ငါတို့ဟာ ဥပဒေအကြောင်း ပြောလို့ရတယ် ''" မင်းလည်း ဓားကိုင် ငါလည်း ဓားကိုင်ထာ...
28/06/2025

"မင်းလည်း သေနတ်ကိုင် ငါလည်း သေနတ်ကိုင်ထားရင်၊ ငါတို့ဟာ ဥပဒေအကြောင်း ပြောလို့ရတယ် ''

" မင်းလည်း ဓားကိုင် ငါလည်း ဓားကိုင်ထားရင်၊ ငါတို့ဟာ စည်းမျဉ်းစည်းကမ်းတွေအကြောင်း ဆွေးနွေးလို့ရတယ် ''

" မင်းလည်း လက်ချည်းပဲ လာပြီး ငါလည်း လက်ချည်းပဲ လာရင်၊ ငါတို့ဟာ ပြသနာ အကြောင်းရင်းကို ဆွေးနွေးလို့ရတယ် ''

" ဒါပေမယ့် မင်းက သေနတ်ကိုင်ပြီး ငါက ဓားပဲကိုင်ထားရင်တော့၊ အမှန်တရားဟာ မင်းရဲ့လက်ထဲမှာပဲ ရှိနေတယ်..''

" မင်းက သေနတ်ကိုင်ပြီး ငါ့မှာ ဘာမှမရှိရင်၊ မင်းလက်ထဲမှာရှိတဲ့ဟာက လက်နက်တစ်ခုတင် မဟုတ်တော့ဘူး၊ ငါ့အသက်ဖြစ်သွားပြီ။( ငါ့အသက်က မင်းလက်ထဲမှာပေါ့။) ''

ဥပဒေ‌တွေ၊ စည်းမျဉ်းတွေ၊ ကိုယ်ကျင့်တရားဆိုတာတွေဟာ တန်းတူညီမျှမှုပေါ်မှာ အခြေခံမှသာ အဓိပ္ပာယ်ရှိပါတယ်။

ဒီလောကရဲ့ ရက်စက်တဲ့ အမှန်တရားကတော့....ငွေကြေးကစကားပြောတဲ့အခါ၊ အမှန်တရားဟာ တိတ်ဆိတ်သွားတယ်..။ အာဏာစကားပြောတဲ့အခါကြတော့.. ငွေကြေးက ခြေသုံးလှမ်းလောက် နောက်ကိုဆုတ်သွားပြန်ရော။

စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်သူတွေဟာ များသောအားဖြင့် ပထမဆုံး ချိုးဖောက်သူတွေဖြစ်တတ်ကြတယ်။အကြောင်းရင်းက စည်းမျဉ်းတွေဟာ အားနည်းသူတွေအတွက် ချည်နှောင်ချက်တွေဖြစ်ပြီး၊ အင်အားကြီးမားသူတွေအတွက်တော့ လိုရာသုံး ကိရိယာတွေဖြစ်နေလို့ပါ။

ဒီကမ္ဘာမှာ ကောင်းတဲ့အရာတိုင်းကို ရုန်းကန်ယူရတယ်။ တိုက်ယူရတယ်။

အားနည်းသူတွေက သူတို့ကို မျှဝေမဲ့ဝေစုကို စောင့်နေချိန်မှာ ကစားပွဲရဲ့ သခင်တွေကတော့ အရင်းအမြစ်တွေအတွက် အပြင်းအထန် ယှဉ်ပြိုင်နေကြတယ်။

Source - God Father Movie
Crd:

25/06/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၁/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်နှင့်အညီ စတင်ဖြေဆိုနိုင်မည့်ရက်နှင့် ဖြေဆိုနိုင်သည့်ကာလ ကို ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။ အွန်လိုင်း(Online) ဖြင့်ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အထိ အွန်လိုင်း (Online) တွင် ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

၂။ မြေပြင် (Offline) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ဖြေဆိုခွင့်မဆုံးရှုံးစေရေးနှင့် နောက်ကျကျန်ရှိမှု မဖြစ်စေရေးတို့အတွက် ပညာရေး ဝန်ကြီးဌာနအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ စာဖြေဌာနများနှင့် ဆွေးနွေး၍ ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၅) ဖြင့် “အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော ကြားကာလ ပြည်သူ့ပညာရေးကျောင်းများအားလုံးကို ယာယီရပ်နားထားရန် ညွှန်ကြားချက်” ထုတ်ပြန် ခဲ့ပါသည်။ ထိုထုတ်ပြန်ချက်တွင် စာသင်ကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံ များ ဆောင်ရွက်နေစဉ်အတွင်း ယာယီရပ်နားထားရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြေပြင် (Offline) တွင် ဖြေဆိုမည့် စာဖြေဌာနများသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ ဆောင်ရွက်ပြီးချိန်၌ မိမိတို့ သက်ဆိုင်ရာမြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ် ရက်တွင် စတင်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ




12

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၁၁/၂၀...
22/06/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၁/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်နှင့်အညီ စတင်ဖြေဆိုနိုင်မည့်ရက်နှင့် ဖြေဆိုနိုင်သည့်ကာလ ကို ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။ အွန်လိုင်း(Online) ဖြင့်ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အထိ အွန်လိုင်း (Online) တွင် ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

၂။ မြေပြင် (Offline) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ဖြေဆိုခွင့်မဆုံးရှုံးစေရေးနှင့် နောက်ကျကျန်ရှိမှု မဖြစ်စေရေးတို့အတွက် ပညာရေး ဝန်ကြီးဌာနအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ စာဖြေဌာနများနှင့် ဆွေးနွေး၍ ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၅) ဖြင့် “အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော ကြားကာလ ပြည်သူ့ပညာရေးကျောင်းများအားလုံးကို ယာယီရပ်နားထားရန် ညွှန်ကြားချက်” ထုတ်ပြန် ခဲ့ပါသည်။ ထိုထုတ်ပြန်ချက်တွင် စာသင်ကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံ များ ဆောင်ရွက်နေစဉ်အတွင်း ယာယီရပ်နားထားရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြေပြင် (Offline) တွင် ဖြေဆိုမည့် စာဖြေဌာနများသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ ဆောင်ရွက်ပြီးချိန်၌ မိမိတို့ သက်ဆိုင်ရာမြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ် ရက်တွင် စတင်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ




12

The Ministry of Education - National Unity Government was formed to support civilians' education and construct Federal Education.

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) (BECA Online)ဖြေဆိုရန် စာရင်းသွင်းခြင်း...
19/06/2025

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(စနစ်သစ် ဒွါဒသမတန်း)
(BECA Online)ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ဖြည့်စွက်ရန်ကျန်ရှိခဲ့သော ကျောင်းသား/သူများသို့ ဖြေဆိုရန်စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း"

၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(စနစ်သစ် ဒွါဒသမတန်း)
(BECA Online) ဖြေဆိုရန် လျှောက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူအချို့သည် လျှောက်ထားနည်းလမ်းညွှန်ကို သေချာစွာမဖတ်မိခြင်း/မလေ့လာမိခြင်းကြောင့်ဖြစ်စေ၊ နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ အင်တာနက်ရရှိမှုအခက်အခဲကြောင့်ဖြစ်စေ ID ရရှိပြီးနောက်တစ်ဆင့် ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန် ကျန်နေခဲ့ကြကြောင်း တွေ့ရှိရပါသည်။

ထိုသို့သောကျောင်းသား၊ ကျောင်းသူများမှ စာရင်းသွင်းခြင်းပြုလုပ်ခွင့်ပေးပါရန် တောင်းဆိုလာသည်များရှိသောကြောင့်

🎯 အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) (BECA Online) စာရင်းသွင်းရန်ကို (၁၉- ၆-၂၀၂၅) ရက်မှ (၂၃- ၆-၂၀၂၅) ရက် ည (၁၂) အထိ ဖွင့်ပေးထားမည်ဖြစ်ပါသည်။

အခြေခံပညာပြီးမြောက်ကြောင်းဖြေဆိုခြင်းလုပ်ငန်းစဉ်များအားလုံး နှောင့်နှေးကြန့်ကြာခြင်း မဖြစ်ပွားစေရန်အတွက်

🎯ယခုအချိန်မှ ID အသစ်လျှောက်ပြီး ဖြေဆိုလိုသူများကို ထပ်မံလက်ခံနိုင်ခြင်း မရှိတော့ပါ။

🎯 ID ရရှိထားပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းရန်ကျန်ရှိသူများသည် အောက်ပါလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်၍ ဖြေဆိုရန် စာရင်းသွင်းနိုင်ပါသည်။

စာရင်းသွင်းမှု အောင်မြင်ခြင်း ရှိ/မရှိကို အောက်ဖော်ပြပါအတိုင်း စစ်ဆေးနိုင်ပါသည်။

🔽🔽🔽🔽🔽🔽

၁။ BECA ဖြေဆိုရန် MES ထဲရှိ စာရင်းသွင်းရန်ကို ဖြည့်သွင်းပြီးပါက ပုံတွင်ပြထားသည့်အတိုင်း "စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များ" MENU တွင် ပေါ်/မပေါ်ရှာကြည့်ပါ။

၂။ ထို့နောက် မိမိဖြည့်စွက်ခဲ့သော အချက်အလက်များ ပေါ်/မပေါ်ကိုလည်း စစ်ဆေးကြည့်ပါ။ ထိုအချက်များတွေ့ရှိရပါက စာရင်းသွင်းခြင်းအောင်မြင်ပါသည်။

🎯 စာရင်းသွင်းပြီး သူများသည် (၁-၇-၂၀၂၅) ရက်နေ့မှစ၍ https://mes.moeedu.org တွင် Moodle ID များ ရယူပြီး https://lms.moeedu.org တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။






Address

Hpa-an

Alerts

Be the first to know and let us send you an email when Board Of Education Hpa-An Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category