Basic English for Everyone - B.E.E

Basic English for Everyone - B.E.E This page is about for those who are zealous learning Basic English. And for those who are willing to get intimacy or no timidity in English Language.

This page is offering you learning and studying English together in sophisticated way.

04/02/2022

🇬🇧Basic English Language Club and English Grammar Program🇬🇧 (Batch- 2)

"တစ်ချက်ခုတ် လေးချက်‌ပြတ်မယ့် ကလေးများအတွက် English သင်တန်းအစီအစဉ်"

🍁အားလုံးဘဲ ကျန်းမာပါစေရှင်🍁

🎉အခုဆိုရင် အခြေခံအင်္ဂလိပ်ဘာသာစကားနှင့် အင်္ဂလိပ်သဒ္ဒါသင်တန်းရဲ့ ပထမတစ်သုတ်(Batch-1)လေးကတော့ အောင်မြင်စွာပြီးသွားခဲ့ပါပြီ။🎉

အဲ့တာကြောင့် ယခုအခါ ဒုတိယတစ်သုတ် (Batch- 2) လေးကို. ⏳⏳၇ ရက်၊ဖေဖော်ဝါရီလ၊၂၀၂၂(တနင်္လာနေ့)⏳⏳မှာ ပြန်စတော့မည်ဖြစ်ကြောင်း နဲ့ သင်တန်းအပ် လက်ခံနေပြီဖြစ်ကြောင်း သတင်းလေးပေးချင်ပါတယ်။
ဒီဒုတိယတစ်သုတ်မှာဆိုရင်တော့ ကလေးတွေအတွက် အခြေခံမှစတဲ့ အင်္ဂလိပ်စကားလုံးလေးတွေကို တစ်ခါမှမရင်းနှီးတာတောင် စကားလုံးလေးတွေကို တွေ့လိုက်တဲ့အခါ မိမိကိုယ်တိုင်နှုတ်ထွက်ဖတ်တတ်ရန် ရည်ရွယ်ပြီးတော့ နှုတ်ထွက်အသံနှင့်ဆိုင်သော အသံလေ့လာမှု(phonics) အပိုင်းကိုအဓိကထားသင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသံလေ့လာမှုအပိုင်း(phonics)တစ်ခုထဲဘဲမဟုတ်ဘဲနဲ့ အင်္ဂလိပ် ဝေါဟာရစကားလုံး(vocabulary) တွေကို ရေရှည်မှတ်မိဖို့ရာအတွက် သူတို့‌ေလးတွေနဲ့အတူလေ့ကျင့်ကျက်မှတ်ပေးသွားမယ့်(Easy Spelling Practice Together) ပုံစံလေးနဲ့သွားမှာပါ။

ဘာလို့ စကားသံ/အသံလေ့လာမှု နဲ့ ဝေါဟာရတွေကို သင်မှာလည်းဆိုရင်

🍁ပထမတစ်ချက်က ဝေါဟာရများများကြွယ်၀ရင် General (4) skills;
1.speaking- စကားပိုပြောနိုင်မယ်။သူများပြောရင် ပိုနားလည်နိုင်မယ်။
2.writing- အရေးအသားတိုးမယ်။
3.reading- အများထက် စာဖတ်နိုင်စွမ်း နားလည်နိုင်စွမ်းတိုးမယ်။
4.listening- နားထောင်နိုင်စွမ်း ကိုလည်းအထောက်အကူပိုဖြစ်မယ်။
စကားလုံးများများသိထားတော့ များများသိ၊ များများသုံး၊ များများတတ်၊ များများပြောနိုင်တာပေါ့။😍

🍁ဒုတိယအနေနဲ့ကတော့ ဘာသာစကားအသစ်တစ်ခုကို တတ်မြောက်ဖို့ဆို အရင်ဆုံးသင်ယူရပါတယ်။ ဘာသာစကားမှမဟုတ်ပါဘူး။ အသစ်အသစ်သောအရာတွေကို တတ်‌ေမြာက်ချင်တယ်ဆိုရင် အရင်ဦးဆုံးက သင်ယူ‌ရမှာချည်းပါဘဲ။ ဒါပေမဲ့စဉ်းစားကြည့်ပါ။ သင်ပေးတာထက် ပိုအရေးကြီးတာက သူတို့ကိုယ်တိုင်သိသွားဖို့နဲ့ မှတ်ထားနိုင်ဖို့၊ နောက်ဆုံးပြန်လည်အသုံးချနိုင်ဖို့ပါ။ အဲ့တာကြောင့် အရင်ဆုံးဆုံး သူတို့ကိုယ်တိုင် စကားလုံးတစ်လုံးကိုဘယ်လိုစာလုံးပေါင်းရင် ဘယ်လိုအသံထွက်လဲဆိုတာ ကိုယ်တိုင်သိသွားနိုင်အောင်လို့ အသံလေ့လာမှု(phonics) ပိုင်းလေးကို သင်ပေးချင်တာပါ။

🍁တတိယ တစ်ချက်ကတော့ စကားလုံးတစ်လုံးရဲ့ အသံထွက်ကိုသိသွားပြီးဆိုရင်တော့ အဲ့ဒီစကားလုံးရဲ့ ဆိုလိုရင်း‌ နဲ့ စာလုံးပေါင်းလေးကို မှတ်ဖို့ပါ။ စကားလုံးတွေကိုမှတ်တဲ့နေရာမှာဆိုရင်ဖြင့် ဒီသင်တန်းလေးမှာက စကားလုံးလေးတွေကို တစ်နေ့စာအတွက် တစ်ခါတည်းသူတို့လေးတွေနဲ့အတူ လေ့လာကျက်မှတ်ပေးသွားမှာပါ။😍

ခြုံပြောရရင်တော့ အသံထွက်လေ့လာမှု(phonics) နဲ့ vocabulary (ဝေါဟာရ) တွေကို အတူတူတစ်ခါတည်း သိမယ်၊ မှတ်မယ်၊ ပြီးရင် လေ့ကျင့်မယ်။ ကိုယ်ကသိသွားပြီး မှတ်မိသွားပြီးဆို အပြော၊ အရေး၊ အဖတ်၊ အကြား General (4) Skills ကြိုက်တဲ့နေရာမှာ သုံးလို့မရဘူးလားရှင်။ တစ်ချက်ခုတ် ယေဘုယျ လေးချက်‌ေလာက်ပြတ်မှာပါ။🥳

ဒီ သင်တန်းလေးက Englishဘာသာစကားအခြေခံသင်တန်းဖြစ်တဲ့အတွက် အခြေခံမှာ လိုအပ်တဲ့အရာလေးတွကို အဆင့်ဆင့် နဲ့ ဖြေးဖြေးမှန်မှန်ဘဲသွားမှာပါရှင့်။

🏵️ဒီနေရာမှာ တစ်ခုလောက်‌ေဆွး‌ေနွးချင်တာကတော့ ဘယ်အရာမှာမဆို အခြေခံ(Basic) က အရမ်းအရေးကြီးတယ်လို့ ကျွန်မအနေနဲ့ ယူဆထားပါတယ်။ ဘယ်မိဘမဆို ကိုယ့်သားသမီးကိုရှေ့ဘဲ ရောက်စေချင်တာ၊ မြန်မြန်ကြီးတတ်စေချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ ကလေးတွေမှာလည်း သူတို့ရဲ့စိတ်၀င်စားမှု၊ ညဏ်အရည်အသွေး စတဲ့အချက်လေးတွေလည်းရှိပါသေးတယ်။ အဲ့တာအပြင် သင်ကြားပေးတဲ့သူတွေရဲ့ သင်ကြားမှုပုံစံနဲ့ ညွှန်ကြားပြသမှုလေးတွေအပေါ်မှာလည်းမူတည်နေတဲ့အတွက်ကြောင့် မိဘ၊ ကျောင်းသား၊ ဆရာ သုံးမြောက်တြိဂံပုံစံလေးနဲ့ သူတို့လေးတွေငယ်ရွယ်တုန်းမှာ ဖြည်းဖြည်းနဲ့မှန်မှန်လေးဘဲ သင်ကြားပြသပေးသွားချင်ပါတယ်။🏵️

ဒီBatch- 2မှာတော့ သင်တန်းကာလ (3)လ ဖြစ်မှာပါ😍။

🍁သင်တန်းတွေ ကတော့ Batch-1 ကလိုဘဲ (3) ခုခွဲထားပါတယ်။🍁
1️⃣ Starter Club (အသက် 5နှစ် မှ 7နှစ်ထိ) ,⏳မနက် 9နာရီမှ 10ခွဲ (Monday to Thursday)

2️⃣ Elementary Club(အသက် 8နှစ် မှ 10နှစ်ထိ) ⏳မနက် 11နာရီမှ 12ခွဲ (Monday to Thursday)

3️⃣ Basic Grammar Club(အသက် 11နှစ်မှ 14နှစ်ထိ) ⏳နေ့လည် 1နာရီမှ 2ခွဲထိ (Monday to Friday)

🍁သင်တန်း လိပ်စာ- အိမ်အမှတ် 224၊အမှတ်(5)၊ အောင်နန်း (2)လမ်း၊ ဘားအံမြို့။ (09-773144900, 09-452601236)

သင်တန်းကြေး‌ေတွက‌ေတာ့-
1️⃣ Starter Club ( 1လ=20000Ks)
2️⃣ Elementary Club (1လ=20000Ks)
3️⃣Basic Grammar Club (1လ= 25000Ks)

🏵️အားလုံးရုန်းကန်နေရတဲ့ကာလ‌ဖြစ်နေတာကတစ်ကြောင်း၊ တစ်ဖက်မှာလည်းကျွန်မကိုယ်တိုင်ကိုက ကိုယ့်လူမှုပတ်၀န်းကျင်က ဘယ်ကလေးကိုမဆို သူတို့‌အနာဂတ်အတွက်သေချာပေါက် လိုအပ်မယ့်အရာတစ်ခုခုမျိုးကို ပေးချင်တဲ့အတွက်ကြောင့်လည်း သင်တန်းကြေးကို အတတ်နိုင်ဆုံး လျော့ထားပေးပါတယ်။ သက်သက်သာသာနဲ့ထိထိရောက်ရောက်ဖစ်စေမယ့် ဒီအင်္ဂလိပ်စာသင်တန်းလေးမှာ မိမိကလေးအနာဂတ်အတွက် တတ်နိုင်သလောက် ပံ့ပိုးပေးလိုက်ရအောင်ပါ။🏵️

⏳သင်တန်းစမည့်ရက် - February 7th(Monday), 2022(ဖေဖော်ဝါရီ ၇(တနင်္လာနေ့)၊ ၂၀၂၂)

🌼 သင်တန်း အပ်နှံလိုပါက page ရဲ့Chatbox သို့မဟုတ် messenger မှတစ်ဆင့်သော်လည်းကောင်း၊ 09773144900ကိုသော်လည်းကောင်း ဆက်သွယ်၍အပ်နှံနိုင်ပါပြီ။

02/02/2022

🎉🎉🎉They also come for audition here 😆😆😆😍😍😍😍🎉🎉
# thank you for your entertainment and solo audition💝💝💝
were such charming kids as if their teacher😆

ဒီပုံလေးတွေက ပထမအသုတ်(Batch 1) က သင်တန်း တစ်ဖြတ် အမှတ်တရလေးတွေပါ။   tried together for new things.   had fun together, k...
02/02/2022

ဒီပုံလေးတွေက ပထမအသုတ်(Batch 1) က သင်တန်း တစ်ဖြတ် အမှတ်တရလေးတွေပါ။
tried together for new things.
had fun together, kiddos.
💝I'm grateful for having a chance teaching you not only language also some etiquette and good deeds.🤍
💙 Looking forward to seeing you on 7th February, 2022.💙

🇬🇧Basic English Language Club🇬🇧 and  English Grammar Program🇬🇧 (အခြေခံအဂ်လိပ် ဘာသာစကား နှင့် အဂ်လိပ် သဒ္ဒါ ပရိုဂရမ်)🇬🇧🤗 ...
10/11/2021

🇬🇧Basic English Language Club🇬🇧 and English Grammar Program🇬🇧 (အခြေခံအဂ်လိပ် ဘာသာစကား နှင့် အဂ်လိပ် သဒ္ဒါ ပရိုဂရမ်)🇬🇧🤗

🌼 Hello! အားလုံးဘဲ စိတ်နှလုံးအေးချမ်းကြပါစေ။ ဒီနေ့မှာတော့ 🇬🇧 English 🇬🇧 ဘာသာစကားကို အခြေခံကစပြီး လေ့လာသင်ယူချင်‌ေနတဲ့ သားသားမီးမီး နဲ့ မောင်လေး ညီမလေးတို့ကို‌‌ေရာ၊ မောင်လေးညီမလေးတို့ရဲ့မိဘ‌တို့ကိုပါ English Program လေးတစ်ခုအ‌ေကြာင်း သတင်းပေးချင်ပါတယ်ရှင်😊။🌼

🌼 ဒီ English ပရိုဂရမ် လေးဟာဆိုရင်တော့ မိမိတို့ရဲ့‌‌ေန့စဉ်ဘ၀မှာ English ဘာသာစကား အခြေခံလေးတွေနဲ့ ရင်းနှီးကျွမ်း၀င်သွားအောင် သင်ကြားပေးသွားမယ့် ပရိုဂရမ်လေးဖြစ်ပါတယ်။🌼

🌼ဒီ English Club Program လေးမှာ စာချည်းဘဲ သင်တဲ့ အသက်တူအရွယ်တူ စုပြီးသင်တဲ့ Class(စာသင်ခန်း)❌ ပုံစံနဲ့မဟုတ်ဘဲ Club(အစုအဝေး)✅ဆိုတဲ့ မိမိနဲ့အသက် အရွယ် မတိမ်းမယိမ်းရှိကြတဲ့ English ဘာသာစကားက်ု လေ့လာသင်ယူချင်နေတဲ့ တခြားသူငယ်ချင်းတွေနဲ့ ရင်းနီးတဲ့၀န်းကျင်တစ်ခုဖန်တီး‌‌ေပးရင်းနဲ့ သင်ကြား‌ေပးသွားမှာပါ။ အသက်အရွယ် မတိမ်းမယိမ်းဆိုပြီး အသက်တအားကွာနေမှာလား၊ အသက်မတူကြ‌‌ေတာ့သင်တဲ့ သင်တဲ့အခါ ထိရောက်ပါ့မလား၊ လိုက်လို့မှီပါ့မလား ဆိုတဲ့ အတွေး‌ေတွ၀င်လာခဲ့ပါက စိုးရိမ်မနေပါနဲ့ရှင်🤗 🌼

🌼ဘာလို့လဲဆိုတော့ ဒီ English Program လေးကို (2)မျိုး ခွဲထားပါတယ်
1️⃣ Starter Club( အသက် 5နှစ် မှ 7နှစ်ထိ)
2️⃣ Elementary Club (အသက် 8နှစ် မှ 10နှစ်ထိ)

⭐ပထမတစ်ချက်⭐ဘာဖစ်လို့ အသက်တူ‌တူမသင်တာလဲလို့ဆိုရင် နောက်တစ်ချိန်မှာသူတို့လေးတွေကို လူမှုပတ်၀န်းကျင်မှာ ပြောဆိုဆက်ဆံပေါင်းသင်းရတဲ့အခါ အဆင်ပြေစေချင်လို့ပါ။ ယနေ့ခေတ်မှာဆိုရင် ခလေးတွေ လူငယ်တွေ လူကြီးတွေ အားလုံးနီးပါးက Phone📱, Tablet , Labtop 💻 Computer စတဲ့ mobile devices(မိုဘိုင်း ပစ္စည်း‌များ) နဲ့ အလုပ်များပြီး အချိန်ကုန်နေတတ်ကြပါတယ်။ ကိုယ့်ပတ်၀န်းကျင်နဲ့ လက်တွေ့ ဆက်သွယ်နိုင်စွမ်းတွေ လျော့နည်းလာကြတာမို့ ယနေ့ခေတ်နဲ့ အညီ အရေးပါ၊လိုအပ်နေတဲ့ English ဘာသာစကားနဲ့လည်း ရင်းနှီးကျွမ်း၀င်ပြီး လက်တွေ့ဘ၀နဲ့လည်း အဆက်အသွယ်မပြတ်စေဘဲ ပေါင်းသင်းဆက်ဆံရေးပါ balance( နှစ်ဖက်စလုံးအတွက် လိုက်လျောညီထွေ ရှိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဒီ Program ေလးကို‌ စချင်ခဲ့တာပါ။🌼

⭐ဒုတိယတစ်ချက်⭐အနေနဲ့ သင်ပေးမယ့်သင်ရိုးက အပေါ်က အသက်အပိုင်းအခြားအလိုက်ခွဲထားတဲ့ Club အလိုက် လေ့လာသင်ယူမယ့် သူတိုင်းအတွက် နားလည်ထိရောက်ပြီး အကျိုးရှိစေနိုင်ဖို့ပြင်ဆင်ထားပြီးသားပါရှင်။

⭐တတိယတစ်ချက်⭐ အနေနဲ့ teaching style(သင်ကြားပေးမယ့်ပုံစံ) ကစာအုပ်လိုက်ကြီးချပြီးမသင်ဘဲ သင်တန်းကာလအတွင်း တနေ့စာချင်းစီအတွက် သူတို့လေးတွေရဲ့ ပတ်၀န်းကျင်မှာ သုံးနေကျ၊ တွေ့နေကျ၊ စိတ်၀င်စားနေတတ်ကျတဲ့ အကြောင်းအရာလေးတွေနဲ့ ဂိမ်းလေးတွေ၊ activitiesလေးတွေနဲ့ စိတ်၀င်စားအောင်ဆွဲခေါ်သင်ကြား‌ေပးမှာဖြစ်ပြီး ‌တစ်နေ့တာ သင်တာတွေကိုပါတစ်ခါတည်း မှတ်မိသွား‌အောင်လို့ တစ်နေ့တာ quizzes, worksheets‌ေတွပါ ပြင်ဆင် သင်ကြားပေးသွားမှာပါ။ English ဘာသာစကားနဲ့ပတ်သက်လာရင် မကြောက်နေ၊ မတွန့်ဆုတ်နေဘဲ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် နဲ့ ထိရောက် စေတဲ့ ပုံစံ‌‌ေလးနဲ့သွားမှာပါ။

🌼 သင်ပေးမယ့်နေရာ၊ အချိန်၊ ကာလနဲ့ Fees (သင်တန်းကြေး)တွေကတော့ အောက်ပါအတိုင်းဖစ်ပါတယ်။
🌼သင်တန်း လိပ်စာ- အိမ်အမှတ် 224၊အမှတ်(5)၊ အောင်နန်း (2)လမ်း၊ ဘားအံမြို့။

🌼သင်တန်း အချိန် -
1️⃣ Starter Club (အသက် 5နှစ် မှ 7နှစ်ထိ) ,⏳မနက်9နာရီမှ 10ခွဲ (Monday to Wednesday)

2️⃣ Elementary Club(အသက် 8နှစ် မှ 10နှစ်ထိ) ⏳မနက် 11နာရီမှ 12ခွဲ (Monday to Thursday)

⏳ သင်တန်းကာလ⌛ - 2လ

သင်တန်းကြေး -
1️⃣ Starter Club ( 1လ=15000Ks
2လ=30000Ks)

2️⃣ Elementary Club (1လ=20000Ks
2လ=40000Ks)

⏳သင်တန်းစမည့်ရက် - November 22nd,2021 (နို၀င်ဘာ 22၊ Monday )

🌼 ဒီ English Learning Clubလေးကို အပ်နှံလိုပါက page ရဲ့Chatbox သို့ messenger မှတစ်ဆင့်သော်လည်းကောင်း၊ 09773144900ကိုသော်လည်းကောင်း ဆက်သွယ်၍အပ်နှံနိုင်ပါပြီ။

🌼 Grammar Club ကတော့ English Grammarကိုမှ အခြေခံကနေစပြီး အသေးစိတ် သင်ယူချင်‌ေနတဲ့ အသက် 10 နှစ် မှစပြီးတော့ 14နှစ်အထိ အလယ်တန်း၊ အထက်တန်းအရွယ်တွေကို ပြန်သင်ပေးကြားဖို့ရှိပါတယ်။ အဲ့တာကြောင့် Grammar clubကို စိတ်၀င်စားတဲ့သူတွေအတွက်ကတော့ အသေးစိတ်ကို page ရဲ့ chatbox (သို့) messenger မှတစ်ဆင့်သော်လည်းကောင်း၊
09 773144900ကိုသော်လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ဒီ program လေးရဲ့ အဓိကရည်ရွယ်ချက်က ကျွန်မတို့ရဲ့မျိုးဆက်သစ်‌ေတွ နောင်လာမယ့်သူတို့ဘ၀‌အနာဂတ်မှာ မရှိမဖစ်လိုအပ်လာဦးမယ့် ဘာသာစကားတစ်ခုကို အခြေခံအုတ်မြစ်ခိုင်‌ေစချင်တယ် ။ သိထားတတ်ထားစေချင်တာအမှန်ပါ။ ကျောင်းမှာလည်း သင်ပေးတာဘဲ မှန်ပါတယ်။ ဒါပေမဲ့ ဘာသာစကားတစ်ခုဆိုတာ ရင်းနှီးတတ်ကျွမ်းနားလည်ဖို့ဆိုရင် ‌ကျောင်းတွင်သာမကဘဲ ဒီထက် လေ့လာသင်ယူဖို့ လိုအပ်မယ် ဆိုတာကိုလည်း ယနေ့ခေတ် မိဘတွေကော သားသားမီးမီးတို့ကော၊ မောင်လေးညီမလေးတို့ပါ နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။

💫 မိမိဘ၀အနာဂတ်ကို မိမိသာ ဆုံးဖြတ်ပါ။

💫 မိမိဘ၀အနာဂတ်အတွက် လိုအပ်တာတွေပြင်ဆင်ပါ။

💫 မိမိဘ၀အနာဂတ်အတွက် မိမိကိုယ်တိုင်ကြိုးစားပါ။

🌼 "Let's strive together" 🌼

🌟🌟🌟🌟🌟🌟🌟🌟🌟🌟

Address

Hpa-an
13011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959773144900

Website

Alerts

Be the first to know and let us send you an email when Basic English for Everyone - B.E.E posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Basic English for Everyone - B.E.E:

Shortcuts

Share

Category