17/08/2026
🌄🌱 ဝီရိယရဲ့ မနက်ခင်း Assembly — ဇွဲကပင်တောင်ခြေမှ ဝီရိယလေးတို့ရဲ့ နေ့သစ်လေး 😍
ဒီနေ့ မိုးလည်းသာ၊ နေလည်း အရမ်းမပူတာမို့ နံနက်ခင်းလေပြည်အေးအေးလေးနဲ့အတူ ခမ်းနားလှပသော ဇွဲကပင်တောင်တန်းကြီးရဲ့ အရိပ်အောက်၊ ဝီရိယကျောင်းဝင်းအတွင်းရှိ မြက်ခင်းပြင်စိမ်းပေါ်မှာ မနက်ခင်း Assembly လေးကို အားအင်သစ်များဖြင့် စုစည်းကျင်းပခဲ့ကြပါတယ်။ 🌿⛰️☀️
နေ့သစ်တစ်ရက်ကို စတင်ရာမှာ စာသင်ခန်းထဲက သင်ခန်းစာတွေအပြင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ စည်းကမ်းရှိခြင်းနှင့် တာဝန်ယူတတ်ခြင်းတို့ကလည်း အရေးကြီးတဲ့ ဘဝသင်ခန်းစာတွေ ဖြစ်ပါတယ်။
ယနေ့မနက်ခင်းမှာတော့ သားသားမီးမီးများမှ နိုင်ငံတော်အလံကိုလေးပြုခြင်း၊ နိုင်ငံတော်သီချင်း ညီညီညာညာ သီတိုခြင်းများနှင့်အတူ တီချယ်ပြုံးမှ ကျောင်းသား၊ ကျောင်းသူလေးများအတွက် “Discipline — စည်းကမ်း”အကြောင်းကို အလေးထားပြောကြားပေးခဲ့ပါတယ်။ 🎤💙
စည်းကမ်းဆိုတာ ကြောက်ရွံ့လို့ လိုက်နာရတဲ့အရာမဟုတ်ဘဲ မိမိကိုယ်တိုင် မှန်ကန်တဲ့အရာကို ရွေးချယ်လုပ်ဆောင်တတ်ခြင်း၊ ကိုယ့်တာဝန်ကို ကိုယ်သိခြင်းနဲ့ ကိုယ့်ရဲ့အပြုအမူတွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း ဖြစ်ကြောင်း ကလေးများ နားလည်သဘောပေါက်နိုင်အောင် မျှဝေပေးခဲ့ပါတယ်။ 🌱
“စည်းကမ်းကောင်းတဲ့ ကလေးတစ်ယောက်ဟာ စာတော်ရုံသာမက ဘဝမှာလည်း ယုံကြည်အားထားရတဲ့ လူကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။”💫
ဇွဲကပင်တောင်တန်းကြီးရဲ့ ခိုင်မာမှုကို အားကျရင်း၊ နေ့စဉ်ဘဝမှာလည်း စိတ်ဓာတ်ခိုင်မာပြီး စည်းကမ်းရှိတဲ့ ဝီရိယလေးများဖြစ်လာကြဖို့ ဆက်လက်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။ 💪🏼🌿
မနက်ခင်းတိုင်းဟာ အသစ်တစ်ဖန် စတင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီနေ့ရဲ့ စည်းကမ်းကောင်းတွေက မနက်ဖြန်ရဲ့ အောင်မြင်မှုတွေကို တည်ဆောက်ပေးမှာပါ။ ☀️✨
**Start the day with discipline.
Grow with purpose.
Lead with character.** 💙