07/08/2026
🌿✨ Outdoor Activity Time ✨🌿
သားသားမီးမီးလေးတွေက ဖြတ်ထားတဲ့ Paper Frame လေးတွေကို ကိုင်ပြီး အပြင်လောကကို မျက်လုံးအသစ်နဲ့ ကြည့်ရှုခဲ့ကြပါတယ်။ 🍃🌸
“ဒီနေ့ ငါဘာမြင်မလဲ?” ဆိုတဲ့
စိတ်ဝင်စားမှုလေးတွေနဲ့ သစ်ပင်၊ ပန်းပွင့်၊ ကောင်းကင်ပြာ၊ အရွက်လေးတွေကို စူးစမ်းလေ့လာရင်း သဘာဝအလှတရားကို ခံစားခဲ့ကြတယ်။ 💚
ဒီလို Outdoor Activities လေးတွေက
🌼 Observation Skills တိုးတက်စေတယ်။
🌼 Creativity နဲ့ Imagination ကို ဖွံ့ဖြိုးစေတယ်။
🌼 Nature ကို ချစ်တတ်တဲ့စိတ်လေးတွေ မွေးဖွားလာစေတယ်။
🌼 ကလေးတွေအတွက် ပျော်ရွှင်စရာ သင်ယူမှုအတွေ့အကြုံကောင်းတွေ ဖန်တီးပေးတယ်။
သင်ယူခြင်းဆိုတာ စာသင်ခန်းထဲမှာပဲ မဟုတ်ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးက သားသားမီးမီးလေးတွေအတွက် အကောင်းဆုံး Classroom လေးတစ်ခုပါပဲ။ 🌳💛