Brighter Future English Language Center

Brighter Future English Language Center Cambridge English (YLE), Phonics, English 4skills and Grammar for Young Learners

24/07/2026

😟 သင့်ကလေးလေးလည်း English လိုပြောရမှာ ရှက်နေလား? မဝံ့မရဲဖြစ်နေလား?

မိဘအများစုကြုံရတတ်တဲ့ ပြဿနာတစ်ခုက ကလေးတွေဟာ English စကားလုံးတွေကို သိပေမယ့် ပြန်ပြောဖို့ဆိုရင် ရှက်နေခြင်း၊ မှားမှာစိုးလို့ ဆိတ်ဆိတ်နေခြင်းပါပဲ။ Vocabulary တွေ မှတ်ထားပေမယ့် “ပြောရဲသော သတ္တိ” မရှိရင် ဘာမှအကျိုးမရှိနိုင်ပါဘူး။

Video ထဲက ကလေးလေး ကြည့်ပါဦး 👇

သူ့ family အကြောင်းကို English လိုယုံကြည်စွာ ကြိုးစားပြီး ပြောနေတာကို တွေ့ရမှာပါ။ ဒီလို ပြောရဲလာဖို့ဆိုတာ တစ်ခေါက်တည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ-

✅ Class ထဲမှာ ပုံမှန် ပြောဆိုစရာ အခွင့်အလမ်းတွေ ပေးထားခြင်း
✅ မှားရင် အားပေးပြီး Confidence အရင်တည်ဆောက်ပေးခြင်း
✅ Real-life topics (family, daily routine) တွေကို ပုံမှန်ပြောကြားစေခြင်း

ကနေရလာတဲ့ ရလဒ်ပါ။

Brighter Future မှာတော့ ကလေးတိုင်း “မှားလို့ကြောက်စရာမလို၊ ပြောကြည့်ကြရအောင်” ဆိုတဲ့ ပတ်ဝန်းကျင်မျိုးထဲမှာ တစ်လှမ်းချင်း ယုံကြည်မှု တည်ဆောက်ပေးနေပါတယ်။

👉 သင့်ကလေးလေးလည်း ဒီလိုမျိုး ရဲရင့်စွာ English ပြောတတ်လာစေချင်ရင် Brighter Future English Language Center မှာ စတင်လိုက်ပါ။

စုံစမ်းရန်-

☎️ဖုန်း- 09981551408 / 09770286444

🏫လိပ်စာ- အမှတ်-၅/၃၊ ဇရပ်ကွင်းသံလမ်းအနီး၊ ဇရပ်ကွင်းကျေးရွာ၊ ရန်ကုန်-ပဲခူး အမှတ်(၁) လမ်းမပေါ်

“Better choice for Brighter Future “

23/07/2026

🌟Starter ကျောင်းသူလေး ၏ စာဖတ်စွမ်းရည်🌟

Video ထဲမှာ မြင်ရတဲ့အတိုင်း Starter ကျောင်းသူ သမီးလေး ခင်ဆက်ထွန်းက English စာကြောင်းတွေကို ယုံကြည်မှုအပြည့်နဲ့ဖတ်နေတာကို တွေ့ရမှာပါ။ ဒီလိုဖတ်တတ်လာနိုင်တဲ့ အဓိကအကြောင်းအရင်းက Phonics ကို အခြေခံကတည်းက စနစ်တကျ သင်ကြားထားလို့ပါ။

Phonics ဆိုတာ အက္ခရာတစ်လုံးချင်းစီရဲ့ အသံကို သိပြီး၊ အသံတွေကို ပေါင်းစပ်ကာ စကားလုံးအသစ်တွေကိုတောင် ကိုယ်တိုင်ဖတ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အခြေခံနည်းလမ်းပါ။ ဒီအခြေခံခိုင်မာရင် -

✅ မမြင်ဖူးတဲ့ စကားလုံးတွေကိုပါ ဖတ်တတ်လာမယ်
✅ ဖတ်ရတာကို ယုံကြည်မှု၊ ရဲရင့်မှု ပိုရှိလာမယ်
✅ စာလုံးပေါင်း (Spelling) မှားနှုန်း လျော့နည်းသွားမယ်

Brighter Future မှာတော့ Pre-Starter အဆင့်ကတည်းက Phonics ကို အခြေခံကျကျ စနစ်တကျ သင်ကြားပေးနေပါတယ်။

👉 သင့်ကလေးလေးကိုလည်း ဒီလိုမျိုးဖတ်တက်စေချင်ရင် Brighter Future English Language Center ကိုဆက်သွယ်လိုက်ပါ

စုံစမ်းရန်-

☎️ဖုန်း- 09981551408 / 09770286444

🏫လိပ်စာ- အမှတ်-၅/၃၊ ဇရပ်ကွင်းသံလမ်းအနီး၊ ဇရပ်ကွင်းကျေးရွာ၊ ရန်ကုန်-ပဲခူး အမှတ်(၁) လမ်းမပေါ်

“Better choice for Brighter Future “

We are hiring 📢📢Brighter Future တွင် တာဝန်ထမ်းဆောင်ရန်Customer Service (F)-1 post အလိုရှိပါသည်လိုအပ်ချက်များ✅အထက်တန်းအော...
17/07/2026

We are hiring 📢📢

Brighter Future တွင် တာဝန်ထမ်းဆောင်ရန်
Customer Service (F)-1 post အလိုရှိပါသည်

လိုအပ်ချက်များ

✅အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
✅စကားအပြောအဆို လိမ္မာယဉ်ကျေးသူဖြစ်ရမည်။
✅စိတ်ရှည်သည်းခံ၍ ဆက်ဆံရေး အထူးကောင်းမွန်ရပါမည်။
✅ပညာရေးလုပ်ငန်းနှင့်ပတ်သပ်သောဝန်ဆောင်မှုပေးရသည်ကို နှစ်သက်သောသူဖြစ်ရမည်။
✅ကလေးငယ်များကိုချစ်မြတ်နိုးသူဖြစ်ရမည်။
✅အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရမယ်
✅အကျင့်စာရိတ္တကောင်းမွန်ရမည်။
✅Microsoft office အခြေခံကျွမ်းကျင်ရပါမည် (မကျွမ်းကျင်ပါက အလုပ်သင်၂လအတွင်းသင်ကြားပေးပါမည်)
✅အတွေ့အကြုံမရှိသူများလည်းလျှောက်နိုင်ပါသည်
✅January လတွင်အလုပ်စဝင်နိုင်သူဖြစ်ရမည်
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်

တာဝန်များ

✅ သင်တန်း၏ စာရင်းများ/မှတ်တမ်းများ(ဥပမာ-ကျောင်းသားစာရင်း၊ ဖုန်းနံပါတ်စာရင်း၊စာအုပ်စာရင်း၊uniform စာရင်း၊ လစာ စာရင်း၊ အချိန်စာရင်း) အားလုံးကို အပတ်စဉ် လစဉ် စနစ်တကျ စာရင်းပြုစုပြီးမှတ်သားသိမ်းဆည်းရမည်။

✅ကျောင်းသားများ၏ အချိန်စာရင်းများ နှင့် မိဘ-ဆရာတွေ့ဆုံရန် အချိန် စာရင်းများကို ဆရာမများနှင့်အတူပူးပေါင်း စီစဉ်ပေးရမည်

✅သင်တန်းတွင့်ဖွင့်လှစ်ထားသော အတန်းများအကြောင်း၊ သင်တန်းကြေးများ၊ အချိန်စာရင်းများ ကျောင်းအပ်ခြင်းလုပ်ငန်းစဉ်များကို စေ့စေ့စပ်စပ် သိရှိရမည်ဖြစ်ပြီး မိဘအုပ်ထိန်းသူများကို သေသေချာချာ ပြန်ရှင်းပြနိုင်ရပါမည်

✅ကျောင်းအပ်လက်ခံရပါမည်

✅မိဘများအား သင်တန်း/ကျောင်းသားများနှင့်ပက်သက်သည့် အကြောင်းကြားရန်လိုအပ်သည်များကို အကြောင်းကြားရမည်

⏰အလုပ်ချိန်
Friday-8:30 မှ 6:00
Saturday and Sunday - 7:30 မှ 6:00

📝သေချာ training ပေးရန်လိုအပ်သည့်အတွက်အလုပ်သင် (၂)လရှိပါမည်

အလုပ်သင်ပြီးပါကအမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ပါမည်

💻လျှောက်ထားလိုပါက [email protected] သို့လည်းကောင်း 09 981 551 408 (Viber) သို့လည်းကောင်း မျှော်မှန်းလစာနှင့်တစ်ကွ CV form ပို့၍လျှောက်ထားနိုင်ပါသည်

ဒုတိယအကြိမ်မြောက် Presentation မှာ ပိုပြီးကောင်းမွန်စွာတင်ဆက်လာနိုင်တဲ့ Level-4 ကျောင်းသား/သူလေးများ 🎤🌟ဒီနေ့မှာတော့ Brig...
25/05/2026

ဒုတိယအကြိမ်မြောက် Presentation မှာ ပိုပြီးကောင်းမွန်စွာတင်ဆက်လာနိုင်တဲ့ Level-4 ကျောင်းသား/သူလေးများ 🎤🌟

ဒီနေ့မှာတော့ Brighter Future ရဲ့ Level-4 ကလေးတို့ရဲ့ ဒုတိယအကြိမ်မြောက် Presentation Day ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

Level-3 တုန်းက ပထမဆုံးအကြိမ်မလို့ အမှားအယွင်းတွေများခဲ့ကြပေမယ့် အခု Level-4 ရောက်တဲ့အခါမှာတော့ အတွေ့အကြုံရှိသွားပြီဖြစ်လို့ ကလေးတွေဟာ သိသိသာသာကို ပိုပြီးအဆင်ပြေပြေနဲ့ ယုံကြည်မှုအပြည့် တင်ဆက်သွားနိုင်ခဲ့ကြပါတယ်။ 😎✨

ဒုတိယအကြိမ်မြောက်မှာတော့ ကလေးတွေဟာပိုမိုတည်ငြိမ်လာကြပြီး -
✨ မိမိရဲ့ စကားပြောအရှိန်အဟုန် (Pacing) ကို ထိန်းချုပ်နိုင်လာခြင်း
✨ ပရိသတ်နဲ့ မျက်လုံးချင်းဆုံ (Eye Contact) တတ်လာခြင်း
✨ အကြောင်းအရာတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း ရှင်းလင်းတင်ပြနိုင်လာခြင်း စတဲ့ သိသာတဲ့ တိုးတက်မှုတွေကို ပြသနိုင်ခဲ့ကြပါတယ်။

လေ့ကျင့်မှုတွေ များလာလေလေ၊ ပိုပြီးတော့ ကျွမ်းကျင်ပိုင်နိုင်လာလေလေဆိုတာကို သက်သေပြသွားတဲ့ Level-4 ကလေးတွေကို Brighter Future မှတကယ်ကို ဂုဏ်ယူမိပါတယ်။ 👏

Presentation လုပ်ခြင်းက ကလေးတို့ရဲ့ အရည်အချင်းကို ဘယ်လိုမြှင့်တင်ပေးသလဲ? 🎤✨ဒီနေ့မှာတော့ Brighter Future ရဲ့ Level-3/ sec...
24/05/2026

Presentation လုပ်ခြင်းက ကလေးတို့ရဲ့ အရည်အချင်းကို ဘယ်လိုမြှင့်တင်ပေးသလဲ? 🎤✨

ဒီနေ့မှာတော့ Brighter Future ရဲ့ Level-3/ sec-1 ကလေးတို့ရဲ့ Presentation Day ပုံရိပ်လေးတွေကို မျှဝေပေးရင်း... Presentation လုပ်ခြင်းကြောင့် ကလေးတွေမှာ ဘယ်လို Skills တွေတိုးတက်လာလဲဆိုတာ ပြောပြချင်ပါတယ်ရှင်။ ✨

Level-3 ရောက်လာတဲ့အခါ ကလေးတွေဟာ စာသင်ခန်းထဲမှာပဲ သင်ယူနေတာမဟုတ်ဘဲ အခုလို Presentation တွေ ပြုလုပ်ခြင်းအားဖြင့် -

💡 Public Speaking & Confidence- လူအများရှေ့မှာ စကားပြောရဲတဲ့ သတ္တိနဲ့ မိမိကိုယ်မိမိ ယုံကြည်မှု တိုးတက်လာခြင်း။

💡 Communication Skill - မိမိရဲ့ စိတ်ကူးစိတ်သန်းနဲ့ အတွေးအခေါ်တွေကို သူတစ်ပါး နားလည်အောင် စနစ်တကျ ပြန်လည်မျှဝေ ပြောဆိုတတ်လာခြင်း။

💡 Critical Thinking & Body Language- အကြောင်းအရာတစ်ခုကို စဉ်းစားတွေးခေါ် ပြင်ဆင်တတ်လာပြီး စင်ပေါ်မှာ မျက်လုံးချင်းဆုံကြည့်တာ၊ လက်ဟန်ခြေဟန် အသုံးပြုတာတွေကိုပါ ကျွမ်းကျင်လာခြင်း။

စာအုပ်ထဲက စာတွေကို အလွတ်ကျက်မှတ်နေရုံတင်မဟုတ်ဘဲ မိမိရဲ့ အရည်အချင်းတွေကို လက်တွေ့ချပြခွင့်ရခဲ့တဲ့ အခွင့်အရေးဖြစ်ပါတယ် 🥰

ငယ်စဉ်ကတည်းက အခုလို Soft Skills တွေကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခြင်းက ကလေးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ခြေလှမ်းတစ်ရပ် ဖြစ်မှာ သေချာပါတယ်။
တောက်ပတဲ့ အရည်အချင်းတွေနဲ့ အကောင်းဆုံး တင်ဆက်သွားခဲ့တဲ့ Level-3/ sec-1 မှ ကျောင်းသား/သူ လေးများကို Brighter Future မှ အထူးပင် ဂုဏ်ယူမိပါတယ်ရှင်။ 🌟👏

ကလေးတွေရဲ့ ကြိုးစားမှုကို မြင်နိုင်မယ့် Level-3 Presentation Time! 🚀Presentation အတွက် စနစ်တကျ ပြင်ဆင်ပြီး အကြံဉာဏ်တွေကိ...
23/05/2026

ကလေးတွေရဲ့ ကြိုးစားမှုကို မြင်နိုင်မယ့် Level-3 Presentation Time! 🚀

Presentation အတွက် စနစ်တကျ ပြင်ဆင်ပြီး အကြံဉာဏ်တွေကို ရဲရဲဝံ့ဝံ့ ရှင်းလင်းတင်ပြသွားတဲ့ Level-3/sec-2 မှ ကျောင်းသား/သူလေးများဖြစ်ပါတယ်။❤️

Final Presentation အောင်မြင်စွာပြီးမြောက်သွားတဲ့အတွက်အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 🎉

🏆♟️ Brighter Future English Language Center♟️🏆🎉 အပျော်တမ်း Chess ပြိုင်ပွဲ ၂၀၂၆🎉📅 ၁၃ ရက်၊ မေလ၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)Brighte...
13/05/2026

🏆♟️ Brighter Future English Language Center♟️🏆

🎉 အပျော်တမ်း Chess ပြိုင်ပွဲ ၂၀၂၆🎉

📅 ၁၃ ရက်၊ မေလ၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)

Brighter Future English Language Center မှာကျောင်းသား/ကျောင်းသူလေးတွေအတွက် အပျော်တမ်း Chess ပြိုင်ပွဲလေးတစ်ခုကို နိုင်ငံ့လက်ရွေးစင်များဖြစ်ကြတဲ့ မမေဆုလွင် မမေဆက်လွင် တို့မှဦးဆောင်၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်✨

ကလေးတွေရဲ့ မျက်နှာလေးတွေပေါ်က စိတ်ဝင်စားမှုနဲ့ စိန်ခေါ်ချင်စိတ်တွေက တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်🥰

♟️ Chess ဆိုတာ —
🧠 တွေးခေါ်မှု (Critical Thinking)
🎯 အာရုံစူးစိုက်မှု (Concentration)
🔍 ဆုံးဖြတ်ချက်ချနိုင်စွမ်း (Decision Making)
⏳ စိတ်ရှည်သည်းခံမှု (Patience)
တို့ကို တိုးတက်စေတဲ့ အလွန်အသုံးဝင်တဲ့ ကစားနည်းတစ်ခုလည်း ဖြစ်ပါတယ်ရှင့် 💡

🌟 Brighter Future English Language Center မှာ အင်္ဂလိပ်စာ သင်ခန်းစာတွေ သင်ကြားပေးရုံသာမက ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဒီလို ပညာရေးဆိုင်ရာ ပျော်ပွဲရွှင်ပွဲလေးတွေကိုလည်း ကျင်းပပေးနေပါတယ် 🎊

ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူလေးတွေအားလုံးကို ဂုဏ်ပြုပါတယ်နော် 👏👏👏

အောက်က ဓာတ်ပုံလေးတွေထဲမှာ ကလေးတွေရဲ့ စိတ်အားထက်သန်စွာ ယှဉ်ပြိုင်နေပုံလေးတွေကို ကြည့်ရှုပေးပါဦးရှင့် 📸✨

ငယ်စဉ်ကတည်းက အင်္ဂလိပ်စာကို စနစ်တကျ လေ့လာခြင်းဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ဘာ...
01/05/2026

ငယ်စဉ်ကတည်းက အင်္ဂလိပ်စာကို စနစ်တကျ လေ့လာခြင်းဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ဘာကြောင့် ငယ်ရွယ်တဲ့အချိန်မှာ အခြေခံခိုင်ခိုင်မာမာ တည်ဆောက်သင့်သလဲဆိုတဲ့ အချက် (၄) ချက်ကို မျှဝေပေးချင်ပါတယ်။📣

၁။ ဘာသာစကား သင်ယူမှု အကောင်းဆုံးအချိန် (The Critical Period)

ကလေးဘဝဟာ ဘာသာစကားတစ်ခုကို သဘာဝအတိုင်း အလွယ်ကူဆုံး လက်ခံနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ဦးနှောက်ရဲ့ ပျော့ပျောင်းမှု (Neuroplasticity) ကြောင့် အသံထွက်ပိုင်းနဲ့ သဒ္ဒါပိုင်းကို ကြိုးစားအားထုတ်မှု နည်းနည်းနဲ့ မှန်မှန်ကန်ကန် တတ်မြောက်နိုင်စွမ်း ရှိပါတယ်။

၂။ ပညာရေးနဲ့ အခွင့်အလမ်း တံခါးများ ပွင့်လာခြင်း

အင်္ဂလိပ်စာဟာ ကမ္ဘာသုံးဘာသာစကား ဖြစ်တာကြောင့် စနစ်တကျ တတ်မြောက်ထားရင် နိုင်ငံတကာအဆင့်မီ ပညာရပ်တွေကို လေ့လာနိုင်ဖို့ လမ်းခင်းပေးပါတယ်။ အင်တာနက်ပေါ်က ဗဟုသုတတွေ၊ သုတေသနစာတမ်းတွေနဲ့ နည်းပညာရပ်တွေကို အခြားသူတွေထက် စောစီးစွာ ထိတွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) တိုးတက်စေခြင်း

ငယ်စဉ်ကတည်းက စနစ်တကျ သင်ယူထားတဲ့ ကလေးတစ်ယောက်ဟာ သူတစ်ပါးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ၊ လူရှေ့သူရှေ့ ထွက်ရတဲ့အခါမှာ ပိုမိုရဲဝံ့လာပါတယ်။ ဒီယုံကြည်မှုဟာ ဘာသာစကားတင်မကဘဲ အခြားသော လူမှုဆက်ဆံရေး နယ်ပယ်တွေမှာပါ ထူးချွန်တဲ့ ခေါင်းဆောင်မှု အရည်အသွေးကို ဖြစ်ပေါ်စေပါတယ်။

၄။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အနာဂတ် ရည်မှန်းချက်

အနာဂတ်မှာ ဘယ်လို လုပ်ငန်းခွင်မျိုးထဲကိုပဲ ရောက်ရောက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ မရှိမဖြစ် လိုအပ်တဲ့ Skill တစ်ခု ဖြစ်လာမှာပါ။ စနစ်တကျ လေ့လာထားခြင်းက အသက်မွေးဝမ်းကျောင်း နယ်ပယ်မှာ အခြားသူတွေထက် ခြေတစ်လှမ်း သာစေမှာ ဖြစ်ပါတယ်။

✨✨ကလေးတို့ရဲ့ အနာဂတ်ကို ပိုမိုတောက်ပလာစေဖို့ဆိုရင် မှန်ကန်တဲ့ လမ်းပြမှုနဲ့ စနစ်ကျတဲ့ သင်ကြားမှုတွေ လိုအပ်ပါတယ်။

အင်္ဂလိပ်စာ အခြေခံကစပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့အထိ နွေးထွေးပျူငှာစွာ လေ့ကျင့်သင်ကြားပေးနေတဲ့
🌟Brighter Future English Language Center မှာ သားသားမီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်ကို အတူတူ ပုံဖော်လိုက်ကြရအောင်။

စုံစမ်းရန်-
ဖုန်း- 09981551408 / 09770286444
လိပ်စာ- အမှတ်-၅/၃၊ ဇရပ်ကွင်းသံလမ်းအနီး၊ ဇရပ်ကွင်းကျေးရွာ၊ ရန်ကုန်-ပဲခူး အမှတ်(၁) လမ်းမပေါ်

“Better choice for Brighter Future”

မိဘတွေရဲ့ ယုံကြည်မှုဟာ Brighter Future ရဲ့ အောင်မြင်မှုပါ! 🌟သားသားမီးမီးတို့ရဲ့ တိုးတက်မှုကို ကြည့်ပြီး ပီတိဖြစ်ရတဲ့ မိဘ...
30/04/2026

မိဘတွေရဲ့ ယုံကြည်မှုဟာ Brighter Future ရဲ့ အောင်မြင်မှုပါ! 🌟

သားသားမီးမီးတို့ရဲ့ တိုးတက်မှုကို ကြည့်ပြီး ပီတိဖြစ်ရတဲ့ မိဘတွေရဲ့ စကားသံတွေကို ကြားရတာ ဟာတကယ့်ကို ခွန်အားဖြစ်စေပါတယ်။ ကလေးတွေကို အမှန်တကယ် တတ်မြောက်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် Brighter Future က အမြဲဂရုစိုက် သင်ကြားပေးနေပါတယ်။
ယခုလို ယုံကြည်အားပေးကြတဲ့ မိဘတစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ❤️
🚀 သင့်ရင်သွေးငယ်ရဲ့ အနာဂတ်အတွက် Brighter Future ကိုရွေးချယ်လိုက်ပါ!

✅ အင်္ဂလိပ်စာ အရည်အချင်းကို အခြေခံကစပြီး ထိရောက်စွာ မြှင့်တင်ချင်တယ်ဆိုရင်...
✅ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စကားပြောနိုင်ချင်တယ်ဆိုရင်...Brighter Future ကသင့်ကလေးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။

အသေးစိတ်ကို Messenger ကနေဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။ 📥✨

စုံစမ်းရန်-
ဖုန်း- 09981551408 / 09770286444
လိပ်စာ- အမှတ်-၅/၃၊ ဇရပ်ကွင်းသံလမ်းအနီး၊ ဇရပ်ကွင်းကျေးရွာ၊ ရန်ကုန်-ပဲခူး အမှတ်(၁) လမ်းမပေါ်

“Better choice for Brighter Future”



Address

No. (5/3), Zayatkwin, No. 1, Yangon-Mandalay Highway Road
Hlegu

Opening Hours

Friday 09:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959958628350

Website

Alerts

Be the first to know and let us send you an email when Brighter Future English Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Brighter Future English Language Center:

Shortcuts

Share

Category