University of Wisdom Land

University of Wisdom Land This is University Of Wisdom Land Official page
(1)

Objectives
ပါဠိဘာသာ နှင့် ဗုဒ္ဓတရားတော်များသင်ကြားရေ
ရှေးဟောင်းပါဠိပြန်စာပေများ တည်တန့် ပြန့်ပွါးရေး
ပါဠိ ပိဋက အထောက်အကူပြု ပါဠိမြန်မာ (အင်္ဂလိပ်) ကျမ်းများ အသစ်ပြုစုရေး

သက်တော် (၈၇) နှစ် အတွင်း သို့ ချဉ်းနှင်း ရောက်ရှိလာပြီဖြစ်သည့် ပညာဘူမိတက္ကသိုလ် အဓိပတိ ဆရာတော် (ပါမောက္ခချုပ်ဆရာတော်)ဘုရ...
15/08/2026

သက်တော် (၈၇) နှစ် အတွင်း သို့ ချဉ်းနှင်း ရောက်ရှိလာပြီဖြစ်သည့် ပညာဘူမိတက္ကသိုလ် အဓိပတိ ဆရာတော် (ပါမောက္ခချုပ်ဆရာတော်)ဘုရား…..အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် ဟောကြားတော်မူသည့် အထူးဓမ္မသဘင် မှတ်တမ်းဓာတ်ပုံများ

…………🔹🔹🔹🔹🔹🔹
မန္တလေးမြို့၊ချမ်းမြသာစည်မြိုနယ်၊မစာဓမ္မိကာရာမတိုက်၊ရွှေကောင်းသန့်ဓမ္မာရုံကျောင်းဆောင်တော်အတွင်းဆင်ယင်ကျင်းပြုလုပ်အပ်သည့် အထူးဓမ္မသဘင် အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော်ဘုရားဟောကြားမူသည့် ဗျဿန အကြောင်းတရားဒေသနာတော် အထူးတရားပွဲ မှတ်တမ်းဓာတ်ပုံများ အားဖေါ်ပြအပ်ပါသည်။

၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်၊ စနေနေ့ (ညနေပိုင်း)

ဓာတ်ပုံ Credit (ကိုမျိုးဝင်းထွဋ်) နာယူမှတ်သားမြတ်တရား

ပညာဘူမိတက္ကသိုလ်စာမေးပွဲများ ဖြေဆိုခဲ့ကြသူများ၏ တိုးတက်လာသည့်တရား အသိများ၊ ဆရာတော်ဘုရားကြီးထံ လျှောက်ထားချက်များ၊ တက္ကသိ...
15/08/2026

ပညာဘူမိတက္ကသိုလ်စာမေးပွဲများ ဖြေဆိုခဲ့ကြသူများ၏ တိုးတက်လာသည့်တရား အသိများ၊ ဆရာတော်ဘုရားကြီးထံ လျှောက်ထားချက်များ၊ တက္ကသိုလ် လုပ်ငန်းစဉ်များ ယခုထက် ပိုမိုတိုးတက်လာစေရန် အကြံပြုချက်များကို စုစည်း၍ သတ္တမ အကြိမ်မြောက် Feedback Report ပြုလုပ်၍ တက္ကသိုလ် အဓိပတိ ဆရာတော်ဘုရားကြီးထံ ဆပ်ကပ် ထားရှိပါသည်။

ပညာဘူမိတက္ကသိုလ် သုတဓမ္မစာမေးပွဲ ၂၀၂၆ ပထမ (၆) လပတ် E-Book အား Download ပြုလုပ်လိုပါ က
https://www.universitywisdomland.edu.mm/wp-content/uploads/2026/08/UWL_FeedbackJuly26_V2.pdf

ဤ Feedback Report စာအုပ်တွင် စာမျက် နှာ ၅၃၃ မျက်နှာပါဝင်ပြီး တက္ကသိုလ် feedback form ဖြည့်၍ ပေးပို့သည့် လျှောက်ထားချက်များ၊ ဆရာတော်ဘုရား ထံ စာဖြင့်ရေးသား ဆပ်ကပ်သည့် လျှောက်ထားချက်များကို လည်းကောင်း၊ ဆရာတော်ကြီး ကိုယ်တိုင် ပို့ပေးသည့် စာများကိုလည်းကောင်း၊ လျှောက်ထားချက် စုစုပေါင်း (၉၆၆) ခုအားစုစည်း၍ Feedback စာအုပ်တွင် ထည့်သွင်းထားရှိပါသည်။

ဆရာတော်ကြီး အနေဖြင့် သုတဓမ္မစာမေးပွဲများကြောင့် ရဟန်းရှင်လူ ပုဂ္ဂိုလ် အသီးသီး တရားဓမ္မအသိများ တိုးတက်လာကြသည့်အတွက် ဆရာတော်ဘုရား ဝမ်းမြောက်တော်မူသည်မှာ ထင်ရှားလှပါသည်။

အမြတ်ဆုံးသော ဗုဒ္ဓဘာသာနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသည့် မျက်မှောက်ခေတ် မြန်မာလူမျိုးများ၊ မိရိုးဖလာဗုဒ္ဓဘာသာအနေဖြင့် ရှိနေကြသည့် မြန်မာလူမျိုးများကို ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လေပြီဟု မိမိတို့ကိုယ်တိုင် စစ်ဆေး၍ ကျေနပ်စွာ လက်ခံလာကြသည့် တကယ့်ဗုဒ္ဓဘာသာဝင် အစစ်အမှန်များ ဝိပဿနာ တရား အားထုတ်ရာတွင် ပိုမို ထိရောက်စွာ အားထုတ် နိုင်လာကြသည်များ၊ ပေါ်ထွက်လာကြ သည်ကို လည်း ထင်ရှားစွာတွေ့မြင်လာကြရပါသည်မှာ အမှန်ပင်ဖြစ်ပါသည်။

Australia, Singapore, Japan တို့လို အဝေးနေရပ်များမှ စာမေးပွဲဖြေဆိုရန်အတွက် ရည်ရွယ်ပြီး ရက်တိုခရီး ပြန်လာကြသူများ၊ ပြည်တွင်းမှာ စာဖြေဌာန(၅၃)ဌာနဖြင့် ကျင်းပ နေသည့်တိုင် စာဖြေဌာနနှင့် မိုင်ပေါင်း(၃၀-၄၀)အကွာအဝေးမှ ခဲရာခဲစစ် လာရောက် ဖြေဆိုကြသည့် မြန်မာလူမျိုးများစွာကို တွေ့မြင်ရကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။

မေတ္တသုတ်၊ ရတနသုတ် အစရှိသည်ကို အဓိပ္ပါယ်နှင့်တကွ ပိုမို နားလည်လာကြပြီး ယခင် ရွတ်ဖတ် တရားသက်သက် ဖြစ်နေခဲ့ကြသည့် သောက်ဆေးကို လိမ်းဆေး လုပ်နေမိသကဲ့သို့ ဖြစ်နေကြသည်များကို အချိန်မှီ သိရှိပြင်ဆင်နိုင်ကြခြင်း၊ နေ့စဉ် လူနေမှုဘဝတွင် အဆင် မပြေမှုများကို မှန်ကန်စွာနှလုံးသွင်း၍ နေထိုင်လာတတ်ခြင်း၊ ဆရာတော်ဘုရားအား လေးစား မြတ်နိုးသည့် စာဖြေသူများ၏ ရရှိလာသည့် ဓမ္မအသိဉာဏ်များ စုစည်းပြီး ဤစာအုပ်ကို ဆပ်ကပ်ခဲ့ခြင်းလည်းဖြစ်ပါသည်။

အနုဂ္ဂဟအဖွဲ့
ပညာဘူမိတက်ကသိုလျ
၈/၈/၂၀၂၆

✨ ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက်  သုတဓမ္မ ဒီပလိုမာအတန်း Level-1,...
14/08/2026

✨ ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 Online လျှောက်လွှာတင်သွင်းနေကြသည့် ရဟန်းရှင်လူ အများ၏ မှတ်တမ်းဓာတ်ပုံများ

🔹လျှောက်လွှာများကို အောက်ဖော်ပြပါ ရုံးခန်းနေရာများတွင် ၈/၈/၂၀၂၆ ရက်နေ့မှ ၁၈/၈/၂၀၂၆ ရက်နေ့ နေ့လယ် ၂:၀၀ နာရီအထိ လျှောက်လွှာများတင်သွင်းနိုင်ပါကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။

🔹စာဖြေသူများအနေဖြင့် လျှောက်လွှာပိတ်ရက် မတိုင်မှီ လျှောက်ထားပါက စိစစ်ပြီး အတည်ပြုပေးမည်ဖြစ်ပါသည်။ လျှောက်လွှာတွင် အချက်အလက်များလိုအပ်ပါကလည်း အနုဂ္ဂဟရုံးခန်းမှ ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

🔹Registration Fees မှာ ၇၀၀၀ ကျပ် ကျသင့်ပါမည်။ MMQR ဖြင့်လည်း Form ကြေး ပေးသွင်းနိုင်ပါသည်။
KPay No. 09788955566 Daw Khin Aye Myint
KPay / AYA Pay No. 095082915 Daw Gin Suu

🔹🔹🔹🔹🔹🔹
Online မှလျှောက်လွှာတင်သွင်းရန် Link:
https://admission.universitywisdomland.edu.mm/
🔹🔹🔹🔹🔹🔹
၈/၈/၂၀၂၆ ရက်နေ့ မှစ၍ လျှောက်လွှာတင်ရန် ရုံးလိပ်စာများမှာ

(၁) အမှတ် (၁၀/ဃ)၊ အင်းလျားရိပ်သာလမ်း၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ၁၁၀၆၁၊
ရုံးခန်းဖွင့်ချိန်။ တနင်္လာနေ့ မှ စနေနေ့အထိ (10:00 AM to 02:00PM)
Tel: +959788955566, 09885445533
Email:[email protected]
www.universitywisdomland.edu.mm
(၂) ဓမ္မသဟာယသာသနစင်တာရုံးခန်း နံနက် (၈:၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့လယ်(၁:၀၀) နာရီမှ (၃:၀၀) နာရီအတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။
(၃) ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ရုံးခန်း နံနက်(၁၀:၀၀) နာရီမှ (၂:၀၀)နာရီအတွင်း၊ (ခွါညိုပန်းဝိုင်း၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန်ရက်များအားလုံးရုံးခန်းဖွင့်သည်။
(၄) စစ်ကိုင်း မဟာသုဗောဓာရုံကျောင်းတိုက် ရုံးခန်း နံနက်(၁၀:၀၀) နာရီမှ (၂:၀၀)နာရီအတွင်း၊ စစ်ကိုင်းမြို့။ ပိတ်ရက်မရှိပါ။
အထက်ဖော်ပြပါ ရုံးခန်းနေရာများတွင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာကို စနစ်တကျ ပြည့်စုံစွာ ဖြည့်သွင်းပြီး (၆) လအတွင်း ရိုက်ကူးထားသည့် 1” x 1.25” အရွယ် ဓာတ်ပုံ (၂) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မိတ္တူ (၁)စောင်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ Online မှ လျှောက်ထားသူများအနေဖြင့်လည်း Website Link တွင် လိုအပ်သော အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။
Online လျှောက်လွှာတင်သွင်းရာတွင် လိုင်စင်ပုံမဟုတ်သော အလှဓာတ်ပုံများကို ခွင့်မပြုပါ။

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
ပညာဘူမိတက္ကသိုလ်

07/08/2026

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 Online လျှောက်လွှာများကို ၈/၈/၂၀၂၆ ရက်နေ့ မနက် ၉ နာရီ မှ ၁၈/၈/၂၀၂၆ ရက်နေ့ နေ့လယ် ၂:၀၀ နာရီအထိ အောက်ပါ ဗီဒီယိုအတိုင်း တင်သွင်းနိုင်ပါသည်။
🔹Online မှလျှောက်လွှာတင်သွင်းရန်
Link: https://admission.universitywisdomland.edu.mm/

Youtube Link: https://www.youtube.com/shorts/xEoIfRjEvK0

Online မှ လျှောက်ထားသူများအနေဖြင့်လည်း Website Link တွင် လိုအပ်သော အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။
Online လျှောက်လွှာတင်သွင်းရာတွင် လိုင်စင်ပုံမဟုတ်သော အလှဓာတ်ပုံများကို ခွင့်မပြုပါ။ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ရှေ့နောက်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
ပညာဘူမိတက္ကသိုလ်

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက်  သုတဓမ္မ ဒီပလိုမာအတန်း Level-1, L...
07/08/2026

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 Online မှလျှောက်လွှာ များ တင်သွင်းရာတွင် (၆) လအတွင်းရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံကို တင်သွင်းရန် လိုအပ်ပါသည်။

ဓာတ်ပုံတောင်းခံရသည့် ရည်ရွယ်ချက်မှာ သင်တန်းသား (ID) နှင့် စာမေးပွဲ ကဒ် ထုတ်ပေးနိုင်ရန် ဖြစ်သည့်အတွက် ရှင်းလင်းပြတ်သားသော လိုင်စင် ဓာတ်ပုံအရွယ်အစား ဖြစ်ရန် လိုအပ်သည်။

ရှင်းလင်းသည့် နောက်ခံ ရှိသည့်နေရာတွင် ကင်မရာနှင့်သော်လည်းကောင်း လက်ကိုင်ဖုန်းရှိ ကင်မရာနှင့်သော်လည်းကောင်း လျှောက်လွှာတင်သူ၏ ဓာတ်ပုံရိုက်ကူးလျှင်သင့်တော်သည်။

Remark: ဓာတ်ပုံတွင် အဖြူနောက်ခံဖြစ်စေ၊ အပြာနောက်ခံ ဖြစ်စေ၊ မျက်နှာပုံ ရှင်းလင်း ပြတ်သားရန်သာလိုအပ်ပါသည်။

Online လျှေက်လွှာ တင်သွင်းပြီးသူများအနက် အောက်ဖေါ် ပြပါအတိုင်း ဓာတ်ပုံများတင်သွင်းမိပါက Online မှသော်လည်းကောင်း လျှောက်လွှာလက်ခံသော ရန်ကုန် ရုံး နေပြည်တော်ရုံး ပြင်ဦးလွင် ရုံး ခန်းတို့တွင် လျှောက်လွှာပြန်လည်လျှောက်ထား တင်သွင်းရန်လိုအပ်သည်။

၁။ မိမိဓာတ်ပုံကို ဓာတ်ပုံ ထပ်မံရိုက်ကူးပြီးတင်သွင်းမိသူများ
၂။ နောက်ခံ ရှူခင်းများ၊ အရာဝတ္ထုများ ပါဝင်နေသောပုံများ
၃။ အလှပုံများ
၄။ ကိုယ်တစ်စောင်းပုံများ
၅။ သေသေချာချာ မျက်နှာ မမြင်ရသောပုံများ

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
ပညာဘူမိတက္ကသိုလ်

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက်  သုတဓမ္မ ဒီပလိုမာအတန်း Level-1, L...
06/08/2026

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 လျှောက်လွှာများကို အောက်ဖော်ပြပါ ရုံးခန်းနေရာများတွင် ၈/၈/၂၀၂၆ ရက်နေ့မှ ၁၈/၈/၂၀၂၆ ရက်နေ့ နေ့လယ် ၂:၀၀ နာရီအထိ လျှောက်လွှာများတင်သွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Registration Fees မှာ ၇၀၀၀ ကျပ် ကျသင့်ပါမည်။ MMQR ဖြင့်လည်း Form ကြေး ပေးသွင်းနိုင်ပါသည်။
KPay No. 09788955566 Daw Khin Aye Myint
KPay / AYA Pay No. 095082915 Daw Gin Suu

🔹🔹🔹🔹🔹🔹
Online မှလျှောက်လွှာတင်သွင်းရန် Link:
https://admission.universitywisdomland.edu.mm/
🔹🔹🔹🔹🔹🔹

၈/၈/၂၀၂၆ ရက်နေ့ မှစ၍ လျှောက်လွှာတင်ရန် ရုံးလိပ်စာများမှာ
(၁) အမှတ် (၁၀/ဃ)၊ အင်းလျားရိပ်သာလမ်း၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ၁၁၀၆၁၊
ရုံးခန်းဖွင့်ချိန်။ တနင်္လာနေ့ မှ စနေနေ့အထိ (10:00 AM to 02:00PM)
Tel: +959788955566, 09885445533
Email:[email protected]
www.universitywisdomland.edu.mm

(၂) ဓမ္မသဟာယသာသနစင်တာရုံးခန်း နံနက် (၈:၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့လယ်(၁:၀၀) နာရီမှ (၃:၀၀) နာရီအတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။

(၃) ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ရုံးခန်း နံနက်(၁၀:၀၀) နာရီမှ (၂:၀၀)နာရီအတွင်း၊ (ခွါညိုပန်းဝိုင်း၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန်ရက်များအားလုံးရုံးခန်းဖွင့်သည်။

(၄) စစ်ကိုင်း မဟာသုဗောဓာရုံကျောင်းတိုက် ရုံးခန်း နံနက်(၁၀:၀၀) နာရီမှ (၂:၀၀)နာရီအတွင်း၊ စစ်ကိုင်းမြို့။ ပိတ်ရက်မရှိပါ။
အထက်ဖော်ပြပါ ရုံးခန်းနေရာများတွင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာကို စနစ်တကျ ပြည့်စုံစွာ ဖြည့်သွင်းပြီး (၆) လအတွင်း ရိုက်ကူးထားသည့် 1” x 1.25” အရွယ် ဓာတ်ပုံ (၂) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မိတ္တူ (၁)စောင်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ Online မှ လျှောက်ထားသူများအနေဖြင့်လည်း Website Link တွင် လိုအပ်သော အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။
Online လျှောက်လွှာတင်သွင်းရာတွင် လိုင်စင်ပုံမဟုတ်သော အလှဓာတ်ပုံများကို ခွင့်မပြုပါ။

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
ပညာဘူမိတက္ကသိုလ်

သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3) နှင့် သုတဓမ္မဂဝေသီ B.A တန်း (Part 1, 2, 3)  စာမေးပွဲ အောင်စာရင်းများကို အုပ်ချုပ်ရေးနှ...
15/07/2026

သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3) နှင့် သုတဓမ္မဂဝေသီ B.A တန်း (Part 1, 2, 3) စာမေးပွဲ အောင်စာရင်းများကို အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့ (ဗဟို) က ဂုဏ်ထူးအောင် ရိုးရိုးအောင် ပုဂ္ဂိုလ်များအဖြစ် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တက္ကသိုလ် website တွင် တိုက်ရိုက် ဝင်ရောက်ကြည့်ရှုနိုင်ရန် https://admission.universitywisdomland.edu.mm/result ကို နှိပ်၍ မိမိ၏ခုံနံပါတ် (သို့) နိုင်ငံသားစိစစ်ရေး အမှတ် ရိုက်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့
ပညာဘူမိတက္ကသိုလ်
ငါးဆူတောင်ဒေသ
လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး။

University of Wisdom Land, Founder Ashin Nandamālābhivaṃsa (Burmese: အရှင် နန္ဒမာလာ ဘိဝံသ), UWL, PANNABHUMI, INSTITUTION

ပညာဘူမိတက္ကသိုလ် ၂၀၂၆ ခုနှစ်၊ ဇွန်လ သုတဓမ္မစာမေးပွဲ သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3), သုတဓမ္မ B.A တန်း (Part 1, 2, 3) သ...
13/07/2026

ပညာဘူမိတက္ကသိုလ် ၂၀၂၆ ခုနှစ်၊ ဇွန်လ သုတဓမ္မစာမေးပွဲ
သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3),
သုတဓမ္မ B.A တန်း (Part 1, 2, 3)

သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3) နှင့် သုတဓမ္မဂဝေသီ B.A တန်း (Part 1, 2, 3) စာမေးပွဲ အောင်စာရင်းများကို ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁) ရက်၊ (၁၅/၀၇/၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၆:၀၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့ (ဗဟို) က ဂုဏ်ထူးအောင် ရိုးရိုးအောင် ပုဂ္ဂိုလ်များအဖြစ် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တက္ကသိုလ် website တွင် တိုက်ရိုက် ဝင်ရောက်ကြည့်ရှု နိုင်ရန် https://admission.universitywisdomland.edu.mm/result ကို နှိပ်၍ မိမိ၏ခုံနံပါတ် (သို့) နိုင်ငံသားစိစစ်ရေး အမှတ် ရိုက်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့
ပညာဘူမိတက္ကသိုလ်
ငါးဆူတောင်ဒေသ
လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး။

ပညာဘူမိတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်  ဒုတိယ ပါမောက္ခချုပ်ဆရာတော်များ ဦးဆောင် တော်မူသည့် ပညာရေး နှင့် အုပ်ချုပ်ရေး အဖွဲ့...
30/06/2026

ပညာဘူမိတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒုတိယ ပါမောက္ခချုပ်ဆရာတော်များ ဦးဆောင် တော်မူသည့် ပညာရေး နှင့် အုပ်ချုပ်ရေး အဖွဲ့ ဆရာတော် သံဃာတော်များ၊ စာစစ် အဖွဲ့ ဝင်များ ပြုလုပ်သည့် ဆောင်ရွက်ရမည့် တက္ကသိုလ် ဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် အစည်းအဝေး မှတ်တမ်းဓာတ်ပုံများကိုဖေါ်ပြအပ်ပါသည်။

ပညာဘူမိတက္ကသိုလ် သုတဓမ္မစာမေးပွဲ  B.A အတန်း၊ ဒီပလိုမာ အတန်း များ နှင့် စပ်လျဉ်း၍ တက္ကသိုလ် အဓိပတိဆရာတော်ကြီးချမှတ်ထားရှိ...
29/06/2026

ပညာဘူမိတက္ကသိုလ် သုတဓမ္မစာမေးပွဲ B.A အတန်း၊ ဒီပလိုမာ အတန်း များ နှင့် စပ်လျဉ်း၍ တက္ကသိုလ် အဓိပတိဆရာတော်ကြီးချမှတ်ထားရှိသည့် တက္ကသိုလ်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် Feedback ကောက်ယူခြင်း ကို UWL Feeback Form မှတဆင့်ပြုလုပ်နိုင်ပါသည်။

Link: qr.link/eh0i3z မှတဆင့် (သို့)ပုံပေါ် မှာပါရှိတဲ့ QR code ကို မိမိတို့ လက်ကိုင်ဖုန်းအတွင်းထည့်သွင်း၍ စက္ကန့် အနည်းငယ် လက်ဖြင့် ဖိထားခြင်း နည်းလမ်း ကိုအသုံးပြု၍ Feedback Form သို့ ဝင်ရာက်နိုင်ပါသည်။

စာမေးပွဲအတွက်လေ့လာကျက်မှတ်ရင်း တိုးတက်လာသည့် အချက်အလက်များ၊ အသိဉာဏ်များ၊ ဆရာတော်ကြီးထံလျှောက်ထားလိုသည်များ ရှိလျှင်ဖေါ်ပြပါ။
သုတဓမ္မ B.A အတန်း နှင့် ဒီပလိုမာ အတန်း စာမေးပွဲများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သည်ထက် ကောင်းအောင်ဆောင်ရွက်နိုင်ရန် အလို့ဌာ ဖြေဆိုသူများ၊ ဖြေဆိုရန် ပြင်ဆင်နေသူများမှ အတွေ့အကြုံ/မှတ်ချက်/ အကြံပြုချက်များရှိပါက ပေးပို့နိုင်ပါသည်။
(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)

Address

Yangon-Mandalay Express Highway, 7/6 Mile
Hlegu
11375

Alerts

Be the first to know and let us send you an email when University of Wisdom Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to University of Wisdom Land:

Shortcuts

Share