Rising Stars Preschool

Rising Stars Preschool Learning center

28/04/2026

🌟 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အတန်းသစ်ဖွင့်လှစ်ခြင်း 🌟

👶 Toddler Class (အသက် ၂ - ၃ နှစ်အရွယ် ကလေးများအတွက်)
သင့်သားသား၊ မီးမီးတို့ရဲ့ ပထမဆုံး သင်ကြားရေးခရီးစဉ်ကို အကောင်းဆုံး စတင်လိုက်ပါစို့ 💛

📚 ပျော်ရွှင်စရာကောင်းတဲ့ သင်ကြားမှုများ
🎨 ဖန်တီးမှုတိုးတက်စေသော လှုပ်ရှားမှုများ
🧠 ဉာဏ်ရည်ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် သင်ခန်းစာများ

✨ အတန်းသစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီ ✨
စိတ်ဝင်စားသော မေမေ၊ ဖေဖေများအနေဖြင့် လာရောက် စုံစမ်းမေးမြန်း၍ အပ်နှံနိုင်ပါသည်။

🏫 Rising Stars Preschool

📞 ဆက်သွယ်ရန် – (09940630009, 09428862186, 09259684714, )
📍 တည်နေရာ – (တန်းမကြီးလမ်း၊ ဇီးပင်ဝဲ၊ လှည်းကူး)

👉 ယနေ့ပဲ လာရောက် စုံစမ်းပြီး သင့်ကလေးအတွက် အကောင်းဆုံး အနာဂတ်ကို စတင်ပေးလိုက်ပါ!

RisingStars Preschool မှ April လမွေးနေ့ရှင် HAPPY 5th BIRTHDAY, Our Dear Gracy Cang Mai 🎂🍰GOD BLESS YOU!🙏   💒
27/04/2026

RisingStars Preschool မှ April လမွေးနေ့ရှင် HAPPY 5th BIRTHDAY,
Our Dear Gracy Cang Mai 🎂🍰
GOD BLESS YOU!🙏



💒

သဘာဝပတ်ဝန်းကျင်မှာ တွေ့မြင်နေရသောအကောင်လေးများ အကြောင်း လေ့လာသင်ယူရင်း🦋🐞
24/04/2026

သဘာဝပတ်ဝန်းကျင်မှာ တွေ့မြင်နေရသောအကောင်လေးများ အကြောင်း လေ့လာသင်ယူရင်း🦋🐞


အတာသင်္ကြန် 💦
22/04/2026

အတာသင်္ကြန် 💦

RisingStars Preschool မှ April လမွေးနေ့ရှင် HAPPY 4th BIRTHDAY, Our Dear April Shwe Zin 🎂🍰GOD BLESS YOU!🙏   💒
22/04/2026

RisingStars Preschool မှ April လမွေးနေ့ရှင် HAPPY 4th BIRTHDAY,
Our Dear April Shwe Zin 🎂🍰
GOD BLESS YOU!🙏



💒

( နေ )အကြောင်းကိုအသေးစိတ်လေ့လာကြခြင်း
03/03/2026

( နေ )အကြောင်းကိုအသေးစိတ်လေ့လာကြခြင်း

Our Beautiful World!!🌍
27/02/2026

Our Beautiful World!!🌍

Our World 🌏မှော်ဘီကျောင်းခွဲ့မှသားသားမီးမီးများရဲ့ဖန်တီးထားမှုလေးတွေပါ😍
25/02/2026

Our World 🌏
မှော်ဘီကျောင်းခွဲ့မှသားသားမီးမီးများရဲ့
ဖန်တီးထားမှုလေးတွေပါ😍



25/02/2026

“မူကြိုဆိုတာ စာသင်တဲ့နေရာမဟုတ်ပါဘူး”

ဖေဖေမေမေတို့ရေ

မူကြိုဆိုတာ
ကခ အော်ဆိုတဲ့နေရာမဟုတ်ပါ
A B C သင်ပေးတဲ့နေရာမဟုတ်ပါဘူး။
၁ ၂ ၃ ရေတွက်သင်ပေးတဲ့နေရာလည်း မဟုတ်ပါဘူး။

မူကြိုဆိုတာ
ကလေးရဲ့ ဘဝအတွက် အခြေခံဖွံ့ဖြိုးမှုတွေကိုတည်ဆောက်ပျိုးထောင်ပေးတဲ့နေရာပါ။

မိဘတချို့က မေးကြတယ် —
“စာမသင်ရင် ဘာသင်လဲ?” လို့။

ဒီမှာ အရေးကြီးတာက
မူကြိုက စာထက် အရေးကြီးတဲ့ အရာတွေ သင်ပေးနေတယ် ဆိုတာ နညးလည်ရပါမယ်



လူမှုရေးဖွံ့ဖြိုးမှု (Social Development)

ကလေးက
မျှဝေတတ်လာတယ်။
စောင့်ဆိုင်းတတ်လာတယ်။
မိတ်ဆွေဖွဲ့တတ်လာတယ်။

ဒါတွေဟာ
စာအုပ်ထဲမှာ မရှိတဲ့ သင်ခန်းစာတွေပါ။



စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)

ကလေးက
ဒေါသကို ထိန်းချုပ်တတ်လာတယ်။
ကြောက်ရွံ့မှုကို ပြောပြတတ်လာတယ်။
အောင်မြင်မှုနဲ့ အရှုံးကို လက်ခံတတ်လာတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု မရှိရင်
စာတတ်တာတောင် အကျိုးမရှိပါဘူး။



ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Physical Development)

ပုံဆွဲခြင်း
ကတ်ကြေးညှပ်ခြင်း
ကစားခြင်း
ခုန်ခြင်း
ပြေးခြင်း စတဲ့
ဒီလှုပ်ရှားမှုတွေက
လက်ချောင်းအသေးစားကြွက်သား (Fine Motor)
ကိုယ်ခန္ဓာကြီးထွားကြွက်သား (Gross Motor)
ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။

စာရေးနိုင်ဖို့အတွက်
ပထမဆုံး လက်ကို ခိုင်မာအောင် လေ့ကျင့်ရပါတယ်။



ဘာသာစကားဖွံ့ဖြိုးမှု (Language Development)

မူကြိုမှာ
ပုံပြင်နားထောင်တယ်
စကားတွေပြောကြတယ်
သီချင်းနားထောင်ကြတယ်
မေးခွန်းမေးတတ်လာတယ်
ဒီလို လေ့ကျင့်မှုတွေကြောင့်
နောက်ပိုင်း စာဖတ်၊ စာရေး လွယ်ကူလာပါတယ်။



ဖန်တီးနိုင်စွမ်း (Creativity)

မူကြိုမှာ ကလေးကို မှားနေတယ်လို့ မပြောကြဘူး။ အပြစ်မတင်ကြဘူး

ကလေးရဲ့ အတွေးအမြင်ကို
အကန့်အသတ်မထားဘူး။

ဒါကြောင့်
စိတ်ကူးယဉ်နိုင်စွမ်း
ဖန်တီးနိုင်စွမ်း
ပြဿနာဖြေရှင်းနိုင်စွမ်း
တိုးတက်လာတယ်။



အရေးကြီးဆုံး ပြောချင်တာ

မူကြိုက
စာအတွက် ပြင်ဆင်တာမဟုတ်ပါဘူး။

ဘဝအတွက် ပြင်ဆင်တာပါ။

စာသင်ခြင်းကို အမြန်လုပ်ချင်လို့ စာတတ်ချင်လို့ဆိုပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ကျော်မသွားပါနဲ့။

အခြေခံမခိုင်ရင်
အဆောက်အဦး မတည်မြဲနိုင်ပါဘူး။

မူကြိုက
စာတတ်စေဖို့ထက်
လူကောင်းတစ်ယောက်ဖြစ်ဖို့
အခြေခံတည်ဆောက်ပေးနေတဲ့ အဆင့်ပါ။

ဖေဖေမေမေတို့ရေ
ကလေးကို စာထက် အသက်အလိုက်ဖွံ့ဖြိုးမှုကို ဦးစားပေးပါ။

စာက နောက်မှ လိုက်လာပါလိမ့်မယ်။
ဖွံ့ဖြိုးမှုက မစောင့်နေဘူးနော်

ဒါကြောင့်
မူကြိုကို စာသင်ကျောင်းလို့ မမြင်ပါနဲ့။
ဘဝအခြေခံတည်ဆောက်ရာနေရာလို့ မြင်ပါ။

ကလေးအတွက်
မှန်ကန်တဲ့ ချစ်ခြင်းနဲ့ ပျိုးထောင်ပေးတဲ့ မျှော်မှန်းချက် ရှိပါစေ။

ပန်းဝတ်ရည်ဇော်ချင်း

RisingStars Preschool မှ"February" လမွေးနေ့ရှင် Happy 6th Birthday , Our Dear Hsu Eaindra Kyaw🎂🎊🎉God bless you more and ...
25/02/2026

RisingStars Preschool မှ
"February" လမွေးနေ့ရှင် Happy 6th Birthday , Our Dear Hsu Eaindra Kyaw🎂🎊🎉

God bless you more and more.😇😇


ကိုးရီးယားမှလာသောကိုကိုမမများနဲ့သားသားမီးမီးတို့ရဲ့လှုပ်ရှားမှု❤️
19/02/2026

ကိုးရီးယားမှလာသောကိုကိုမမများနဲ့သားသားမီးမီးတို့ရဲ့လှုပ်ရှားမှု❤️

Address

Shwe In Gin Lane (ရွှေအင်ကြင်းလမ်း/ဇီးပင်ဝဲရွာလယ်လမ်းမ) Zi Pin Wel, Hlegu Township လှည်းကူးမြို့
Hlegu
0000

Telephone

+959428862186

Website

Alerts

Be the first to know and let us send you an email when Rising Stars Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Rising Stars Preschool:

Shortcuts

Share

Category