Future English Language Centre

Future English Language Centre

Share

💜 Learn Today, Lead Tomorrow 💛 The classes and corporate English trainings we currently offer are;

1. Communicative English
2. General English
3.

We provide excellent corporate English trainings and English Language classes (in group or individual) with qualified and experienced English Instructors. Business English
4. Young Learners English (Summer & Regular classes)
5. Cambridge Exam Preparation (Young Learners; Starters, Movers, Flyers, KET, PET, FCE)
6. Reading and Writing special course (Young Learners)
7. High School Grammar courses
8

23/08/2026

💜⭐️Future ELC တွင် ဖွင့်လှစ်ထားသော 4-Skills အတန်းများမှ သားသား/မီးမီးများရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် Speaking Project Video များကို ပြန်လည်မျှဝေပေးလိုက်ရပါသည်။ ⭐️💜

🎓သားသား/မီးမီးတို့ရဲ့ လေ့လာသင်ယူမှုများကို ပြန်လည်စစ်ဆေးခြင်းများထဲက အစိတ်အပိုင်းတစ်ခုအနေဖြင့် Speaking Project videos များကို အတန်းလိုက် အလှည့်ကျ ဆောင်ရွက်ရပြီး ယခုလို Speaking Project Videos များ ဆောင်ရွက်ရသဖြင့် ကလေးများရဲ့ လေ့လာသင်ယူထားမှုများကို ပြန်လည် အသုံးချနိုင်စွမ်း၊ တင်ဆက်မှုစွမ်းရည်များ တိုးတက်လာစေခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာစေခြင်းအပြင် ကလေးများအတွက် အခုလို Video လေးများကို အတူတူ ရိုက်ကူးပေးကြတဲ့ မိသားစုဝင်များနှင့် သားသားမီးမီးတို့ကြားထဲ ရင်းနှီးမှုလည်း ပိုတိုးလာစေပါတယ်။👩‍🎓🧑‍🎓

📌ကျောင်းသားများနဲ့ အုပ်ထိန်းသူများရဲ့ ခွင့်ပြုချက်အရ ယခု Video ကို အသုံးပြုပါသည်။📌






23/08/2026

ကလေးတွေ အင်္ဂလိပ်စာရေးတဲ့အခါ Idea တွေ မထွက်လာဘဲ အမှားတွေများနေလို့ စိတ်ညစ်နေရတဲ့ ဖေဖေ၊ မေမေများအတွက်... 😫✍️

ဘာသာစကားတစ်ခုကို ကျွမ်းကျင်လာဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမျိုး မဟုတ်ဘဲ နေ့စဉ်ပုံမှန် လေ့ကျင့်ယူရတဲ့ ခရီးလမ်းတစ်ခု ဖြစ်ပါတယ်။ 🛣

ဒါကြောင့် ကလေးတွေကို အချိန်တိုအတွင်း အပြည့်စုံဆုံးဖြစ်ဖို့ ဖိအားပေးတာထက် ဘယ်လိုနည်းလမ်းတွေနဲ့ အားပေးကူညီရမလဲဆိုတာကို ဒီဗီဒီယိုလေးထဲမှာ ကြည့်လိုက်ရအောင်... 💜💛

ဒီဗီဒီယိုလေးက ဖေဖေ၊ မေမေတွေအတွက် အကျိုးရှိမယ်ဆိုရင် Like & Share လုပ်ပြီး မျှဝေပေးသွားပါဦးနော် 👇

22/08/2026

🔥 တက္ကသိုလ်ဘွဲ့တစ်ခုတည်းနဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ခက်ခဲလာတဲ့ ခေတ်မှာ... သင့်ရဲ့ Professional Value ကော ဘယ်လောက်အထိ မြင့်တက်နေပြီလဲ?

လုပ်ငန်းခွင်မှာ Leader တစ်ယောက်အဖြစ် ဦးဆောင်ရတော့မယ့်အချိန်၊ ဒါမှမဟုတ် Global Career နဲ့ နိုင်ငံတကာ အခွင့်အရေးတွေကို လှမ်းကိုင်ရတော့မယ့်အချိန်မှာ Basic English လောက်နဲ့တင် ကျေနပ်နေလို့ မရတော့ပါဘူး။

💡 "Fluency သက်သက်မဟုတ်ဘဲ ခေတ်မီဆန်းပြားတဲ့ Business & Academic Vocabulary၊ Critical Thinking နဲ့ Confidence အပြည့်ရှိတဲ့ Presentation Skills တွေ ပိုင်ဆိုင်ထားသူတွေသာ တခြားသူတွေထက် သာလွန်တဲ့ အခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်။"

သင့်ရဲ့ English Level ကို Standard တစ်ခုဆီ မြှင့်တင်ပြီး လူအများအလယ်မှာ ယုံကြည်မှုရှိရှိ ရပ်တည်နိုင်ဖို့... Future ELC ရဲ့ 4-Skills for Adults (Intermediate Level) အတန်းသစ်ကို လာမယ့် September 16 ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

💫 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

လုပ်ငန်းခွင်ဝင်နေသူများ (Working Professionals): နိုင်ငံတကာကုမ္ပဏီများနှင့် ချိတ်ဆက်ရာတွင် Professional Email Writing, Negotiation Skills နှင့် Effective Communication များကို ကျွမ်းကျင်စွာ အသုံးပြုလိုသူများ။

တက္ကသိုလ်ကျောင်းသား/သူများ (University Students): Academic Presentations, Thesis/Research Writing နှင့် Global Academic Opportunities များကို အပြည့်အဝ အသုံးချလိုသူများ။

Level Up လိုသူများ: Pre-Intermediate အဆင့်ကို ကျော်လွန်ပြီး သွက်လက်ပြေပြစ်စွာ အဓိပ္ပာယ်ပြည့်ဝစွာ ဆက်သွယ်ပြောဆိုလိုသူများ။

✨ Future ELC ရဲ့ Intermediate Class မှာ ဘာတွေသင်ယူနိုင်မှာလဲ?

Elevate Your Expression: ရိုးစင်းတဲ့ အသုံးအနှုန်းတွေကနေ တစ်ဆင့်မြှင့်ပြီး Native Speakers တွေ သုံးလေ့ရှိတဲ့ Idiomatic Expressions, Phrasal Verbs နဲ့ Advanced Vocabulary များကို လက်တွေ့ကျကျ အသုံးချနိုင်လာမည်။

Dynamic & Interactive Sessions: သီအိုရီသက်သက်မဟုတ်ဘဲ Real-world Scenarios တွေအပေါ် အခြေခံထားတဲ့ Case Studies, Debates နဲ့ Professional Role-plays တွေပါဝင်လို့ လက်တွေ့လုပ်ငန်းခွင်နဲ့ ပညာရေးနယ်ပယ်မှာ ချက်ချင်းအသုံးချနိုင်မည်။

Bridge to Success: Global Career Opportunities တွေ၊ Scholarship တွေနဲ့ Multinational Workplace ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ Unique Voice ကို ပုံဖော်နိုင်ဖို့ အကောင်းဆုံး တွန်းအားပေးပါမည်။

🌟 Future ELC ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ? (Why Choose Us?)

⏱️ Guaranteed Hours: Level တစ်ခုချင်းစီအလိုက် သတ်မှတ်ထားသည့် Cambridge Study Hours ပြည့်မီအောင် အပြည့်အဝ တာဝန်ယူ သင်ကြားပေးခြင်း။

🎯 Personalized Feedback: သင်တန်းမအပ်ခင် Academic Heads ကိုယ်တိုင် Level Test စစ်ဆေးပေးပြီး မိမိနှင့် အကိုက်ညီဆုံး အတန်းကို ရွေးချယ်ပေးခြင်း။

🤝 Full Support Team: Tr. တွေ၊ Classmates တွေနဲ့ အမြဲမပြတ် ဆွေးနွေးနိုင်မယ့် Telegram Group အပြင် အချိန်နဲ့တစ်ပြေးညီ ကူညီပေးမယ့် Student Service Coordinator များ ရှိခြင်း။

📅 Course Details

📖 Course Name: 4-Skills for Adults (Intermediate Level)

📅 Start Date: 16th September, 2026

⏰ Time: Wed, Thurs & Fri (8:30 PM to 10:00 PM)

💰 Course Fees: 450,000 MMK
(All-in-one package: သင်တန်းကြေးထဲတွင် သင်ရိုးစာအုပ်၊ Note စာအုပ်နှင့် E-certificate အားလုံး ပါဝင်ပြီးသားဖြစ်၍ ထပ်မံကုန်ကျစရာ မလိုပါ။)

📞 Contact Us Now!

အတန်းအသေးစိတ်ကို (မနက် ၈:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအတွင်း) အောက်ပါ Link နှင့် ဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်သလို Campus များသို့လည်း လူကိုယ်တိုင် လာရောက်လေ့လာနိုင်ပါသည်။

📩 Page Messenger: m.me/FutureELC

☎️ Hotlines: 09 945 000 776, 09 2500 30 814

🏫 Campus Addresses:

Centre - 1 (လှိုင်): No. C4၊ သဇင်လမ်း၊ လှိုင်ရတနာလုံးချင်းအိမ်ရာ၊ လှိုင်မြို့နယ်။
(☎️ 09 885 400 776)

Centre - 2 (မြောက်ဥက္ကလာ): အမှတ် - ၂၉၈(က)၊ မြေညီထပ်၊ ခေမာသီလမ်းမကြီး၊ (ရုံးသစ်မှတ်တိုင်၊ ဝေပုလ္လအိမ်ရာ မျက်စောင်းထိုး)၊ မြောက်ဥက္ကလာပမြို့နယ်။
(☎️ 09 943 000 776)

22/08/2026

Future ELC မှာ တက်ရောက်ပြီးနောက်ပိုင်း ကလေးတွေရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး မိဘတွေ ဘာတွေပြောခဲ့လဲ? 🤔

Future ELC မှာ တက်ရောက်ရင်းနဲ့ သိသိသာသာ တိုးတက်ပြောင်းလဲလာတဲ့ ကလေးတိုရဲ့ ရလဒ်တွေ၊ Future ELC အပေါ် ထားရှိတဲ့ မိဘတွေရဲ့ ယုံကြည်မှုနဲ့ ရင်တွင်းစကားသံတွေကို ဒီ Interview Video လေးမှာ အတူတူ ကြည့်ရှုနားဆင်ပေးပါဦးနော်။ 🗣💜

🙏 မိဘများရဲ့ အတွေးအမြင်တွေဟာ Future ELC အတွက် များစွာ အထောက်အကူပြုစေနိုင်တာကြောင့် အချိန်ပေးပြီး အမှတ်တရစကား ပြောပေးခဲ့ကြတဲ့ မိဘများနှင့် ကျောင်းသား/သူလေးများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏

21/08/2026

💡 "ဒီအတန်းတက်ပြီးရင် Advanced Level အထိ ရောက်သွားမှာလား..."
လို့ မကြာခဏ မေးနေကြတဲ့ Future Stars လေးတွေ ရှိလား။ 🤔

🌱 ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ
"Success doesn't come from what you do occasionally, it comes from what you do consistently."

ဆိုတဲ့အတိုင်း အောင်မြင်မှုဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

နေ့စဉ် လုပ်ဆောင်နေတဲ့ သေးငယ်တဲ့ ကြိုးစားမှုတွေရဲ့ ပေါင်းစုထားတဲ့ ရလဒ်တစ်ခုပါ။

အတန်းတစ်တန်းတက်လိုက်ရုံ၊ နှစ်လလောက် အားထုတ်လိုက်ရုံနဲ့ English စာ ကျွမ်းကျင်သွားဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ တဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ ခရီးစဉ်လေးတစ်ခုပါ။

📚 ဒီတော့ Advanced Level အထိရောက်အောင် ဘယ်လိုလုပ်ရမလဲ?

တစ်လလောက် အပြင်းအထန်ကြိုးစားပြီး ရပ်ပစ်လိုက်မယ့်အစား -

တစ်နေ့ကို စာလုံးအသစ် (၅) လုံးပဲ မှတ်မှတ်၊

English လို ဗီဒီယိုအတိုလေး တစ်ပုဒ်ပဲ ကြည့်ကြည့်၊
ကိုယ်တတ်ထားတာလေးကို နေ့စဉ် လက်တွေ့သုံးဖြစ်အောင် လုပ်နေဖို့က ပိုအရေးကြီးပါတယ်။

နေ့စဉ် သေးငယ်တဲ့ ခြေလှမ်းလေးတွေ ကို တစိုက်မတ်မတ် ဆက်လုပ်သွားတာကသာ ရေရှည်မှာ အကြီးမားဆုံး အပြောင်းအလဲကို ဖြစ်စေပြီး တကယ် တတ်မြောက်စေမှာ ဖြစ်ပါတယ်။ 💜

🎯 ကျွမ်းကျင်မှုအသစ်တစ်ခုခု သင်ယူတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝတိုးတက်ဖို့ လုပ်ဆောင်နေတာတွေမှာပဲဖြစ်ဖြစ် ပန်းတိုင်ကြီးကို တစ်ချီတည်းနဲ့ ရောက်အောင်လုပ်ဖို့ထက် နေ့စဉ် ၁% လောက် ပိုကောင်းလာအောင် ကြိုးစားတဲ့ အလေ့အထလေးက အောင်မြင်မှုရဲ့ စစ်မှန်တဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ် Future Stars လေးတို့ရေ။

👇 "English စာ တစ်လလောက် တက်လိုက်ရင် Native တွေနဲ့ ကျွမ်းကျင်စွာပြောနိုင်မှာလား" လို့ မေးဖူးတဲ့ သူငယ်ချင်းတွေကို Mention ခေါ်ပြီး ဒီပို့စ်လေးကို မျှဝေပေးလိုက်ပါဦးနော်။

Photos from Future English Language Centre's post 20/08/2026

"ကျောင်းမှာ စာမေးပွဲဖြေရုံ မဟုတ်ဘဲ၊ ပြင်ပမှာ တကယ် စကားပြောရဲ၊ အသုံးချရဲတဲ့ Cambridge အဆင့်မီ English Skill ကို သားသားမီးမီးတို့ ငယ်စဉ်ကတည်းက ပိုင်ဆိုင်စေချင်ပါသလား?" 👧👦

ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အရှိန်အဟုန်အမြင့်ဆုံး အသက်အရွယ်မှာ အင်္ဂလိပ်စာကို ဖိအားပေး အလွတ်ကျက်ခိုင်းမည့်အစား Activities-Based & Play-Based Learning စနစ်ဖြင့် ပျော်ရွှင်စွာ သင်ယူနိုင်ဖို့ FutureELC ရဲ့ (4-Skills Online Class) မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ ✨

🌟 Future ELC ရဲ့ 4-Skills (Online Class) မှာ ဘာတွေ သင်ယူရရှိမှာလဲ?

✅ စကားပြောရဲတဲ့ Confidence: မှားမှာကြောက်သည့် စိတ်ကို ဖျောက်ဖျက်ပေးပြီး ကလေးများ ကိုယ်တိုင် ပါဝင်လှုပ်ရှားရသည့် သင်ကြားမှုစနစ်များကြောင့် မိခင်ဘာသာစကားကဲ့သို့ ယုံကြည်မှုရှိရှိ ပြောဆိုလာနိုင်မည်။

✅ နိုင်ငံတကာအဆင့်မီ သင်ရိုး: နိုင်ငံတကာ ကျောင်းသားများနှင့် ရင်ဘောင်တန်းနိုင်စေရန် တရားဝင် Cambridge Curriculum ကို အခြေခံ၍ စနစ်တကျ သင်ကြားပေးခြင်း။

✅ တစ်ဦးချင်းစီ၏ Progress ကို အနီးကပ် စောင့်ကြည့်ပေးခြင်း: သင်တန်းကာလ တစ်ဝက်ရောက်တိုင်း ဆရာ/ဆရာမများနှင့် မိဘများ တစ်ဦးချင်းစီ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသည့် (Parent-Teacher Meeting) အချိန်ဇယား ပါဝင်သဖြင့် ကလေး၏ တိုးတက်မှုကို မျက်ခြည်မပြတ် သိရှိနိုင်ခြင်း။

✅ Leadership & Social Skills တိုးတက်စေခြင်း: စာတွေ့တင်မကဘဲ Club Activities များ၊ စိန်ခေါ်မှု အစီအစဉ်များနှင့် Volunteer အခွင့်အရေးများပါ ပါဝင်သဖြင့် ပေါင်းသင်းဆက်ဆံရေးနှင့် ခေါင်းဆောင်မှုစွမ်းရည်များပါ ထက်မြက်လာမည်။

📅 အတန်းအချိန်စာရင်း

တက်ရောက်နိုင်သည့် အသက်အရွယ် - အသက် (၄) နှစ်ဝန်းကျင်မှ စတင်တက်ရောက်နိုင်ပါသည် (Foundation to Level 7) 👧👦

စတင်မည့်ရက် - ၁၈ ရက်၊ စက်တင်ဘာလ

သင်တန်းရက် - ကြာသပတေး နှင့် သောကြာနေ့

သင်တန်းချိန် - ညနေ ၆ နာရီ မှ ၈ နာရီအထိ

သင်တန်းကာလ - Foundation to Level 6 အတန်းများအတွက် level တစ်ခုကို (၆) လ ကြာမြင့်မည်ဖြစ်ပြီး၊

Level 7 တွင်မူ စုစုပေါင်း (၁၂) လ ကြာမြင့်မည်ဖြစ်ပါသည်။

💳 သင်တန်းကြေးနှင့် ပေးသွင်းရန် စနစ်များ

Foundation, Level 1 & 2 - တစ်လလျှင် (၈) သောင်းကျပ်
Level 3 & 4 - တစ်လလျှင် (၈) သောင်း (၅) ထောင်ကျပ်
Level 5, 6 & 7 - တစ်လလျှင် (၉) သောင်းကျပ်

Payment Plan: Foundation to Level 6 အတွက် သင်တန်းကြေးကို (၃) လတစ်ကြိမ်၊ Level 7 အတွက် သင်တန်းကြေးကို (၆) လ တစ်ကြိမ် အရစ်ကျ (Installment Plan) စနစ်ဖြင့်လည်း အဆင်ပြေစွာ ပေးသွင်းနိုင်ပါသည်။

🎁 Special Promotion

Level 7 အတန်းအတွက် သင်တန်းကြေး အပြည့် (သို့မဟုတ်) နှစ်ကြိမ်ခွဲသွင်းသူများအတွက် ကျပ် ၂၀,၀၀၀ မှ ၈၀,၀၀၀ အထိ Cash Back ပြန်လည်ခံစားခွင့်များ ရှိပါသည်။

"ဒါ့ကြောင့် မိမိကလေးငယ်တို့၏ အင်္ဂလိပ်စာစွမ်းရည်ကို အရှိန်မြှင့်တင်ပြီး အနာဂတ်အတွက် အုတ်မြစ်ခိုင်လာစေဖို့ နဲ့အတူ အခုပဲ စတင်လိုက်ပါ" 🚀

📝 ကျောင်းသားသစ်များ အားလုံးအတွက် ကလေး၏ လက်ရှိ English Level ကို တိတိကျကျ သိရှိနိုင်ရန် Placement Test ဖြေဆိုရမည်ဖြစ်ပါသည်။ 📝

🙋 အတန်းလိုက် သင်တန်းကြေးများ ကွာခြားမှုရှိပါ၍ သင်တန်းကြေး နှင့် သင်တန်းအကြောင်း အသေးစိတ်ကို ရုံးဖွင့်ချိန် မနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီခွဲအတွင်း

Page Messenger👉m.me/FutureELC
(သို့မဟုတ်)
ကျောင်းရုံးဖုန်းများဖြစ်သော

☎️09 2500 30 814
☎️09 694 400 776
☎️09 945 000 776 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို

🏫 Centre - 1
No.(C4)၊ သဇင်လမ်း၊ လှိုင်ရတနာလုံးချင်းအိမ်ရာ၊ လှိုင်မြို့နယ်။
☎️09 885 400 776

🏫 Centre - 2
အမှတ် - ၂၉၈(က)၊ မြေညီထပ်၊ ခေမာသီလမ်းမကြီး၊ (ရုံးသစ်မှတ်တိုင်၊ ဝေပုလ္လအိမ်ရာ မျက်စောင်းထိုး)၊ မြောက်ဥက္ကလာပမြို့နယ်။
☎️09 943 000 776 သို့လည်း လူကိုယ်တိုင်လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

20/08/2026

ခြေလှမ်းတိုင်းမှာ အပြုံးတွေနဲ့ သင်ယူနေကြတဲ့ Future Stars လေးတွေရဲ့ ရွှင်လန်းတက်ကြွတဲ့ Activities ပုံရိပ်လေးများ... 💜✨

အမှားတွေကို ကြောက်မနေဘဲ အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ဖို့နဲ့ ပန်းတိုင်ဆီ စိတ်ရှည်လက်ရှည် အတူတူ လျှောက်လှမ်းသွားဖို့ Future ELC က အမြဲရှိနေပါတယ်။ 🎓🌟

19/08/2026

⚠️ နားလည်ထားတာ မှားနေမှန်း ကိုယ်တိုင်တောင် မသိလိုက်ဘဲ သုံးနေမိတဲ့ အင်္ဂလိပ်စာလုံးတွေ ရှိနေသလား❓

စာလုံး ကြည့်လိုက်ရင်လည်း တူသလိုလို၊ အသံထွက်ရင်လည်း ဆင်သလိုလိုနဲ့ အဓိပ္ပာယ်က လုံးဝပြောင်းပြန်ဖြစ်နေတဲ့ "False Friends" စကားလုံးတွေအကြောင်း သေချာသိထားကြရဲ့လား?

ဘာသာစကား လေ့လာနေသူတိုင်း အဓိပ္ပာယ်လွဲမှားမှု မဖြစ်ရအောင် ဥပမာလေးတွေနဲ့ သေချာ ရှင်းပြပေးထားတာမို့ ဗဟုသုတရဖို့ Video လေးကို အဆုံးထိ ကြည့်လိုက်ကြရအောင်။ 👇

💡 ကိုယ်တိုင်ရော အင်္ဂလိပ်စကားပြောရင်း အဓိပ္ပာယ်လွဲသွားလို့ ရယ်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ရှိဖူးလား? ရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်! 💜

18/08/2026

အင်္ဂလိပ်စာ သဒ္ဒါ (Grammar) လေ့လာတဲ့အခါ ရောထွေးတတ်ပြီး လူအများစု မှားတတ်တဲ့ စကားလုံး နှစ်လုံး ရှိပါတယ်။ အဲဒါတွေကတော့ "Who" နဲ့ "Whom" တို့ပဲ ဖြစ်ပါတယ်။ 🧐

စာမေးပွဲတွေမှာရော နေ့စဉ်သုံး အင်္ဂလိပ်စကားပြောမှာပါ ဒီနှစ်လုံးကို ဘယ်နေရာမှာ ဘယ်လိုသုံးရမှန်း ရှုပ်ထွေးနေတတ်ကြပါတယ်။ 😵

🔍
Who: ဝါကျတစ်ခုမှာ အလုပ်လုပ်သူ / ပြုလုပ်သူ (Subject) နေရာမှာ သုံးပါတယ်။ (ဥပမာ - Who is calling you?)

Whom: ဝါကျတစ်ခုမှာ အလုပ်ခံရသူ / ကံပုဒ် (Object) နေရာမှာ သုံးပါတယ်။ (ဥပမာ - To whom did you speak?)

🧩 ကဲ...ဒါဆိုရင်
အောက်က ဝါကျရဲ့ ကွက်လပ်ထဲ (Blanks) မှာ "Who" လား၊ "Whom" လား ဘယ်ဟာက အမှန်ဆုံးဖြစ်မလဲ စဉ်းစားပြီး ဖြေပေးကြပါဦးနော် 👇

Question:

"_______ did you invite to your birthday party yesterday?"
(မနေ့က မင်းရဲ့မွေးနေ့ပွဲကို ဘယ်သူ့ကို ဖိတ်ခဲ့တာလဲ?)

သားသား၊ မီးမီးတို့နဲ့ ဖေဖေ၊ မေမေတို့ရေမှန်ကန်တဲ့အဖြေလေးကို အကြောင်းပြချက်လေးနဲ့တကွ Comment မှာ ဝင်ရောက်ဖြေဆိုပေးသွားကြပါဦးနော်! ဘယ်သူတွေ အမှန်ဆုံး ဖြေနိုင်မလဲဆိုတာ စောင့်မျှော်နေပါတယ် 🌟

17/08/2026

IELTS Writing မှာ Vocabulary အသုံးပြုပုံကို “Lexical Resource” ဆိုတဲ့ အကဲဖြတ်မှုအပိုင်းတစ်ခုအနေနဲ့ စစ်ဆေးပါတယ်။

IELTS ရဲ့ Official Writing Band Descriptors အရ Vocabulary ကို အကဲဖြတ်တဲ့အခါ စကားလုံးတွေ ခက်မခက်တစ်ခုတည်းကို မကြည့်ဘဲ—

🔸 ကိုယ်ပြောချင်တဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီတဲ့ စကားလုံးကို ရွေးနိုင်လား
🔸 သင့်တော်တဲ့နေရာမှာ မှန်မှန်ကန်ကန် သုံးနိုင်လား
🔸 ကိုယ့်ရဲ့ Idea ကို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ဖော်ပြနိုင်လား
🔸 စကားလုံးတွေကို သဘာဝကျကျ တွဲဖက်အသုံးပြုနိုင်လား

ဆိုတာတွေကို ထည့်သွင်းစဉ်းစားပါတယ်။

အထူးသဖြင့် Higher Band တွေမှာ Vocabulary ကို flexibly, precisely, appropriately အသုံးချနိုင်ခြင်းကို အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ ဖော်ပြထားပါတယ်။

ဒါကြောင့် IELTS Writing လေ့ကျင့်တဲ့အခါ ခက်တဲ့ Vocabulary တွေကို အလွတ်ကျက်ဖို့ထက်၊ သိထားတဲ့ Vocabulary ကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမလဲဆိုတာ လေ့ကျင့်ဖို့က ပိုအရေးကြီးပါတယ်။ 💜

Future ELC မှာလည်း IELTS Foundation နဲ့ IELTS Preparation အတန်းတွေကို လစဉ်ဖွင့်လှစ်ပေးနေပြီး၊ Vocabulary ကို အလွတ်ကျက်ရုံမဟုတ်ဘဲ လက်တွေ့အသုံးချနိုင်ဖို့နဲ့ ကိုယ့်ရဲ့ Ideas တွေကို ရှင်းလင်းတိကျစွာ ဖော်ပြနိုင်ဖို့ လေ့ကျင့်ပေးနေပါတယ်။ 💜

Want your school to be the top-listed School/college in Hlaing?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Hlaing Yadanar Housing, Thazin Street
Hlaing
11051

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00