秋-aki japanese language school

秋-aki japanese language school

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 秋-aki japanese language school, School, park Street, Hlaing.

Photos from 秋-aki japanese language school's post 29/06/2024

N3(try) စာအုပ်ရဲ့ grammars note လေးတွေပါ…
အဆင်ပြေကြပါစေ🫶

Photos from 秋-aki japanese language school's post 05/06/2024

N4 grammar စုစည်းမူ…

Photos from 秋-aki japanese language school's post 03/02/2024

ဂျပန်ပြည်မှ ပဲပေါက်ပွဲ 👹

ဒီနေ့ 3-2-2024
ဂျပန်မှာ 節分の日 (せつぶんのひ)
Setsubun no hi ဆဲဆုဘွန်းနော့ဟိ
( ရာသီတစ်ခုနဲ့တစ်ခု
ပိုင်းခြားထားသောနေ့)

ဆောင်းရာသီနဲ့ နွေဦးရာသီကို
ပိုင်းခြားထားသော နေ့
(နွေဦးမစခင် ရှေ့တစ်ရက်)
လို့ ခေါ်ပါတယ်။

ဂျပန်ရိုးရာ ပြက္ခဒိန်အရ
2လ၊4 ရက်နေ့ ကို
立春のひ ( りっしゅんのひ)
နွေဦးရာသီစသောနေ့လို့ခေါ်ပါတယ်။

ပဲစေ့နဲ့ပေါက်တဲ့နေ့ まめまき 

ဂျပန်လူမျိုးတွေ ရဲ့ယုံကြည်မှုအရလုပ်တဲ့ မကောင်းဆိုးဝါးကိုပဲစေ့နဲ့ပေါက်ပြီးနှင်တဲ့ပွဲတော်ကိုကျောင်းတွေနဲ့အိမ်တွေမှာပြုလုပ်ကြပါတယ် ။

[鬼 は外、福は内」
おに は そと ふくは うち

(အိုနိဝ ဆိုတို၊ဖူကု ဝ အုချိ) လို့ဆိုပြီး

鬼 👹 おに ဘီလူး၊မကောင်းဆိုးဝါး

外 そと အပြင်ဘက်

福 ふく ကံကောင်းခြင်း

内 うち အတွင်းဘက်

“မကောင်းဆိုးဝါးတွေအပြင်ထွက် ၊ကံကောင်းခြင်းတွေ အထဲဝင် “
ဆိုပြီး လှော်ထားတဲ့ပဲစေ့နဲ့
ပစ်ပေါက်ကြပါတယ်။

ဒါ့အပြင်မိမိရဲ့အသက်နဲ့လိုက်ပြီး
ပဲစေ့များကို လည်းစားကြပါသေးတယ်။

အဲ့ပဲစေ့အလုံးလေးတွေကိုသက်စေ့စားရင်(ဥပမာ ၂၀နှစ် ဆိုအစေ့ ၂၀) အနာရောဂါကင်းပြီးကျန်းမာတယ်လို့လည်းအယူရှိပါတယ်။

ဒီပွဲတော်ကဂျပန်ပွဲတော်တွေထဲမှာကလေးတွေ အနှစ်သက်ဆုံးပွဲတော်ဖြစ်ပါတယ်။

အိမ်တွေနဲ့ကျောင်းတွေမှာဆိုရင်လူကြီးတစ်ယောက်ကမကောင်းဆိုးဝါးမျက်နှာဖုံးကိုတပ်ဆင်ပြီး၊ကလေးများ က မကောင်းဆိုးဝါးကြီးထွက်ဆိုပြီးပဲစေ့တွေနဲပေါက်ပြီးကစားကြပါတယ်။

ဒါ့အပြင် ဒီလိုနေ့မှာ
恵方巻き (えほうまき အဲဟိုးမခိ )
လို့ခေါ်ဆိုတဲ့ ဆူရှီထမင်းလိပ်ရှည်ကို စားကြပါတယ်။

恵方 えほう ကံကောင်းခြင်းအရပ်မျက်နှာ
巻き まき အလိပ်
ကံကောင်းခြင်းတွေအလိပ်လိုက်ဝင်တယ်လို့ယုံကြည်ပြီးစားတာဖြစ်ပါတယ်။ 😋🙏

★★★စားတဲ့အခါမှာလိုက်နာရမယ့်အချက်၃ချက်ရှိပါတယ်

🔴 ❶ 恵方をむいて食べる事!
えほう を むいて たべる こと
えほう ကံကောင်းစေတဲ့အရပ်မျက်နှာむいて မျက်နှာမူ၍

ဒီနှစ်ရဲ့ကံကောင်းစေတဲ့အရပ်ကိုမျက်နှာမူပြီးစားရပါမယ်။

(2024 ရဲ့ ကံကောင်းစေတဲ့အရပ်ကတော့ 「東北東 」の方角となります。

အရှေ့မြောက်အရပ်၊လို့ဆိုပေမယ့် အရှေ့အရပ်နဲ့ပိုနီးတဲ့အရပ်မျက်နှာ၊အဲ့ဒီအရပ်မှာကံကောင်းစေတဲ့နတ်ဘုရား歳徳神(としとくじん、とんどさん)ရှိနေတယ်လို့ဆိုရိုးရှိပါတယ်)

သံလိုက်အိမ်မြှောင်လေးနဲ့ အရပ်မျက်နှာ ရှာပြီး မျက်နှာမူ ပြီး စားနော်😋😋😋😋😋😋

🔴 ❷ 恵方巻きは黙って食べる事!
えほう まきは だまって たべる こと

စကားလုံးဝမပြောပဲတိတ်ဆိတ်စွာဆုတောင်းပြီးစားရပါမယ်။🤭🤭🤭🤭🤭🤭

🔴 ❸ 恵方巻きは一気に食べる事!
えほうまき は いっきに たべる こと

တစ်လိပ်လုံးတထိုင်တဲတခါထဲအပြီးစားရပါမယ်။
စားနေစဉ်မှာယုံကြည်စွာဖြင့်အလိုရှိတဲ့ဆုတစ်ခုထဲကိုသာတောင်းပြီးကံကောင်းစေတဲ့နတ်ဘုရားရှိတဲ့အရပ်ကိုကြည့်ပြီးစားရမှာဖြစ်ပါတယ်။

😋စားတဲ့အခါမှာ ဆူရှီလိပ်ကိုခွဲစားတာတွေမလုပ်ဘဲ၊တစ်ယောက်ကိုတစ်လိပ်ကုန်အောင်စားရမှာဖြစ်ပါတယ်။
ကံကောင်းခြင်းတွေမပြတ်တောက်အောင်လို့အယူရှိကြပါတယ်။👹

ဆူရှီထဲမှာ အမျိုးအစား ၇ မျိုးကိုထည့်လိပ်ပြီးစားရတာက 七福神 (しちふくじん )ကံကောင်းစေတဲ့နတ်၇ပါး ကိုကိုယ်စားပြုပြီး ကံကောင်းခြင်းတွေ ရရှိတယ် ဆိုတဲ့အဓ်ိပ္ပါယ်ရပါတယ်။

ကဲ တစ်နှစ်တာ ကံကောင်းဖို့ 恵方巻(えほうまき) ဆူရှီလေးကို စားရင်း ဆုတောင်း ကြပါစို့။

နွေဦးအစကပြီးတစ်နှစ်တာလုံးကံကောင်းအောင် 恵方巻き ( えほうまき ) စားကြည့်ရအောင်။

မှတ်ချက် ။ ။
တထိုင်ထဲစကားမပြောပဲကုန်အောင်စားရတာမို့
အလိပ်သေးသေးရွေးဝယ်စားနော်😅
crd
ဆရာမ ဆီက သရဲနှင်ထုတ်တဲ့အချိန် ပေါက်တဲ့ပဲလေးတွေ တောင်းစားရတာသတိရမိ😀

Pocket Money 27/11/2023

မုန့်ဖိုးလေး ဝင်ယူကြပါဦး…page ကိုလည်း like& share please

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

02/09/2023

Try n-3နဲ့ပက်သက်တဲ့ tango လေးတွေ တင်ပေးဖို့ရှိပါတယ် …

Photos from 秋-aki japanese language school's post 02/09/2023

မအားလို့ ပေ့ချ်လေးကို ပစ်ထားသလို ဖြစ်သွားတယ်။
7လပိုင်း JLPT စာမေးပွဲ ..N3-3ယောက်ဖြေ ၃ယောက်အောင်..
N4-8ယောက်မှာ5ယောက် ဖြေဆိုအောင်မြင်ကြပါတယ်…
ကြိုးစားပေးကြတဲ့ တပည့်လေးတွေက်ိုလည်း ကျေးဇူးပါ…မအောင်ခဲ့ကြတဲ့ တပည့်လေးများလည်း Sensei နဲ့အတူ ပြန်လည် ကြိုးစားကြမယ်….

07/07/2023

N4level ပြီးတာတောင် ခန္တာကိုယ်အစိတ်အပိုင်းအခေါ်အဝေါ် မသိသူများရှိပါ့လိမ့်မယ်…

n4 ပြီးတာနဲ့ စကားပြောပါ တတ်မြောက်လုနီးပါး သင်ကြားပေးမဲ့ (N5-N4)အတန်းသစ်လေး စတင်ပါတော့မယ်…

လပြတ်သင်ချင်သူများ၊one bye one သင်ချင်သူများ..level ပြတ်သင်ချင်သူများ ဆက်သွယ်စုံစမ်းနိုင်ပါတယ်….

နေရာ-သိရိမြိုင်၈လမ်း၊လိူင်မြို့နယ်၊ဘာတာ
ဆက်သွယ်ရန်ဖုန်း-၀၉၇၈၃၂၉၄၈၉၀

14/03/2023

ဒီနေ့တင်ပေးချင်တဲ့ စကားပုံကတော့

郷に入っては郷に従え

ရောမရောက် ရောမလိုကျင့်

အဓိပ္ပါယ်
ရောက်သည့်အရပ်အားလျော်စွာ ဓလေ့ထုံးတမ်းများကို လိုက်နာကျင့်သုံးသင့်ပုံ။

ရှေးအခါက ကုန်သည်သူငယ်ချင်းနှစ်ယောက်ရှိကြသည်။
တယောက်မှာ ပညာရှိ၍ တယောက်မှာ မိုက်မဲလေ၏။
ထိုသူငယ်ချင်းနှစ်ယောက်ကုန်သွယ်သွားရာ လမ်းတွင် အကျိုးကန်းမြို့တခုကိုဖြတ်ရလေသည်

ထိုမြို့တွင် လူတိုင်း တမျိုးမဟုတ် တမျိုး ကျိုးကြ ကန်းကြလေသည်

ထိုအကျိုးကန်းတိုင်းပြည်ကိုဖြတ်ခါနီးတွင်
ပညာရှိသောကုန်သည်က ပညာမဲ့ကုန်သည်အား အောက်ပါအတိုင်း အကြံပေးလေ၏

အဆွေ ဤမြို့တွင် လူများသည် တနည်းမဟုတ် တနည်းဖြင့် ကျိုးကြ ကန်းကြသည်သာဖြစ်၏
လူကောင်းများဝင်ရောက်ပါက သူတို့အတွက် အတန်းတကြယ်ဖြစ်နေလိမ့်မည်
ထို့ထက် သူတို့နှင့်မတူသဖြင့် ရန်သူသဖွယ်ဖြစ်နေလိမ့်မည်
သို့ကြောင့် ဤမြို့ထဲဝင်ပါက တနည်းနည်းဖြင့် ဒုက္ခိတ ဖြစ်ဟန်ဆောင်လေ ဟု ဆို၏

မိုက်မဲသောကုန်သည်ကား ပညာရှိမိတ်ဆွေ၏စကားကို နားမထောင်ချေ
မိမိကိုယ်တိုင် မကျိုးမကန်းပါပဲ ဟန်ဆောင်စရာမလိုဟု ပြန်ပြောကာ အကောင်းပကတိအတိုင်း မြို့ထဲသို့ဝင်လေ၏
ပညာရှိကုန်သည်ကား ခြေတဖက်ထော့ကျိုးဟန်ပြု၏ ၎င်းမြို့ထဲသို့ ဝင်ချေ၏

မြို့ထဲရောက်သော် အကျိုးကန်း မြို့သူမြို့သားများလည်း ကုန်သည်နှစ်ယောက်ကို စူးစမ်းကြလေ၏။
တယောက်ကား ခြေတဖက်ဆာဆာနှင့် ငါတို့၏အမျိုးတူဖြစ်ဟန်တူသည်။
အခြားတယောက်မူကား လူစိမ်းဖြစ်၏။
ငါတို့ပုံစံနှင့်မတူ ။
ရန်သူလည်းဖြစ်နိုင်သည်။သူလျှိုသူကန်လည်းဖြစ်နိုင်သည်ဟု တွေးတောယူဆကြကာ
အကျိုးဟန်မဆောင်ထားသည့် မိုက်မဲသောကုန်သည်အား ဝိုင်းဝန်းရိုက်နှက်ကြလေရာ
မိုက်မဲသောကုန်သည်လည်း နေရာတွင်ပင် အကျိုးအကန်းစစ်စစ်ဘဝသို့ရောက်ရလေ၏။

အထက်ပါပုံပြင်ကိုထောက်ရှု၍ ရောမရောက် ရောမလိုကျင့်ဟူသောစကားပုံ ဖြစ်ပေါ်လာဟန်တူပေသည်

ဥပဒေသ။ ။
ရောက်သည့် အရပ်ဒေသအားလျော်စွာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများကို လိုက်နာကျင့်သုံးကြ
ရန်(မြန်မာ)

その土地(または社会集団(しゅうだん)一般)に入ったら、自分の価値観(かちかん)と異(こと)なっていても、その土地(集団)の慣習(かんしゅう)や風俗(ふうぞく)にあった行動(こうどう)をとるべきである

မိမိက ဒေသတစ်ခု..သိုမဟုတ်.လူမူအဖွဲ့အစည်းတစ်ခုခုကိုဝင်ရောက်တော့မယ်ဆ်ိုလျှင် မိမိရဲ့မူလယဉ်ကျေးမူကဘယ်လိုပဲ အခြားသူနဲ့ကွဲပြားနေပါစေ..အဲဒီဒေသ..အဲဒီနယ်ပယ်ရဲ့ ဓလေ့ထုံးစံ များအပေါ်မှာ လေးစားလိုက်နာသင့်ပါတယ်တဲ့…(ဂျပန်)

郷に入っては郷に従え…。
…………………………………….
郷-ဒေသ
入ります-ဝင်ရောက်သည်။
従う-လိုက်နာသည်။

အဆင်ပြေပြေမှတ်သားနိုင်ကြပါစေ…秋

10/03/2023

ဒီနေ့ကစ တစ်နေ့တစ်လုံးနဲ့ ことわざ(စကားပုံ)လေးတွေမှတ်ရအောင်…

မြန်မာတင်မဟုတ်ပဲ ဂျပန်စကားမှာလည်း စကားပုံလေးတွေ ရှိပါတယ်..

တစ်ရံရောအခါ ကေသရာဇာခြင်္သေ့မင်းသည် မြေခွေးမနှင့် ပေါင်းဖော်ရာ ခြင်္သေ့ငယ်တစ်ကောင် ဖွားမြင်၏။ ခြင်္သေ့မင်းက ခြင်္သေ့ငယ်အား သင် အသံမပြုနှင့်၊ အသံပြု၍ အခြားတိရစ္ဆာန်များကြားလျှင် မြေခွေးသံပါ၍ မရိုမသေရှိချေတော့မည်၊ သင် ဆိတ်ဆိတ် နေသော် ယူဇနာတစ်ထောင်ရှိသော တောကို ပေးမည်ဆို၏။ သို့သော် ခြင်္သေ့ငယ်က ဆိတ်ဆိတ်မနေ၊ ဟောက်ချေသောကြောင့် အခြားတိရစ္ဆာန်များက မရိုမသေရှိ၍ တောတစ်ထောင်ကို မရရှိတော့ချေ။ ခြင်္သေ့မင်းလည်း "ဆိတ်ဆိတ် နေပါလေသော် တောတစ်ထောင်တန်လေ၏"ဟု ဆိုလေသည်။

ဒါကမြန်မာစကားပုံ….အဓိပ္ပါယ်

あけすけに言うよりも、黙っ(だま)ている方が 粋 (いき)いき あるいは奥(おく)ゆかしく好ましい。

တစ်ချို့စကားတွေက ပွင့်ပွင့်လင်းလင်းပြောတာထက်စာရင် နူတ်ဆိတ်နေခြင်းနဲ့ယဉ်ယဉ်ကျေးကျေးပြောတာက ပိုကောင်းပါတယ်တဲ့ …=(ဆိတ်ဆိတ်နေ ထောင်တန်)

ဒါကဂျပန်စကားပုံအဓိပ္ပါယ်…

အဆင်ပြေပြေ မှတ်သားနိုင်ကြပါစေ…
秋...

01/03/2023

အချိန်၂ရက်ရသေးတယ်….JLPT မတင်တတ်သူများ …ကူညီပေးပါတယ်…freeတင်ပေးပါတယ်…ကိုယ်လုပ်ပေးလို့ဖြေခွင့်ရသွားရင် ဆိုတဲ့စိတ်လေးနဲ့ပါ…cbကနေ လာပြောန်ုင်ပါတယ်…

08/02/2023

📌ဂျပန်နိုင်ငံရဲ့ လစာ စာရွက် နဲ့ ပက်သက်ပီး သိထားသင့်သည်များ

給料支払い明細 လစာ စာရွက်

給料 ( きゅうりょう) = လစာ

支払い ( しはらい) = ငွေပေးချေသည်

明細 ( めいさい ) = အသေးစိတ် အချက်အလက်

支給額 = ပေးချေသည့် ငွေပမာဏ

支給 ( しきゅう) ပေးချေသည်

額 ( がく) ငွေကြေး ပမာဏ

氏名 ( しめい ) = အမည် ၊ နာမည်

時給 ( じきゅう) = တစ်နာရီ လုပ်အားခ

労働日数 = လုပ်ရက် စုစုပေါင်း

労働 ( ろうどう ) အလုပ်လုပ်ခြင်း

日数 ( にっすう) နေ့ အရေအတွက်

労働時間 = လုပ်ချိန် စုစုပေါင်း

労働 ( ろうどう ) အလုပ်လုပ်ခြင်း

時間 ( じかん ) နာရီ

支給額 ( しきゅうがく ) ပေးချေသည့် ငွေပမာဏ

基本給 ( きほんきゅう) အခြေခံလစာ

役職手当 - တာဝန်ခံ လစာ( မန်နေဂျာတို့ ခေါင်းဆောင်တို့ကို ပေးသော လစာ )

役職 ( やくしょく) အရာရှိ ၊ ရာထူးအဆင့်အတန်း

手当 ( てあて ) ထောက်ပံ့ငွေ ၊ လုပ်အားခ

職能手当 - ကျွမ်းကျင် လစာ(အလုပ်ကျွမ်းကျင်မှုကို
လိုက်၍ ပေးသော လစာ)

職能 ( しょくのう ) အလုပ် ကျွမ်းကျင်မှု

手当 ( てあて ) ထောက်ပံ့ငွေ၊ လုပ်အားခ

その他 ( そのた ) - အခြား

交通費 ( こうつうひ ) လမ်းစရိတ်(ရထားခ ၊ကားခ)

合計 ( ごうけい ) - စုစုပေါင်း

控除額 - အခွန်ကင်းလွတ်ခွင့် ပမာဏ

控除 ( こうじょ ) အခွန်ကင်းလွတ်ခွင့်

額 ( がく) ငွေကြေးပမာဏ

所得税 - ဝင်ငွေခွန်

所得 (しょとく ) ဝင်ငွေ

税 ( ぜい ) အခွန်

時給 ( じきゅう ) တစ်နာရီလုပ်အားခ

時間 ( じかん ) အလုပ်လုပ်ချိန်

日数 ( にっすう) အလုပ်လုပ်တဲ့ရက်

計 ( けい ) စုစုပေါင်း

残業 ( ざんぎょう ) အချိန်ပို

皆勤 ( かいきん) ရက်ပြည့်ဆင်းကြေး၊ ရက်မှန်ကြေး

職務 ( しょくむ ) အလုပ်တာဝန် (တာဝန်ခံ လစာ )

家族 ( かぞく ) မိသားစု ထောက်ပံ့ကြေး

手当 ( てあて ) ထောက်ပံ့ကြေး

総支給額 ( そうしきゅうがく)ပေးချေငွေစုစုပေါင်း

交通費 ( こうつうひ ) ရထားခ ၊ ကားခ

所得税 ( しょとくぜい ) ဝင်ငွေခွန်

食事代 ( しょくじだい ) ထမင်းစား စရိတ်

会費 ( かいひ ) အသင်း ဝင်ကြေး

差引計 ( さしひきけい ) နှုတ်ယူတဲ့ ပမာဏ

支給額 ( しきゅうがく ) ပေးချေသည့် ငွေပမာဏ

勤怠 ( きんたい ) အလုပ်ဆင်းခြင်း

出勤日数 (しゅっきんにっすう ) အလုပ်လုပ်ရက်

出勤時間 (しゅっきんじかん ) အလုပ်လုပ်ချိန်

控除日数 (こうじょにっすう) အခွန်ကင်းလွတ်ခွင့်ရတဲ့ နေ့

控除時間 ( こうじょじかん) အခွန်ကင်းလွတ်ခွင့်ရ နာရီ

有休 ( ゆうきゅう) ခွင့်ရက် (လစာ ရရှိပြီး နားလို့ ရတဲ့ရက် )

遅刻 ( ちこく) အလုပ်နောက်ကျခြင်း

早退 ( そうたい ) အလုပ်စောပြန်ခြင်း

代休 ( だいきゅう ) အလုပ်နားမယ့်ရက်မှာ
အလုပ် ဆင်းထားရတဲ့အတွက် အစားပြန်နားခြင်း

法定内 ( ほうていない ) ဥပေဒအရ
သတ်မှတ်ထားတဲ့ နားရက်အတွင်း

公休 ( こうきゅう ) အများပြည်သူရုံးပိတ်ရက် ( နားရက် )

平日 ( へいじつ ) ကြားရက် ( တနင်္လာ ကနေ သောကြာနေ့ထိ )

その他休み ( そのたやすみ ) အခြား နားရက်မျ ား

平日深夜 ( へいじつしんや) ကြားရက်ရဲ့ ညပိုင်း အလုပ်

深夜 ( しんや ) ညပိုင်း အလုပ်

生理休眠 ( せいりきゅうみん )
ဓမ္မတာအတွက် အလုပ်နားခြင်း

休日 ( きゅうじつ ) အလုပ် နားရက်

休職日数 ( きゅうしょくにっすう )
အလုပ် နားရက် စုစုပေါင်း

休日深夜 ( きゅうじつしんや )
နားရက်ရဲ့ညပိုင်းမှာ အလုပ်လုပ်ခဲ့ရတဲ့ နေ့

欠勤日数 ( けっきんにっすう )
အလုပ်ပျက်တဲ့ နေ့ပေါင်း

有休残 ( ゆうきゅうざん )လစာရတဲ့ ခွင့် ရက်ကျန်

当年 ( とうねん ) ဒီနှစ်

前年 ( ぜんねん ) အရင်နှစ် ( မနှစ်က )

税額表 ( ぜいがくひょう ) အခွန်ပမာဏ ဇယား

月額表甲欄 ( げつがくひょうこうらん ) လစဉ် ပမာဏပြ ကော်လံ

扶養等 ( ふようとう ) ထောက်ပံ့ခြင်းမျ ား ( မိသားစု ၊ မိဘ )
.................................................

支給 ( しきゅう ) လစာပေးခြင်း

基本給 ( きほんきゅう ) အခြေခံ လစာ

店長手当 ( てんちょうてあて )

ဆိုင်တာဝန်ခံ လစာ ( ခံစားခွင့် )

時給 ( じきゅう ) နာရီစား အလုပ်လုပ်ခ

夜間時給 ( やかんじきゅう )

ညပိုင်း နာရီစား အလုပ်လုပ်ခ

時間外手当 ( じかんがいてあて )

အချိန်ပို ( အလုပ်ချိန် ပြင်ပ ) ခံစားခွင့်

大入手当 ( おおいりてあて ) သက်မှတ် ဝင်ငွေထက်ပိုသောအခါ ပေးတဲ့လခ ( လစာ )

回数手当 ( かいすうてあて )

သက်မှတ်ထားတဲ့ အကြိမ်အရေအတွက်
ကျော်လျှင် ပေးသော လစာ ( လခ )

勤勉手当 ( きんべんてあて )
အလုပ် ကြိုးစားရင်ဟပေးတဲ့ ခံစားခွင့်

通勤手当 ( つうきんてあて ) ကိုယ်ပိုင်ယာဉ် ၊ ကားဖြင့် အလုပ်ဆင်းလျှင် ပေးသော ခံစားခွင့် ။

課税分 ( かぜいぶん ) အခွန်ပေးရသော အပိုင်း

非課税 ( ひかぜい ) အခွန် မနှုတ်သော

給与控除額 ( きゅうよこうじょがく )
လစာ အခွန် ကင်းလွတ်ခွင့် ပမာဏ

課税支給額 ( かぜいしきゅうがく )
အခွန်စည်းကျပ်ခံရမယ့် ပေးငွေ စုစုပေါင်း

支給合計 (しきゅうごうけい )ပေးချေငွေစုစုပေါင်း
..............................................

控除 ( こうじょ ) အခွန် ကင်းလွတ်ခွင့်

健康保険 ( けんこうほけん ) ကျန်းမာရေး အာမခံ

厚生年金 (こうせいねんきん )အလုပ်သမားပင်စင်

雇用保険 ( こようほけん ) အလုပ် အာမခံ

社会保険料合計 (しゃかいほけんりょうごうけい) လူမှုရေး အာမခံခ စုစုပေါင်း

課税対象額 ( かぜいたいしょうがく )
အခွန်စည်းကျပ် ခံရငွေပေါင်း

所得税 ( しょとくぜい ) ဝင်ငွေခွန်

住民税 ( じゅうみんぜい ) ရပ်ကွက် နေထိုင်ခွန်

食事代 ( しょくじだい ) ထမင်းစား စရိတ်

年末調整結果 ( ねんまつちょうせいけっか )
နှစ်ကုန် ငွေညှိနှိုင်းခြင်း ရလဒ်

控除合計 ( こうじょごうけい )
အခွန်ကင်းလွတ်ခွင့် စုစုပေါင်း

端数調整 ( はすうちょうせい )
ငွေအစွန်းထွက် ညှိပေးခြင်း

端数預け金計 ( はすうあづけきんけい )
ငွေ အစွန်းထွက် ညှိပေးတဲ့ ပမာဏပေါင်း

差引支給額 ( さしひきしきゅうがく )
နှုတ်ပြီးတော့ ပေးချေတဲ့ ငွေပမာဏ

電話についての使い方
------------------------
でんわ(電話)
ဖုန်း

ケータイ
မိုဘိုင်းဖုန်း

スマホ
smart phone

もしもし
ဟဲလို

でんわがかかる(電話がかかる)
ဖုန်းလာသည်

でんわにでる(電話に出る)
ဖုန်းဖြေသည်

でんわをきる(電話を切る)
ဖုန်းချသည်

かけなおす(掛け直す)
ဖုန်းပြန်ခေါ်သည်

はなしちゅう(話し中)
ပြောနေဆဲ

でんごんする(伝言)
မှာထားခဲ့သည်

れんらくする(連絡する)
ဆက်သွယ်သည်

しらせる(知らせる)
သိစေသည်

でんわきょく(電話局)
တယ်လီဖုန်းရုံး

でんわちょう(電話帳)
ဖုန်းစာအုပ်

でんわばんごう(電話番号)
ဖုန်းနံပါတ်

こくさいでんわ(国際電話)
နိုင်ငံခြားဖုန်း

こうしゅうでんわ(公衆電話)
အများသုံးဖုန်း

Want your school to be the top-listed School/college in Hlaing?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Park Street
Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00