29/05/2024
" ကံကောင်းခြင်း " ဆိုတာ
" မင်းရဲ့ကြိုးစားအားထုတ်နေမှု " နဲ့
" အခွင့်အလမ်း " တို့ တွေ့ဆုံတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့အရာပဲ .....
လို့တချိန်က မြန်မာပြည်ကစီးပွားရေးသမားတစ်ယောက်က
ကျမကိုသင်ပေးခဲ့ဖူးတယ်......
ဒီစာလေးကိုတွေ့တော့ သူ့ကိုအမှတ်ရ၊ ကျေးဇူးတင် သောအားဖြင့်
ဒီ post လေးတင်ဖြစ်ပါတယ်......
🍀 May
11/06/2023
FYI
QA 1 ယောက်နဲ့
Net Developer 1 ယောက်
ထိုင်းနိုင်ငံ က လိုအပ်နေသော အလုပ်လေးပါ
တိုက်ရိုက် CV ပို့ပြီး ဆက်သွယ်ပေးပါ
IT, programmers (Developer) and Quality Assurance, manual
Looking for each position to work in Thailand
Developer 1 post (Senior and Junior)
Quality Assurance 1 post (Manual) (Senior and Junior)
========
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဆိုရင်တော့ ဒီအီးမေလ် ကိုသာ CV ပို့လိုက်တော့နော် Send CV to [email protected]
သူငယ်ချင်း company က ခေါ်တာပါနော်
===================
01/04/2023
WV Tech PDC နှင့် Midori Japanese Language School တို့မှ ပထမဆုံးသော Japan IT Company သို့ ရွေးချယ်ခံရသော チャンさん(မျက်မှန်လေးနဲ့ကိုကို) နှင့် အတူ ညီမလေးကတော့ နောက်နှစ်အတွက် ကြိုတင်ရွေးချယ်ခံထားသော ミィツさん
Wisdom Valley TECH PDC & Midori JPL !
24/03/2023
2023 အတွက်
မှတ်တိုင်အသစ်
Wisdom Valley TECH PDC & Midori JPL
တို့ ၏ Software Engineer & JPL Program အသစ်
Second Batch ရဲ့ စတင်ခြင်းနှင့်အတူ
WV Tech သင်တန်း မိတ်ဆက်ခြင်း အမှတ်တယ
Wisdom Valley TECH PDC
Midori Japanese Language School
23.03.203(Thur)
19/03/2023
Laptop တွေကို သက်တမ်းကြာရှည်အောင် ဘယ်လိုအသုံးပြုရမလဲ🙄
Laptop ဆိုတာ ရေရှည်သုံးရတဲ့ပစ္စည်းဖြစ်တာကြောင့် သက်တမ်းကို ပိုပြီးကြာကြာခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်…
1️⃣ ဘတ်ထရီကို အနားပေးပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘတ်ထရီက တစ်ဖြည်းဖြည်းနဲ့ သက်တမ်းကုန်သွားမှာပဲဆိုပေမဲ့ ပိုပြီးကြာကြာခံအောင် လုပ်လို့ရတာလေးတွေရှိပါတယ်။
အားသွင်းတဲ့ပလပ်ကို အမြဲထိုးထားတာဟာ ဘတ်ထရီကို မြန်မြန်ပိုပျက်စေပါတယ်။ အကောင်းဆုံးကတော့ ၈၀% လောက်ထိပဲအားသွင်းထားပြီး ၄၀% လောက်ရောက်တဲ့ထိ သုံးတာပါပဲ။ အဲလိုဆို ဘတ်ထရီရဲ့သက်တမ်းကို ၄ဆ ပိုခံစေပါတယ်။
2️⃣ စက်ကိုပိတ်ပါ
°°°°°°°°°°°°°°°°°
Laptop ကို Sleep mode နဲ့ထားတာက သင့်အတွက် အဆင်ပြေသက်သာတယ်ဆိုပေမဲ့ ရေရှည်သုံးဖို့ အတွက် ဆိုရင်တော့ မကောင်းပါဘူး။ Sleep mode လုပ်ထားရင်လည်း စက်က power လိုအပ်နေသေးတာဖြစ်တဲ့အတွက် အပေါ်မှာပြောခဲ့သလိုပဲ ပလပ်ထိုးထားရတာက ဘတ်ထရီကို ထိခိုက်စေမှာပါ။ Hibernate လုပ်တာက ပို သင့်တော်ပါတယ်။ ဒါပေမဲ့လည်း စက်ကို shut down ချပေးဖို့ကတော့ အရေးကြီးပါတယ်။
3️⃣ သိပ်မပူအောင်ထားပါ
°°°°°°°°°°°°°°°°°°°°°°°°
ဒီအချက်က ဘတ်ထရီအတွက်ရော Laptop ရဲ့တစ်ခြားအစိတ်အပိုင်းတွေ အတွက်ရော အရေးကြီးပါတယ် ။ Laptop အောက်က လေပန်ကာပေါက်တွေ ပိတ်မနေပဲ လေ၀င်လေထွက်ကောင်းအောင်ထားပေးရပါမယ်။
4️⃣ Antivirus program တွေကို update လုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါကတော့ ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ မလိုလားအပ်တဲ့ ဗိုင်းရပ်စ်တွေကြောင့် Laptop ကို ထိခိုက်မှုဖြစ်ချင်းတွေကနေ ကာကွယ်ပေးမှာပါ။
5️⃣ Laptop ကို သန့်ရှင်းရေးလုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟုတ်ပါတယ် ... သန့်ရှင်းရေးလုပ်ရမှာပါ။ အလွယ်ကူဆုံးအလုပ်ဆိုပေမဲ့ တော်တော်များများက ဒါကိုမလုပ်ကြပါဘူး။ သန့်ရှင်းရေးမလုပ်ခင် Laptop ကို ပိတ်ပြီး ပလပ်ဖြုတ်ထားရပါမယ်။ Laptop ရဲ့ screenက အထိခိုက်အလွယ်ဆုံး ဖြစ်တာကြောင့် spray သုံးပြီးသန့်ရှင်းရေးလုပ်တဲ့အခါ screen ပေါ် တိုက်ရိုက်ဖြန်းတာမျိုးမလုပ်ပဲ အ၀တ်စမှာ အရင်ဖြန်းပြီးမှ screen ကို သုတ်သင့်ပါတယ်။ ကီးဘုတ်ခလုတ်တွေကြားထဲကိုလည်း သွားပွတ်တံသုံးပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ် ခလုတ်တွေကြားထဲနဲ့ တစ်ခြားအစိတ်အပိုင်းတွေထဲကို အစိုဓာတ်မ၀င်သွားဖို့ အရေးကြီးပါတယ်။
18/03/2023
WV Tech for Knowledge sharing 4 !
𝑷𝒆𝒐𝒑𝒍𝒆 𝒂𝒏𝒅 𝑻𝒆𝒄𝒉𝒏𝒐𝒍𝒐𝒈𝒚 𝑾𝒐𝒓𝒌 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 (𝑬𝑹𝑷)
လူနှင့်နည်းပညာအတူတကွအလုပ်လုပ်ကြခြင်း။
ဘဏ္ဌာရေးပြသနာများဆိုင်ရာကိစ္စရပ်များအပြင်၊ မန်နေဂျာများသည်နည်းပညာနှင့်လူသားတို့အား ထိရောက်သောလုပ်ငန်းစဉ်များဖန်တီးရန် မည်သို့ပေါင်းစပ်ရမည်ကိုသိရှိရမည်ဖြစ်ပါသည်။ အထူးသဖြင့်လူမှုဆက်သွယ်ရေးကွန်ယက်များ တိုးပွားလာမှုနှင့်အတူပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုများပြားလာသည်။ 𝑭𝒂𝒄𝒆𝒃𝒐𝒐𝒌, 𝑻𝒘𝒊𝒕𝒕𝒆𝒓, 𝑹𝒆𝒅𝒅𝒊𝒕, 𝑹𝒆𝒏𝒓𝒆𝒏, 𝒀𝒐𝒖𝑻𝒖𝒃𝒆 နှင့်အခြားကိရိယာများစသည်တို့ဖြင့် လူမှုရေးနည်းပညာများ သုံး၍ ဖောက်သည်တစ်ဦးချင်းစီကို ကုမ္ပဏီများကဆက်သွယ်ကြသည်။ 𝑬𝑹𝑷 & 𝑰𝒏𝒕𝒆𝒈𝒓𝒂𝒕𝒆𝒅 𝑺𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔 တွင် အပြန်အလှန်အသုံးပြုနိုင်စွမ်းနှင့်အသုံးပြုသူများအကြားပူးပေါင်းဆောင်ရွက်ခြင်းတို့ပါ၀င်သည်။
💡𝑨𝒑𝒑𝒓𝒐𝒑𝒓𝒊𝒂𝒕𝒆𝒍𝒚 𝒊𝒏𝒄𝒐𝒓𝒑𝒐𝒓𝒂𝒕𝒊𝒏𝒈 𝑰𝑺 စီးပွားရေးပုံစံတစ်ခု၏ဒီဇိုင်းတွင် သင့်လျော်စွာထည့်သွင်းခြင်းက မန်နေဂျာများအားသူတို့၏အချိန်နှင့်အရင်းအမြစ်များကို ဖောက်သည်ကျေနပ်မှုနှင့်အခြားဝင်ငွေရရှိမှု၊ အမြတ်အစွန်းရရှိသည့်လုပ်ဆောင်မှုများအပေါ်တိုက်ရိုက်သက်ရောက်သော ပြဿနာများအပေါ်တွင် သူတို့၏အချိန်နှင့်အရင်းအမြစ်များကို အာရုံစူးစိုက်စေနိုင်သည်။ အဖွဲ့အစည်းတစ်ခုသို့𝑬𝑹𝑷 စနစ် အသစ်တစ်ခုထည့်သွင်းခြင်းသည် 𝑴𝒂𝒏𝒂𝒈𝒆𝒎𝒆𝒏𝒕 အတွက် ခေ တ်နှင့်အညီ လိုအပ်သော လုပ်ဆောင်ခြင်း မျိုးဖြစ်သည်။ ✅ကျွမ်းကျင်သောစီးပွားရေးမန်နေဂျာများသည် နည်းပညာအသစ်မိတ်ဆက်ပေးခြင်း၏ အကျိုးကျေးဇူးများကိုအလုပ်ခွင်ရှိလူများ၏အပြုအမူများပြောင်းလဲခြင်းနှင့် ဆက်စပ်သောကုန်ကျစရိတ်များကိုလည်း ချိန်ညှိရမည်။ မတူညီသောအကျိုးသက်ရောက်မှုများရှိသည့်နည်းပညာဆိုင်ရာဖြေရှင်းချက်များနှင့်အတူ မန်နေဂျာများ၏ဆုံးဖြတ်ချက်များသည် အကျိုးဆက်များကိုရှင်းရှင်းလင်းလင်းနားလည်ရမည်။ ဤအကဲဖြတ်မှုပြုလုပ်ရာတွင် အသေးစိတ်နည်းပညာဆိုင်ရာအသိပညာမလိုအပ်ပါ။ ၎င်းသည်ရေတိုနှင့်ရေရှည်အကျိုးဆက်များကိုနားလည်ရန်လိုအပ်ပြီးအချို့သောဖြစ်ရပ်များတွင်နည်းပညာအသစ်ကိုအသုံးပြုခြင်းသည် အခြားနေရာများထက် ပို၍ သင့်လျော်ကောင်း သင့်လျော်နိုင်သည်။
📣ဤပြဿနာများကိုနားလည်ခြင်းသည် လူတစ်ဦး၏လုပ်ငန်းစဉ်များနှင့် လူအစားထိုးနည်းပညာများသည်မည်သည့်အချိန်တွင်ထိရောက်မူရှိသည်ဟုသက်သေပြနိုင်ကြောင်းကိုမန်နေဂျာများသိစေရန်လည်းကူညီပေးသည်။