Htanaung Yaik Innovation

Htanaung Yaik Innovation

Share

စဉ်ဆက်မပြတ် လေ့လာ၍သာ ဖန်တီးပါ

08/08/2023

"AI tool for Researcher "

သုတေသနစာတမ်း

ပြုစုရေးသားသူများအတွက်

လက်တွေ့ အသုံးချနိုင်စေရန် အတွက်

အသုံးဝင်သော AI tool တခု ဖြစ်တဲ့

" Consensus " ကို မိတ်ဆက်ပေးပါရစေ

👉Consensus ၏ အသုံးပြုပုံကတော့
search box မှာ မိမိမေးလိုရာ ရိုက်ထည့်မေးပေးရုံပါပဲ

👉Consensus ၏ အသုံးဝင်ပုံကတော့

မိမိသိလိုတာ မေးတဲ့ Question တွေ ကို
evidence-based answers နှင့် တကွ ဖော်ပြပေးတာပဲ ဖြစ်ပါတယ်

👉ဥပမာ အနေနဲ့

" Does meditation help anxiety ? လို့ မေးကြည့်လိုက်တဲ့အခါ

Peer-reviewed လုပ်ထားတဲ့
papers တွေက အနှစ်ချုပ်
တွေ့ရှိ ချက်တွေ ဖော်ပြပေးတာ
တွေ့ရှိရပါတယ်

ဒါအပြင် highly cited ပေးတဲ့ journals/ publications တွေ မြင်တွေ့ရနိင်ပါတယ်
( ပုံလေးကို ကြည့်ရင် မြင်န်ုင်ပါတယ်)

ကျောင်းသား/သူ များရော
သုတေသီ တို့ ရော
စမ်း သုံးကြည့်ကြပါ

31/07/2023

"AI tool for Academic Writing and Research "

ယနေ့ ခေတ် ပညာရေး နယ်ပယ် တွင်
AI ​၏ အရေးပါပုံ ၊AI နှင့်အတူ ယှဉ်တွဲ သင်ကြားမှု ၊ သင်ယူမှုများ ကို လက်တွေ့ အသုံးချနိုင်ရန်
ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်

သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာ
သုတေသန ပြုစုရေးသားသူများအတွက်
လက်တွေ့ အသုံးချ နိုင်စေရန် အတွက်
အလွန် အသုံးဝင်သော
AI tool တခု ဖြစ်တဲ့ "ChatPDF " ကို
မိတ်ဆက်ပေးပါရစေ

👉ChatPDF ​၏ အသုံးပြုပုံ

*မိမိ တို့ ဖတ် လိုသော စာအုပ် ၊ စာတမ်းများ၊

Jounals များ ကို ChatPDF တွင် upload ​ပြုလုပ်လုပ်ကာ သိလိုသည်များ မေးမြန်းနိုင်သည်။

👉ChatPDF ​၏ အသုံး ဝင်ပုံ

* မိမိတို့ ဖတ်လိုသော စာအုပ် ၊ စာတမ်း များမှ မှတ်စု ထုတ် ရေးသားခြင်း၊ အနှစ်ချုပ်ရေးသားခြင်းစသည့် အလုပ် တို့ကို အချိန် သက်သာစေနိုင် တာပဲဖြစ်ပါတယ်

👉 ChatPDF နမူနာ အသုံးပြုပုံ

ဖတ်ချင်တဲ့ pdf ဖိုင်လေးကို upload ပြီးတာနဲ့
အကြမ်းဖျင်း လေး
အကြောင်းအရာကို သိရတယ်
နောက်ပြီး သိလိုတဲ့
မေးခွန်းလေးတွေ လည်း
ပြောပြပေးထားတယ် ဆိုတော့
မိမိ တို့ သိလိုတဲ့
မေးခွန်း ရိုက်ထည့်ရှာလိုက်ရုံပါပဲ
☺️☺️☺️

10/05/2023

ယနေ့ စတင်သင်ကြားသော
Certificate in Construction Planning and Programming Skill သင်တန်း တက်ရောက်သူများအား
HYI family မှ ကျေးဇူးတင်ရှိပါသည်

လာမည့်စနေနေ့ တန်းခွဲသစ် အတွက် လည်း
တက်ရောက်ရန် စာရင်းပေးသွင်း နိုင်ပါပြီ

Htanaung Yaik Innovation
Empowering minds through education: Your Guide to Success

Photos from Htanaung Yaik Innovation's post 03/05/2023

📌Difference between Aims and Objectives 📌

Research Project Proposal
ရေးသားရာမှာ Aims နဲ့ Objectives
တူတူပဲလို့ပဲ တော်တော်များများ
သိထားကြပါတယ်

တကယ်တော့ Aims and Objectives ဆိုတာ
မတူကွဲပြား ပါတယ်

👉Aims ဆိုတာ ကတော့ research project မှရရှိလာမယ့်
Overall outcome ကို ရေးသားရတာဖြစ်ပါတယ်

👉Objectives ဆိုတာကတော့ မူလ Aims ကိုပြည့်မီအောင်
Individual goals ချမှတ်ရတာ ဖြစ်ပါတယ်

ဥပမာ အနေဖြင့်

👉Aim ကိုရေးသားမယ်ဆိုရင် လေ့လာလိုသော research fieldရဲ့ ထင်မြင် ယူဆချက် တွေကို summarise ရေးရသလိုပါပဲ

👉objectives ကိုရေးတော့မယ်ဆိုရင် တော့
သမားရိုးကျ နည်းအရဆိုရင်
4 W ဆိုတာ ပါဝင်ရပါမယ်

👉4 W ဆိုတာကတော့
What
How
Where
When စသည်တို့ပဲ ဖြစ်ပါတယ်

👉ခေတ်စားလာတဲ့ objectives ရေးသားတဲ့ စတိုင်ကတော့
S
M
A
R
T
Smart goals တွေ ချမှတ်ရေးသားလာကြပါပြီ

S ဆိုတာက Specific
M ဆိုတာက Measurable
A ဆိုတာက Attainable
R ဆိုတာက Realistic
T ဆိုတာက Tangible

စသည့်တို့ပဲ ဖြစ်ပါတယ်

မှ/
Htanaung Yaik Innovation

https://m.facebook.com/story.php?story_fbid=623639806451071&id=100064151706974&mibextid=Nif5oz

Photos from Htanaung Yaik Innovation's post 02/05/2023

" Certificate in Research Skills "

*Engineering students များအတွက်
Theis Proposal ရေးသားနည်း

/*Research Proposal ရေးသားနည်း များ လေ့လာလိုသူများ

*ဘွဲ့လွန် ပညာရပ်များ ( Post Graduate Studies)
ဆည်းပူးလေ့လာဖို့ပြင်ဆင်နေသူ တယောက်အဖြစ် academic writing သီးသန့် လေ့လာလိုသူများ

* undergraduate studies အတွက်
Project/ Report /Dissertation တွေ ရေးသားဖို့ Academic Writting သီးသန့် လေ့လာလိုသူများ

* လက်ရှိ သင်ယူလေ့လာနေသော ဘာသာရပ်တွေ မှာ ပိုမို ကောင်းမွန် သော report /project/dissertation
အဖြစ် ပြင်ဆင်လိုသူများ အတွက်

HYI မှ
Certificate in Research Skills program အကြောင်း မိတ်ဆက်ပေးပါရစေ

📌Course Outlines များအနေနဲ့
အောက်ပါ အကြောင်းအရာများကို
ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်

* Academic Writing Style ( Research Proposal)
* Application of Research Techniques
* Structure of Writing
* Research Skills (use of libraury resources,plagiarism,citation & references)

📌သင်တန်းကာလ
6-Weeks
Monday - Tuesday
(7:00-8:30 PM)

📌သင်တန်း fees
50,000 kyats

📌သင်တန်း စုံစမ်းရန်
09756196459

📌သင်ကြားပေးမည့်သူ

Daw Wai Wai Thaw
BE Civil,
ME ( Infrastructure and Urban Society),YNU, Japan
Post Graduated Diploma in Research Studies
British Council : Researcher Connect Training 2022

Photos from Htanaung Yaik Innovation's post 17/04/2023

Course: Certificate in Construction Planning and Programming Skill

📢 Certificate in Construction Planning and Programming skill ဘာသာရပ် တွင် သင်ကြားမည့်ခေါင်းစဥ်များမှာ
1.Fundamentals of Construction Industry
2.Planning Methods
3.How to develop a method of statement for a construction work.
4. Key issues within the Construction Industry စသည်တို့ပဲဖြစ်ပါသည်။

 Fundamentals of Construction Industry ခေါင်းစဥ် အောက်တွင်
1. Project Brief
2. Role and Responsibilities (Client, Designers, Contractors)
3. Construction Contracts
4. Communication

 Planning Methods
1. Prepare a project program using manual methods
2. Prepare a project program using project management software (MS Project)

 How to develop a method statement for a construction work.
1.Format of the method statement
2.The tender method statement
3. The health and safety method statement

 Key issues within the Construction Industry
1.Building regulation
2.Planning process
3.Sustainable building design

 သင်ကြားမှုပုံစံ
• သင်ခန်းစာ များကို Online သီးသန့်ဖြင့် တိုက်ရိုက် သင်ကြားပေးသွားမည် ဖြစ်ပါသည်။
• Project Based Learning ပုံစံဖြင့်လည်း သင်ကြားပေးသွားမည် ဖြစ်ပါသည်

 Certificate ရရှိနိုင်ရန်အတွက် အရည်အသွေးစစ်ဆေးခြင်း
Assessment Type: 1. Assignments
2. Individual Portfolio Development (Project Report) တခု တင်သွင်းရပါမည်။

 သင်တန်းအချိန်

၁။ အပတ်စဉ်
စနေနေ့: 6:00- 7:30 pm
တနင်္ဂနွေနေ့ : 6:00-7:30 pm
(သို့)
၂။ အပတ်စဉ်
ကြာသာပတေး နေ့ : 7:00-8:30
ဗုဒ္ဓဟူးနေ့ : 7:00-8:30

 သင်တန်းကာလ: 2 months

 သင်တန်းကြေး - 60000 kyats (ခြောက်သောင်း ကျပ်)

 အောက်ဖော်ပြပါ google form သို့ စာရင်းပေးသွင်း နိုင်ပါသည်။
(register link:https://docs.google.com/forms/d/1izux5h6owSHx7eewW9Xmf6-00QquBhAPpBkYCXCpZBs/edit)

 Remark: မေလ ပထမအပတ်တွင် သင်တန်းစတင်ပါမည် ဖြစ်ပါသည်။

📞 09756196459 သို့ သင်တန်းအကြောင်းအရာနှင့်ပက်သက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်

 သင်ကြားပေးမည့်သူ မှာ
Daw Wai Wai Thaw
Master of Civil Engineering
Yokohama National University

17/04/2023

Creating a Space : Activity Space Analysis

အိမ်တအိမ် ရဲ့ နေ့စဥ် လူနေမှု ဘဝတွေမှာ
တနေ့တနေ့ လုပ်ဆောင်ဖြစ်တဲ့

အိပ်စက်ခြင်း
ဂီတ နားထောင်ခြင်း
ချက်ပြုတ် စားသောက်ခြင်း
စသည့် လုပ်ဆောင်မှုဖြင့်
ဖြတ်သန်း ကြရပါတယ်

တနေ့တာ လုပ်ငန်းစဥ် လေးတွေက
Space ( နေရာ ထိုင်ခင်း) ပေါ်မှာ
လုပ်ဆောင် ဖြစ်ကြပါတယ်

၁. ဒါဆိုရင်
တနေ့တာ ကိုယ်ရဲ့ အိမ်မှာ
လုပ်ဆောင် ချင်တဲ့
Activities လေးတွေကို
စာရင်းပြုစု ကြည့်ပါ

ကိုယ်ပြုစုထားတဲ့
Activity list လေး ရရှိ သွားပြီဆိုရင်

၂. ကိုယ်ဖန်တီးချင်တဲ့ အိမ် လေးအတွက်
ကိုယ်လုပ်ဆောင်ချင်တဲ့
activities လေးတွေကို မူတည်ပြီး
Space ( နေရာ ထိုင်ခင်) ဖန်တီးနိုင်ပါတယ်

၃. Space တခု ဖန်တီး ဖို့ဆိုရင်
စဥ်းစားရမယ် အခြေခံ အချက် သုံးချက် က

👉အကျယ်အဝန်း (Area)
👉မျက်နှာစာလှည့် ( orientation)
👉 လုံခြုံမှု ( privacy)

စသည့်တို့ကို ထည့်သွင်းစဥ်းစားရပါမယ်
(charlie wing,2021)

17/04/2023

" Abstract " (အနှစ်ချုပ် ရေးသားခြင်း)

စာအုပ်တအုပ်ကို ဖတ်မယ်ဆို
နိဒါန်း / မာတိကာ ကို ကြည့်လိုက်ရင်
စာအုပ် ရဲ့ သဘောတရား
ပေးချင်တဲ့ message ကို
နားလည် သွားသလိုပဲ

ကျောင်းသား ကျောင်းသူများအနေနဲ့
မိမိ တို့ ပြုစု လုပ်ဆောင် ခဲ့တဲ့
project / portfolio
တွေကို တင်ပြတဲ့အခါ
"Abstract "အနှစ် ချုပ်ရေးသား တတ်ခြင်း
သည်လည်း ပဲ အရေးကြီးလှပါတယ်

"ကောင်းမွန်စွာ
ပြင်ဆင် ရေးသား ထားတဲ့ Abstract ဆိုတာ

မိမိ တို့ လုပ်ဆောင် ထားသော စာတမ်း/
Project / Portfolioတွေ ကို

စာဖတ် သူတို့အား
လွယ်ကူရှင်းလင်းတိကျစွာ
နားလည်စေပြီး

စာဖတ်သူတို့ရဲ့စိတ်ဝင်စားနှင့်
ကိုက်ညီမှုရှိ ခြင်း / မရှိခြင်း ဆိုတာ
ဆက်လက် လေ့လာနိုင်အောင်
ရေးသားပေးနိုင်တာပဲ ဖြစ်ပါတယ်
(By American National Standards Institute )

မေး : Abstract တခု ရဲ့
ရေးသားသင့်တဲ့ စာလုံး အရေအတွက် က
ဘယ်လောက်ရှိ သင့်ပါသလဲ

ဖြေ : အများအားဖြင့် စာလုံးပေါင်း 250 words ပဲ ဖြစ်ပါတယ်

မေး : Abstract တခု ဘယ်လိုရေးသားရမလဲ?

ဖြေ : Abstract တခု ရေးသားနိုင်ရင် အောက်ပါ အချက်အလက်တွေ ပါဝင်ရပါမယ်

၁. စာတမ်း/ project / portfolio ရဲ့ ရည်ရွယ်ချက် နှင့် လေ့လာမယ့် အကြောင်းအရာ ရေးသားခြင်း

၂. စာတမ်း/ project / portfolio မှာ အသုံးပြုခဲ့တဲ့ နည်းလမ်း ( method ) ကို ရေးသားခြင်း

၃. မိမိ တို့ အသုံးပြုခဲ့တဲ့ method ရဲ့
အဖြေ ရလဒ် ( results) ကို အနှစ်ချုပ်ရေးသားခြင်း

၄. နိဂုံးချုပ် ( conclusion) ရေးသားခြင်း



How to write and publish a scientific Paper
စာအုပ်မှရေးသား ပြုစုပါသည်

With loves
Htanaung Yaik Innovation

17/04/2023

"နှစ်သစ် မဂ်လာပါ "

ဘေးရန်ခပ်သိမ်း
ကင်းစင်တော်မူသော
အရှင်မြတ်စွာဘုရား

အကျွန်ုပ်တို့ သည်
ဘေးဘယာ အပေါင်းကင်းကွာ
ကျန်းမာချမ်းသာ ရှိကြပါစေ

အကျွန်ုပ်တို့ ပတ်ဝန်းကျင် ရှိ
သတ္တာဝါ အပေါင်း
သူတော်ကောင်းတို့သည်လည်း
ဘေးဘယာ အပေါင်း ကင်းကွာ
ကျန်းမာ ချမ်းသာပါစေ

နှစ်သစ်ကူး အချိန် အခါသမယ
သတ္တဝါအပေါင်း
ပို့သသော မေတ္တာ ဓါတ် တို့ ကိုလည်းခံယူပါ ၏
မေတ္တာ ဓါတ်တို့ ဖြင့်
ပြုသမျှ ကုသိုလ် များလည်း
အမျှပေးဝေပါ၏

ဤကဲ့သို့
Htanaung Yaik Innovation
မိသားစု
မှ
နှစ်သစ် ကူး
ဆုတောင်း မေတ္တာ
ပို့သအပ်ပါသည်

Want your school to be the top-listed School/college in Hlaing?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Mae Zi Gon Road
Hlaing
11051