WIEC - Win International Education Center

WIEC - Win International Education Center

Share

WIEC - Win International Education Center ကနေကြိုဆိုပါတယ်နော်?

10/10/2025
01/09/2025

သင့်ကလေးရဲ့ IGCSE journey အတွက် အထောက်အပံ့ပေးနိုင်မယ့် အကောင်းဆုံး Class တစ်ခုကို ရှာဖွေနေပါသလား ⁉️

❝𝐖𝐈𝐄𝐂 ရဲ့ Mini-IGCSE/GED Class လာပါပြီ❞

လာမယ့် အောက်တိုဘာမှာ Year 7,8,9 အတွက် English, Mathematics, Scienceနဲ့ Computing ဘာသာရပ်တွေကို စနစ်တကျသင်ကြား ပေးပြီး higher Education အတွက် အုတ်မြစ်ချပေးမယ့် Mini-IGCSE တန်းခွဲသစ်တစ်ခုကို ❝𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫❞ မှာ ဖွင့်လှစ်ပေးသွားတော့မှာပါ။

🗓 Class စတင်ရက်: အောက်တိုဘာလ ၁၁ရက်၊ ၂၀၂၅ (စနေနေ့)
📍တစ်ပတ် ၂ရက် ( စနေ၊ တင်္ဂနွေ)
⏰Pearson: မနက် ၉နာရီ - နေ့လည် ၁၂နာရီ |
Cambridge: နေ့လည် ၁နာရီ - ည နေ ၄ နာရီ

📖သင်ကြားမည့် ဘာသာရပ်များ:
၁) English
၂) Mathematics
၃) Science
၄) Computing

💰 လစဉ်ကြေး ၅၀,၀၀၀ကျပ် (တစ်ဘာသာနှုန်းထား)

ဘာကြောင့် 𝐖𝐈𝐄𝐂 ကို ရွေးချယ်သင့်တာလဲ ?

𝐖𝐈𝐄𝐂 မှာတော့ အတွေ့အကြုံရှိပြီး ပညာရည်ပြည့်၀တဲ့ ဆရာဆရာမများက ကလေးများ ထိထိရောက်ရောက် လေ့လာသင်ယူနိုင်စေမယ့် တန်းခွဲငယ်များမှာ Pearson၊ Cambridge စတဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် နွေးထွေးပြူငှာစွာ စနစ်တကျ လေ့ကျင့်သင်ကြားပေးပါတယ်။

Mini-IGCSE Classကို စိတ်၀င်စားလို့ အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်၊ သင်တန်းလိပ်စာများမှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

လက်တွေ့ဘဝ အသုံးချနိုင်ပြီး
GED and IGCSE အတွက် အခြေခံ ခိုင်မာစေဖို့ တာဝန်ယူပါသည်။

“ သင့်ကလေးရဲ့ အနာဂါတ်အတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်များကို - 𝐖𝐈𝐄𝐂နဲ့ အတူ မြှင့်တင်ပေးလိုက်ပါ ”
☆☆☆ Limited seat only☆☆☆

𝐏𝐡 𝐧𝐨 -

☎️𝟎𝟗𝟓𝟏𝟗𝟐𝟎𝟎𝟓
☎️𝟎𝟗𝟒𝟑𝟎𝟐𝟓𝟎𝟐𝟑
☎️ 𝟎𝟗𝟕𝟓𝟕𝟕𝟏𝟖𝟏2𝟕

𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿

********************************************

🏢 𝐍𝐨 𝟒𝟖 , (𝐦𝐢𝐧𝐢 𝐜𝐨𝐧𝐝𝐨), 𝐏𝐚𝐫𝐚𝐦𝐢 𝐑𝐨𝐚𝐝𝐀𝐭 𝐭𝐡𝐞 𝐮𝐩 𝐨𝐟 𝐂𝐁 𝐛𝐚𝐧𝐤𝟏𝟔 𝐪𝐮𝐚𝐫𝐭𝐞𝐫, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~

***************************
🗺️𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩
𝐡𝐭𝐭𝐩𝐬://𝐦𝐚𝐩𝐬.𝐚𝐩𝐩.𝐠𝐨𝐨.𝐠𝐥/𝟏𝟔𝐒𝐡𝐓𝐱𝟒𝐌𝐗𝐉𝐕𝐞𝟒𝐧𝐩𝟗𝟖
🏠လိပ်စာ - အမှတ် ၁၁၀၊ ၁လွှာ၊ ရွှေမော်ကွန်းကွန်ဒို၊ ၁၄/၃၊
သံသုမာလမ်းမပေါ်၊ တောင်ဥက္ကလာပမြို့နယ်။
(🚏တောင်ဥက္ကလာဘုရားမှတ်တိုင် နှင့် 🚏 မြင်သာဈေးကားမှတ်တိုင်ကြား)


06/01/2025

🎓 သင့်အနာဂတ်အတွက်𝐓𝐞𝐚𝐜𝐡𝐞𝐫'𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡-𝟑ကို 𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာ သင်ယူလိုက်ပါ 🎓

👩‍🏫နိုင်ငံတကာကျောင်းများမှာ ဆရာ/ဆရာမ လမ်းကြောင်းသစ်ဆီသို့လျှောက်လှမ်းလုပ်ကိုင်လိုသူများအတွက်𝐓𝐞𝐚𝐜𝐡𝐞𝐫'𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡-𝟑 ကို 𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှာစာရင်းသွင်းလျှောက်ထားလို့ရပါပြီ။𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 သင်ကြားရေးပိုင်းတွင် အတွေ့အကြုံရှိသော ဝါရင့်ဆရာမကြီးများက စာတွေ့၊လက်တွေ့ သင်ကြားပေးမည်ဖြစ်ပါသည်။သင်တန်းပြီးဆုံးချိန်တွင် စာတွေ့လက်တွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်သူများအတွက် အထူးအခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

လေ့ကျင့်သင်ကြားပေးမည့် ဘာသာရပ်များ
**************************************
- 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐂𝐚𝐫𝐞 𝐚𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (𝐄𝐂𝐂𝐃)
- 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬
- 𝐄𝐧𝐠𝐥𝐢𝐬𝐡
- 𝐒𝐜𝐢𝐞𝐧𝐜𝐞

🎯 သင်တန်း၏ထူးခြားချက်များ
• နိုင်ငံတကာအဆင့်မီ သင်ကြားရေးနည်းစနစ်များ
• လက်တွေ့အသုံးချနိုင်သော သင်ကြားရေးစွမ်းရည်များ
• ကလေးများ၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို နားလည်တတ်ကျွမ်းစေခြင်း
• သင်တန်းဆင်းလက်မှတ်နှင့် 𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐋𝐞𝐭𝐭𝐞𝐫 ထုတ်ပေးခြင်း
• အရည်အချင်းအလိုက် သင့်တော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးခြင်း စတဲ့အခွင့်အလမ်းပေါင်းများစွာရရှိမှာမို့ ယခုပဲ သင်တန်းအပ်ပြီးအထူးလျှော့ဈေးရယူလိုက်ပါ။

💰 သင်တန်းကြေး
• ပုံမှန်ကြေး - ၁၁၀,၀၀၀ ကျပ်
• အစောဆုံးစာရင်းသွင်းသူ (၁၀)ဦးအတွက် အထူးလျှော့ဈေး - ၉၀,၀၀၀ ကျပ်

⏰ သင်တန်းအချိန်(𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬)
• စတင်မည့်ရက် - February(9) ရက်နေ့
• တနင်္ဂနွေနေ့တိုင်း (မနက် ၉:၀၀ - ၁၂:၀၀)အထိ
• သင်တန်းကာလ - (၉)ပတ်

📍 သင်တန်းတည်နေရာ
𝐏𝐨𝐰𝐞𝐫 𝐂𝐨𝐧𝐝𝐨 အမှတ် ၁၅/၁၇၊ (၅-ဘီ)၊လှည်းတန်းမှတ်တိုင်အနီး၊ 𝐋𝐎𝐓𝐓𝐄𝐑𝐈𝐀 ကြက်ကြော်ဆိုင် အပေါ်ထပ် (၅)လွှာ ၊ ရန်ကုန်- အင်းစိန်လမ်းမပေါ်၊ကမာရွတ်မြို့နယ်၊ရန်ကုန်

📱 သင်တန်းစုံစမ်းရန်
☎️ +𝟗𝟓𝟗𝟓𝟏𝟗𝟐𝟎𝟎𝟓 ,+𝟗𝟓𝟗𝟕𝟓𝟕𝟕𝟏𝟖𝟏𝟐𝟕
𝐕𝐢𝐛𝐞𝐫+𝟗𝟓𝟗𝟓𝟏𝟗𝟐𝟎𝟎𝟓 , +𝟗𝟓𝟗𝟕𝟓𝟕𝟕𝟏𝟖𝟏𝟐𝟕

မှတ်ချက်။ ။ နေရာအကန့်အသတ်ရှိသောကြောင့် စောစီးစွာ စာရင်းသွင်းကြပါရန် အသိပေးအပ်ပါသည်။

06/01/2025

New special class in new campus
for MOVER + MATHS. will open on
* January 11th (Saturday)
* 9 am to 12 noon
* special price (50000 mmk per month)
* limited seat( fist come first )
* contect ph(+9595192005)
* new campus address
No 15/17, 5(B)
Power Condo
Yangon_Insein road
Near Hledan Bustop
5th floor( upper of Lotteria Fried_chicken shop)

WIEC - Win International Education Center WIEC - Win International Education Center ကနေကြိုဆိုပါတယ်နော်?

19/07/2024

ကျောင်းတွင်းအားကစားပွဲတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ဘယ်လောက်တောင် တိုးတက်စေသလဲ သိပါသလား ? ⛹️‍♀️🏆

သင့်ကလေးက အားကစားကို ဝါသနာပါလို့ ထူးချွန်တာပဲဖြစ်ဖြစ်၊ ကျောင်းက အားကစားပွဲတွေလုပ်တာကြောင့် Team ထဲမှာ ပါဝင်လိုက်တာပဲဖြစ်ဖြစ် အခုလို ကောင်းကျိုးတွေအများကြီးကို ရရှိစေနိုင်ပါတယ်နော်။

🏆 ရုပ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးစေခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကလေးတွေရဲ့ အလေးချိန်ကို ထိန်းပေးပြီး၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆယ်ကျော်သက်တွေရဲ့ ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း စနစ်တကျ ပုံမှန်ကြီးထွားလာဖို့ ကူညီပေးနိုင်ပါတယ်။

🏆 စိတ်ကျန်းမာစေခြင်း
~~~~~~~~~~~~~~~~~~~
အားကစားပွဲတွေမှာ ပါဝင်ခြင်းဟာ စိတ်ကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်တဲ့ ကူညီပေးသည့် endorphins တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ အဖွဲ့တစ်ဖွဲ့မှာပါဝင်ရတာကြောင့် ကျောင်းသားတွေရဲ့ Academic Life ဖိအားတွေကိုလည်း သက်သာစေနိုင်ပါတယ်။

🏆 Academic Performance ကောင်းစေခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သုတေသနတွေရဲ့ အဆိုပြုချက်တွေရဲ့ အားကစားထူးချွန်တဲ့ကျောင်းသားတွေဟာ ပညာရေးမှာလည်း ထူးချွန်ကြလေ့ရှိပါတယ်တဲ့။

ဒီအချက်တွေအပြင်
▫️Social Skills ကောင်းစေခြင်း
▫️မိမိကိုယ်ကိုယုံကြည်မှုရှိစေခြင်း
▫️နာခံတတ်ခြင်းနှင့် တာဝန်ယူတတ်လာခြင်း
▫️အခက်အခဲများကို ဖြေရှင်းနိုင်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးကို ထိခိုက်မှာစိုးလို့၊ စာကြည့်ချိန်နည်းမှာစိုးလို့ ကျောင်းတွင်း အားကစားပွဲတွေကို မပါဝင်ခိုင်းတာမျိုး မလုပ်သင့်ဘဲ၊ ဆရာ၊ ဆရာမ များအနေနဲ့ကလည်း ကလေးတွေကို ကာယချိန်မှာ မြတ်နှုတ်ခိုင်းတာမျိုးကို မလုပ်သင့်ကြောင်း WIEC မှ အကြံပေးမျှဝေပါရစေနော်။ 🙏

စာလေးကို သဘောကျနှစ်သက်ရင် Like & Share ပြုလုပ်ခဲ့ဖို့ မမေ့ပါနဲ့ဦး။

ကောင်းသောနေ့လေးဖြစ်ပါစေ။ 🤗





13/07/2024

လတ်တလောဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါရန်ကနေ ကိုယ့်ကလေးကို ဘယ်လိုကာကွယ်ကြမလဲ ? ‼️

ရန်ကုန်မြို့မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေလတ်တလောဖြစ်ပေါ်နေကြတယ်ဆိုတော့ အရွယ်မရောက်သေးတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေအတွက် စိတ်ပူစရာပါပဲ။ ဒါကြောင့် ကိုယ့်ကလေးငယ်တွေကို ဝမ်းပျက်၊ ဝမ်းလျှော ရောဂါမဖြစ်ရအောင် ဒီအချက်လေးတွေကို သတိထားပြီး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့ ဖေဖေ၊ မေမေတို့ရေ။

🔰 အစားအစာ
~~~~~~~~~~~~
အစားအစာတွေကို သေချာကျက်အောင်ချက်ပြုတ်ပါ။
ပင်လယ်စာနဲ့ အသားငါးတွေကို အပူသေချာရရှိပြီး ကျက်အောင် ချက်ပြုတ်ပြီးမှသာ စာသုံးပါ။ အသီးအရွက်တွေကိုလည်း စင်ကြယ်အောင် သေချာစွာဆေးကြောပါ။

အမှည့်လွန်အသီး၊ ယင်နားစာတွေကို ရှောင်ရှားပြီး အကင်၊ တုတ်ထိုး ကြိုက်တတ်တဲ့ ကလေးတွေအတွက်လည်း street food တွေကို လတ်တလောမှာ ခဏမကျွေးဘဲ ရပ်ထားသင့်ပါတယ်။ အသားစိမ်းပါဝင်တဲ့ ဆူရှီတွေကိုလည်း မကျွေးသင့်ပါဘူး။

🔰 အိမ်သာ၊ ရေချိုးခန်း
~~~~~~~~~~~~~~~~~
စျေးဝယ်စင်တာတွေ၊ အများသုံးနေရာတွေမှာရှိတဲ့ သန့်စင်ခန်းတွေကို အထူးဂရုစိုက်ပြီး တတ်နိုင်သလောက် အသုံးမပြုပါနဲ့။ မိမိတို့ရဲ့ အိမ်သာ၊ ရေချိုးခန်းတွေမှာလည်း သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။

🔰 သောက်သုံးရေ
~~~~~~~~~~~~~~
ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။

🔰 တစ်ကိုယ်ရည်သန့်ရှင်းရေး
~~~~~~~~~~~~~~~~~~~~~~~
အိမ်သာတက်ပြီးတိုင်း ကလေးကို လက်ဆေးခိုင်းပါ။ လက်သန့်ဆေးမကြာခဏ အသုံးပြုပေးပြီး အစာမစားခင်မှာလည်း လက်ကိုစင်ကြယ်အောင် ဆေးပေးပါ။

🔰 ရောဂါလက္ခဏာတွေကို သတိထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းလိုမျိုး ကာလဝမ်းရောဂါလက္ခဏာတွေကို သတိထားနေပါ။ တစ်စုံတစ်ခု လက္ခဏာပြပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းမှာ ဆေးကုသမှုချက်ချင်းခံယူပါ။

✔️ ဒါ့အပြင် ကာလဝမ်းရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေ၊ အကြံပေးချက်တွေ၊ ကြော်ငြာချက်တွေကို အမြဲလေ့လာပြီး ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း လေ့လာဖတ်ရှုထားဖို့ မမေ့ပါနဲ့ဦးနော်။

သားသား၊မီးမီးတို့ အားလုံးပဲ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို အောင်မြင်စွာ ကျော်လွှားပြီး ဘေးရန်ကင်းကြပါစေလို့ WIEC မှ ဆုမွန်ကောင်းတောင်းပေးလျက်ရှိပါတယ်နော်။ 🙏

ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ဒီစာလေးကို Like & Share ပြုလုပ်ခဲ့နိုင်ပါတယ်။

ကောင်းသောနေ့လေးဖြစ်ပါစေ။ 🤗





15/06/2024

သားသား နဲ့ မီးမီး တို့ရဲ့ အနာဂတ်အတွက် 𝐈𝐆𝐂𝐒𝐄 𝐂𝐥𝐚𝐬𝐬 ကောင်းကောင်းတစ်ခုကို ဘယ်မှာ သင်ရပါ့မလဲ ? 🤗

𝐈𝐆𝐂𝐒𝐄 စာမေးပွဲအတွက် 𝐂𝐥𝐚𝐬𝐬 ကောင်းကောင်းတစ်ခုကိုရှာဖွေနေတဲ့ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူ၊ သားသားမီးမီးများအတွက် -

❝𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫❞ မှ
မကြာခင်ဖွင့်လှစ်တော့မဲ့ 📖 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 (𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥) တန်းခွဲအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

📖 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 မှာဆိုရင် 𝐈𝐆𝐂𝐒𝐄 စာမေးပွဲအတွက် အဓိကလိုအပ်တဲ့ ဘာသာရပ်တွေဖြစ်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬, 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 စတဲ့ ဘာသာရပ် လေးခုကို စနစ်တကျ ထိရောက်စွာသင်ကြားပေးသွားမှာဖြစ်ပါတယ်။

📖 အတွေ့အကြုံရင့်ကျက်တဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 - 𝐃𝐚𝐰 𝐎𝐡𝐦𝐚𝐫 𝐖𝐢𝐧 မှ ကိုယ်တိုင်ဦးစီးပြီး 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 အနေနဲ့ စနစ်တကျ ထိရောက်စွာ သင်ကြားပေးသွားမှာပါနော်။

✅ ဒီလို ဆရာမကြီး‌ ကိုယ်တိုင် ထိရောက်တဲ့သင်ရိုးညွှန်းတမ်း၊ နားလည်ရလွယ်ကူတဲ့ စာသင်ကြားရေးပုံစံတွေနဲ့အတူ သင်ကြားပေးသွားမှာဖြစ်လို့ သင့်ကလေးအတွက် 𝐈𝐆𝐂𝐒𝐄 စာမေးပွဲမှာ ရလဒ်ကောင်းမွန်စွာအောင်မြင်ဖို့ စိတ်ချထားနိုင်ပါတယ်။

𝟐𝟎𝟐𝟒 ခုနှစ်၊ 𝐉𝐮𝐥𝐲 လ၊ 𝟔ရက်နေ့မှာ မိဘတွေနဲ့အတူ ဆရာမကြီးတွေ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး နံနက်စာနဲ့ တည်ခင်းဧည့်ခံပေးသွားမဲ့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭 လေးတစ်ခုလည်းရှိတာကြောင့် စိတ်ဝင်စားကြတဲ့ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို 𝐖𝐈𝐄𝐂 မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗

𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 ( 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥 )
~~~~~~~~~~~~~~~~~~~~~~~~~
🗓️ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐃𝐚𝐭𝐞 - 𝟔.𝟕.𝟐𝟎𝟐𝟒
🕐 𝐓𝐢𝐦𝐞 - 𝟗𝐀𝐌 𝐭𝐨 𝟏𝟐𝐀𝐌
🗓️ 𝐄𝐯𝐞𝐫𝐲 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲
📖 𝐒𝐮𝐛𝐣𝐞𝐜𝐭𝐬 - 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬, 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠.
💵 𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞 - 𝟏𝟐𝟎𝟎𝟎𝟎𝐦𝐦𝐤 𝐩𝐫 𝐦𝐨𝐧𝐭𝐡.

✅ ဒါကြောင့် 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 ရဲ့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐞𝐯𝐞𝐧𝐭 လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ 𝐖𝐈𝐄𝐂 မှ သင်ကြားပေးနေတဲ့ တခြားသော 𝐂𝐥𝐚𝐬𝐬 များစွာနဲ့ ပတ်သက်ပြီး သိချင်လို့ပဲဖြစ်ဖြစ် အောက်ပါ ဖုန်းနံပါတ်၊ လိပ်စာများမှတဆင့် ဆက်သွယ်ပြီး စုံစမ်း၊စာရင်းပေးသွင်းထားနိုင်ပါပြီရှင့်။
𝐏𝐡 𝐧𝐨 -
☎️𝟎𝟗𝟗𝟔𝟓𝟎𝟐𝟕𝟒𝟕𝟖
☎️𝟎𝟗𝟓𝟏𝟗𝟐𝟎𝟎𝟓
☎️𝟎𝟗𝟒𝟑𝟎𝟐𝟓𝟎𝟐𝟑
☎️ 𝟎𝟗𝟕𝟓𝟕𝟕𝟏𝟖𝟏𝟕
𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 𝐍𝐨 𝟒𝟖 , (𝐦𝐢𝐧𝐢 𝐜𝐨𝐧𝐝𝐨), 𝐏𝐚𝐫𝐚𝐦𝐢 𝐑𝐨𝐚𝐝𝐀𝐭 𝐭𝐡𝐞 𝐮𝐩 𝐨𝐟 𝐂𝐁 𝐛𝐚𝐧𝐤𝟏𝟔 𝐪𝐮𝐚𝐫𝐭𝐞𝐫, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~
***************************
🏢 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟑𝟒/ ဗဟိုလမ်း, အာရှတော်ဝင်ဆေးရုံအနီး 𝐂𝐚𝐩𝐢𝐭𝐚𝐥 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 ရှေ့တည့်တည့်။




04/01/2024

🇲🇲 “လွတ်လပ်ရေးနေ့ တို့မမေ့" 🇲🇲

၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်
ကျရောက်သော (၇၆ ) နှစ်မြောက်
လွတ်လပ်ရေးနေ့ ကို
မြန်မာပြည်သူ၊ပြည်သားများအားလုံးနဲ့ အတူ
𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှ ကြိုဆို ဂုဏ်ပြုအပ်ပါသည် 🙋‍♀️

#လွတ်လပ်ရေးနေ့

31/12/2023

𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑 🎉🎉🎉

𝟐𝟎𝟐𝟒 ခုနှစ် နှစ်သစ်မှစ၍ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ 𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏😊☺️

07/10/2023

ကလေးတွေကိုထိန်းဖို့ မအားဘူးဆိုတဲ့ ဖေဖေမေမေတွေ ❝အသိပေးစာ❞❗

- ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်ချို့ကလေးတွေကို မိဘတွေက ဝန်ထမ်းတွေမို့ မွေးပြီးကတည်းက ကလေးထိန်းနဲ့ပဲ ပစ်ထားတာမျိုး တွေ အတွေ့များလာပါတယ်။

- ဒီလို 𝐍𝐞𝐠𝐥𝐞𝐜𝐭 လုပ်ခံရတဲ့ကလေးတွေဟာ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐦𝐚𝐠𝐞 တွေများလာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေအများကြီး ဖြစ်လာနိုင်တယ်ဆိုတာကို ဒီနေ့ 𝐖𝐈𝐄𝐂 က အဓိက 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးသွားပါမယ်။

ဒါက မိဘတွေ တကယ်သိထားသင့်တဲ့ ဆွေးနွေးသင့်တဲ့ အကြောင်းအရာတစ်ခုပါ။

- ပထမဆုံးအ နေနဲ့ လစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဟာ 𝐀𝐧𝐱𝐢𝐞𝐭𝐲 တွေကြောင့် 𝐒𝐭𝐫𝐞𝐬𝐬 𝐇𝐨𝐫𝐦𝐨𝐧𝐞𝐬 တွေ များလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အဆိပ်အတောက်ဖြစ်လာစေနိူင်ပါတယ်။

- အကျိုးဆက်တွေအနေနဲ့

✅ 𝐋𝐨𝐰𝐞𝐫 𝐈𝐐 𝐒𝐜𝐨𝐫𝐞𝐬 ကိုရရှိလာနိူင်‌စေပါတယ် ။

✅ ဘာသာစကားလက်ခံ တတ်ကျွမ်းနိုင်မှုကိုလည်း နှောင့်နှေးလာ စေနိူင်ပါတယ်။

✅𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 လို့ခေါ်တဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်ကိုလည်း လျော့ကျလာစေနိူင်ပါတယ်။

- ဒီ ၃ ချက်စလုံးက ဦးနှောက်ဖွံ့ဖြိုးမှုအများဆုံးဖြစ်တဲ့ ဘဝရဲ့အစောဆုံး နှစ်ကာလအပိုင်းအခြားတွေမှာ ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။
ထို့အပြင် 𝐍𝐞𝐠𝐥𝐞𝐜𝐭 လုပ်တာခံရတယ်၊ ဂရုစိုက်မခံရတာတွေ များလာရင် ကလေးတွေရဲ့ စိတ်တွေဟာ စိတ်ဓာတ်ကျလာပြီး လူတွေကို အယုံအကြည်မရှိတော့တာ၊ ဘယ်သူ့ကိုဖြစ်ဖြစ်အပြစ်မြင်နေတာတွေဖြစ်လာနိူင်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်နိူင်‌တော့ပဲ
ကိုယ့်ခံစားချက်ကိုပဲ ရှေ့တန်းတင်ပြီး ဦးစားပေးတာ၊
ပေါင်းသင်းဆက်ဆံရေးကို အရေးမကြီးဘူးလို့ ထင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

အားလုံးထက်အရေးကြီးတာကတော့ အထူးသဖြင့်မိဘတွေရဲ့ 𝐍𝐞𝐠𝐥𝐞𝐜𝐭 လုပ်ခံရမှုများလာတဲ့ ကလေးတွေက ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တော့သလို တစ်ဖြည်းဖြည်း နဲ့ 𝐀𝐠𝐠𝐫𝐞𝐬𝐬𝐢𝐯𝐞 ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း ပထမဆုံးနှစ်တွေမှာ အနည်းဆုံး ဂရုတစိုက်ပေးပြုစုပျိုးထောင်ပေးတဲ့ အချိန်ပေးနိုင်တဲ့ မိဘတစ် ယောက်တော့ လိုအပ်ပါတယ်။
အဲလိုမှမဟုတ်ရင် တစ်ကိုယ်ကောင်းဆန်တဲ့ လူကြီးလေးတွေအဖြစ် ကြီးပျင်းလာမှာ စိုးရိမ်ရပါတယ်။
ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးမှုဟာ အင်မတန်မှအရေးကြီးတာမို့ 𝐒𝐨𝐜𝐢𝐚𝐥 𝐀𝐧𝐱𝐢𝐞𝐭𝐲 တွေမရလေအောင် မိမိတို့ရဲ့ကလေးလေးတွေကို အချိန်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော် ။

စာကိုအဆုံးထိဖတ်ပေးလို့လည်း 𝐖𝐈𝐄𝐂 မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။‌ နောင်များမှာလည်း ယခုလို အကျိုးရှိတဲ့ စာတွေတင်ပေးမှာမို့ 𝐏𝐚𝐠𝐞 ကိုလည်း 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ပေးဖို့ မမေ့နဲ့နော်။



Want your school to be the top-listed School/college in Hlaing?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 40 ; Parami Road 16 Quarter Hlaing Township Yangon
Hlaing
11052