Techno Learn

Techno Learn

Share

Empowering the next generation of IT
professionals in Myanmar.

Our Mission :

Providing individuals and businesses in Myanmar with practical, high-quality technology education, equipping them with the skills needed to thrive in the digital era. Our Vision :

Becoming the leading provider of technology education in Myanmar, fostering a generation of skilled professionals and empowering communities to succeed in the digital world.

27/05/2026

"Ethical Hacking & Cyber Security" ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေ /ဝါသနာကနေ အလုပ်ခွင်ဝင်တဲ့ အထိ အထောက်အကူပြုစေဖို့ နဲ့ သိအိုရီကော လက်တွေ့ပါ တတ်မြောက်လိုသူတွေအတွက် ယခု အတန်းမှာ လုံးဝ "အခြေခံကနေ" သင်ကြားပေးထားပါတယ်။

⚠️ယခု သင်တန်းမှာ "အခြေခံ" ကနေ သင်ကြားပေးသွားမှာဖြစ်ပြီး Cybersecurity နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများဖြေဆိုနိုင်ဖို့ နဲ့

Bank/Telecom/ISP/Network Infrastructure စသည့် နယ်ပယ်များမှာ Junior Cyber Security Analyst , Junior Cybersecurity Specailist Level အနေနဲ့ အလုပ်ခွင်ဝင်နိုင်ရန် အထိ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

(စာလိုက်လုပ်ဖို့ လိုပါမယ်။)

✨သင်တန်းစမည့်နေ့ : June , 3 ရက်နေ့ , 2026

💻"Ethical Hacking & Cyber Security :Theory + Pratical " (Zoom Class) - Batch 25

👨‍🏫Course Outline
==============
📗 Introduction to Information Technology and Ethical Hacking
📗Information Technology Career Paths
📗Essential Networking Knowledge for Ethical Hackers
📗Essential Linux Knowledge for Ethical Hackers
📗Ethical Hacking and Cybersecurity Theory
📗Phases of Ethical Hacking and Pe*******on Testing Pe*******on Testing Strategies
📗 Information Gathering and Attack Techniques
📗Information Gathering, Footprinting, and Reconnaissance
📗Scanning and Enumeration
📗DoS and DDoS Attacks
📗Vulnerability Analysis
📗Buffer Overflow
📗Malicious Programs
📗Live Boot Systems
📗 Social Engineering and Exploitation Techniques
📗Social Engineering (Human Hacking)
📗Brute Force Attacks (Using Wordlists)
📗Wireless Hacking (Wi-Fi)
📗Network Mapper and Nessus
📗Metasploit and Port Forwarding
📗Exploitation of Network Systems
📗 Advanced System Exploitation
📗Device Hacking (Theory and Practical)
📗Android Exploitation
📗Windows Exploitation
📗Linux Exploitation
📗Post-Exploitation and Privilege Escalation
📗Advanced Exploitation (Theory and Practical)
📗 Attacks on Network Infrastructure
📗DNS Spoofing, ARP Poisoning, and DHCP Spoofing
📗Network Sniffing
📗Pivoting and Lateral Movement
📗Maintaining Access (Theory and Practical)
📗 Introduction to Defensive Security
📗Firewall
📗Honeypots
📗Cryptography
📗Steganography
📗IDS (Intrusion Detection System)
📗IPS (Intrusion Prevention System)
📗SIEM (Security Information and Event Management)
📗EDR (Endpoint Detection and Response)
📗SOAR (Security Orchestration, Automation, and Response)
📗 Practical Labs and Certifications
📗Capture the Flag (CTF) Challenges
(Theory and Practical)
📗Virtualization Technology
📗Cloud Computing and Cloud Storage
📗TechnoLearn Exams and Certifications
📗Web Security and Cryptography
📗 Web Security Learning Paths
📗 VulnerHub Labs
📗 Career Guidance
📗Certification Paths for Ethical Hackers
📗Discussion: Recognized Certifications and Cybersecurity Jobs
📗Securing Yourself and Covering Tracks (Theory and Practical)

💻သင်ကြားမူ ပုံစံ
============
"Zoom Class " နဲ့ တိုက်ရိုက် သင်ကြားနိုင်မှာဖြစ်တဲ့ အပြင် သင်ခန်းစာ "Record " ရရှိနိုင်ပြီး စာဆွေးနွှေးဖို့ "Telegram Group " ပါရရှိမှာဖြစ်ပါတယ်။
•••••••••••••••••••••••••••••••••••••••••••••••••••

(Video Class , One On One (Zoom Class) တက်လိုသူများလည်း စုံစမ်းနိုင်ပါတယ်။)

🔺Class Information ✨

သင်တန်းကြေး - 300,000 Mmk (သုံးသိန်းကျပ်)
သင်တန်းကာလ - 2 Months ( နစ်လ)
သင်တန်းအချိန် - ဗုဒွဟူး / ကြာသပတေး (ည 8:00 PM - 10:00 PM)

💡 အသေးစိတ်သိရှိလိုပါက

Page Messenger: m.me/technolearn

Phone : 09 766799336

26/05/2026

💻 "Technolearn Company Limited" အနေနဲ့ နည်းပညာ ကို စတင်လေ့လာနေတဲ့ လူငယ်များအတွက် နည်းပညာ သင်တန်းများသာမက

SME, Start-up လုပ်ငန်းများ နဲ့ အခြားသော လုပ်ငန်းများအတွက် Web development & CyberSecurity Services များကိုလည်း ထိရောက်စွာ ဝန်ဆောင်မှုပေးနေပါတယ်။

📌"Techno Learn"ကို 2022 ခုနှစ်, September လ, 16 ရက်နေ့မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး

လက်ရှိ ပေးနေတဲ့ ဝန်ဆောင်မူတွေနဲ့ သင်တန်းတွေ အနေနဲ့ကတော့

✅Technology Trainings
(i) Computer Basic To Advance Course(A+)
(ii)Network Engineering Course
(iii)Essential Linux & Linux Security Course
(iv)Ethical Hacking & Cybersecurity Course
(v)Websecurity & Webhacking Course
(vi) Comptia Security + 701

စတဲ့ နည်းပညာ သင်တန်းတွေကို Video Class , Zoom Group Class , Zoom One On One Class တွေ အနေနဲ့

ကျောင်းသားပေါင်းများစွာကို Online ကနေ 2022 တဘ်းက သင်ကြားပေးနေပြီး လက်ရှိ မှာလည်း နိုင်ငံအသိးသိး နယ်ပယ် အသိးသိးမှာ လုပ်ငန်းခွင်ဝင်လျှက်ရှိပါတယ်။

✅Web Design & Development Services
(i)Information Website
(ii)E-commerce website
(ii)POS
(iii)learning management system website

✅WebSecurity & Pe*******on Testing Service

📌"Techno Learn" ရဲ့ ရည်ရွက်ချက်ကတော့ နည်းပညာကို စတင်လေ့လာလို သူတွေ အတွက် ပိုပို ထိရောက်စွာ အချိန်တိုတွင်း စနစ်တကျ မိမိ လေ့လာလိုသော နည်းပညာများကို သင်တန်းကြေး သက်သာစွာတတ်မြောက်စေရန်ဖြစ်ပြီး ၊ Digital Solutions များမှာလည်း Client တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး "ဝန်ဆောင်မူတိုင်း မှာ အကောင်းဆုံးရလာဒ်" ထွက်လာစေအောင် ကြိုးစားပေးဖို့ပဲ ဖြစ်ပါတယ်။

📲 ဝန်ဆောင်မှုတွေ နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန်အတွက်

• Page Messenger: m.me/technolearn
• Phone: +959 766 799 336

16/05/2026

💻ဒီနေ့မှာတော့ "Technolearn" ကနေ Hacking Crazy တွေ လက်မလွှတ်သင့်တဲ့ Movie လေးတွေကို ပြောပြပေးသွားပါမယ်

✨ ဇာတ်လမ်းအကျဉ်းလေးတွေနဲ့ ဘာကြောင့် ကြည့်သင့်တယ်ဆိုတာလေးကိုသိချင်တယ်ဆိုရင်တော့ အဆုံးထိဖတ်ပေးနော်

🎬 Who Am I: No System is Safe (2014)

၂၀၁၄ ခုနှစ်တွင် ထွက်ရှိတဲ့ Hacking ဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျာမနီမှ ဂျွန်နီ အို (Tom Schilling) သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက လူငယ်တစ်ယောက်ရဲ့ အသိပညာရှာဖွေရေးနှင့် သက်ဆိုင်ပြီး၊ သူ့ရဲ့ အနာဂတ်ကို သူကိုယ်တိုင် ရှာဖွေတဲ့ပုံစံပုံဖော်ထားတာပါ

နောက်ပိုင်းသူက တခြားသော Hacker တွေနဲ့အတူ Clown ဆိုတဲ့ ခြိမ်းခြောက်မှုနည်းပညာသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ် Clown ဟာ လူများကို အမှတ်ရစေမည့် အတွင်းအကြောင်းအရာများ ပြုပြင်ဖော်ပြတဲ့ hacktivist အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်

ဒီထဲမှာဆိုရင် Technology ရဲ့ ဆန်းကြယ်တိုးတက်မှုကိုမြင်ရမှာဖြစ်သလို မင်းသား Ben က identity, trust, နှင့် technology စသော အကြောင်းအရာများကို မေးခွန်းထုတ်ခဲ့ပြီး၊ လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ့်ရဲ့ တန်ဖိုးကို ရှာဖွေဖို့ message ပေးခဲ့ပါတယ်

🎬 Mr Robots

2015 ခုနှစ် American TV Series ရဲ့ ပထမဆုံးဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် Elliot Alderson ကနေ့ဘက်မှာ Cyber security Engineer တစ်ယောက်ဖြစ်ပြီး ညဘက်မှာတော့ ဟက်ကာတစ်ဦးပဲဖြစ်ပါတယ် သူက Mr Robot ဆိုတဲ့ စွမ်းအင်မြှင့်ဟက်ကာအဖွဲ့ရဲ့ နည်းပညာမှူးတစ်ဦးလည်းဖြစ်ပါတယ်

ဒီဇာတ်ကားဟာဆိုရင် social engineering, Raspberry Pi hack နဲ့ DDOS တိုက်ခိုက်မှုတွေကို
လက်တွေ့ကျကျဖော်ပြထားပြီး Hacking ဝါသနာအိုးတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုဖြစ်မှာအသေအချာပါပဲ

🎬 Unfriend DarkWeb (2018)

ဒီဇာတ်လမ်းရဲ့ပုံစံကတော့ Matias က သူ့ကွန်ပျူတာကို အသုံးပြုပြီး ဗွီဒီယိုဂိမ်းတစ်ခုကို ရှာဖွေရာမှာ အွန်လိုင်းဂိမ်း တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲဒီဂိမ်းက DarkWeb နဲ့ဆက်နွယ်နေပြီး သူ့ကို အန္တရာယ်တွင်းထဲ ဘယ်လိုခေါ်ဆောင်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်

ဒီဇာတ်လမ်းကိုကြည့်ပြီး DarkWeb က စကားပြောတစ်ခုတင်မဟုတ် တကယ်ရှိကြောင်းနဲ့ ကိုယ့်ရဲ့ကိုယ်‌ ရေးအချက်အလက်‌ ဒေတာတွေကို လုံခြုံအောင်ထားဖို့ အလွန်အရေးကြီးကြောင်းတွေ့ရမှာဖြစ်ပါတယ်

🎬 Snowden (2016)

ဒီရုပ်ရှင်ကတော့ NSA (National Security Agency) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Edward Snowden ရဲ့ အကြောင်းကိုပြောပြပေးထားတာဖြစ်ပါတယ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အချက်အလက်တွေကို စောင့်ကြည့်ဖို့ NSA ရဲ့ လုပ်ဆောင်ပုံတွေကို သရုပ်ဖော်ထားတာက အရမ်းမိုက်ပါတယ်

⌨️ရှုပ်ထွေးလှတဲ့ ဆိုက်ဘာလုံခြုံရေးသဘောတရားများကို ကြည့်တဲ့သူတွေနားလည်အောင်လည်း တင်ပြထားပါတယ် ဒီရုပ်ရှင်ကတော့ ပြည်တွင်းလုံခြုံရေးနဲ့ ကိုယ်ပိုင်အခွင့်အရေးကြားကွာဟမှုကို‌ ဖော်ပြထားပြီး မှန်ကန်တဲ့အရာအတွက် ရပ်တည်ရန်လိုအပ်တဲ့ အနစ်နာခံမှုတွေကိုလည်း ပြောပြသွားပါတယ်

✨အခုပြောပြသွားတဲ့ ဇာတ်ကားတွေကတော့ Hacking ကို စိတ်ဝင်စားတဲ့သူတွေ Tech Movie ကောင်းကောင်းကြည့်ချင်သူတွေအတွက် "Technolearn " မှ စုစည်းတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။

💻"Technolearn" ရဲ့ တယ်လီဂရမ် Channel မှာလည်း ဝင်ရောက်ကြည့်လို့ရပါပြီ။ Fb Page Messenger မှာ တောင်းပေးပါခင်ဗျာ။

16/05/2026

💻ဇွဲကောင်းလွန်းတဲ့ တရုတ် Hacker တွေနဲ့ အာဇာဘိုင်ဂျန်ရဲ့ စွမ်းအင်ကုမ္ပဏီကြီး တစ်ခုအကြောင်း ကို "Techno Learn" ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

“တံခါးကို ဘယ်လောက်ပဲ သော့ခတ်ခတ်... အပေါက်ဟောင်းကနေပဲ မရရအောင် ပြန်ပြန်ဝင်လာတဲ့ ခိုးတတ်တဲ့သူတွေ” အကြောင်းကို ကြားဖူးကြမှာပါ။

Cybersecurity လောကမှာလည်း အခုလို ဇွဲကောင်းလွန်းတဲ့ Hacker တွေကြောင့် ITအဖွဲ့တွေ ခေါင်းမီးတောက်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု တကယ်ရှိခဲ့ပါတယ်။

မကြာသေးခင်ကမှ ဆိုက်ဘာလုံခြုံရေးအဖွဲ့ (Bitdefender) ရဲ့ ထုတ်ပြန်ချက်အရ အာဇာဘိုင်ဂျန်နိုင်ငံက နာမည်ကြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတစ်ခုဟာ တရုတ်အခြေစိုက် FamousSparrow ဆိုတဲ့ Hacker အဖွဲ့ရဲ့ ၃ ကြိမ်တိုင်တိုင် ဆက်တိုက် မွှေနှောက်ခြင်းကို ခံလိုက်ရပါတယ်။

📌ဒီတိုက်ခိုက်မှုမှာ အဆန်းဆုံးက Hacker တွေဟာ ကုမ္ပဏီရဲ့ Microsoft Exchange Server ထဲက (ProxyNotShell) ဆိုတဲ့ အားနည်းချက်တစ်ခုတည်းကိုပဲ သုံးပြီး ဝင်သွားတာပါ။

ကုမ္ပဏီရဲ့ IT အဖွဲ့က ရိပ်မိလို့ ရှင်းလိုက်ရင် Hacker က နောက်ထပ် Malware အသစ်တစ်ခုနဲ့ ဒီအားနည်းချက်ကနေပဲ ပြန်ဝင်လာတာမျိုးကို ၃ လအတွင်း (၃) ကြိမ်တိတိ လုပ်သွားခဲ့ပါတယ်။

ပထမဆုံးအကြိမ်က ၂၀၂၅ ဒီဇင်ဘာ ၂၅ နေ့ မှာ ဖြစ်ပြီး လူတွေ ခရစ္စမတ်ပွဲလုပ်ပြီး အနားယူနေတုန်း Deed RAT ဆိုတဲ့ စနစ်တစ်ခုလုံးကို လှမ်းထိန်းချုပ်မယ့် ဗိုင်းရပ်စ်နဲ့ ပထမဆုံး ဝင်မွှေခဲ့ပါတယ်။

ဒုတိယကြိမ်ကတော့ ၂၀၂၆ ဇန်နဝါရီနှောင်းပိုင်းဖြစ်ပြီး အိုင်တီအဖွဲ့က ရိပ်မိလို့ ရှင်းလိုက်တော့ TernDoor ဆိုတဲ့ Malware အသစ်တစ်ခုနဲ့ ဒီအားနည်းချက်ကနေပဲ ထပ်ဝင်လာပြန်ပါတယ်။

တတိယကြိမ် အနေနဲ့ကတော့ ၂၀၂၆ ဖေဖော်ဝါရီ မှာဖြစ်ပြီး ပိုပြီး အဆင့်မြင့်အောင် ပြင်ဆင်ထားတဲ့ Deed RAT ဗားရှင်းအသစ်နဲ့ တတိယအကြိမ် မရရအောင် ထပ်ပြီး Cyber တိုက်ခိုက်ခဲ့ကြပါတယ်။

Hacker တွေဟာ ကုမ္ပဏီရဲ့ Antivirus နဲ့ Security စနစ်တွေကို ကျော်ဖြတ်ဖို့ ကျွန်တော်တို့ အသုံးများတဲ့ LogMeIn Hamachi ဆိုတဲ့ တရားဝင် Software အစစ်ကို အသုံးချသွားတာဖြစ်ပါတယ်။

‼️Security စနစ်က "ဒီ Software ကတော့ စိတ်ချရပါတယ်" လို့ မှတ်ယူထားတဲ့အချိန်မှာ၊ Hacker တွေက အဲဒီ Software ရဲ့ အလုပ်လုပ်ပုံ Control Flow ထဲကို သူတို့ရဲ့ မသမာတဲ့ ဗိုင်းရပ်စ်ကုဒ်တွေ ကြားညှပ်ပြီး Run သွားတာပါ။ ဒါဟာ ပုံမှန်ထက် ပိုမိုပါးနပ်ပြီး ရှာဖွေရခက်တဲ့ Defense Evasion (ကာကွယ်ရေးစနစ်ကို လှည့်စားခြင်း) နည်းပညာသစ် ဖြစ်ပါတယ်။

"ဆိုက်ဘာလုံခြုံရေးမှာ ဗိုင်းရပ်စ် (Malware) တွေကိုပဲ လိုက်ဖျက်နေလို့ မရပါဘူး။ သူတို့ ဝင်လာတဲ့ အဓိက အားနည်းချက် (Vulnerability) ကို သေသေချာချာ Patch လုပ် (ဖာထေး) ဖို့ လိုအပ်သလို၊ compromised ဖြစ်သွားနိုင်တဲ့ Password တွေ၊ Access တွေကိုပါ အမြစ်ပြတ် Reset မချနိုင်
ရင်တော့ Hacker က နောက်တစ်ခေါက် အလည်
ပြန်လာဦးမှာလို့ပဲ" Techno Learn ကနေ Cyber Security နည်းပညာ လေးကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ပါတယ်။

‼️ ဒီလို နည်းပညာတွေကို အကောင်းဘက်မှာ အသုံးချနိုင်ဖို့နဲ့ Cyber အန္တရာယ်တွေကို ကာကွယ်
နိုင်တဲ့ IT Skill တွေ လေ့လာထားဖို့ လိုအပ်ပါတယ်။

Techno Learn မှာ (Video Class , Zoom Group Class , Zoom one on one class) အနေနဲ့ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking and Cybersecurity
✅ Web hacking & Web Security
✅Cybersecurity Foundation
✅Comptia Security+ 701

တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

09/05/2026

💻Ethicalhacking and Cybersecurity (Zoom Class) Sat Sun 8:00 10:00 - (Batch 24 ) အတန်းစသွားပါပြီ။

Video Record Class နဲ့ One On One (Zoom Class) တက်လိုသူများအနေနဲ့ လည်း Page Messenger မှာ အသေးစိတ် မေးမြန်းပြီး လေ့လာနိုင်ပါပြီ။

09/04/2026

"Ethical Hacking & Cyber Security" ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေ /ဝါသနာကနေ အလုပ်ခွင်ဝင်တဲ့ အထိ အထောက်အကူပြုစေဖို့ နဲ့ သိအိုရီကော လက်တွေ့ပါ တတ်မြောက်လိုသူတွေအတွက် ယခု အတန်းမှာ လုံးဝ "အခြေခံကနေ" သင်ကြားပေးထားပါတယ်။

⚠️ယခု သင်တန်းမှာ "အခြေခံ" ကနေ သင်ကြားပေးသွားမှာဖြစ်ပြီး Cybersecurity နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများဖြေဆိုနိုင်ဖို့ နဲ့

Bank/Telecom/ISP/Network Infrastructure စသည့် နယ်ပယ်များမှာ Junior Level အနေနဲ့ အလုပ်ခွင်ဝင်နိုင်ရန် အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

✨သင်တန်းစမည့်နေ့ : May 9, 2026

💻"Ethical Hacking & Cyber Security :Theory + Pratical " (Zoom Class) - Batch 24

👨‍🏫Course Outline
==============
📗 Introduction to Information Technology and Ethical Hacking
📗Information Technology Career Paths
📗Essential Networking Knowledge for Ethical Hackers
📗Essential Linux Knowledge for Ethical Hackers
📗Ethical Hacking and Cybersecurity Theory
📗Phases of Ethical Hacking and Pe*******on Testing Pe*******on Testing Strategies
📗 Information Gathering and Attack Techniques
📗Information Gathering, Footprinting, and Reconnaissance
📗Scanning and Enumeration
📗DoS and DDoS Attacks
📗Vulnerability Analysis
📗Buffer Overflow
📗Malicious Programs
📗Live Boot Systems
📗 Social Engineering and Exploitation Techniques
📗Social Engineering (Human Hacking)
📗Brute Force Attacks (Using Wordlists)
📗Wireless Hacking (Wi-Fi)
📗Network Mapper and Nessus
📗Metasploit and Port Forwarding
📗Exploitation of Network Systems
📗 Advanced System Exploitation
📗Device Hacking (Theory and Practical)
📗Android Exploitation
📗Windows Exploitation
📗Linux Exploitation
📗Post-Exploitation and Privilege Escalation
📗Advanced Exploitation (Theory and Practical)
📗 Attacks on Network Infrastructure
📗DNS Spoofing, ARP Poisoning, and DHCP Spoofing
📗Network Sniffing
📗Pivoting and Lateral Movement
📗Maintaining Access (Theory and Practical)
📗 Introduction to Defensive Security
📗Firewall
📗Honeypots
📗Cryptography
📗Steganography
📗IDS (Intrusion Detection System)
📗IPS (Intrusion Prevention System)
📗SIEM (Security Information and Event Management)
📗EDR (Endpoint Detection and Response)
📗SOAR (Security Orchestration, Automation, and Response)
📗 Practical Labs and Certifications
📗Capture the Flag (CTF) Challenges
(Theory and Practical)
📗Virtualization Technology
📗Cloud Computing and Cloud Storage
📗TechnoLearn Exams and Certifications
📗Web Security and Cryptography
📗 Web Security Learning Paths
📗 VulnerHub Labs
📗 Career Guidance
📗Certification Paths for Ethical Hackers
📗Discussion: Recognized Certifications and Cybersecurity Jobs
📗Securing Yourself and Covering Tracks (Theory and Practical)

💻သင်ကြားမူ ပုံစံ
============
"Zoom Class " နဲ့ တိုက်ရိုက် သင်ကြားနိုင်မှာဖြစ်တဲ့ အပြင် သင်ခန်းစာ "Record " ရရှိနိုင်ပြီး စာဆွေးနွှေးဖို့ "Telegram Group " ပါရရှိမှာဖြစ်ပါတယ်။
•••••••••••••••••••••••••••••••••••••••••••••••••••

🔺Class Information ✨

သင်တန်းကြေး - 300000 Mmk (သုံးသိန်းကျပ်)
သင်တန်းကာလ - 2 Months ( နစ်လ)
သင်တန်းအချိန် - စနေ/တနင်္ဂနွေနေ့ (ည 8:00 PM - 10:00 PM)

💻 Special Limited Offer :

💢 သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်ပါတယ်
••••••••••••••••••••••••••••••••••••••••••••••••••

💡 အသေးစိတ်သိရှိလိုပါက

Page Messenger: m.me/technolearn
Phone : 09 766799336

08/04/2026

💻ဒီနေ့မှာတော့ နည်းပညာရဲ့ အမှောင်ဘက်ခြမ်းက ပိုမိုကြောက်စရာကောင်းလာတဲ့ Deepfake AI နည်းပညာအကြောင်းနဲ့ အဲဒီကနေ ပေါ်ပေါက်လာတဲ့၊ သင်တို့မသိသေးတဲ့ Online အန္တရာယ်တွေကို Techno Learn ကနေ သတိပေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Deepfake ဆိုတာ လူတစ်ယောက်ရဲ့ ပုံရိပ်ကို နောက်လူတစ်ယောက်ရဲ့ ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံထဲမှာ သဘာဝကျကျ အစားထိုးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။အခုအခါမှာတော့ ဒီနည်းပညာက ရိုးရိုးနောက်ပြောင်တာမျိုးထက် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာပါပြီ🔍-

🚨ဒီနည်းပညာကို သုံးပြီး သဘောတူညီချက် (Consent) မပါဘဲ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကို မဖွယ်မရာ ဗီဒီယိုတွေ ဒါမှမဟုတ် ပုံတွေအဖြစ် ဖန်တီးတာဟာ နောက်ပြောင်ခြင်းသက်သက် မဟုတ်ပါဘူး။ ဒါဟာ တစ်ဖက်လူရဲ့ သိက္ခာကို ချခြင်း၊ Privacy (ကိုယ်ပိုင်အခွင့်အရေး) ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းနဲ့ Online Harassment (အွန်လိုင်း နှောင့်ယှက်ခြင်း) ကို ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။

Deepfake နည်းပညာကို သုံးပြီး မဖွယ်မရာ ဗီဒီယိုတွေ ဒါမှမဟုတ် ပုံတွေအဖြစ် ဖန်တီးတာဟာ (Deepfake po*******hy) အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးကြီးမားမား ရစေပါတယ်။

ဒါ့အပြင် ဒီနည်းပညာဟာ နိုင်ငံရေးသမားတွေ သို့မဟုတ် နာမည်ကြီးသူတစ်ယောက်ရဲ့ Deepfake Video သုံးပြီး သတင်းမှားတွေ ဖြန့်ဝေတာ၊ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်စေတာမျိုး လုပ်နိုင်ပါတယ်။

Deepfake ပုံတွေကို သုံးပြီး ပိုပြီး ကြောက်စရာကောင်းတဲ့ လိမ်လည်မှု (Fraud) နဲ့ ငွေညှစ်မှု (Extortion/Blackmail) တွေလည်း ပေါ်ပေါက်လာပါတယ်။

ဒါတွေတင် မဟုတ်ပဲ ကိုယ်သိတဲ့လူ ဒါမှမဟုတ် နာမည်ကြီးသူတစ်ယောက်ရဲ့ Deepfake Video Call သုံးပြီး ငွေလိမ်တောင်းတာမျိုးတွေ လုပ်တတ်ပါတယ်။

မဖွယ်မရာ Deepfake ပုံတွေ၊ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်တာမျိုးတွေ ထိပါ ဖြစ်လာပါတယ်။

Deepfake နည်းပညာဟာ Online ပေါ်မှာ တခြားဆိုးကျိုးတွေလည်း ပေးနိုင်ပါသေးတယ်။

ဥပမာ - လူတစ်ယောက်ရဲ့ အသံကို cloning လုပ်ပြီး Video Call မှာ အသံထည့်တာမျိုးတွေ လုပ်နိုင်ပါသေးတယ်။

ကိုယ့်ရဲ့ ပုံရိပ်ကို သုံးပြီး အကောင့်အတုတွေ ဖွင့်တာ၊ ကိုယ့်ကိုယ်ယောင်ဆောင်ပြီး လိမ်လည်တာမျိုးတွေ
လုပ်နိုင်ပါတယ်။

ဒါကြောင့် ဒီလို တွေ လုပ်တာက သာမာန် စနောက်ခြင်း ကိစွ မျိုးတင် မဟုတ်ပဲ။မိမိရဲ့ လုံခြုံရေးကိုပါ များစွာ ထိခိုက်နိုင်တာမို့ မိမိ ရဲ့ Online အချက်အလက်တွေကို ဖြစ်နိုင်မယ်ဆိုရင် အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းသိမ်းသင့်ပါတယ်။

Techno Learn ပရိသတ်ကြီးကော... Deepfake နည်းပညာရဲ့ အခုလို ဆိုးကျိုးတွေအပေါ် ဘယ်လိုမြင်ကြလဲ?

ကိုယ့်ရဲ့ ပုံရိပ်တွေကို Online ပေါ်မှာ ဘယ်လိုတွေ ကာကွယ်ထားသင့်လဲဆိုတာ ဆွေးနွေးသွားကြပါဦးနော်။ 👇

‼️ ဒီလို နည်းပညာတွေကို အကောင်းဘက်မှာ အသုံးချနိုင်ဖို့နဲ့ Cyber အန္တရာယ်တွေကို ကာကွယ်နိုင်တဲ့ IT Skill တွေ လေ့လာထားဖို့ လိုအပ်ပါတယ်။
Techno Learn မှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking and Cybersecurity
✅ Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။


07/04/2026

💻 Google ရဲ့ သမိုင်းတစ်လျှောက် မှာ အကြီးမားဆုံး Bug Bounty ငွေပေးချေမှု အနေနဲ့ $17 Million အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ နည်းပညာလောကရဲ့ Guruကြီးလို့ တင်စားရတဲ့ Google ဆီကနေ စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခုကို Techno Learn ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Google ရဲ့ Vulnerability Reward Program (VRP) ဟာ ၂၀၂၅ ခုနှစ်မှာ သူ့ရဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည်ကို သမိုင်းဝင် စံချိန်သစ်တစ်ခုနဲ့ စတင်ခဲ့ပါတယ်။

အဲဒါကတော့ ကမ္ဘာတစ်ဝှမ်းက ဆိုက်ဘာလုံခြုံရေး သုတေသီ (Security Researchers) တွေကို ဒေါ်လာ ၁၇ သန်း (17 Million) အထိ ဆုကြေးငွေ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀% အထိ အံ့ဩစရာကောင်းလောက်အောင် မြင့်တက်လာတာဖြစ်ပြီး Google ရဲ့ သမိုင်းမှာ အများဆုံး ပေးချေမှုလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ အနေနဲ့ကတော့🔍

Ethical Hackers တွေရဲ့ အခန်းကဏ္ဍ: ကမ္ဘာအနှံ့က ကျင့်ဝတ်သိက္ခာရှိတဲ့ ဟက်ကာ (Ethical Hackers) ပေါင်း ၇၀၀ ကျော်ဟာ Google ရဲ့ စနစ်တွေထဲက အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပေးခဲ့ကြပါတယ်။

✨ဒါဟာ အရေးပါတဲ့ အခြေခံလုံခြုံရေးတွေကို ကာကွယ်ဖို့အတွက် Community ကဦးဆောင်တဲ့ လုံခြုံရေးသုတေသနတွေရဲ့ လိုအပ်ချက်ကို ပြသနေတာပါ။

AI ပေါ်မှာ အလေးထားလာခြင်း: ပြီးခဲ့တဲ့နှစ်မှာ Google က AI (Artificial Intelligence) ကို အဓိကထားပြီး လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။

‼️Machine Learning model တွေရဲ့ တိုးတက်လာတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့အတွက် သီးသန့် AI Vulnerability Reward Program တစ်ခုကိုလည်း တရားဝင် စတင်ခဲ့ပါတယ်။

Live Hacking Events (bugSWAT): Google ဟာ မြို့ကြီးတွေမှာ bugSWAT လို့ခေါ်တဲ့ အထူးဖိတ်ကြားထားသူတွေပဲ တက်ရောက်နိုင်တဲ့ Live Hacking ပွဲစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

ဥပမာ- Sunnyvale Cloud bugSWAT ပွဲမှာတင် Report ပေါင်း ၁၃၀ ကနေ ဒေါ်လာ ၁.၆ သန်းအထိ ပေးချေခဲ့ပါတယ်။

ဒါ့အပြင် Google ဟာ Open-source tool တစ်ခုဖြစ်တဲ့ OSV-SCALIBR မှာ အားနည်းချက်တွေ ရှာဖွေပေးတဲ့သူတွေကိုလည်း ဆုကြေးငွေပေးတဲ့ အစီအစဉ်အသစ်ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

Google ရဲ့ VRP အဖွဲ့ဟာ ၂၀၂၆ ခုနှစ်မှာလည်း ကမ္ဘာတစ်ဝှမ်းမှာ bugSWAT ပွဲစဉ်အသစ်တွေနဲ့ ESCAL8 ကွန်ဖရင့်တွေကို ထပ်မံပြုလုပ်ဖို့ စီစဉ်နေပါတယ်။

Techno Learn ပရိသတ်ကြီးကော... နည်းပညာကုမ္ပဏီကြီးတွေက သူတို့ရဲ့စနစ်တွေကို ပိုမိုလုံခြုံအောင်လုပ်ဖို့အတွက် ပြင်ပက Ethical Hackers တွေကို အခုလို ဒေါ်လာသန်းချီ ပေးပြီး အသုံးချနေတဲ့အပေါ် ဘယ်လိုမြင်ကြလဲ?

တကယ်လို့ မိတ်ဆွေကိုယ်တိုင်က ယခုလို Bug Bounty Program တွေမှာ ပါဝင်လိုရင်တော့ Techno Learn ရဲ့ Websecurity and Web Hacking အတန်းကို စတင်တက်ရောက်လို့ရပါပြီ။

ကိုယ့်ရဲ့ IT Skill တွေကို အသုံးချပြီး အခုလို ဝင်ငွေကောင်းတဲ့ Bug Bounty အစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ စိတ်ဝင်စားကြလား? Comment မှာ စကားလက်ဆုံ ပြောသွားကြပါဦးနော်။ 👇

‼️ အနာဂတ်မှာ နည်းပညာနဲ့အတူ တိုးတက်လာမယ့် Cyber Threat တွေကို ရင်ဆိုင်နိုင်ဖို့နဲ့ ဝင်ငွေကောင်းတဲ့ IT ပညာရှင်တစ်ယောက်ဖြစ်ဖို့ ခိုင်မာတဲ့ Skill တွေ လေ့လာထားဖို့ လိုအပ်ပါတယ်။

Techno Learn မှာ ထက်မံ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking & Cybersecurity
✅ Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

04/04/2026

💻 ဖိုင်တွေ မှားဖျက်မိတာတွေ , USB Stick ထိုးလိုက်တာနဲ့ Format ချခိုင်းနေတာတွေကြောင့်

စိတ်ညစ်နေရပြီလား ။

တကယ်တော့ ပျက်သွားတဲ့ Data တွေက Hard Drive ဒါမှမဟုတ် Pendrive ထဲမှာ ရှိနေသေးတာဖြစ်လို့ နည်းမှန်လမ်းမှန်နဲ့ ပြန်ယူရင် ၈၀% လောက်က ပြန်ရနိုင်ခြေရှိပါတယ်။

ဒီနေ့မှာတော့ Techno Learn က လေ့လာနေသူတွေအတွက် Data Recovery နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံး သိထားသင့်တာကတော့ Data ပျက်သွားပြီဆိုတာနဲ့ အဲဒီ Device ထဲကို ဘာဖိုင်မှ ထပ်မထည့်သင့်ပါဘူး။အသစ်ထည့်လိုက်တဲ့ Data တွေက ပျက်သွားတဲ့ နေရာဟောင်းတွေမှာ ထပ်ရေး (Overwrite) မိသွားရင် ဘယ်လို Tool နဲ့မှ ပြန်ယူလို့ မရတော့လို့ပါ။

Data Recovery လုပ်ဖို့အတွက် အခမဲ့သုံးလို့ရပြီး အထိရောက်ဆုံး Tool တစ်ခုကတော့ Recuva ပဲ ဖြစ်ပါတယ်။ သူက CCleaner ကို ထုတ်တဲ့ Piriform က လုပ်တာဖြစ်လို့ ယုံကြည်လို့ ရပါတယ်။

Tool အသုံးပြုပုံကတော့ Recuva Software ကို Download ဆွဲပြီး Install လုပ်ပေးပါ။ပြီးရင်တော့ Software ဖွင့်ပြီးတာနဲ့ Scan ဖတ်မယ့် Drive (ဥပမာ- Drive D သို့မဟုတ် USB Stick) ကို ရွေးရမှာပါ။နောက်ပြီး "Deep Scan" ကို Enable လုပ်ပေးပါ။ (အချိန်ကြာပေမဲ့ ဖိုင်တွေ ပိုစုံစုံလင်လင် ရှာပေးနိုင်ပါတယ်)

တကယ်လို့ Scan ဖတ်ပြီးရင်တော့ ပေါ်လာတဲ့ ဖိုင်တွေထဲမှာ အစိမ်းရောင်ပြနေတဲ့ ဖိုင်တွေက ပြန်ယူဖို့ ၁၀၀% အဆင်ပြေတဲ့ ဖိုင်တွေပါပဲ။

နောက်ဆုံးအနေနဲ့ကတော့ Recover ကိုနှိပ်ပြီး အခြား Drive တစ်ခုထဲမှာ သိမ်းဆည်းလိုက်ရုံပါပဲ။

Techno Learn က Learner တွေကော... အရေးကြီးတဲ့ ဖိုင်တွေ ပျောက်ဆုံးသွားလို့ စိတ်ညစ်ခဲ့ရတဲ့ အတွေ့အကြုံမျိုး ရှိဖူးလား?

ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်ယူခဲ့ကြလဲဆိုတာ Comment မှာ ပြောပြပေးသွားပါ အုန်း ...

‼️ အနာဂတ်မှာအလုပ်လုပ်ကိုင်ဖို့ ခိုင်မာတဲ့ IT Skill တွေ လေ့လာထား လိုသူတွေ အနေနဲ့ Techno Learn မှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)

✅ Network Engineering

✅ Essential Linux & Security

✅ Ethical Hacking and Cybersecurity

✅ Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Hlaing?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Near MICT Park Area
Hlaing