16/03/2022
(full_moon)တပေါင်းလပြည့်နေ့(full_moon)
မြန်မာလများရဲ့ နောက်ဆံုးလတွင် ကျရောက်သော တပေါင်းလပြည့်နေ့ သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်သည့်နေ့ဖြစ်သလို၊
မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့သည် ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည့် နေ့လဲဖြစ်သည်။
ထိုသို့ သာသနာတော်တွင် ထူးခြားသောမှတ်တိုင်ကြီးများ ပေါ်ထွန်းခဲ့သည့် နေ့ထူးနေ့မြတ်မှ စ၍ မြန်မာပြည်သူ၊ပြည်သားများအားလံုး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် လိုအင်ဆန္ဒများပြည့်ဝစေရန် Khit Pyin Nyar မိသားစုမှဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။
(prayer_hands)(prayer_hands)(prayer_hands)
Reference :https://my.wikipedia.org/wiki/တပေါင်းလပြည့်နေ့
08/03/2022
💪🙆♀️There is no LIMIT to what we, as women, can accomplish.
~ Michelle Obama
တန်ဖိုးရှိလှစွာသော အမျိုးသမီးလေးများ အားလုံး ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ လှပခြင်းများနှင့် ပြည့်စုံကြပါစေရှင်….
💕Happy International Women's Day💕
21/02/2022
🌐👩💻စဥ်ဆက်မပြတ်လေ့လာလိုသော ကျောင်းသား/ကျောင်းသူများအတွက် Online learning class တွေဟာ ယခုလို ကာလမှာ အင်မတန်မှ အကူအညီဖြစ်စေပါတယ်
သို့ပေမဲ့ ယခင် သမရိုးကျ စာသင်ခန်း အတွင်းသင်ကြားမှု စနစ်ပုံစံမှ online learning ဖြင့်သင်ကြားရတဲ့အခါမှာ ကျောင်းသား/ကျောင်းသူတွေအတွက် စိန်ခေါ်မှုတွေလဲ ဖြစ်စေပါတယ်။
💡ယနေ့မှာတော့ Online မှ သင်ကြားရတဲ့အခါ အခက်အခဲမရှိသင်ယူနိုင်ရန် လိုက်နာရမည့် နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်....
➡️ လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားပါ
Online နဲ့တက်ရမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ online tools တွေ သက်ဆိုင်ရာ သင်ခန်းစာတွေ ဖော်ပြလေ့ရှိတဲ့ websites တွေကိုပြင်ဆင်ထားရမှာပါ။ ဒါ့အပြင် သင်ခန်းစာများလိုက်ပြီး မှတ်သားနိုင်ရန် အတန်းထဲတွင်လေ့လာသလို စာအုပ်၊ဘောပင် အစရှိတာတွေလဲ အနီးအနားမှာ ရှိနေဖို့လိုပါတယ်။
➡️စာလေ့လာရန် နေရာကိုသတ်မှတ်ထားပါ
သတ်မှတ်ထားသောနေရာမှာ နေ့စဥ်လေ့လာခြင်းအားဖြင့် အလေ့အကျင့်တစ်ခုဖြစ်လာနိုင်ပါတယ်။
တစ်ချို့ကျောင်းသားတွေက သီချင်းနားထောင်ရင်း စာလေ့လာရတာကြိုက်သလို၊ တစ်ချို့က တိတ်ဆိတ်တဲ့နေရာမှာ လေ့လာရတာ ပိုအားသာပါတယ်။
မိမိအဆင်ပြေမည့်နေရာက မီးဖိုချောင်ဖြစ်နိုင်သလို၊ Coffee shop လဲဖြစ်နိုင်ပါတယ်။ Online learning ဖြစ်တာကြောင့် ရွေးချယ်လိုက်မည့်နေရာက internet connection ကောင်းဖို့တော့လိုအပ်ပါတယ်။
➡️ကိုယ့်အတွက် ဘယ်လိုလေ့လာမှုပုံစံက အကောင်းဆုံးလဲဆိုတာ သိရှိအောင်လုပ်ပါ
သင်က မနက်ပိုင်းမှာစာလေ့လာရတာ အားသာတဲ့သူဆိုပါက အရင်ဦးဆုံးစာလုပ်ရန်ပြင်ဆင်ပါ။ ညပိုင်းမှာ စာလုပ်ရတာ သဘောကျသူဆိုပါက ညနေပိုင်း ၁/ ၂ နာရီကို စာလုပ်ရန် ဖယ်ထားပါ။
သင်က visual learner ဆိုပါက စာရွက်စာတမ်းတွေကို print ထုတ်ထားမျိုးကို လုပ်ပါ။
➡️အချိန်ဇယား ပြုလုပ်ထားပါ
အရေးကြီးတဲ့ Assignments/ Exams တွေရဲ့ရက်တွေကို ပြက္ခဒိန်ပေါ်မှတ်ထားပြီး ခရီးသွားစရာတွေ၊ ပွဲတွေရှိရင် ကြိုတင်ပြင်ဆင်ထားပါ။
အပတ်စဥ်စာလုပ်ဖို့ အတန်းတက်ဖို့ အချိန်သီးသန့်ဖယ်ထားပေးပါ။
➡️တက်ကြွစွာလေ့လာသူဖြစ်ပါစေ
သင်ခန်းစာတွေဖတ်ရှုပြီး၊ ဆရာ/ဆရာမ၊ အတန်းဖော်များနဲ့အတူဆွေးနွေးခြင်း၊ သက်ဆိုင်ရာ စာပေများကို ဖတ်ရှုခြင်းဖြင့် အောင်မြင်မှုတွေပိုမို ရရှိနိုင်ပါတယ်။
➡️အတန်းဖော်များနှင့် အတူအမြဲအဆက်အသွယ်ရှိအောင်လုပ်ပါ
စာသင်ခန်းထဲမှာ အတူထိုင်ကာသင်ယူရနေတာမဟုတ်ပေမဲ့ အတန်းဖော်များနဲ့အတူ ဆက်သွယ်နိုင်ပါတယ်။ အတန်းအတွင်း အမေး၊အဖြေများပြုလုပ်ခြင်းဖြင့် လေ့လာမှု ပိုမိုအကျိုးရှိစေပါတယ်။
➡️ပွင့်လင်းမှုရှိပါ
ပွင့်လင်းစွာ မေးခွန်းများမေးခြင်း အကြံဥာဏ်များ မျှဝေခြင်းဖြင့် အချိတ်အဆက်မိပြီး ပွင့်လင်းတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်နိုင်ပါတယ်။
➡️မေးခွန်းများမေးပါ
မေးခွန်းတွေ မေးမြန်းရမှာကို တွန့်ဆုတ်မနေပါနဲ့။
မေးခွန်းတွေမေးခြင်းဖြင့် ရှုပ်ထွေးမှုတွေ ရှောင်ရှားနိုင်ခြင်း၊ အကြောင်းအရာတွေကို ပိုမိုနားလည်ခြင်း၊ ဗဟုသုတ ကြွယ်ဝခြင်းနှင့် အတန်းဖော်များနှင့်ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရရှိခြင်း...အစရှိတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါ။
➡️မိမိကိုယ်ကို တာဝန်ယူမှုရှိပါ
စာသင်နှစ်အစထဲက မိမိကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ထားပြီး အပတ်စဥ်ပြန်လည် စီစစ်ပါ။
မိမိကိုယ်ကို သတ်မှတ်ချက်တွေထားပြီးလေ့လာပါ။
Reference: https://www.northeastern.edu/bachelors-completion/news/successful-online-learning-strategies/
17/02/2022
*𝐼𝑚𝑝𝑜𝑟𝑡𝑎𝑛𝑐𝑒 𝑜𝑓 𝑆𝑒𝑙𝑓-𝑐𝑎𝑟𝑒 𝑖𝑛 𝐻𝑒𝑎𝑙𝑡ℎ*
ခန္ဓာကိုယ်ကျန်းမာဖွံ့ဖြိုးဖို့ အစာအာဟာရမျှတစွာစားသုံးကြရသလို စိတ်ဓာတ်သန်မာနိုင်ဖို့လည်း ပြုမူရမယ့်အလေ့အကျင့်များစွာရှိကြတယ်။💯
✨"ကျန်းမာခြင်းသည် လာဘ်တစ်ပါး"
ဆိုရိုးအတိုင်းကောင်းသောသတင်းဆောင်ပြီး
ပျော်ရွှင်ခြင်းဘောင်ရဲ့ အနားသတ်လှပနေဖို့
အဓိကကျတဲ့အချက်တွေထဲမှာခန္ဓာကိုယ်နဲ့စိတ်ထပ်တူရှိဖို့က အရေးကြီးဆုံးအရာအဖြစ်
ပါဝင်နေတယ်။✨
အဘယ်ကြောင့်ဆိုသော်နေ့စဉ် လုပ်ငန်းတာဝန်တွေကို အေးအေးဆေးဆေးနဲ့အောင်မြင်အောင်လုပ်ကိုင်နိုင်ရန်ဖြစ်ပါတယ်။🤝
လေ့လာတွေ့ရှိချက်များအရ လောကမှာ အောင်မြင်နေကြသူတစ်ချို့မှာစက်ဘီးစီးရသလိုမျိုး စိတ်နဲ့ခန္ဓာ ဟန်ချက်ညီအောင်လည်းထိန်းနိုင်ကြတဲ့
𝗧𝗵𝗲 𝗟𝗮𝘄 𝗼𝗳 𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗠𝗲𝘁𝗵𝗼𝗱 ကို ကျင့်သုံးကြလို့စိတ်တည်ငြိမ်ကြတယ်။
ထို့ကြောင့် လုပ်သမျှအရာတိုင်းအာရုံစိုက်နိုင်တဲ့စိတ်စွမ်းအားပိုမြင့်ကြခြင်းဖြစ်တယ်။
😪အလုပ်တွေကိုမနားမနေနဲ့ပင်ပန်းစွာကြိုးစားနေရချိန်ရန်ဖန်ရန်ခါ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဓာတ်ကျခြင်းတွေဖြစ်လာတဲ့အခါ....
-အသစ်သောအရာတွေကို ကြိုးစားဖန်တီးကြည့်ခြင်း✨
-မိတ်ဆွေ၊သူငယ်ချင်းများနှင့်ရင်ဖွင့်တိုင်ပင်ခြင်း
-အပြည့်အဝအိပ်စက်အနားယူခြင်း🛌
-ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာစေမယ့်လေ့ကျင့်ခန်းလုပ်ခြင်း🏋️🧘
-စိတ်အားတက်ကြွစေမယ့် စာပေများဖတ်ခြင်း📖
-မြူးမြူးကြွကြွနဲ့စိတ်ခွန်အားပေးတဲ့သီချင်းများ နားထောင်ခြင်း🔉🎼
-မိမိကိုယ်ကိုယုံကြည်ချက်ထားပြီး အနာဂတ်ကို မျှော်လင့်နေထိုင်ခြင်း🍀
စသော အချက်များဖြင့် မိမိကိုယ်ကိုပြန်လည် ဂရုစိုက်ပြီး ပျိုးထောင်လိုက်ပါလို့အကြံပြု
ချင်ပါတယ်ရှင်။💝
"ရောဂါကုစား စိတ်စွမ်းအား" အဆိုအတိုင်း
𝗦𝗲𝗹𝗳-𝗰𝗮𝗿𝗲 နဲ့အတူ 𝗠𝗲𝗻𝘁𝗮𝗹 𝗵𝗲𝗮𝗹𝘁𝗵ကို ဂရုစိုက်ပျိုးထောင်ကြရင်း ဘဝကို အားအင်အပြည့်နဲ့ အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေရှင်။ ☯️
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬.
Levin, L. S. (n.d.). Self Care in Health. 7-10.
McLafferty, M. (2017). Mental health, behavioural problems and treatment seeking among students commencing university in Northen Ireland. Research Article.
09/02/2022
✓ခေတ်လူငယ်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်နေရသော ပညာရေးလမ်းကြောင်းကိုဆက်လက်လျှောက်လှမ်းချင်သလား?
✓ကျောင်းမပြီးသေးသော်လည်း လုပ်ငန်းခွင်ဝင်ပြီး
အတွေ့ကြုံရှာချင်သူလား?
✓လစာ၊၀င်ငွေ ကောင်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းတွေတက်ချင်ပါသလား?
✓အိမ်မှာနေရင်း အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုချင်ပါသလား?
✓ပြိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့ စီးပွားရေး
စီမံခန့်ခွဲမှု ရာထူးများအတွက် မရှိမဖြစ်သိထားသင့်တဲ့အခြေခံConceptများကို
𝗞𝗵𝗶𝗻𝘁 𝗣𝘆𝗶𝗻 𝗡𝘆𝗮𝗿(𝗞𝗣𝗡) 𝗢𝗻𝗹𝗶𝗻𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 မှာသင်ယူလိုက်ပါ။
🤩သင်တန်းကြေး 𝟯𝟵,𝟬𝟬𝟬 ကျပ်ဖြင့်
အတွေ့ကြုံရှိ ဝါရင့် ဆရာ၊ဆရာမများရဲ့
စနစ်တကျ၊ နားလည်ရလွယ်ကူအောင်သင်ပြထားသော𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
အခြေခံသဘောတရားများကို
ဖုန်း (သို့မဟုတ်)Laptopရှိရုံဖြင့်အချိန်မရွေး၊နေရာမရွေးအလွယ်တကူလေ့လာနိုင်ပါပြီ။💯
📌ကြိုတင်ရိုက်ကူး သင်ပြထားသော သင်ခန်းစာများတွင် အခမဲ့ ကြည့်ရှုနိုင်တဲ့𝗙𝗿𝗲𝗲 𝗖𝗼𝘂𝗿𝘀𝗲 𝗩𝗶𝗱𝗲𝗼 များပါ၀င်သလို သင်တန်းကြေးအနည်းငယ် ပေးသွင်းပြီးသင်ယူနိုင်မယ့် 𝗣𝗮𝗶𝗱 𝗩𝗶𝗱𝗲𝗼 များလဲ ပါ၀င် ပါတယ်ရှင်။
📝အသေးစိတ်အချက်အလက်များအတွက်
𝐰𝐰𝐰.𝐤𝐩𝐧.𝐜𝐨𝐦.𝐦𝐦
မှာလေ့လာနိင်ပါတယ်ရှင်။
𝐏𝐡𝐨𝐧𝐞📞 𝟎𝟗 𝟓𝟏𝟎𝟎𝟎𝟖𝟐
𝐖𝐞𝐛𝐬𝐢𝐭𝐞🌐 𝐰𝐰𝐰.𝐤𝐩𝐧.𝐜𝐨𝐦.𝐦𝐦
𝐄𝐦𝐚𝐢𝐥🖥️ 𝐤𝐩𝐧@𝐦𝐰𝐝𝐭𝐞𝐥𝐞𝐜𝐨𝐦.𝐜𝐨𝐦
𝐎𝐟𝐟𝐢𝐜𝐞 🏬: 𝐁𝐥𝐨𝐜𝐤-𝟏𝟎, 𝐌𝐈𝐂𝐓 𝐏𝐚𝐫𝐤, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
09/12/2021
▶️ အချိန်တိုတိုအတွင်းမှာ မိမိစိတ်ပါ၀င်စားတဲ့ ဘာသာရပ်များကို ကိုယ်တိုင်သင်ယူလေ့လာနိုင်ဖို့ အခုပဲKhit Pyin Nyar (ခေတ်ပညာ) online learning platform မှာ စာရင်းသွင်းလိုက်ပါ။
>> ကြိုတင်ရိုက်ကူးထားတဲ့ video သင်ခန်းစာများကို အားလပ်ချိန်မှာအချိန်မရွေးသင်ယူပြီး တိုးတက်မှုကို ရယူနိုင်မယ့် အခွင့်အရေးလေးပါခင်ဗျာ။
Khit Pyin Nyar (ခေတ်ပညာ) မှာ
✔Business Management ၊
✔Accounting ၊
✔Marketing ၊
✔AutoCAD ၊
✔Python ၊
✔Human Resources Management ၊
✔Business Information Technology ၊
✔Computer Programming (C #)၊
✔Business Communication နဲ့
✔Sketch Up အစရှိသည့်
▶️ ခေတ်မီပညာရပ်များရဲ့ အခြေခံများကို အလွယ်တကူကူလေ့လာနိုင်ပါပြီ။
▶️ အခမဲ့ ကြည့်ရှုနိုင်တဲ့ video များပါ၀◌င်သလို
သင်တန်းကြေးအနည်းငယ် ပေးသွင်းပြီး
သင်ယူနိုင်မယ့် သင်ခန်းစာများလဲ ပါ၀◌င်ပါတယ်ခင်ဗျာ...
✅ အသေးစိတ်အချက်အလက်များအတွက်
www.kpn.com.mm
မှာလေ့လာနိုင်ပါတယ်ခင်ဗျာ။
Kit Pyin Nyar
Phone: 09 5100082
Website : www.kpn.com.mm
Email: [email protected]
Office : Block-10, MICT Park, Hlaing Township, Yangon.
28/11/2021
အမျိုးသားနေ့ တို့မမေ့ ဟုဆိုသည့်အတိုင်း နှစ်စဥ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် နေ့တွင် ကျင်းပလေ့ရှိသော "အမျိုးသား"နေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် ခင်ဗျာ။
18/11/2021
🕯အဓိပ္ပာယ်ကောင်းများနှင့် ပြည့်နှက်လှသော တန်ဆောင်တိုင်ပွဲတော်တွင် ဆီမီးတန်ဆောင်ထွန်းညှိပွဲ ၊ကထိန်သင်္ကန်းကပ် လှူပွဲ၊မသိုးသင်္ကန်း ရက်လုပ်ပွဲများကျင်းပလေ့ရှိကြပါတယ်။🕯
🙏ယခုလို ဗုဒ္ဓဘာသာဝင် လူမျိုးများအတွက်တန်ဖိုးရှိလှသော "တန်ဆောင်တိုင်" အခါသမယတွင် မိဘပြည်သူများရောဂါဘယများကင်းဝေးကာ အေးချမ်းပျော်ရွှင်စေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ...🙏
Khit Pyin Nyar