Gold Prize - Japanese & Korean Language Class

Gold Prize - Japanese & Korean Language Class Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gold Prize - Japanese & Korean Language Class, Education Website, Hinthada.

သင်တန်းပိတ်ရက် ကြေငြာခြင်း။🏆📢📣Gold Prize ရဲ့ သင်တန်းတွေ အားလုံးကို October (1) ရက်နေ့မှ October (20) ရက်နေ့အထိ တရားစခန်း...
30/09/2024

သင်တန်းပိတ်ရက် ကြေငြာခြင်း။🏆📢📣

Gold Prize ရဲ့ သင်တန်းတွေ အားလုံးကို
October (1) ရက်နေ့မှ October (20) ရက်နေ့အထိ
တရားစခန်း နှင့် သီတင်းကျွတ်‌ကာလ နားရက်အဖြစ်
ပိတ်ထားမှာ ဖြစ်ပါတယ်။

*************************************************

ပိတ်ရက်တွေ များရတဲ့ အကြောင်းအရင်း။ 😱😃

Gold Prize 🏆 မှာ ထူးခြားပြီး ချစ်စရာကောင်းတဲ့
အလေ့အထကောင်းလေး တစ်ခုရှိပါတယ် ☝️😍

အဲ့တာကတော့ 👇
သက်ဆိုင်ရာ ဘာသာရပ်ရဲ့ Level တစ်ခုပြီးသွားတိုင်း
ကုသိုလ်ပြုတဲ့ အနေနှင့်သာမက နောက်ထပ်အသစ်စမဲ့ Level တစ်ခု အတွက်လည်း အာရုံစူးစိုက်မှု ပိုမိုကောင်းစေသလို၊ စိတ်ခွန်အား ပြည့်ဝ‌စေဖို့ရာအတွက် အဓိက
ရည်ရွယ်ပြီး ⛩️🏡တရားစခန်းဝင်ကြတဲ့ အလေ့အထလေးပဲ ဖြစ်ပါတယ်။

ဒီ တစ်ကြိမ်မှာလည်း
Level တစ်ခု ပြီးဆုံသွားပြီဖြစ်တဲ့ သူလေး‌တွေက
လာမဲ့ October 2 ရက် (လကွယ်နေ့) မှ စတင်ပြီး
October 17 (လပြည့်နေ့) အတွင်းမှာရှိတဲ့
ရက်တို၊ ရက်ရှည်တရားစခန်းတွေမှာ
ပါဝင်ပြီး ကုသိုလ်ယူသွားကြမှာဖြစ်လို့
အခုလို ပိတ်ရက်ရှည်ကြီး ဖြစ်သွားခဲ့ရတာပါ။ 🥰

*************************************************
တရားစခန်း ဖိတ်ကြားခြင်း။ 🙏

ပြီးခဲ့တဲ့ တရားစခန်းတွေမှာ အတူတူ
ကုသိုလ်ယူခဲ့ကြတဲ့ သင်တန်းသား/သူလေးတွေ
အားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာ
ကျေးဇူးတင် သာဓုခေါ်ရသလို၊
အခါအခွင့်ကြုံတိုင်မှာလည်း ထပ်မံပါဝင်ဖို့
အမြဲ‌တမ်း ဖိတ်ခေါ်နေပါတယ်နော်။

Gold Prize 🏆 က မဟုတ်‌ပေမဲ့လည်း
ဒီ အလေ့အထလေးကို သဘောကျလို့
အတူတူလာရောက်ပြီး ကုသိုလ်ယူချင်ကြတဲ့
သူငယ်ချင်းတွေ ရှိနေခဲ့ရင်လည်း 👌

လစဉ်လတိုင်း ရှိနေတဲ့
မိုးကုတ်တရားစခန်းတွေနှင့် ပက်သက်ပြီး
Messenger or Phone 📱 မှ တဆင့်
အသေးစိတ် မေးမြန်းပြီး ဆက်သွယ်နိုင်ပါတယ်လို့
သတင်းကောင်းပါးပါရစေရှင့် 🤝🙏💝

*************************************************

အားလုံးပဲ
စိတ်ရောကိုယ်ပါ
အမှန်တကယ် ချမ်းမြေ့ကြည်နူးရတဲ့
သီတင်းကျွတ်ကာလကြီးကို
ချစ်ခင်ရတဲ့သူတွေနှင့် အတူတူ
ဖြတ်သန်းခွင့် ရနိုင်ကြပါစေနော်..... 🙏🏆💙

သင်တန်းကို ရောက်လာရင် အရင်ဆုံး ✏️ခဲတံကို သေသေ ချာချာ ချွန်တယ်။စာလည်းသင်ရော စာအုပ်ထဲမှာ ရေးမှတ်ထားတဲ့ Note မရှိသလို၊Writi...
28/09/2024

သင်တန်းကို ရောက်လာရင်
အရင်ဆုံး ✏️ခဲတံကို သေသေ ချာချာ ချွန်တယ်။

စာလည်းသင်ရော
စာအုပ်ထဲမှာ ရေးမှတ်ထားတဲ့ Note မရှိသလို၊
Writing Practice စာအုပ်ထဲမှာလည်း
ပထမတစ်မျက်နှာ နှင့် ဇာတ်သိမ်း....📚✍️

ပြောရရင် စာမရေးပဲ (ခံတံကုန် ချွန်စက်လဲ) တဲ့ အဖွဲ့ပေါ့

အဲ့လိုအဖွဲ့က သီးသန့်ကို ရှိတာ 😁😆

ဒီ 🌲သစ်ပင်လေးကတော့ (8) ရက်မြောက်နေ့ရဲ့ Kanji လေး ဖြစ်ပါတယ်။(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ အသံထွက်တွ...
27/09/2024

ဒီ 🌲သစ်ပင်လေးကတော့ (8) ရက်မြောက်နေ့ရဲ့ Kanji လေး ဖြစ်ပါတယ်။
(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေက
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
き(ki) လို့ အသံထွက်ပြီး၊
🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
モク (moku) လို့ အသံထွက်ပါတယ်။

ဒီ အသံထွက်ကွဲလေးတွေကို
အလွယ်တကူ မှတ်မိစေဖို့အတွက်
👇ဝေါဟာရလေးတွေကို ကျက်မှတ်ပြီး
သက်ဆိုင်ရာဝါကျလေးတွေ ဖွဲ့ကြည့်ကြပါဦးနော်....
*************************************************
ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

(7) ရက်မြောက်နေ့ကတော့  水 ဆိုတဲ့ ရေ🌊🫧Kanji လေးကို လေ့လာရမှာဖြစ်ပါတယ်။(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ ...
26/09/2024

(7) ရက်မြောက်နေ့ကတော့ 水 ဆိုတဲ့
ရေ🌊🫧Kanji လေးကို လေ့လာရမှာဖြစ်ပါတယ်။
(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေက
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
みず(mizu) လို့ အသံထွက်ပြီး၊
🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
すい (sui) လို့ အသံထွက်ပါတယ်။

ဒီ အသံထွက်ကွဲလေးတွေကို
အလွယ်တကူ မှတ်မိစေဖို့အတွက်
👇ဝေါဟာရလေးတွေကို ကျက်မှတ်ပြီး
သက်ဆိုင်ရာဝါကျလေးတွေ ဖွဲ့ကြည့်ကြပါဦးနော်....
*************************************************
ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

漢字 (Kanji) တွေကို လေ့လာနေတဲ့အချိန်မှာ- ဆွဲသားချက် တစ်ဆင့်ချင်းစီကို   စနစ်တကျ မှန်မှန်ကန်ကန် ရေးဆွဲတတ်ဖို့၊- (Konyomi/ W...
26/09/2024

漢字 (Kanji) တွေကို လေ့လာနေတဲ့အချိန်မှာ

- ဆွဲသားချက် တစ်ဆင့်ချင်းစီကို
စနစ်တကျ မှန်မှန်ကန်ကန် ရေးဆွဲတတ်ဖို့၊
- (Konyomi/ Wago) နှင့် (Onyomi/ Kango)
တွေကို ခွဲခြားပြီး ဖတ်နိုင်ဖို့၊
- Kanji လုံးတွဲ စကားလုံးတွေ ကိုလည်း
ပူးတွဲ မှတ်သားထားဖို့ စတဲ့

အခြေခံ လိုအပ်ချက်လေးတွေကို ဖြည့်ဆွက်ရင်း
ဖြည်းဖြည်းနှင့် မှန်မှန် လေ့လာသွားလို့ ရနိုင်မဲ့

👇 # Kanji 1 by Day 1 # ပုံစံ
Note လေးတွေကို မျှဝေပေးထားပါတယ်နော် 🧡💙💛

(1) 山
https://www.facebook.com/share/p/QrxYtm5KmuYnjbao/?mibextid=oFDknk

(2) 川
https://www.facebook.com/share/p/V6eod8BqEHbe5utB/?mibextid=oFDknk

(3) 田
https://www.facebook.com/share/p/1WMQoW1vTCjdSMWq/?mibextid=oFDknk

(4)日
https://www.facebook.com/share/p/JzSgtxfSZb3mmwaR/?mibextid=oFDknk

(5)月
https://www.facebook.com/share/p/riEx3UJAAx1TR4Hx/?mibextid=oFDknk

(6)火
https://www.facebook.com/share/p/s6w6YFTqm6dK3nBB/?mibextid=oFDknk

(7)水
https://www.facebook.com/share/p/x6Swzcs1mxULCqTw/?mibextid=oFDknk

(8)木
https://www.facebook.com/share/p/1C7hFyV7Y8qncUbC/?mibextid=oFDknk

🔥မီးတောက်လေး 火 ကတော့ (6) ရက်မြောက်နေ့ရဲ့  Kanji လေး ဖြစ်ပါတယ်။ (ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ အသံထွ...
25/09/2024

🔥မီးတောက်လေး 火 ကတော့
(6) ရက်မြောက်နေ့ရဲ့ Kanji လေး ဖြစ်ပါတယ်။
(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေက
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
ひ (hi) လို့ အသံထွက်ပြီး၊
🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
カ (ka) လို့ အသံထွက်ပါတယ်။

ဒီ အသံထွက်ကွဲလေးတွေကို
အလွယ်တကူ မှတ်မိစေဖို့အတွက်
👇ဝေါဟာရလေးတွေကို ကျက်မှတ်ပြီး
သက်ဆိုင်ရာဝါကျလေးတွေ ဖွဲ့ကြည့်ကြပါဦးနော်....
*************************************************
ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

🌜(5) ရက်မြောက်နေ့ရဲ့  Kanji လေးကတော့ 月 - လမင်းလေး 🌕 ဖြစ်ပါတယ်။ (ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ အသံထွ...
24/09/2024

🌜(5) ရက်မြောက်နေ့ရဲ့ Kanji လေးကတော့
月 - လမင်းလေး 🌕 ဖြစ်ပါတယ်။
(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေက
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
つき (kawa) လို့ အသံထွက်ပြီး၊
🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
ガツ (gatsu) နှင့် ゲツ(getsu) လို့ အသံထွက်ပါတယ်။

ဒီ အသံထွက်ကွဲလေးတွေကို
အလွယ်တကူ မှတ်မိစေဖို့အတွက်
👇ဝေါဟာရလေးတွေကို ကျက်မှတ်ပြီး
သက်ဆိုင်ရာဝါကျလေးတွေ ဖွဲ့ကြည့်ကြပါဦးနော်....

*************************************************
ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

☀️(4) ရက်မြောက်နေ့ရဲ့  Kanji လေးကတော့ 日 ဆိုတဲ့ 🌞နေမင်းကြီးပါ။ (ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ အသံထွက...
23/09/2024

☀️(4) ရက်မြောက်နေ့ရဲ့ Kanji လေးကတော့
日 ဆိုတဲ့ 🌞နေမင်းကြီးပါ။
(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေကတော့
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
ひ (hi), び (bi) နှင့် か (か) လို့ အသံထွက်ပြီး၊

🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
ニチ (nichi) နှင့် ジツ (ji tau) လို့ အသံထွက်ပါတယ်။

Kon သံ‌နှင့် On သံ အသံထွက်ကွဲလေးတွေကို
နမူနာဝါကျလေးတွေမှတဆင့် လေ့လာပြီး၊
သက်ဆိုင်ရာ ဝေါဟာရလေးတွေ အလိုက်
ဝါကျလေးတွေကို ရေးကြည့်ကြပါဦးနော်။

*************************************************
ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

တတိယမြောက်နေ့မှာတော့  田 ဆိုတဲ့ Kanji လေးကိုလေ့လာရမှာဖြစ်ပါတယ်။ 🌾(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ အသံထ...
22/09/2024

တတိယမြောက်နေ့မှာတော့ 田 ဆိုတဲ့ Kanji လေးကို
လေ့လာရမှာဖြစ်ပါတယ်။ 🌾
(ရေးသားနည်းကို Short Videoမှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေကတော့
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
た (ta) လို့ အသံထွက်ပြီး၊

🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
でん (den) လို့ အသံထွက်ပါတယ်။

ဒီအသံထွက်ကွဲလေးတွေကို
မှတ်မိစေဖို့အတွက် နမူနာ ဝါကျလေးနှစ်ခု နှင့်အတူ

👇ပုံလေးတွေမှာ ဖော်ပြထားတဲ့
ဝေါဟာရလေးတွေကို ကျက်မှတ်အသုံးချပြီး
ဝါကျလေးတွေကို ရေးကြည့်ကြပါဦးနော်။

*************************************************

ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

🏞️ဒုတိယမြောက်နေ့ရဲ့ Kanji လေးကတော့ 川 ဆိုတဲ့Kanji လေး ဖြစ်ပါတယ်။ (ရေးသားနည်းကိုတော့ Short Videoမှာ ကြည့်ပါနော် ✍️📋)သူရဲ့ ...
21/09/2024

🏞️ဒုတိယမြောက်နေ့ရဲ့ Kanji လေးကတော့ 川 ဆိုတဲ့
Kanji လေး ဖြစ်ပါတယ်။
(ရေးသားနည်းကိုတော့ Short Videoမှာ
ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေက
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
かわ (kawa) လို့ အသံထွက်ပြီး၊
🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
セン (sen) လို့ အသံထွက်ပါတယ်။

ဒီ အသံထွက်ကွဲလေးတွေကို
အလွယ်တကူ မှတ်မိစေဖို့အတွက်
👇နမူနာ ဝါကျလေး နှစ်ခုနှင့် အတူ

ဝေါဟာရလေးတွေကို ကျက်မှတ်ပြီး
သက်ဆိုင်ရာဝါကျလေးတွေ ဖွဲ့ကြည့်ကြပါဦးနော်....

*************************************************
ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

Kanji လေးတွေကို မှတ်သားရ ခက်ခဲတယ်ဆိုတာထက်"ပန်းချီရဲ့ သင်္ကေတလေးတွေ အဖြစ် မြင်ကြည့်ရင်းတစ်နေ့နည်းနည်းစီ ကြိုးစားလေ့လာသွား...
20/09/2024

Kanji လေးတွေကို
မှတ်သားရ ခက်ခဲတယ်ဆိုတာထက်
"ပန်းချီရဲ့ သင်္ကေတလေးတွေ အဖြစ် မြင်ကြည့်ရင်း
တစ်နေ့နည်းနည်းစီ ကြိုးစားလေ့လာသွားမယ်" ဆိုတဲ့
သူလေးတွေအတွက် ရည်ရွယ်ပါတယ် 🤝✍️💛

🌋ဒီနေ့ ပထမဆုံးအနေနှင့် အတူတူ လေ့လာသွားကြမဲ့
Kanji လေးကတော့ 山 ဆိုတဲ့ Kanji လေး ဖြစ်ပါတယ်။
(Stoke ဆွဲသားနည်းလေးတွေကို Short Video
မှာ ကြည့်ပါနော် ✍️📋)

သူရဲ့ အသံထွက်တွေကတော့
🇯🇵ဂျပန်အသံထွက် (Konyomi/ Wago) အရ
やま (yama) လို့ အသံထွက်ပြီး၊

🇨🇳 တရုတ်အသံထွက် (Onyomi/ Kango) အရ
サン , セン လို့ အသံထွက်ပါတယ်။

ဒီ အသံထွက်ကွဲလေးတွေကို
အလွယ်တကူ မှတ်မိစေဖို့အတွက်
ဝါကျလေးနှစ်ခုနှင့် မှတ်သားထားလို့ရပါတယ်။

(1) 日本には山がたくさんあります。
(Nihon niwa yama ga takusan arimasu.)

(2). 富士山は火山です。
(Fujisan wa kazen desu.)

ဒီ အသံထွက်လေးတွေကို ပိုပြီး မှတ်မိသွားအောင်
👇ပုံလေးတွေမှာ ဖော်ပြထားတဲ့ ဝေါဟာရလေးတွေ
ကို ကျက်မှတ်ပြီး၊ ဝေါဟာရ တစ်လုံးချင်းစီပါဝင်တဲ့
ဝါကျလေးတွေကို ရေးကြည့်ကြပါနော်။

ဒါဆိုရင်တော့ 山 ဆိုတဲ့ Kanji လေးကို
မှတ်ရ ဖတ်ရ လွယ်ကူသွားမှာ ဖြစ်ပါတယ်။

*************************************************

ဂျပန်ဘာသာစကား ကို
လေ့လာနေကြသူ‌တွေ အားလုံး
အဆင်ပြေ လွယ်ကူစွာနှင့် လိုရာပန်းတိုင်ကို
အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေနော်။ 💙🏆💛

ဒီနေ့လေးဟာမြန်မာပြက္ခဒိန် အရ တော်သလင်းလပြည့်နေ့ ဖြစ်ပြီး🇯🇵ဂျပန်မှာတော့  月見の日 (Tsukimi) လို့ခေါ်တဲ့ ဆောင်းဦးဝင်ခါစ လပြည့်...
17/09/2024

ဒီနေ့လေးဟာ
မြန်မာပြက္ခဒိန် အရ တော်သလင်းလပြည့်နေ့ ဖြစ်ပြီး

🇯🇵ဂျပန်မှာတော့
月見の日 (Tsukimi) လို့ခေါ်တဲ့
ဆောင်းဦးဝင်ခါစ လပြည့်ညရဲ့ လမင်းကြီးကို
ကြည့်ရှုကြတဲ့နေ့လေး ဖြစ်ပါတယ်။ 🌝

ဒီ ရိုးရာဓလေ့ဟာ
平安 (Heian) ခေတ်ကနေ စတင်ခဲ့တဲ့
ကောက်ရိတ်သိမ်းပွဲတော် တစ်ခုလည်း ဖြစ်တဲ့အပြင်
Mid - Autumn Festival/ Harvest Moon Festival /
Moon Cake Festival လို့လည်း လူသိများကြပါတယ်။

🩵🌟🍚🍙🍱💫🌕🥮 🎈🏮 💛

Address

Hinthada
10061

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959763816981

Website

Alerts

Be the first to know and let us send you an email when Gold Prize - Japanese & Korean Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Gold Prize - Japanese & Korean Language Class:

Shortcuts

Share