Hinthada University

Hinthada University Hinthada University Students Page Students in Hinthada University can contact about educational informations and can study update news.

03/02/2026

ဒုတိယနှစ်နှင့်အထက် အဝေးသင် သင်တန်းများ ကျောင်းအပ်နှံရက် ကြေညာခြင်း

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ် နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်နှင့် အထက် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို မနက်ဖြန် ၄-၂-၂၀၂၆ ရက်နေ့မှ စတင်ကာ ၁၅-၅-၂၀၂၆ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် အခွင့်ရဓာတ်ပုံအေဂျင်စီမှ ဓာတ်ပုံကြေး ၂သောင်းထပ်မံတောင်းခံနေလို့ ဘွဲ့ရမောင်မယ်အများစု ...
24/01/2026

ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် အခွင့်ရဓာတ်ပုံအေဂျင်စီမှ ဓာတ်ပုံကြေး ၂သောင်းထပ်မံတောင်းခံနေလို့ ဘွဲ့ရမောင်မယ်အများစု ဓါတ်ပုံမရိုက်ပဲထွက်လာ

ဟင်္သာတတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ၂၀၂၆ခု နှစ် ဇန်နဝါရီလ ၁၇ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိပါသည်။ ကျောင်းသား၊သူများအနေဖြင့် ဘွဲ့ဖောင်စတင်ချိန်တွင် ဓာတ်ပုံကြေးပေးသွင်းပြီးဖြစ်သော်လည်း မိသားစုဓာတ်ပုံအတွက်ရိုက်ကူးချိန်တွင် အခွင့်ရဓာတ်ပုံအေဂျင်စီမှ ဓာတ်ပုံကြေး၂သောင်းကျပ်ထပ်မံတောင်းခံနေလို့ ဘွဲ့ရမောင်မယ်အများစု ဓာတ်ပုံမရိုက်ခဲ့ရပဲ ထွက်လာခဲ့​ကြတယ်လို့ သိရှိရပါသည်။ ဖြစ်စဥ်မှာ ဘွဲ့ရမောင်မယ်များအနေဖြင့် လေးထပ်ဆောင် အပေါ်ဆုံးထပ်တွင် တဦးတည်းပုံ ၁ပုံ၊ လေးထပ်ဆောင် မြေညီထပ်တွင် မိသားစုပုံ ၁ပုံစာအတွက် ငွေသွင်းပြီးဖြစ်သော်လည်း အခွင့်ရဓာတ်ပုံအေဂျင်စီမှ မိသားစုဓာတ်ပုံရိုက်ကူးချိန်တွင် ဘွဲ့ရမောင်မယ်များ၏ စိတ်ဆန္ဒမပါပဲ ဓာတ်ပုံအပိုများရိုက်ကူးကာ ငွေကြေးထပ်မံတောင်းခံနေကြောင်း သိရှိရပါသည်။ ဘွဲ့ရမောင်မယ်အများစုမှာ မိသားစုဓာတ်ပုံရိုက်ကူးချိန်တွင် ဓာတ်ပုံကြေးထပ်မံတောင်းခံနေသည့်အတွက် မရိုက်ကူးကြတော့ပဲ ထွက်လာကြတယ်လို့သိရပါတယ်။ ထိုကိစ္စအား ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ်နှင့်တကွ တာဝန်ရှိသူများမှ လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ပါရန်တင်ပြအပ်ပါသည်။

စာကြွင်း - နောက်ရက်များတွင်ဘွဲ့ယူကြရမည့် ဘွဲ့ရမောင်မယ်များအနေဖြင့် ငွေရှင်းပြီးသားများဖြစ်သော 10×14 မိသားစုဓာတ်ပုံ #တစ်ပုံတည်းသာ လေးထပ်ဆောင် မြေညီထပ်တွင် မဖြစ်မနေ ရိုက်ကူးဖို့ အသိပေးလိုပါတယ်။ မိမိဆန္ဒအရ အလှဓာတ်ပုံများ ရိုက်ကူးလိုပါကလည်း အောက်ဖော်ပြပါနှုန်းထားအတိုင်းရိုက်ကူးနိုင်ပါသည်။

်မံဖြည့်သွင်းဖော်ပြပေးထားသည်
#ဟင်္သာတက္ကသိုလ်ကျောင်းသားကျောင်းသူများ

ဟင်္သာတတက္ကသိုလ်၊ ဘာသာရပ်ဌာနများနှင့် စီမံခန့်ခွဲရေးဌာနများရှိ ဆိုင်ကယ် သင်မောင်းလိုင်စင်ရရှိပြီး ဆိုင်ကယ်ယာဉ်မောင်းလိုင...
11/01/2026

ဟင်္သာတတက္ကသိုလ်၊ ဘာသာရပ်ဌာနများနှင့် စီမံခန့်ခွဲရေးဌာနများရှိ ဆိုင်ကယ် သင်မောင်းလိုင်စင်ရရှိပြီး ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ("က"လိုင်စင်) လျှောက်ထားရန်ကျန်ရှိသည့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများကို ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် ဟင်္သာတတက္ကသိုလ်၌ သင်တန်းပို့ချခြင်း၊ ယာဉ်မောင်းကျွမ်းကျင်မှု စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ုပ်သံ

၂၀၂၅ခုနှစ် အောက်တိုဘာလတွင်ကျင်းပခဲ့သော ဟင်္သာတတက္ကသိုလ် အဝေးသင်သင်တန်း ဒုတိယအသုတ်အထူးပြု ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ...
10/01/2026

၂၀၂၅ခုနှစ် အောက်တိုဘာလတွင်ကျင်းပခဲ့သော ဟင်္သာတတက္ကသိုလ် အဝေးသင်သင်တန်း ဒုတိယအသုတ်အထူးပြု ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထနှစ် (၁၉+၂၀) အသီးသီးတို့၏ အတန်းတင်စာမေးပွဲအောင်စာရင်း


ဟင်္သာတတက္ကသိုလ် (၂၀၂၅-၂၆)ပညာသင်နှစ် ဘောလုံးဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော ဘာသာရပ်အလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ  ဗို...
10/01/2026

ဟင်္သာတတက္ကသိုလ် (၂၀၂၅-၂၆)ပညာသင်နှစ် ဘောလုံးဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော ဘာသာရပ်အလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို
ယမန်နေ့တွင် ဟင်္သာတမြို့နယ် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ုပ်သံ

၂၀၂၅ခုနှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သော ဟင်္သာတတက္ကသိုလ် အဝေးသင်သင်တန်း တတိယအသုတ်အထူးပြု ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထန...
10/01/2026

၂၀၂၅ခုနှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သော ဟင်္သာတတက္ကသိုလ် အဝေးသင်သင်တန်း တတိယအသုတ်အထူးပြု ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထနှစ် (၁၉+၂၀) အသီးသီးတို့၏ အတန်းတင်စာမေးပွဲအောင်စာရင်း


ဟင်္သာတတက္ကသိုလ် (၂၀၂၅-၂၆) ပညာသင်နှစ် ပထမနှစ် (၂၀၂၅ အောင်) ကျောင်းသား/သူများအတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို...
07/01/2026

ဟင်္သာတတက္ကသိုလ် (၂၀၂၅-၂၆) ပညာသင်နှစ် ပထမနှစ် (၂၀၂၅ အောင်) ကျောင်းသား/သူများအတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ုပ်သံ

အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာခြင်းပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ် နှင့် ဒီဂရီ...
07/01/2026

အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာခြင်း

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ် နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၉-၁၂-၂၀၂၅ ရက်နေ့မှ ၃၁-၃-၂၀၂၆ ရက်နေ့ထိ လည်းကောင်း၊ ဒုတိယနှစ်နှင့် အထက် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၄-၂-၂၀၂၆ ရက်နေ့မှ ၁၅-၅-၂၀၂၆ ရက်နေ့ထိ လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဟင်္သာတ တက္ကသိုလ် နေ့သင်တန်းနှင့် အဝေးသင်သင်တန်း (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခြင်းဟင်္သာတတက္ကသိုလ်မှ နေ့သင်တန်း၂...
05/01/2026

ဟင်္သာတ တက္ကသိုလ် နေ့သင်တန်းနှင့် အဝေးသင်သင်တန်း (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခြင်း

ဟင်္သာတတက္ကသိုလ်မှ နေ့သင်တန်း၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မဟာဘွဲ့ ( ဝိဇ္ဇာ/သိပ္ပံ)၊ ဂုဏ်ထူးတန်းဘွဲ့ (ဝိဇ္ဇာ/သိပ္ပံ ) (၂၀၁၈ - အောင် ) ၊ ရိုးရိုးဘွဲ့ ( ဝိဇ္ဇာ / သိပ္ပံ ) (၂၀၁၉ - အောင် ) နှင့် အဝေးသင် သင်တန်း ၂၀၂၄ ပညာသင်နှစ် (ဝိဇ္ဇာ/သိပ္ပံ) ဘွဲ့ရရှိပြီး ဘွဲ့နှင်းသဘင်တက်ရောက်ရန် လျှောက်ထားသူများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဟင်္သာတ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်သည်

Address

Hinthada
10063

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959794407321

Alerts

Be the first to know and let us send you an email when Hinthada University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Hinthada University:

Shortcuts

Share