ဟင်္သာတ အဝေးသင် - Student's Group

ဟင်္သာတ အဝေးသင် - Student's Group Welcome from HTD University Student Group

19/01/2024

#ဘွဲ့ဖောင်တင်ရန်
🔹🔹🔹🔹🔹🔹
⏺ အမည်

⏺ အထူးပြုမေဂျာ

⏺ နောက်ဆုံးနှစ်အောင်မြင်ခဲ့သောခုနှစ်

⏺ ဘွဲ့ဆိုဒ် ဓာတ်ပုံ

⏺ မှတ်ပုံတင် မိတ္တူ

⏺ မွေးသက္ကရာဇ် အပြည့်အစုံ

⏺ မိဘအမည်(အဖေ+အမေ)

⏺ မိဘမှတ်ပုံတင်မိတ္တူ

⏺ အိမ်ထောင်စု ဇယားမိတ္တူ

⏺ ပ/ဒု/တ/စ ခုံနံပါတ်များနှင့်
အောင်မြင်ခဲ့သောခုနှစ်

⏺ ဆယ်တန်းအောင်လက်မှတ်

⏺ နေရပ်လိပ်စာအပြည့်အစုံ

⏺ ဆက်သွယ်ရန်ဖုန်းနံပါတ် နှစ်ခု

ဟင်္သာတတက္ကသိုလ် - အဝေးသင် News

06/01/2024

နောက်ဆုံးနှစ် အောင်မြင်သူများအားလုံး ဘွဲ့ယူရန် ပြင်ဆင်ထားကြပါရန်။
ဘွဲ့ဖောင်တင်ရာတွင် ဆယ်တန်းအောင်လက်မှတ် လိုအပ်ပါသည်။
ထုတ်ယူရန် -Viber 09777051855 သို့ဆက်သွယ်ပါရန်။

22/12/2023
မေဂျာဖောင်တွေထုတ်လို့ရပြီဆိုတော့ ဖောင်ဖြည့်နည်းလေး တင်ပေးထားပါမယ်။အရင်ဆုံး ဖောင်စာအိတ်ထဲပါဝင်မှာတွေက တက္ကသိုလ်ဝင်ခွင့်လျ...
24/08/2023

မေဂျာဖောင်တွေထုတ်လို့ရပြီဆိုတော့
ဖောင်ဖြည့်နည်းလေး တင်ပေးထားပါမယ်။

အရင်ဆုံး ဖောင်စာအိတ်ထဲပါဝင်မှာတွေက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ဖောင်အစိမ်း တစ်ရွက်၊ ကျောင်းသားအဖြစ်လျှောက်လွှာ ဖောင်အပြာ ၂ရွက် ၊သင်တန်းရွေးချယ်မှု့ကဒ်ပြား ဖောင်အဖြူ တစ်ရွက်၊ သက်ဆိုင်ရာ စာစစ်ဌာန ကပေးသော အမှတ်စာရင်း (လက်ရေးမူ)မူရင်း တစ်ရွက်၊ ရမှတ်အဆင့် တစ်ရွက် တို့ပါဝင်မည်ဖြစ်သည်။ မေဂျာလျှောက်လွှာတင်ရန် လိုင်စင် ပုံ ၄ပုံလိုအပ်ပါသည်။ ဖောင်စာအိတ်ထဲတွင် ပါဝင်သောစာရွက်အားလုံးမေဂျာဖောင်စာအိတ်ထဲပြန်ထည့်ပေးရမည်။လိုအပ်ပါက မိတ္တူ ဆွဲထားပါ။
ဖောင်ဖြည့်နည်းကို အောက်ပါပုံများတွင် လေ့လာနိုင်ပါသည် ။

မှတ်ချက်။ ။အမှတ်စာရင်း မူရင်းအား မဖြစ်မနေ မိတ္တူဆွဲထားရန် လိုအပ်ပါတယ်။

#အဝေးသင်ဟသ်ာတ

04/06/2023

သတိထားရှိကြပါရန်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် ညစဥ်ဧည့်စာရင်းစစ်ဆေးလျှက်ရှိရာ (၃.၆.၂၀၂၃)ရက်နေ့ညတွင် တာကလေးရပ်ကွက်အတွင်းဧည့်စာရင်းစစ်ဆေးရာ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိသော ကျား(၉) မ (၁)သည်
လိမ်လည်အလှူခံနေသော အဖွဲ့ဖြစ်​​ နေ သည်ကိုစစ်ဆေးတွေ့ရှိရ​​ ကြောင်းသိရှိ၍ ပြည်သူများအနေဖြင့် ရပ်ကွက်အတွင်းအလှူခံအဖွဲ့များဝင်ရောက်လာပါကသေချာစီစစ်၍ လှူဒါန်းကြပါရန်အသိပေးတိုက်တွန်းအပ်ပါသည်။
၎င်းအလှူခံအဖွဲ့ကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ကိုလည်း ကနဦးသတင်းရရှိပါသည်။
ကိုဇော်မင်း
ဟင်္သာတခရိုင်
SH/MEDIA

တက္ကသိုလ်ဝင်တန်း (၁၀)တန်းအောင်စာရင်းများ (4.6.2023) ရက်၊တနင်္ဂနေ့ထွက်ပါမည်။Edit:  ၃ရက်နေ့ည ၁၂ နာရီတွင် အောက်ပါ Applicati...
01/06/2023

တက္ကသိုလ်ဝင်တန်း (၁၀)တန်းအောင်စာရင်းများ
(4.6.2023) ရက်၊တနင်္ဂနေ့ထွက်ပါမည်။
Edit: ၃ရက်နေ့ည ၁၂ နာရီတွင်
အောက်ပါ Application ထဲဝင်ပြီး ကြည့်ရှု့နိုင်ပါပြီ။

ဒီမှာ Download လုပ်ပါ ✅
https://play.google.com/store/apps/details?id=com.exammm23.app
#အဝေးသင်ဟသာ်တ

(2022-2023)ဟင်္သာတတက္ကသိုလ်ဟင်္သာတတက္ကသိုလ်(အဝေးသင် သင်တန်း) (ပထမ)အကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို(၂၇.၅.၂၀၂၃)ရက်နေ့တွင် ဘ...
30/05/2023

(2022-2023)
ဟင်္သာတတက္ကသိုလ်
ဟင်္သာတတက္ကသိုလ်(အဝေးသင် သင်တန်း)
(ပထမ)အကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို
(၂၇.၅.၂၀၂၃)ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမတွင်
ကျင်းပပြုလုပ်ခဲ့ပါသည်။

#အဝေးသင်ဟသာ်တ

18/04/2022

ကြေညာချက်🐾🐾

၁။ ဟင်္သာတတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ( ၁၂-၅-၂၀၂၂ )ရက်နေ့တွင် ဖွင့်လှစ်မည့် ပထမနှစ် (၂၀၂၀ အောင်)သင်တန်း၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို (၁၈-၄-၂၀၂၂)ရက် ၊ တနင်္လာနေ့ မှ စတင်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းများတွင် ကျောင်းခေါ်ချိန် ၇၅ % ပြည့်မိမှသာ စာမေးပွဲဖြေဆိုခွင့် ရရှိမည်ဖြစ်၍ ကျောင်းဝင်မှတ်ပုံတင်ခြင်းကျောင်းပြောင်းရွှေ့ခြင်းနှင့် အထူးပြုဘာသာရပ် အပြောင်းအရွှေ့များကို ( ၁၈-၄-၂၀၂၂ ) မှ ( ၂၇-၅-၂ဝ၂၂ )ရက်နေ့ နောက်ဆုံးထားပြီး မပျက်မ ကွက် တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သင်တန်းရေးရာဌာန၊ ဟင်္သာတတက္ကသိုလ်ကျောင်းသားကျောင်းသူများ
#အဝေးသင်HTD

အဝေးသင်တွေရော/ Day တွေရော မေဂျာများတပြိုင်တည်းအကုန်လုံး ကပ်ထားကြေညာမည်--------------------------        ၂၀၂၀ အောင်များရဲ...
31/03/2022

အဝေးသင်တွေရော/ Day တွေရော မေဂျာများတပြိုင်တည်းအကုန်လုံး ကပ်ထားကြေညာမည်
--------------------------
၂၀၂၀ အောင်များရဲ့ နေ့သင်တန်းနှင့် အဝေးသင် မေဂျာအားလုံး (1.4.2022)ရက်နေ့တွင် တပြိုင်တည်း ထွက်ရှိမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်များမှာလည်း စာရင်းများ ကပ်ထားကြေညာမည်ဖြစ်သကဲ့သို့ ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့၏ အင်တာနက်ဝဘ်ဆိုက်များဖြစ်သော www.moe.gov.mm နှင့် www.dhe.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဥ်ထားပါ​ကြောင်း၊
၂၀၁၉-၂၀ ပညာသင်နှစ်ရဲ့ ပထမနှစ် တက်လက်စ,များသည် အသစ်လာမည့် ၂၀၂၀အောင်လေးများနဲ့ရောနှော၍ မူလအစ,ကနေ ပြန်ပြီးတက်ရမှာမဟုတ်​ပဲ၊ သီးခြားစီဖြစ်ကြောင်း၊ ပထမနှစ် တက်လက်စ, များဟာ ဒုတိယနှစ်ဝက်ကိုအရှိန်မပျက် ဆက်တက်ရမည်သာဖြစ်ကြောင်း၊
မေလ(၁၂)ရက်နေ့မှာ သင်တန်းအားလုံးဖွင့်မည်ဖြစ်ပြီး၊ သင်တန်းကျောင်းတက်ရက်/စာသင်ကာလအားဖြင့်(၅၃)ရက်ရှိပါကြောင်း ၊ လာမည့် ဩဂုတ်လခန့်တွင် စာမေးပွဲများရှိမည်ဖြစ်ကြောင်း၊
အဆင့်မြင့်ပညာဦးစီးဌာနမှ သိရှိရပါသည်။

Ministry of Education

13/03/2022

#ကဲနောက်ဆုံးတော့ အဝေးသင်တွေထွက်လာပါပီ။
အဝေးသင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်မေဂျာများ အားလုံးနှင့် ဥပဒေ (စ)နှစ်အားလုံးအတွက် ၂၀၂၂ ပညာသင်နှစ်အတွက်အချိန်စာရင်း

#အ‌ဝေးသင် ပထမအသုတ်(သိပ္ပံတွဲများ) =(၉-၇-၂၀၂၂) မှ (၁၁-၉-၂၀၂၂) (PT - ၁၀ပတ်)
စာကြည့်ရန်ပိတ်ရက် = (၁၂-၉-၂၀၂၂)ရက်နေ့ မှ (၂-၁၀-၂၀၂၂ )ရက်နေ့အထိ (ရက်ပေါင်း - ၂၀)
စာမေးပွဲ ဖြေချိန် = (၃- ၁၀- ၂၀၂၂)ရက်နေ့ မှ ( ၈-၁၀ -၂၀၂၂)ရက်နေ့အထိ။
-------------
#အဝေးသင် ဒုတိယအသုတ်(ဝိဇ္ဇာတွဲများ)
အနီးကပ်=(၁၂-၁၀-၂၀၂၂)ရက်နေ့ မှ (၂၁-၁၀-၂၀၂၂)ရက်နေ့အထိ။ (၁၀ရက်)
စာကြည့်ရန်ပိတ်ရက် = (၂၂-၁၀-၂၀၂၂)ရက်နေ့မှ (၂၃-၁၀-၂၀၂၂)ရက်နေ့ အထိ။
စာမေးပွဲ ဖြေချိန် =(၂၄ - ၁၀ -၂၀၂၂) ရက်နေ့မှ (၂၉- ၁၀-၂၀၂၂)ရက်နေ့အထိ ။
----------
#အဝေးသင် တတိယအသုတ်(ဝိဇ္ဇာတွဲများ)
အနီးကပ်=(၃၁-၁၀-၂၀၂၂)ရက်နေ့ မှ (၁၁-၁၁-၂၀၂၂)ရက်နေ့အထိ။ (၁၀ရက်)
စာကြည့်ရန်ပိတ်ရက် = (၁၂-၁၁-၂၀၂၂)ရက်နေ့မှ (၁၃-၁၁-၂၀၂၂)ရက်နေ့ အထိ။
စာမေးပွဲ ဖြေချိန် =(၁၄ - ၁၁ -၂၀၂၂) ရက်နေ့မှ (၂၁- ၁၁ -၂၀၂၂)ရက်နေ့အထိ။
#အဝေးသင်HTD

Address

Hinthada

Alerts

Be the first to know and let us send you an email when ဟင်္သာတ အဝေးသင် - Student's Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category