05/11/2023
မင်္ဂလာညချမ်းပါ 🙏
The Word of This Week အစီအစဉ်တင်ဆက်ချိန်ပြန်လည်ရောက်ရှိလာပြန်ပါပြီ...
ဒီတစ်ပတ်အတွက် "face" ဆိုတဲ့စာလုံးကိုစိတ်ဝင်
စားမိလို့ ရွေးပြီးလေ့လာဖြစ်ခဲ့တယ်။
Collins Dictionary ကနေပဲ အဓိက reference ယူထားပါတယ်။
🔰The front part of your head from your chin to the top of your forehead, where your mouth, eyes, nose, and other features are
အားလုံးသိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲက မေးစေ့ကနေနဖူးထိ ခေါင်းရဲ့အရှေ့တစ်ပိုင်းလုံးကို face လို့ခေါ်ပါတယ်။
🔰The expression on your face which shows that you are happy, sad, or serious
look, appearance ပုံပန်းသွင်ပြင်အနေနဲ့ မျက်နှာထားအနေနဲ့လည်း သုံးပါတယ်၊ ဝမ်းနည်းတဲ့မျက်နှာထား၊ ဝမ်းနည်းရုပ်ပေါက်နေတယ်၊ ပျော်တဲ့ရုပ်ပေါက်နေတယ်စသဖြင့်။
He was walking around with a sad face.
🔰The face of a cliff, mountain, or building
ချောက်ကမ်းပါး၊ တောင်၊ အဆောက်အဦတစ်ခုရဲ့မျက်နှာပြင်အနေနဲ့လည်းသုံးကြ။
🔰The face of a clock or watch with the numbers or hands on it
နာရီဒိုင်ခွက်မျက်နှာပြင်၊ အခြားအရာတွေရဲ့မျက်နှာပြင်လည်းပြောလို့ရ။
🔰The face of an area, institution, or field of activity, belief or system
ဒီနေရာမှာတော့ နယ်ပယ်တစ်ခုဖြစ်ဖြစ် လုပ်ငန်းတစ်ခုခုဖြစ်ဖြစ် ယုံကြည်ချက် (or) စနစ်ဆိုတော့ သူ့ရဲ့သွင်ပြင် သဘောသဘာဝ appearance or nature ကိုပြောတာ၊ တစ်ခုခုရဲ့အနေအထား (or) ရှုထောင့် (aspect) လို့လည်း ပြောပြန်ရော။
We aim to expose the ugly face of Western authoritarianism in the developing world.
🔰"face" နဲ့တွဲသုံးတဲ့စိတ်ဝင်စားစရာ expressions တွေ phrases တွေကတော့အများကြီးပဲ။
1. "Lose face" မျက်နှာပျက်ရ မျက်နှာငယ်ရ 😔
He didn't want to lose face in front of his friends, so he confessed the mistake.
2. "About-face"
A complete change of attitude or opinion
စိတ်နေစိတ်ထား/ အမြင်လုံးဝကိုပြောင်းပစ်တာ
The company made an about-face and changed its policy.
ကုမ္ပဏီက ပေါ်လစီကိုလုံးဝပြောင်းပစ်လိုက်တယ်။
3. "Poker face" သီချင်းတောင်ရှိတယ်လေနော်🎵
An expression on your face that shows none of your feelings
ပိုကာကစားသမားမျက်နှာလိုခံစားချက်ကင်းမဲ့တဲ့မျက်နှာထား။
In business a poker face can be very useful.
စီးပွားရေးလုပ်ရာမှာတော့ ခံစားချက်မထားတဲ့မျက်နှာထားက အရမ်းအသုံးဝင်တယ်။
4. "Face value" တန်ဖိုးရင်း
I bought the concert ticket at its face value, not from a reseller. မူရင်းတန်ဖိုးအတိုင်း ဖျော်ဖြေပွဲလက်မှတ်ဝယ်ခဲ့တာ reseller ပြန်ရောင်းသမားဆီကမဟုတ်။ သူ့ဆီကဆိုပိုများ အမြတ်တင်မယ်ဆိုတဲ့သဘောပါ။
5. "Blow up in someone's face"
If something that you have planned blows up in your face, it goes wrong unexpectedly, with the result that you suffer.
ကိုယ်စီစဉ်ထားတာတစ်ခုကမမျှော်လင့်ဘဲအမှားအယွင်းဖြစ်တာ အလွဲလွဲအချော်ချော်ဖြစ်တာ
His lie about the broken vase blew up in his face when the truth came out.
ကွဲသွားတဲ့ပန်းအိုးနဲ့ပတ်သက်ပြီးသူကညာပြောထားတာတွေ အမှန်လည်းပေါ်ရော သူပြောတာတလွဲဖြစ်ကုန်ရော။
6. "Until someone is blue in the face"
If you say that someone can do something until they are blue in the face, you are emphasizing that however much they do it, it will not make any difference.
ဘယ်လောက်အားစိုက်ပြီး/ အလေးထားပြီးလုပ်လုပ် ထူးမခြားနား အရာမထင်ဖြစ်တာ။
She argued with him until she was blue in the face, but he wouldn't listen.
သူမကတော့အသားကုန်ငြင်းတာပဲ၊ ဒါပေမဲ့ သူကနားမထောင် ပြောတာအရာမထင်။
7. "Face down/up"
face down ဆိုရင်အရှေ့မျက်နှာစာကိုအောက်ဖက်ထား မှောက်ထား face up ကတော့ opposite ပေါ့ မျက်နှာစာလှန်ထားတာ။
She placed the book face down on the table.
စာအုပ်ကိုစားပွဲပေါ်မှောက်ထား။
8. "Off/from the face of the earth"
ကမ္ဘာမြေပေါ်ကပျောက်သွား ရှာမတွေ့တော့တာ nuclear weapons သုံးရင်လူတွေမျိုးတုံးပျောက်ကွယ်ကုန်ကြမှာမျိုး။
The thief disappeared from the face of the earth after the heist. ဓားပြတိုက် လုယက်တာပြီးနောက် သူခိုးကပျောက်သွားတာ အစအနတောင်မတွေ့တော့။
9. "Face to face" မျက်နှာချင်းဆိုင်/ထိပ်တိုက်တွေ့
Let's discuss this matter face to face. မျက်နှာချင်းဆိုင်ပြီးဒီကိစ္စဆွေးနွေးရအောင်။
10. "Fly in the face of"
completely oppose or contradict the accepted rules or ideas အများလက်ခံထားတဲ့ စည်းမျဉ်းတွေအယူအဆတွေကိုလုံးဝဆန့်ကျင်တာ။
Her decision to quit her stable job and travel the world seemed to fly in the face of common sense.
တည်တည်ငြိမ်ငြိမ်ရှိပြီးသားအလုပ်ကိုထွက်ပြီးကမ္ဘာပတ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်က အများအမြင်အရတော့ လုံးဝကွဲလွဲဆန့်ကျင်နေတာကြီး။
11. "In the face of something"
ပြဿနာ/ အခက်အခဲကိုရင်ဆိုင်ရသော်လည်း
In the face of criticism, he remained determined. ဝေဖန်တာခံရလည်း ဆုံးဖြတ်ချက်ကခိုင်မာဆဲ။
12. "Laugh in someone's face"
disrespectful towards you မလေးမစားပြုမူဆက်ဆံတာ။
When he said that, they burst out laughing in his face. သူပြောတာကိုလုံးဝမခန့်လေးစားပုံစံနဲ့။
13. "A long face" မျက်နှာသေ၊ မျက်စေ့သူငယ်
He had a long face when he didn't win the game. ပွဲမနိုင်လို့မျက်နှာငယ်လေးနဲ့။
14. "Make a face"
show a feeling such as dislike or disgust by putting an exaggerated expression on your face, for example by sticking out your tongue မကြိုက်တာ၊ ရွံရှာတာကို over မျက်နှာထားနဲ့ပြ၊ လျှာထုတ်တာတို့ဘာတို့၊ မဲ့ရွဲ့ပြတာတို့။
British English မှာတော့ "pull a face" လို့လည်းပြောကြတယ်။
Opening the door, she made a face at the musty smell. တံခါးဖွင့်ရင်း ရတဲ့အောက်သိုးသိုး
အနံ့ကိုမကြိုက်တဲ့မျက်နှာအမူအရာလုပ်ပြ။
15. "On the face of it" အပြင်ပန်းအရ
On the face of it, the task seems easy.
အပြင်ပန်းအရတော့ အလုပ်ကလွယ်နေပုံပဲ။
16. "Put a brave/ bold face on something/Put on a brave/ bold face"
ကြုံလာရတဲ့အခြေအနေဆိုးတစ်ခုအပေါ် စိတ်ပျက်တာမပေါ်အောင်ကြိုးစား။
Despite the bad news, she tried to put on a brave face. သတင်းဆိုးဆိုပေမဲ့ စိတ်ပျက်ပုံမပြမိအောင်ကြိုးစားတယ်။
American English မှာ "put on a good face" လို့လည်းသုံးကြတယ်။
17. "Set your face against something" မှားတာသိလို့တစ်ခုခုကိုဆန့်ကျင်တာ၊ မလုပ်တော့တာ။ ဗူးဆိုဖရုံမသီးတာ (stronger sense)
The doctor advised him to set his face against junk food. အာဟာရမရှိအလွယ်စားလို့ရတဲ့ဟာတွေကိုမျက်နှာလွှဲလိုက်ဖို့ ဆက်မစားတော့ဖို့ ဆရာဝန်ကသူ့ကိုအကြံပြုတယ်။
18. "Show your face" တစ်နေရာရာမှာမျက်နှာပြ သိပ်လှိုက်လှိုက်လှဲလှဲမကြိုဆိုရင်တောင်မှသွား။
It's been a while since she showed her face at social events.
19. "A straight face"
manage to look serious, although you want to laugh ရယ်ချင်နေလည်း တည်ကြည်တဲ့ပုံဖမ်းထားရ။
He told the joke with a straight face.
ရုပ်တည်နဲ့ဟာသပြောခဲ့တယ်။
20. "To someone's face"
say something openly in one's presence
သူ့မျက်မှောက်မှာတင်ပွင့်ပွင့်လင်းလင်းပြောပြ။
She told him her opinion to his face.
သူမအယူအဆ သူမအမြင်ကို သူ့မျက်မှောက်မှာတင်ပွင့်ပွင့်လင်းလင်းပြောပြ။
21. "To be written all over someone's face"
မျက်နှာမှာစာရေးထားသလိုအထင်းသားမြင်နေရ။
Her happiness was written all over her face.
သူမပျော်နေတာအထင်းသားပဲ။
22. "Shut the door in someone's face"
စကားလက်ခံပြောဖို့ငြင်းတာ၊ သတင်းအကြောင်း
အရာတစ်ခုခုပေးဖို့ငြင်းတာ။
She was angry and shut the door in his face.
စိတ်ဆိုးပြီးစကားပြောဖို့ငြင်းလိုက်တယ်။
23. "Have egg on your face"
look foolish ရူးကြောင်ကြောင်ပုံပေါက်သွားတာ။
He had egg on his face when he forgot his own birthday. ကိုယ့်မွေးနေ့တောင်မေ့တယ်ဆိုတော့ ရူးကြောင်ကြောင်ပုံပေါက်သွားတာ။
24. "Cut off your nose to spite your face"
သူများထိခိုက်အောင်တစ်ခုခုလုပ်မိတာ ကိုယ့်လည်းထိခိုက်တာကိုမသိဘဲနဲ့ပေါ့။
She quit her job to annoy her coworker, but it only harmed herself. သူ့တွဲဖက်ကိုစိတ်ဆိုးအောင်အလုပ်ထွက်လိုက်ကာမှသူပါထိခိုက်ပါလေရော။
25. "Shut your face" or "Shut your mouth"
ကိုယ်စကားပြောနေတာရပ်ဖို့ရိုင်းရိုင်းစိုင်းစိုင်းအပြောခံရတာ။ informal အသုံးလေးပါ။
He told his friend to shut his face during the meeting. အစည်းအဝေးမှာပါးစပ်ပိတ်ထားဖို့သူကသူ့သူငယ်ချင်းကိုပြော။
26. "A slap in the face" ပယ်ချ/ စော်ကားခြင်း
Not getting the promotion felt like a slap in the face. ရာထူးတိုးမပေးတာကသူ့ကိုစော်ကားသလိုခံစားရ။
Idioms အသုံးလေးတွေလည်းတွေ့ရပြန်။
1️⃣ One's face falls. မျက်နှာပျက်/မျက်နှာအိုသွား
When she heard the bad news, her face fell, and she looked so upset. သတင်းဆိုးကြားတော့မျက်နှာပျက်သွားပြီး စိတ်မသက်မသာဖြစ်နေ။
2️⃣ Face the music ကိုယ်လုပ်ကိုယ်ခံ။
It's challenging, but I know I have to face the music and confess my error to my boss.
ခက်တော့ခက်ခဲတယ်၊ ဒါပေမဲ့ ကိုယ်အမှားလုပ်မိတော့ ကိုယ်ပဲခံရမှာသိ ကိုယ့်အလုပ်ရှင်ကို ကိုယ့်အမှားကိုဝန်ခံခဲ့တယ်။
3️⃣ Have the face (to do something) မျက်နှာပြောင်တိုက်ရဲတာ။
I can't believe he had the face to borrow money from me again after not paying back the last time. နောက်ဆုံးချေးထားတာမပေးရသေး ထပ်ပိုက်ဆံချေးဖို့မျက်နှာပြောင်ရဲတာ မယုံနိုင်ဘူး။
4️⃣ Let's face it! လက်ခံရမှာပဲ။
Let's face it, our team needs to put in more effort if we want to win the championship. ချန်ပီယံရဖို့ကတော့ ပိုကြိုးစားဖို့လိုပြီဆိုတာလက်ကိုလက်ခံရမှာပဲ။
5️⃣ Take something at (its) face value
မျက်မြင်အတိုင်း အဟုတ်အမှန်လို့ပြောတာကိုလက်ခံယုံကြည်ပေးတာ။
Don't always take what you read on the internet at its face value; always fact-check the information. မျက်မြင်အတိုင်းပဲဆိုပြီး internet မှာဖတ်သမျှကို လက်ခံယုံကြည်နေလို့မရ၊ သတင်းကတော့ ဟုတ်မဟုတ် ယုတ္တိရှိမရှိ အမြဲပြန်စစ်ကြည့်မှဖြစ်မှာ။
တော်တော်များနေပြီမို့ verb အသုံးရော အခြား related words ကောမကြည့်ဖြစ်တော့ဘူး စာလုံးတစ်လုံးမှာ meaning အများကြီးရှိနိုင်တာမို့ လေ့လာလို့မဆုံးနိုင်ပါ။
That's all for tonight.
အားလုံးပဲ ကျန်းမာပျော်ရွှင်စွာ English ကို
အစဥ်လေ့လာသင်ယူနိုင်ကြပါစေ🙏
6.11.2023
🕧