အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ-Gths-Htdကျောင်သားများကွန်ရက်

  • Home
  • Myanmar
  • Hinthada
  • အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ-Gths-Htdကျောင်သားများကွန်ရက်

အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ-Gths-Htdကျောင်သားများကွန်ရက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ-Gths-Htdကျောင်သားများကွန်ရက်, School, ကရင်ကျောင်းလမ်း, Hinthada.

03/11/2023

BE ဘွဲ့လိုချင်သော ကျောင်းသားများ လာရောက်မေးမြန်းနိုင်ပြီ GTI တဆင့် ခံစရာမလိုပဲ BE တန်းသို့ တိုက်ရိုက်တက်ရောက်နိုင်ပြီ GTHS အောင်လက်မှတ်ရှိယုံဖြင့် BE တန်းသို့ တက်နိုင်ပြီ

ဒီနေ့ကစပြီး Social Punishment ကို အကြီးအကျယ်ပြန်လုပ်မှာပါ။ ချစ်ခြင်းမပါဘူး၊ မုန်းခြင်းမပါဘူး။ ဘာခံစားချက်မှ မရှိဘူး။ ဘာမ...
26/07/2022

ဒီနေ့ကစပြီး Social Punishment ကို အကြီးအကျယ်ပြန်လုပ်မှာပါ။ ချစ်ခြင်းမပါဘူး၊ မုန်းခြင်းမပါဘူး။ ဘာခံစားချက်မှ မရှိဘူး။ ဘာမျက်နှာမှ မထောက်နိုင်ဘူး။

ငါတို့က စနစ်ကို တိုက်နေတာ။ ဒီစနစ်ကို ပိုမိုခိုင်မာအောင် လုပ်နေသူတွေ၊ ဒီစနစ်အောက်မှာ သာယာအဆင်ပြေနေပါတယ်လို့ အသွင်ဖော်ဆောင်ပေးနေတဲ့သူတွေ၊ ဒီစနစ်အောက်မှာ ပြည်သူတွေကို သွေးအေးသွားအောင် Normalize အခြေအနေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း လုပ်ဆောင်နေသူတွေကို ဘာချွင်းချက်၊ ဘာနားလည်မှုမှ ပေးစရာမရှိတော့ဘူး။

ကိုဂျင်မီတို့ ကိုမောင်ကျော်တို့ကို စကစက ကြိုးပေးတာ၊ ငါတို့နဲ့ ဘာဆိုင်လဲလို့ ဆင်ခြေပေးရင် ဆိုင်ကြောင်း ရှင်းပြမယ်။ ပြီးခဲ့တဲ့ မတ်လ အကုန်ထိ ငါတို့မှာ Normalize အခြေအနေ မရှိခဲ့ဘူး။ မှတ်မိမယ်ထင်တယ်. စကစရဲ့ တပ်မတော်နေ့အခမ်းအနားလုပ်တဲ့နေ့မှာ ဒီကောင်တွေရဲ့ စောက်ခွက်တွေ Newfeeds မှာ ပေါ်မလာဖို့ဆိုပြီး အလှဓါတ်ပုံတွေ တင်ကြတယ်။ အဲ့နေ့ကျမှ လူတွေက လွတ်လွတ်လပ်လပ်တင်ရတာ။ အခြားနေ့တွေမှာ ဆင်ခြင်ပေးခဲ့တယ်ဆိုတာ ဒီဖြစ်ရပ်ကို မှတ်မိရင် မှတ်မိကြလိမ့်မယ်။

အခုနောက်ပိုင်း သုံးလေးလမှ စားဝတ်နေရေးပါ၊ စိတ်ပြေလက်ပျောက်ပါဆိုပြီး စားဝတ်နေရေးကို အကြောင်းပြ၊ ပြီးတော့ စိတ်ပြေလက်ပျောက်ပါ ပါလာ။ ပြည်သူတွေက နားလည်ပေး။ နောက်ကျ အဲ့ဒီ့ Normalize အခြေအနေမှာ ငါတို့ပုံတင်ကြွားဝါနေလို့လည်း ဘာမှမဖြစ်ပါဘူးလို့ လူတွေကပါ ပါလာ။ ပြီးတော့ တော်လှန်ရေးမှာ ပိုပို သွေးအေးလာ။ အဲ့ကစ တဆင့်တက်ပြီး ခရီးသွား ကြွားဝါ၊ ဘားသွား ကြွားဝါ၊ လီးလီးလားလားတွေ ရေးလာ။

အဲ့အခြေအနေကြောင့် ဒီပြည်သူက စောက်သားကျသွားပါပြီကွာလို့ စစ်ကောင်စီက စောက်ထင်သေးလာတယ်။ သတ်မယ်ဆိုပြီး သတင်းလွှင့်ပြတယ်။ အလှဓါတ်ပုံတင်မပြတ်ဘူး၊ လီးလီးလားလားတွေ အရေးမပြတ်ဘူး၊ Boycott ကောင်တွေအောက်မှာ အမြီးနန့်မပြတ်ဘူး။ အဲ့တော့ နှစ်ခါသုံးခါ သွေးတိုးစမ်းပြီးနောက်မှာ ဒီပြည်သူတွေ စောက်ပေါတွေပါကွာဆိုပြီး သတ်ပစ်လိုက်တာ။

အဲ့တော့ ပတ်ရမ်းတယ်တော့ သဘောမထားနဲ့။ သဘောထားလည်း ဘုတ်ဘုတ်ပဲ။ ကိုဂျင်မီတို့ ကိုမောင်ကျော်တို့ရဲ့ ကြိုးခလုတ်ကို ကူဖြုတ်ပေးလိုက်တာ စောက်သားကျပြနေတဲ့ အနုပညာရှင်အမည်ခံ စောက်ကောင်တွေ၊ စောက်ကောင်မတွေရော စောက်သားကျလွယ်တဲ့ စောက်မှတ်မရှိတဲ့ဟာတွေကြောင့်ရော ပါတယ်။

ဒီအနုပညာရှင်တွေကို ထောင်ကျမှ ကျေနပ်မှာလား၊ ဘာမှလုပ်မစားရဘူးလား စောက်ထွန့်မတက်နဲ့။ ထောင်ကျခံခိုင်းတာလည်း မဟုတ်ဘူး။ စီးပွါးရေး မလုပ်ရဘူး တားနေတာလည်း မဟုတ်ဘူး

ဆရာဆရာမတို့ခမျာ နောက်ဆုံးတံခါးပိတ်ပါတော့မည်
21/03/2021

ဆရာဆရာမတို့ခမျာ နောက်ဆုံးတံခါးပိတ်ပါတော့မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၄/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)
---------------------------------
အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
==============

၁။ လက်ရှိအချိန်တွင် တိုင်းပြည်အာဏာကို လူတစ်စုက လက်နက်အားကိုးဖြင့် ပုန်ကန်သိမ်းပိုက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းများသည် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM ဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။

၂။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမည်ဖြစ်သည်။

၃။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တွင် ပါဝင်ကြသော ပြည်သူ့ဝန်ထမ်းများကို CDM နှင့် သက်ဆိုင်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များချီးမြှင့်သွားမည်ဖြစ်သည်။

၄။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှုတွင် မပါဝင်ကြသော အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေ Non CDM ဝန်ထမ်းများကို ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။

၅။ ပြည်သူနဲ့အတူ သစ္စာရှိရှိ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ဦးဆောင်မှုကဏ္ဍတွင် ဂုဏ်ပြု တာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

၆။ နိုင်ငံ့ဝန်ထမ်းများအားလုံးအနေဖြင့် ပြည်သူနှင့်အတူ အချိန်မီ ရပ်တည်၍ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု CDM တွင် ပါဝင်ကြရန် နောက်ဆုံးထားတိုက်တွန်းလိုက်သည်။

သို့.....အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ (Gths-HinthadaGths-HinthadaGths-Hinthada) ရှိ NO CDM ဝန်ထမ်များအား ကျောင်းသာ...
15/03/2021

သို့.....
အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ (Gths-HinthadaGths-HinthadaGths-Hinthada) ရှိ NO CDM ဝန်ထမ်များအား ကျောင်းသားကျောင်းသူများမှ နောက်ဆုံးအကြိမ်သတိပေးခြင်း
ကျွန်ုပ်တို့၏ တရားဝင်အစိုးရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ Committee Representing Pyidaungsu Hluttaw - CRPH မှ CDM ပြုလုပ်နေသည့်ဝန်ထမ်းများအား ပြည်သူများနှင့်အတူလက်ကမ်းကြိုလျက်ရှိပါသည်။ CDM မပြုလုပ်သောဝန်ထမ်းများသည် စစ်အာဏာရူးအား ထောက်ခံသည်ဖြစ်၍ ပြည်သူ့ဝန်ထမ်း မဟုတ်တော့ကြောင်း CRPH မှ အတိအလင်းကြေညာထားသည်။ သိုဖြစ်ပါ၍ GTHS-HTD ရှိ NO CDM များအား CDM လုပ်ရန် နောက်ဆုံးအကြိမ်တောင်းဆိုလိုက်သည်။ စစ်အာဏာရူးခန့်အပ်လိုက်သော ကျောင်းအုပ်အသစ်အား ​မိမိတို့အနေဖြင့်လက်မခံနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ NO CDM ဝန်ထမ်းများမှ CDM ဝန်ထမ်းများအား ခြိမ်ခြောက်လျက်ရှိသည်ကိုကြားသိရသည်။
သို့ဖြစ်၍ NO CDM သမားများအား CDM သမားများအားနှောက်ယှက်ခြင်းမပြုပါရန်နှင့် CDM တွင်ပါဝင်ပေးပါရန် ထပ်မံတောင်းဆိုလိုက်သည်။ မိမိတို့ လက်ဝယ်တွင် NO CDM စာရင်းရရှိပြီးဖြစ်သဖြင့် CDM ဝန်ထမ်းများအားဆက်လက်နှောက်ယှက်နေပါက social punishments နည်းဖြင့်ပြုလုပ်ကာ NO CDM များ၏မိသားစုများကို လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျင်ရှုံ့ချသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
GTHS-HTD ကျောင်းသားများကွန်ရက်
........................................................................
GTHS -HTD ကျောင်းသားတိုင်းကူးတင်ပါ
ကျောင်းသားဟောင်းများ group ထဲသို့ ပါဝင်ပေးကြပါရန်တောင်းဆိုပါသည်။

Gths-HinthadaGths-HinthadaGths-Hinthadaတွင် ပညာသင်ယူခဲ့ဖူးသူများနှင့် ပညာသင်ယူဆဲသူများအား အသိပေးနှိုးဆော်ချက်..............
15/03/2021

Gths-HinthadaGths-HinthadaGths-Hinthadaတွင် ပညာသင်ယူခဲ့ဖူးသူများနှင့် ပညာသင်ယူဆဲသူများအား အသိပေးနှိုးဆော်ချက်...............................................................
ယခုအခါ နိုင်ငံအဝန်းတွင် စစ်အကြမ်းဖက်အုပ်စုအား စုပေါင်းတော်လှန်နေကြသော အချိန်ဖြစ်ပါသည်။ တဖက်တွင်ကျောင်းသားပြည်သူများအသက်ချွေးစတေးခံ တိုက်ပွဲဝင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းအချို့မှာ စစ်အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်းကာရုံးတက်လျက်ရှိသည်။ ထိုသို့ရုံးတက်နေသူများထဲတွင် မိမိတို့ကျာင်းမှဝန်ထမ်းအချို့ပါဝင်လျက်ရှိနေပါသည်။ ယခုအခါ စစ်အကြမ်းဖက်အဖွဲ့မှပင် မိမိတို့ကျောင်းအုပ်ဆရာကြီးနေရာတွင် တခြားသူအား အစားထိုးခန့်အပ်ခဲ့ပါသည်။ သို့ဖြစ်၍ ကျောင်းသားပြည်သူတရပ်လုံးမှလည်း ရုံးတက်နေသောလောက်ကောင်များကို ထိရောက်စွာအပြစ်ပေးနိုင်သောနည်းလမ်းမှာ social punishment ပင်ဖြစ်သည်။
မိမိတို့ဆရာ/မ ဖြစ်သည်ဟု ညှာတာမိပါက အသက်ပေးသွားခဲ့သူများ အပေါ်တွင်မတရားပြုရာကြပေမည်။
ထို့ကြောင့် သတင်းစီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့်
ခိုင်လုံသောအချက်အလက်များဝေမျှရန် Gths Htd ကျောင်းသားများကွန်ရက်ကို ဖွဲ့စည်းမည်ဖြစ်ပါ၍ ကျောင်းသားတိုင်းပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။............................................................... ကွန်ရက်၏ အဓိက လုပ်ငန်းစဥ်မှာ စစ်​အကြမ်းဖက်အုပ်စုအား ဆန့်ကျင်ရေးအတွင်း ကျောင်းသားများအကြား သတင်းမှန်စီးဆင်းစေရေးနှင့် ပူပေါင်းနိုင်စေရေး ဖြစ်သည်။
​​အရေးတော်ပုံအောင်မြင်ပြီးနောက်​တွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊
ပညာ​ရေးအခွင့်အလမ်းများနှင့် ကျောင်းနှင့်ဆက်နွယ်သော လှုပ်ရှားမှုများအား အချိန်နှင့်တပြေးညီ သိရှိစေရေးတို့ဖြစ်သည်။

Address

ကရင်ကျောင်းလမ်း
Hinthada

Website

Alerts

Be the first to know and let us send you an email when အစိုးရနည်းပညာအထက်တန်းကျောင်း ဟသ်ာတ-Gths-Htdကျောင်သားများကွန်ရက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category