Shining Stars Preschool

ဥာဏ်ရည်(၈)မျိုးအားကောင်းအောင် သင်ကြားနည်းများ *************************************************************၁) Linguistic...
18/08/2023

ဥာဏ်ရည်(၈)မျိုးအားကောင်းအောင် သင်ကြားနည်းများ
*************************************************************
၁) Linguistic (ဘာသာဗေဒဥာဏ်ရည်)
ဘာသာဗေဒဥာဏ်ရည်ကောင်းအောင် ကလေးများကို စကားများများပြောပေးပါ။ ပုံပြင်ပြောပြပါ။ ကလေးနားလည်သလောက် ပြန်ပြောခိုင်းပါ။ သီချင်းနားထောင်ပါ။

၂) Logical-Mathematical (ယုတ္တိဗေဒနှင့်သင်္ချာဥာဏ်ရည်)
ယုတ္တိဗေဒနှင့်သင်္ချာဥာဏ်ရည်ကောင်းအောင်
maths activities များများလေ့ကျင့်ပေးပါ။ ကိန်းဂဏာန်းဆိုင်ရာများသင်ကြားပေးပါ။ ဥပမာ- အမျိုးအစားသတ်မှတ်ခြင်း တူရာစုခြင်း။

၃) Spatial (အမြင်ဆိုင်ရာဥာဏ်ရည်)
အမြင်ဆိုင်ရာဥာဏ်ရည်ကောင်းအောင် အတုံးများတည်ဆောက်တမ်းကစားပေးပါ။ Brain IQ Test များများမေးပါ။ Bingo , Lotto game များကစားပေးပါ။

၄) Bodily-Kinesthetic (ကာယပိုင်းဆိုင်ရာဥာဏ်ရည်)

Gross Motor Development
ကာယပိုင်းဆိုင်ရာဥာဏ်ရည်ကောင်းအောင် အားကစား , ကိုယ်လက်လှုပ်ရှားမှု့များ ကစားခိုင်းပါ။ ပြေးခိုင်းပါ။ ကြိုးခုန်ခိုင်းပါ။ အကသင်ပေးပါ။ Middle line နိုင်အောင် ကြွက်သားကြီးများသန်မာသော ကစားနည်းများကို ကစားခိုင်းပါ။

Fine Motor Development
ကြွက်သားငယ်များ သန်မာအောင် အရာဝတ္ထုငယ်များကောက်ခိုင်းပါ။ထည့်ခိုင်းပါ။ ပုံဆွဲခိုင်းပါ။ အရောင်ခြယ်ခိုင်းပါ။ Trace လိုက်ခိုင်းပါ။ ကပ်ကြေးညှပ်သင်ပေးပါ။ ကြိုးသီခိုင်းပါ။

၅) Musical (ဂီတဆိုင်ရာဥာဏ်ရည်)
ဂီတဆိုင်ရာဥာဏ်ရည်ကောင်းအောင် သီချင်းနားထောင်ပါ။ သီချင်းအတူတူဆိုပါ။

၆) Interpersonal (လူမှု့ဆက်ဆံရေးဥာဏ်ရည်)
လူမှု့ဆက်ဆံရေးဥာဏ်ရည်ကောင်းအောင် အနုပညာလက်မှု့များ လုပ်ခိုင်းပါ။ ပုံပြင်များများပြောပါ။ အတုယူဟန်ဆောင်တမ်း များများကစားခိုင်းပါ။ သူငယ်ချင်းများစု၍ အတူတူကစားခိုင်းပါ။

၇) Intrapersonal (အတွင်းစိတ်သဘောဆိုင်ရာဥာဏ်ရည်)
အတွင်းစိတ်သဘောဆိုင်ရာဥာဏ်ရည်ကောင်းအောင် ကိုယ်ကျင့်တရားကောင်းစေသောပုံပြင် moral stories များများပြောပေးပါ။ တီထွင်ဖန်တီးမှု့ကောင်းအောင် သင်ကြားပေးပါ။ ရွေးချယ်မှု့များများ ရွေးချယ်ခိုင်းပါ။

၈) Naturalist (သဘာဝဗေဒဆိုင်ရာဥာဏ်ရည်)
သဘာဝဗေဒဆိုင်ရာဥာဏ်ရည်ကောင်းအောင် သစ်ပင်များကိုအတူတူစိုက်ပါ။ ရာသီဥတုအကြောင်း သင်ပေးပါ။ အပြင် outdoor သွားလည်ပေးပါ။ တိရစ္ဆာန်လေးတွေ ချစ်တတ်အောင် သင်ပေးပါ။ zoo သွားပါ။

Crd #

ဦးနှောက်ကကျည်ပွေ့မဟုတ်လို့ အသက်ကြီးမှအတက်မပေါက်ပါ။အတက်ပေါက်ရင်လည်းကောင်းတဲ့အတက်ဖြစ်ဖို့အခွင့်အရေးကတော့သိပ်မရှိပါဘူးနော်။...
08/10/2022

ဦးနှောက်ကကျည်ပွေ့မဟုတ်လို့ အသက်ကြီးမှအတက်မပေါက်ပါ။

အတက်ပေါက်ရင်လည်းကောင်းတဲ့အတက်ဖြစ်ဖို့အခွင့်အရေးကတော့သိပ်မရှိပါဘူးနော်။ ဘာလို့လည်းဆိုတော့ ကလေးအသက် (၅) နှစ်မှာဘဲ ကလေး ဦးနှောက် ရဲ့ ၉ ၀ % က ဖွံ့ဖြိုးပြီးဖြစ်လို့ပါဘဲ။

"မိဘက ၉ တန်း ၁၀ တန်းမှာ ဒီလောက်လုပ်ပေးတာတောင် ဘာမှဟုတ်တိပတ်တိဖြစ်မလာဘူး" "အကောင်းဆုံးတွေဘဲလုပ်ပေးထားတာလေ၊ တစ်ရက်တစ်ရက်လိုက်ပို့လိုက်ရတာ ကျူရှင်တွေ။ ဒါတောင် ... " ဆိုပြီးမိဘတွေက မြည်တွန်တောက်တီးတတ်ကြသလို သားသမီးတွေကိုယ်တိုင်ကိုက လည်း စိတ်ပျက်အားငယ်ပြီးတစ်သက်လုံးပါမယ့် စိတ်ဓါတ်ဒါဏ်ရာရတတ်ကြပါတယ်။ ဒီလို အသက်ကြီးမှလုပ်ပေးတာက အကျိုးတစ်စက်လေးမှ မရှိတာမျိုးမဟုတ်ပေမယ့် တော်တဲ့ထက်တဲ့ ထူးချွန်တဲ့ကလေးဖြစ်ဖို့ဆိုရင် အတန်းကြီမှကောက်လုပ်တာမဟုတ်ဘဲ အသက် (၅) နှစ်အောက်မှာမှ မီးကုန်ယမ်းကုန်လုပ်ပေးရမှာပါ။ ဒါမှသာ (၉ )တန်း (၁၀)တန်းမှာ "ကလေးက ငယ်ကတည်းက တော်တာ" သူ့ဘာသာပါလာပြီးသား မို့သိပ်မပင်ပန်းလိုက်ဘူး" လို့ပြောနိုင်ကြမှာ။ ဒီလို ငယ်ကတည်းက ပြုစုပျိုးထောင်မှုကောင်းကောင်း ရှိတဲ့ကလေးတွေက ဂုဏ်ထူးတွေနဲ့မအောင်လည်း ကိုယ်လေ့လာတဲ့ဘာသာရပ်အလိုက်တစ်နေ့နေ့မှာ ထူးချွန်တဲ့ လူတော်တွေဖြစ်လာမှာပါ။

ချစ်တာက ပြုစုပျိုးထောင်တာမဟုတ်ပါ ။

ငယ်တည်းက သားသမီးကိုပြုစုပျိုးထောင်တယ်ဆိုတာ တုန်နေအောင် ချစ်တာ ကိုပြောတာမဟုတ်ပါဘူး။ ကကြီး ခခွေး စောစောတတ်ရုံတင် သင်တာကိုပြောတာမဟုတ်ပါဘူး။ ကိုယ်ရောစိတ်ပါ ကြံခိုင်ဖွံ့ဖြိုးအောင် မေတ္တာတရားနဲ့ပြုစုပေးတာမျိုး၊ နွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင်လေးဖန်တီးပြီး မွေးကတည်းက ၅ နှစ်အထိမှာ အကောင်းဆုံး ကိုဖန်တီးပေးတာကိုပြောတာပါ။ များသောအားဖြင့်ကျွန်မတို့ပတ်ဝန်းကျင်မှာတော့ ဒီလို ကလေးစောင့်ရှောက် မွေးမြူခြင်း အသိပညာတွေတအားနည်းကြပါတယ်။ ကလေးကိုအရမ်းချစ်ရုံချစ်ပြီး အရုပ်ကလေးတွေ မပြတ်ဝိုင်းဝယ်ပေးတာလောက်ကိုဘဲ ချစ်တယ် ထင်နေကြပါတယ်။ ကလေး ကိုချစ်တော့ ကလေး ငိုမှာစိုးလို့ipad လေးကို မယူရဲဘူး၊ ကလေးကိုချစ်တော့ ကလေး ငိုတော့မူကြို မထားရက်ဘူး။ ကလေး မကြိုက်တော့ ဟင်းသီးဟင်းရွက် မကျွေးတော့ဘူး ... ဒါကလေးကိုချစ်တဲ့မိဘတွေရဲ့တကယ့်အဖြစ်တွေပါ။ ချစ်တာကမိဘတိုင်းပါဘဲရှင်။ မိဘတိုင်းချစ်တတ်ကြတယ်။ ပြုစုပျိုးထောင်တာကတော့ မိဘတိုင်းမလုပ်ကြ မသိကြပါဘူး။

ပြုစုပျိုးထောင်တယ်ဆိုတာ။

ကလေးကိုချစ်ရတာလွယ်ပါတယ်။ ကလေးပိုချစ်လို့ပြုစုပျိုးထောင်ရတာကသိပ်ပင်ပန်းပါတယ်။ ကလေးကိုချစ်တာက သဘာဝတရား ပါ။ ကလေးမျက်နှာမြင်တည်းက ပီတိတဟုန်ဟုန် နဲ့ချစ်တာ။ သင်ယူလေ့လာစရာမလိုပါဘူး။ ကလေးကိုပြုစုပျိုးထောင်တာက လေ့လာသင်ယူရတယ်။ မေးမြန်းရတယ်။ ခုခေတ်မှာ parenting group လေးတွေကိုယ်စိနဲ့ မိဘတွေအချင်းချင်း ပြုစုပျိုးထောင်ပုံလေး တွေ ဖလှယ်ကြတာက သိပ်ပြီး ပီတိဖြစ်စရာကောင်းပါတယ်။ ဒီနေ့တော့ ကလေးပြုစုပျိုးထောင်ပုံနဲ့ ကလေးတွေဖွံ့ဖြိုးမှုမှာ အခြေခံကျတဲ့ ကဏ္ဍ တွေထဲက လေး ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ကလေး ပြုစုနည်းတွေ အမျိုးမျိုး ရှိပေမယ့် ဒီ (၅)ခုကတော့ ရှင်းပြရတာလည်းလွယ် မိဘတွေလည်းနားလည်လွယ်တာမို့ကလေးတွေကို လက်တွေ့ပြုစုပေးတဲ့နေရာမှာ သိပ်အသုံးဝင်မယ်ထင်ပါတယ်။ အလွယ်ကူဆုံး မြင်သာမယ့် ဥပမာလေးတွေနဲ့ဘဲတိုတိုဝေမျှပေးပါ့မယ်နော် ။

(၁) ကလေးတွေရဲ့ ကိုယ်လက်ကြံ့ခိုင်မှုအပိုင်း
ကလေးတွေကို (၃) (၄) တန်းရောက်မှ လက်ရေးမရလို့ ဆူလို့မရပါဘူး။ လက်ရေးဆိုတာ ကလေးတွေရဲ့ fine motor skill လေးတစ်ခုပါ။ ဒီလို အရည်အချင်းကို ကလေး ၅ နှစ်အောက်မှာ စတင်ပြီး လေ့ကျင့်ပေးရပါတယ်။ ကလေးတွေ ကိုယ်လက်လှုပ်ရှားမှုလေးတွေ သန်စွမ်းအောင် ၊ တိကျအောင် စောစောစီးစီးကျင့်ရတာပေါ့။ အရွယ်နဲ့လိုက်ပြီး ဖိနပ်ကြိုးချည်စေတာ၊ ကြယ်သီးတပ်ခိုင်းတာ ၊ ဆေးခြယ်တာ၊ ပုံလေးတွေကို ကူးရေးစေတာ အစရှိတာလေးတွေကအစ ကစားခုန်စားလုပ်ခိုင်းပြီး ကလေးတွေကို motor skills တွေ ရှိနေအောင် လေ့ကျင့်ပေးရပါတယ်။
(၂) ဥာဏ်ရည်ထက်မြက်မှုအပိုင်း
ကလေးတွေကိုအသက်ကြီးမှ စာမရလို့ ၊ အာရုံစူးစိုက်မှုမကောင်းလို့၊မှတ်ဥာဏ်မကောင်းလို့၊ မငြိမ်လို့နဲ့အတင်းဆူပူနေလို့မရပါဘူး။ ရိုက်နှက်လည်း ပျောက်ခဲပါတယ်။ ဒီလို အရည်အချင်းတွေရအောင် ကလေးတွေကို စနစ်တကျပြုစုပျိုးထောင်ပေးရတာပါ။ စနစ်တကျစာဖတ်ပြတာ၊ စာဖတ်ပြရင်းနဲ့ ရှင်းပြတာ၊ ပုံပြင်ဖတ်ပြရင်စိတ်ကူးကြည့်ခိုင်းတာ မျိုးတွေလုပ်ပေးရပါတယ်။ မေးခွန်းလေးတွေ မေးတတ်တာ။ စစ်စစ်ပေါက်ပေါက် မေးတတ်တာ မျိုး၊ ကောက်ချက်ချတတ်တာမျိုး လုပ်တတ်တဲ့ကလေးတွေ မြင်ရင် သိပ်သဘောကျစရာပါ။ ဒီလိုကလေးတွေက တစ်ချိန်ချိန်မှာ ထက်မြက်တဲ့ကလေးတွေ ဖြစ်လာဖို့အလားအလာသိပ်ကောင်းပါတယ်။ ဒီ cognitive ပိုင်းဟာ အရမ်း နက်နဲ တဲ့အပိုင်းလေးဖြစ်သလို ထက်မြက်တဲ့ကလေးတွေဖြစ်လာစေဖို့အဓိက အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

(၃) ဘာသာစကား နားလည်တတ်ကျွမ်းမှုအပိုင်း
စနစ်တကျပြုစုခံရတဲ့ကလေးနဲ့ ပြုစုတာမခံရတဲ့ကလေးလေးတွေက ဝေါဟာရကြွယ်ဝမှုအပိုင်းမှာ အသက် (၅) နှစ်ဆိုရင် တအား ကွာနေကြပါပြီ။ ကလေးတွေကို ဘာသာစကားနဲ့ရင်းနှီးကျွမ်းဝင်မှုရှိအောင် သူနားမလည်ပေမယ့် စကားလုံးကြွယ်ကြွယ်ဝဝ နဲ့ပြောဆိုပေးတာ၊ အင်္ဂလိပ်လိုလေးတွေပြောပေးတာမျိုး၊ ကလေးကပြောရင် အားပေးတာမျိုးတွေလုပ်ပေးရပါတယ်။ တစ်နေကုန် ကလေးထိန်းနဲ့ပစ်ထားပြီး ကလေးထိန်းကလည်း ကလေးအတွက် ကြွယ်ကြွယ်၀၀ စကားမပြောတတ်တာမျိုးဆို ကလေးက ဘာသာစကားပိုင်းမှာ အားနည်းတတ်ပါတယ်။ ညီအစ်ကိုမောင်နှမများတဲ့ကလေးတွေ၊ မိသားစုကြီးတဲ့ အိမ်က ကလေးတွေ ကလည်း ဒီဘာသာစကားပိုင်းမှာ အားသာတတ်ပါတယ်။ မိဘ အုပ်ထိန်းသူ ၊မူကြိုဆရာမ များက အချိန်ပေးရင် ပြုစုမှုမှန်ကန်ရင် မြန်မြန်တိုးတက်လာနိုင်တဲ့နေရာလေးမို့ခုဘဲ စပြီးသတိထားလေ့ကျင့်ပေးလို့ရပါတယ်နော်။

(၄) ပေါင်းသင်းဆက်ဆံရေးနဲ့ ခံစားချက်အပိုင်း
တချို့ကလေးတွေက အရမ်းထက်မြက်ပေမယ့် အရမ်းလူကြောက်တတ်တာ၊ ပေါင်းသင်းဆက်ဆံရေးညံ့တာ၊ ဒေါသကြီးတာ အစရှိသဖြင့်လူမှုရေးပိုင်းလေးတွေမှာအားနည်းတတ်ပါတယ်။ဒီလို အပိုင်း အတွက်လည်း အသက် ၅ နှစ်အောက်မှာ လေ့ကျင့် ပေးရင် အကောင်းဆုံးပါဘဲ။ မောင်နှမအချင်းချင်း ဝေမျှတတ်အောင်၊ ချစ်တတ်အောင်၊ အလျော့ပေးတတ်အောင်၊ ဦးဆောင်တတ်အောင် သင်ပေးတာမျိုး မိဘကလုပ်ပေးသင့်သလို မူကြိုကျောင်းနေစေတာလည်း နည်းလမ်းကောင်းတစ်ခုပါဘဲ။ ကျောင်းမှာ ပေါင်းသင်းဆက်ဆံတတ်ပြီး အများနဲ့လိုက်လျောညီထွေနေတတ်အောင် သင်ပေးလို့ကလေးတွေ ဘဝ တစ်သက်တာအတွက် အထူး အရေးကြီးတဲ့ လူမှုရေးအပိုင်းမှာ ထူးချွန်ထက်မြက်တဲ့ကလေးတွေဖြစ်စေမှာပါ။

အသက်ကြီးမှ လုပ်ရင်ရောမမှီဘူးလား။ မှီပါလိမ့်မယ် ။ ပိုပြီးပင်ပန်းသလို ထိရောက်မှုလည်း နည်းပါလိမ့်မယ်။ ကျည်ပွေ့အတက်ပေါက်ကောင်းပေါက်ပါ့မယ်။ သို့သော် ငယ်တည်းက အတက် ပေါက်ခဲ့ရင်တော့ ကျည်ပွေ့လို ခက်ခက်ခဲခဲ ထွက်စရာမလိုဘဲ အသက်ကြီးရင် ဖွံ့ဖြိုးဝေစည်နေတဲ့ ထူးချွန်တဲ့ကလေးကောင်းလေးတွေဖြစ်မှာ အသေအချာပါဘဲ။ ဒါကြောင့် သားသားမီးမီးလေးတွေအတွက် ဦးနှောက်ဖွံ ဖြိုးနေဆဲ (၅) နှစ်အောက် အရွယ် ငယ်ငယ်ကစလို့ မှန်မှန်ကန်ကန် အပင်ပန်းခံပြီး ချစ်နိုင်ကြဖို့ ပြုစုပျိုးထောင်နိုင်ကြဖို့ဗဟုသုတလေးတွေ ဝေမျှလိုက်ရပါတယ်နော်။ ဒီအရေးကြီးတဲ့ ကဏ္ဍတစ်ခုချင်းစီအတွက် ကလေးတွေ ကိုပြုစုပေးလို့ရနည်းနည်းလေးတွေကိုလည်း နောက်ထပ် မိတ်ဆက်သွားမှာမို့ တူတူတတ်ကို Like လုပ်ထားပေးပါနော်။ ပျော်ရွှင်ထူးချွန်တဲ့ သားသားမီးမီးလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။

photo credit - Harvard Center for Developing Child


Crd #

ကလေးငယ်တွေ ဘာသာစကားတစ်မျိုးထက်ပိုပြီး ဘာကြောင့် သင်ယူလေ့လာသင့်သလဲ ?1. You can speak to more peopleLearn Mandarin and you...
07/10/2022

ကလေးငယ်တွေ ဘာသာစကားတစ်မျိုးထက်ပိုပြီး ဘာကြောင့် သင်ယူလေ့လာသင့်သလဲ ?

1. You can speak to more people

Learn Mandarin and you can speak with more than a billion people worldwide. Learn Hindi and you can speak to another 650 million people. If you already speak English, you would almost be able to speak to half the world’s population!
တရုတ်ဘာသာစကားကိုပြောကြားနိုင်ရင် လူဦးရေ သန်းတစ်ထောင်ကျော် နဲ့ စကားပြောနိုင်မယ် ဟိန္ဒူဘာသာစကားကို ပြောကြားတတ်ရင် လူဦးရေ သန်း ၆၀၀ ကျော် နဲ့ ပြောနိုင်မယ် ။ အင်္ဂလိပ်ဘာသာစကားပြောကြားနိုင်ရင် ကမ္ဘာ့လူဦးရေ ၇ဲ့တစ်၀က်ကျော် နဲ့ သင် စကားပြောနိုင်ပါပြီ

2. It grows kids’ brains

These benefits show up early – new research shows that even babies less than a year old who are exposed to multiple languages show different cognitive patterns in their brain compared to monolinguals.
တစ်မျိုးထက်ပိုတဲ့ ဘာသာစကားကို ကြားနာသင်ယူဖို့ အခွင့်အလမ်း၇ှိတယ်ဆိုရင် တစ်နှစ်အောက်ငယ်တဲ့ ကလေးငယ်တွေမှာတောင် ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရည်ဟာ ဘာသာစကားတစ်မျိုးတည်း ကြားနာရတဲ့ ကလေးထက် အများကြီး ပို ဖွံ့ဖြိုးတယ်လို့ သုတေသနစစ်တမ်းတွေက သက်သေပြကြပါတယ်။

3. It boosts kids’ abilities in their native language

Years ago people believed that learning a second language would confuse a child. Now, research shows that children who study a foreign language perform better in their native language than non-bilingual students, as measured on standardized tests. As Goethe said, “Those who know nothing of foreign languages know nothing of their own.
ဘာသာစကားအသစ်တွေကို သင်ယူလေ့လာခြင်းဟာ မိမိရဲ့ မိခင်ဘာသာစကားကျွမ်းကျင်မှုကို ပိုအထောက်အကူဖြစ်စေပါတယ်။ နိုင်ငံခြားဘာသာစကားတစ်မျိုးကို မသိတဲ့သူဟာ မိခင်ဘာသာစကားကို လဲ နှံ့စပ်စွာမသိဘူးလို့ ဘာသာစကားကျွမ်းကျင်သူပညာ၇ှင်တွေကဆိုကြပါတယ်။

4. It’s easier to acquire foreign languages as a child

Babies described as “sponges” for learning language. Research shows that there is “critical period” for language acquisition, when your brain is primed to learn. Post-puberty our aptitude for second language acquisition is reduced. If you want your children to master a foreign language starting as young as possible makes it easier.
ကလေးငယ်တွေဟာ ဘာသာစကားတွေ သင်ယူရာမှာ စုပ်ယူအားကောင်းတဲ့ ရေမြှုပ်လေးတွေလိုပါဘဲတဲ့။ ကလေးငယ်တွေကို နိုင်ငံခြားဘာသာစကားတစ်ရပ် ကျွမ်းကျင်စွာ ပြောတတ်စေချင်ရင် ငယ်နိုင်သမျှ ငယ်တဲ့ အရွယ်မှာ စတင်သင်ကြားခွင့်ပေးပါလို့ သူတေသနပြုသူတွေက ဆိုကြပါတယ်

5. It boosts empathy

Children in bilingual environments performed better than monolingual children. As Dr. Kinzler explains, “children in multilingual environments have social experiences that provide routine practice in considering the perspectives of others: they have to think about who speaks which language to whom, who understands which content, and the times and places in which different languages are spoken.”
Cornell University က Dr. Katherine Kinzler ကတော့ တစ်မျိုးထက်ပိုသောဘာသာစကားပြောကြားတဲ့ လူမှုပတ်၀န်းကျင်မှာ နေထိုင်တဲ့ ကလေးငယ်တွေမှာရှိတဲ့ သူတစ်ပါးအပေါ် စာနာမျှဝြေခင်း နဲ့ သူတစ်ပါးအပေါ်လေးစားတတ်ခြင်းဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး ဟာ ဘာသာစကားတစ်မျိုးပဲသုံးစွဲတဲ့ ကလေးငယ်တွေထက် သာလွန်မြင့်မားတယ်လို့ သုတေသန ပြုထားပါတယ်။

6. It helps prevent age-related cognitive decline

Some studies have shown that people who regularly speak a second language may be able to delay Alzheimer’s disease and other types of dementia by 4.5 years. The hypothesis is that by improving the executive function of the brain, bilinguals develop a “cognitive reserve” which helps delay symptoms of dementia.
ဘာသာစကားတစ်မျိုးထက်ပိုပြီး အသုံးပြုနိုင်တဲ့ ကလေးတွေဟာ ဦးနှောက်တွေးခေါ်မှုပိုင်းဆိုင်ရာစွမ်းရည် အားကောင်းပြီး အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ သတိမေ့ခြင်း ၊ သူငယ်ပြန်ခြင်းစတဲ့ ချို့ယွင်းမှုတွေအတွက် ကာကွယ်ပြီးသားဖြစ်တယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်။

7. It boosts cross-cultural understanding

Language and culture are so intertwined that learning a foreign language both builds cultural understanding and provides deep insights into how other people see the world. Different languages can build your brain in different ways. So if getting along really depends on being able to put ourselves in other peoples’ shoes, being able to speak their language helps us more deeply understand how others see the world.
ဘာသာစကားဆိုတာ သူ့ချည်းသက်သက်မဟုတ်ပါဘူး။ ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေတဲ့ ဘာသာစကားတွေကတဆင့် မတူညီတဲ့ လူတွေ ကမ္ဘာကြီးအပေါ် ဘယ်လို ရှုမြင်သုံးသပ်ကြသလဲ ဆိုတာ ပို ပြီး ထဲထဲ၀င်၀င်နားလည်နိုင်ဖို့ အခွင့်အရေးရပါတယ်။

8. It boosts test scores in core subjects

Studies of tens of thousands of high school students have found that students who have studied foreign languages perform better on the American College Test (ACT) for English and Mathematics. if you want your child to ace those tests, encourage her to learn a foreign language.
မိခင်ဘာသာစကားအပြင် နောက်ထပ်ဘာသာစကားတွေကို သင်ယူတဲ့ ကလေးတွေဟာ ဘာသာစကားတစ်မျိုးတည်း အသုံးပြုတဲ့ ကလေးတွေထက် သူတို့ရဲ့ ကျောင်းသင်ခန်းစာ ဘာသာရပ်တွေမှာပါ ရလဒ်ကောင်းတွေ ပို ရရှိပိုင်ဆိုင်ကြပါတယ်။

9. It can increase out of the box thinking

Several studies have demonstrated greater creativity and problem solving skills amongst bilinguals.
Learning a foreign language helps children see the world through different lenses. The ability to consider multiple viewpoints to a problem is a cornerstone of creative problem solving.
တစ်မျိုးထက်ပိုသော ဘာသာစကားကို သင်ယူခြင်းဟာ ကမ္ဘာကြီးကို မြင်ကွင်းအမျိုးမျိုးနဲ့ ကြည့်ရှုနိုင်တဲ့ မှန်ပြောင်းတပ်ဆင်ခြင်းပါပဲ။ ရှုဒေါင့်ပေါင်းစုံကို နားလည်သိမြင်နိုင်ခြင်းကနေ ပြသနာတွေကို ရင်ဆိုင်ဖြေ၇ှင်းနိုင်စွမ်း၇ည် တိုးတက်လာရုံမှမက သမာ၇ိုးကျ တွေးခေါ်မှုလမ်းကြောင်းကနေပါ ဖောက်ထွက်စေနိုင်ပါတယ်။

10. It’s FUN!

Sure, there’s a joy that comes from being able to speak to others in their native language – not to mention a sense of achievement. It’s fun to think about why dogs say "woof" in English, "wang wang" in Mandarin and "guau" in Spanish.
ကလေးတွေ အတွက်ကတော့ ပျော်၇ွှင်မှုဆိုတာ ကျန်တဲ့အရာအားလုံးထက် အရေးကြီးပါတယ်။ ခွေးကလေးတွေဟာ အင်္ဂလိပ်ဘာသာစကားမှာ ဝုဖ် ဝုဖ် လို့ အသံထွက်ပြီး တရုတ်ဘာသာစကားမှာ ၀မ်း၀မ်း လို့ ဘာလို့အသံထွက်တာဘာလိမ့်ဆိုတာ ကလေးတွေအတွက် ပျော်စရာ စူးစမ်းလေ့လာခြင်းပါဘဲ။

credit to https://www.pandatree.com/reason_foreign_language

Photos
Shining Stars preschool
Heho

 #မိမိကလေးကိုစာရေးသင်မယ့်မေမေများရှင့် ကလေးကိုစာရေးမသင်ခင် မိမိဘယ်အရွယ်တုန်းကစာစရေးလဲပြန်စဉ်းစားပါရှင့် ဘယ်လိုသင်ခဲ့ရလဲ ...
07/10/2022

#မိမိကလေးကိုစာရေးသင်မယ့်မေမေများရှင့်
ကလေးကိုစာရေးမသင်ခင်
မိမိဘယ်အရွယ်တုန်းကစာစရေးလဲပြန်စဉ်းစားပါရှင့် ဘယ်လိုသင်ခဲ့ရလဲ
အတန်းထဲမှာလက်ရေးလက်သား လှပအောင်ရေးနိုင်ခဲ့ရဲ့လား ပဲပင်ပေါက်ကဲ့သို့
ယခုအရွယ်ထိမလှမပဖြစ်နေလား ရေးဆွဲနည်းတွေမမှန်ပဲ အခုဒီအရွယ်ထိ
ပြီးစလွယ်ရေးနေသူတစ်ယောက်လား အရင်ဆုံးပြန်သုံးသပ်ပေးပါရှင့်

မိမိကလေးစာရေးသင်တော့မယ်ဆို အရင်ဆုံးသတိပြုရမယ့်အချက်တွေမျှဝေပေးချင်ပါတယ်ရှင့်
မိမိကလေးအသက်အရွယ်ဘယ်အရွယ်ရှိနေပြီလဲ
စာရေးသင်ဖို့အသက်ပြည့်ပြီလာ ၅နှစ်မှစသင်တာကောင်းပါတယ်
ကလေးတွေအတွက်၅နှစ်ခွဲ၆နှစ်ကအဆင်အပြေဆုံးပါရှင့် (ဖြစ်သင့်တာပြောတာပါ)

စာရေးသင်ဖို့အသက်ပြည့်ပြီးသော်လည်း မူကြိုကိုဘယ်အရွယ်မှစထားခဲ့လဲ
၄နှစ်ကျော်မှလား ၅နှစ်ပြည့်ဖို့လပိုင်းလိုမှလား
ဒါဆိုရင် မိမိကလေးစာရေးသင်ဖို့အဆင်မပြေသေးပါဘူးရှင့်
မူကြိုမှာ ၃နှစ်ကနေ၅နှစ်ထိ အသက်အရွယ်အလိုက်ရှိသင့်ခဲ့တဲ့
ဖွံ့ဖြိုးမှုမိုင်တိုင်တွေ အပြည့်အ၀ရရှိခဲ့ဖို့အရေးကြီးပါတယ်ရှင့်

ကလေးဟာ မူကြိုပညာရေးကိုလည်း ဆုံးခန်းတိုင်အောင်ပြီးမြှောက်လာတယ်
မူကြိုမှပေးခဲ့သော ဘက်စုံဖွံ့ဖြိုးရေးအပြင် ကလေးဟာ Manipulative Practice ပါ
ကောင်းကောင်းအပြည့်အ၀ရပြီဆိုရင် ကလေးအတွက်စာရေးဖို့အရမ်းလွယ်ကူသွားပါပြီ

မူကြိုထားခဲ့သော်လည်း ကလေးဟာ လက်ချောင်းလေးတွေကိုင်တွယ်အသုံးပြုရာမှာ
မကျွမ်းကျင်လာဘူးမသန်မာလာဘူးဆိုရင် စာရေးရာမှာ စိတ်ဖိစီးမှုဖြစ်လာပြီး
၀န်နဲ့အားနဲ့မမျှသော သင်ကြားရေးဖြစ်လာပါမယ်

#မိမိကလေးကိုစာရေးစမသင်မှီ ၀န်နဲ့အားနဲ့မမျှသော သင်ကြားရေးမဖြစ်စေဖို့
အဆင့်လိုက်လုပ်ပေးပါရှင့်

#ပထမဆုံးအဆင့်
ပန်ချီဆွဲတဲ့စာအုပ်အဖြူအလွတ်ပြောင်ပေါ် ခဲတံဖြင့် လျှောက်ခြစ်ခိုင်းပါ
မျဉ်းဖြောင့် မျဉ်းကွေး တြိဂံ လေးထောင့် Dot to Dot lineတွေ အကုန်ဆွဲခိုင်းပါ
ကလေးပန်းချီ အရုပ်တွေဆွဲခိုင်း၍ ဆေးရောင်ခြယ်ခိုင်းပါ ခဲတံ သို့ စုတ်တံ ရေဆေး
မာကာပင် အကုန်အသုံးပြုပြီး ပန်းချီဆွဲစေပါ
မူကြိုမှာတော့ လက်ချောင်းကြွက်သား Activitiesတွေ ကျင့်ခိုင်းပြီးသားမို့
ကတ်ကြေးညှပ်တာ ဂျုံနယ်တာ အစရှိသည်များထည့်မပြောတော့ပါရှင့်

#ဒုတိယအဆင့်
လေးကြောင်းမျဉ်းဖြင့် မျဉ်းဖြောင့် မျဉ်းကွေး wave to wave line
Dot to dot lineများ ပြန်လေ့ကျင့်ခိုင်းပါ
ကလေးလက်ဖိအားနှင့်ခဲတံကိုင်နိုင်စေရန်ဖြစ်ပါတယ်
ကလေးဆွဲသည့် မျဉ်းအရာလိုက် လက်ဖိအားကိုကြည့်ပြီး ကလေးအခြေအနေကို
ခန့်မှန်းပေးပါ လက်ဖိအားအသင့်အတင့်ဖြစ်ပြီဆို အစက်ချစာရေးစလို့ရပါပြီ

#တတိယအဆင့်
လေးကြောင်းမျဉ်းဖြင့် အရင် ၀ လုံးကို အစက်ချ၍ စာမျက်နှာ တစ်မျက်နှာကို
တစ်ကြောင်းစီခြား၍ စသင်ပါ
၀လုံးကို ရေးဆွဲနည်းမှန်ပါစေ ၀လုံးဆွဲနည်းနှင့် Eng oဆွဲနည်းမတူပါ မှားတတ်ပါတယ်
အစက်ချကို စာအုပ်တစ်အုပ်ကုန်သည်ထိ အစက်ချမလွတ်မချင်း ၀လုံးအစက်ချသင်ပါ
ကလေး၏ ၀လုံးလက်ဖိအားကိုကြည့်၍ ခန့်မှန်းပါ
လက်ဖိအားနိုင်ပါက အစက်ချလွတ်၍ လေးကြောင်းမျဉ်းထဲ ၀လုံးရိုးရိုးရေးစေပါ
လူကြီးမှ ဘေးကစောင့်ကြည့်၍ ခဲဖျက်ကိုင်ကာ ၀လုံးဆွဲနည်းမမှန်သည်မျိုး
ကြီးသော်သေးသော်ဖြစ်နေပါက ဖျက်ပြီးပြန်ကလေးကိုရေးစေပါ
အချိန်ပေးရပါမည် မိမိနုတ်မှလဲ ကလေးကိုဖျက်သည်မှာဘာကြောင့်ဆိုတာ
နားလည်အောင်ပြောပြပေးပါ
၀လုံးကို ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်လက်ဖိအားငြိမ်သည်အထိ တစ်အုပ်ကုန်ရင်ကုန်ပါစေ
အချိန်စောင့်ပါစိတ်ရှည်ပါ ၀လုံးနိုင်ခြင်းနောက်မှာကလေးက
ဗျည်းတွေရေးဖို့အရမ်းလွယ်ကူသွားတဲ့အတွက်ပါရှင့်

#စတုထ္ထအဆင့်
အရေးကြီးဆုံး မိဘများရေးဆွဲနည်းမှန်အောင်သင်ရပါမယ် မသိပါကလေ့လာပြီးမှသင်ပါ
#မြန်မာစာဗျည်းစသင်မယ်ဆိုပါက
အဆင့်၁ ၀ ဂ င ပ
အဆင့်၂ ထ တ က ဘ
အဆင့်၃ သ လ ဟ ယ
အဆင့်၄ စ ဓ ခ ဆ
အဆင့်၅ မ ဖ ဗ ရ န ဇ ဒ အ ည

#အင်္ဂလိပ်စာဗျည်းစသင်မယ်ဆိုပါက
မျဉ်းဖြောင့်အတိုင်းရေးဆွဲရတာအရင်သင်ပါ
A E F H I K L M N T V W X Y Z
မျဉ်းကွေးအတိုင်းရေးဆွဲရတာကို ဒုတိယသင်ပါ
O C S Q
မျဉ်းဖြောင့်နှင့်မျဉ်းကွေး ပေါင်းရေးရတာကိုတတိယသင်ပါ
B D G J P R U

#သင်္ချာအက္ခရာစသင်မယ်ဆိုပါက
လေးကြောင်းမျဉ်းအောက်ဆုံးအနီထိအောင်သင်ရပါမယ် မျဉ်းပြာကနေစပါမယ်
၂ ၃ ၄ ၅ ၇ ၉
မျဉ်းပြာအလယ်မှာရေးသင်ရတာကဒုတိယသင်ပါ
၀ ၁ ၈
အပေါ်ဆုံးမျဉ်းနီကနေ မျဉ်းပြာအောက်ထိရေးသင်ပါ

သင်္ချာသင်မည်ဆိုပါက ၁ မှ ၁၀ထိ ကလေးသိထားပါစေ

အထူးသတိပြုရန်မှာ ရေးဆွဲနည်းမှန်မှန်သင်ပေးပါ ကလေးကိုဘေးမှ အချိန်ပေး၍
ကလေးဆွဲနည်းမမှန်သည်များ စာလုံးလိုတာထက်ကြီးသေးနေသည်များကို
ချက်ချင်းဖျက်ပြန်ရေးစေခိုင်းပါ နားလည်အောင်ရှင်းပြပေးပါ
မြန်မာအင်္ဂလိပ်သင်္ချာ ၃ဘာသာတွဲသင်ပါ
တစ်ဘာသာပြီးပြတ်မှ နောက်တစ်ဘာသာမစစေပါနဲ့
ကလေး၃ခုလုံးသိနေရပါမည်
တစ်မျက်နှာကို တစ်ကြောင်းခြားပြီး ၃ဘာသာကို ရေးခိုင်းလို့ရပါတယ်
ကလေးအတွက်လဲ အဆင်ပြေပါတယ် ကလေးကျွမ်းကျင်သွားရင်
ကလေးကိုလေးကြောင်းမျဉ်းမှ၂ကြောင်းမျဉ်းထဲသို့
ပြန်ပြောင်းရေးစေတာပါကျင့်ပါရှင့်

မေတ္တာဖြင့်
တီချယ်ဖြူစင်လှိုင်
Educational Consultant

Jolly phonics ❤️
09/04/2022

Jolly phonics ❤️

Address

Heho

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959428227753

Website

Alerts

Be the first to know and let us send you an email when Shining Stars Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Shining Stars Preschool:

Shortcuts

Share

Category