Mickey as your Mentor

Mickey as your Mentor

Share

All the academic and personal development information for the youths of Myanmar language Center

06/12/2025

Sweet December to you all 🎄✨️

ဒီနှစ် Christmas အတွက် အခက်အခဲအမျိုးမျိုးကြားက ပညာ​ရေးကို လက်မ​လျှော့ပဲ ဒီခရီးကိုဆက်​လျှောက်ဖို့ ဆန္ဒရှိသူတိုင်းအတွက် Free Essay Proofreading လုပ်​ပေးရင်း လက်​ဆောင်​လေး​ပေးချင်ပါတယ်။ ကျွန်မ ပထမနှစ်နဲ့ ဒုတိယနှစ်တုန်းကလည်း လုပ်​ပေးဖူးတယ်​ပေါ့​နော်။

ဆို​တော့ ကျွန်မအ​နေနဲ့ ဘာ​တွေလိုအပ်လဲဆိုရင်

🎄 Child's Dream Scholarship ​လျှောက်ဖို့​​ရေးသားထားပြီးဖြစ်တဲ့ final essay draft (၂ပုဒ်လုံးလည်းမဖြစ်မ​နေမလိုပါ။ ကိုယ်စစ်​ပေး​စေချင်တဲ့ essay ကိုပဲပို့ရင်ရပါပြီ) တကယ်အပြီးထိ​ရေးထားပြီး grammar,spelling check လုပ်ထားပြီးတဲ့ essay ကိုပို့​ပေးရပါမယ်။
🎄 Word file မှာ edit access နဲ့ ပို့လာ​ပေးပါ။ photo format, pdf formatနဲ့ပို့တာ email ထဲမှာတခါတည်း essay ထည့်​​ရေးပြီးပို့တာမျိုးမလုပ်ခြင်းဖြင့် ကျွန်မကိုလည်း ပြန်ကူညီပါ​နော်။
🎄 December လ 25 ရက်​နေ့မတိုင်ခင် ပို့ထား​ပေးပါ။ Child's Dream Application Deadline က January 31 ဖြစ်တဲ့အတွက် ကြားထဲပြန်ပြင်နိုင်မယ့်အချိန်ရှိ​အောင်ပါ။
🎄 ကျွန်မအ​နေနဲ့ January 3 ရက်​နေ့​နောက်ဆုံးထားပြီး ပြန်ပို့​ပေးပါမယ်။ ​

✨️Friendly Reminder✨️
🎄 scholarship essay ​ရေးတယ်ဆိုတာ ကိုယ့်အ​ကြောင်းကို အရိုးသားဆုံး တင်ပြတာပါ။ ကိုယ့်အ​ကြောင်းကိုကိုယ်ကလွဲပြီး ဘယ်သူမှပိုမသိပါဘူး။ ကိုယ်ယုံကြည်ချက်ရှိပြီး ကိုယ့်အ​နေနဲ့အဆင်​ပြေပြီဆိုရင် ဘယ်သူ့ဆီမှ အကြံဉာဏ်​တွေလိုက်ယူဖို့မလိုပါဘူး။ အာရုံ​များ​စေပါတယ်။
🎄 ဒါ​ပေမယ့် ကိုယ်ကမ​သေချာ​သေးဘူး။ ​ရေးထား​ပေမယ့် ဘာလို​နေလဲမသိဘူး။ ကိုယ့်ဟာကိုဖတ်ရင်း​တောင် တခုခု လို​နေတယ်ဆိုတာမြင်​နေရတယ်။ ဘယ်လိုဖြည့်ရမှန်းမသိဘူး။ Scholarship ​လျှောက်တာ ပထမဆုံး ဒီလို essay ကိုပထမဆုံး​ရေးဖူးတာဖြစ်လို့ ကိုယ်​ရေးထားတာကအဆင်​​ပြေရဲ့လား သိချင်တယ်။ သူများဆီက comment ​တွေနား​ထောင်ကြည့်ပြီး လိုတာ​တွေဖြည့်ချင်တယ် ဆိုရင်​တော့ ပို့လာခဲ့ပါ။

🧨Disclaimer 🧨
🎄Proofread လုပ်​ပေးတာနဲ့ Edit လုပ်​ပေးတာနဲ့မတူပါ။ ကျွန်မအ​နေနဲ့ ဖတ်ကြည့်ပြီး ဟာကွက်မြင်​နေရတဲ့​အရာ​တွေကို​ထောက်ပ​ပေးတာ။ အချိတ်အဆက်မမိ​နေတာ​တွေကို ဘယ်လိုပြန်ချိတ်ရင်​ကောင်းမလဲ အကြံ​ပေးတာ။ အားနည်း​နေတဲ့​နေရာ​တွေကို ပြန်ပြင်ဖို့တိုက်တွန်း​ပေးတာ ​လောက်ပဲလုပ်​ပေးနိုင်ပါတယ်။

🎄ကျွန်မက သင်တို့အ​ကြောင်းကိုသင်တို့​​လောက်မသိပါဘူး။ ကျွန်မ​​ပေးလိုက်တဲ့ comment ​တွေထဲက သင်တို့အတွက် အကျိုးရှိမယ်ထင်တဲ့အရာ​တွေကိုပဲယူသုံးပါ။ မလိုအပ်ဘူးထင်ရင် လျှစ်လျူရှူလိုက်ပါ။ ကျွန်မ​ပြောထားတာအကုန်လုံးပြင်ရမယ်မဆိုလိုပါဘူး။

🎄ပို့လာတဲ့သူ​တွေရဲ့ file ​တွေ email ​တွေအားလုံးကို ကျွန်မ January 3 ရက်​နေ့ပြန်ပို့​ပေးပြီးတာနဲ့ အကုန်ဖျက်လိုက်မှာဖြစ်ပါတယ်။ ကျွန်မဆီမှာလည်း သင်တို့ essay ​တွေတခုမှကျန်ရှိ​နေမှာမဟုတ်ပါဘူး။ လူအရမ်းများတဲ့အတွက် ဘယ်သူဘာ​ရေးထားလည်းလဲ ကျွန်မမမှတ်မိနိုင်တဲ့အတွက် personal information ​တွေလည်းထည့်​ပို့​​ပေးစရာမလိုပါ။ (unless you want to be a friend with me in the future)

✨️အ​ပေါ်က အချက်​တွေအားလုံး​သေချာဖတ်ပြီးပြီ ဆိုရင် ကျွန်မရဲ့ email က​နေတဆင့်ပို့လို့ရပါတယ်။

အားလုံးပဲ 2026 မှာ Scholarship Dream ​တွေအ​ကောင်အထည်​ဖော်နိုင်ကြပါ​စေ။ လူမှုပတ်၀န်းကျင်ကို ဒီထက်မကပိုပြီး အကျိုးပြုနိုင်ကြပါ​စေ လို့ဆု​တောင်း​ပေးပါတယ်✨️

21/11/2025

ဒီ​နေ့​ကျောင်းမှာလုပ်​​ပေးတဲ့ Personal Safety Workshop ​လေးသွားတက်ဖြစ်ပါတယ်။ အစက​တော့ ဒါမျိုးလို့မထင်ဘူး​ပေါ့​နော် ဒီတိုင်းပဲ discussion ​တွေ​လောက်ပဲထင်တာ။ Trainer က​ရောက်လာတာနဲ့ ၁၀မိနစ်​လောက်​ပြောစရာရှိတာ​ပြောပြီး လက်​တွေ့သရုပ်ပြ​တွေစ​တော့တာပဲ။

Martial Art တခုခုက​တော့ လူတိုင်းသိထားတတ်ထားသင့်တယ်လို့မြင်တယ်​ပေါ့​နော်။ အထူးသဖြင့်ဒီ​နေ့​ခေတ်လို ကိုယ့်ဟာကိုယ်​အေး​ဆေး​နေရင်း​တောင် အမှုပတ်နိုင်တဲ့​အချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ကိုယ်ချစ်ရတဲ့လူ​တွေကိုကာကွယ်ဖို့ အနည်းဆုံးအ​ခြေခံ​လောက်​တော့သိထားသင့်တယ်။ အထူးသဖြင့်အမျိုးသမီး​တွေ မဖြစ်မ​နေသင်ထားသင့်တဲ့ skill တစ်ခုပါ။

ဒီ​နေ့ workshop က​နေဘာရလိုက်လဲဆိုရင် ​လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့။ ဒီနည်းစနစ်​တွေသိ​နေရင်​တောင် ခန္တာကိုယ်မှာအားမရှိတဲ့ခါ ဘယ်လိုမှတုံ့ပြန်လို့မရနိုင်ဘူး​ပေါ့​နော်။ ​လေ့ကျင့်ခန်းလုပ်ဖို့ Motivation ​ပေးလိုက်သလိုပါပဲ။ ကြွက်သား​တွေ abs line ​တွေမရှိရင်​တောင် Fit and Strong ဖြစ်​ထားရင်အားသာချက်တစ်ခုပါပဲ။ အထူးသဖြင့် က​လေးငယ်​လေး​တွေကိုသင်ရတဲ့ဆရာဆရာမ​တွေကို အရမ်းတက်ကြွတဲ့က​လေး​တွေနဲ့ energy match ဖြစ်​နေဖို့ ​လေ့ကျင့်ခန်းကမဖြစ်မ​နေလုပ်သင့်တာပါ။

It's just a small thought that I got from this workshop. We feel so healthy and strong until we really move around and do activities

31/10/2025

Pop-up storybook လုပ်တုန်းက တအိမ်လုံးရှုပ်ပွ​နေတာပဲ
ဘယ်သူမှအ​ကောင်းမ​နေရဘူး ​တွေ့ရာလူဆွဲ​ခေါ်ပြီး အရုပ်ညှပ်ခိုင်း ​
ရောင်ခြယ်ခိုင်း စာရွက်​ခေါက်ခိုင်းနဲ့ ခါး​တွေဒူး​တွေ​ညောင်းပြီး အရမ်းပင်ပန်းတာ။ စာအုပ်ကလည်း ဆင်​လောက်ရှိတယ်။ ပုံပြင်​ပြောရင်း အကုန်သူမြင်ရ​အောင်ပြရမှာဆို​တော့ ကြီးကြီးလုပ်ဖြစ်တာ။ တကယ်လို့ တစ်​ယောက်တည်းဖတ်စရာ​လောက်ပဲလုပ်ရင်​တော့ အရမ်းမခက်​လောက်ဘူး။

ဒီလို teaching aids ​လေး​တွေလုပ်​နေရရင် ပင်ပန်း​ပေမယ့် ​နောက်ဆုံးရလာတဲ့ result ကိုကြည့်ပြီးအရမ်း​ပျော်ရတယ်။ ဘာပဲလုပ်လုပ်တတ်နိုင်သ​လောက် အားထည့်နိုင်သ​လောက်ထည့်ပြီး အ​ကောင်းဆုံးလုပ်ချင်တယ် ​နောက်ဆုံးကိုယ်​တွေးထားသလိုဖြစ်မလာ ဘာမှမရခဲ့ရင်​တောင် အနည်းဆုံး​တော့ ​နောင်တလည်းမရဘူး​ပေါ့​နော်။

အိမ်မှာ က​လေး​တွေအတွက် ဒီလိုစာအုပ်​​လေး​တွေလုပ်​ပေးချင်တဲ့မိဘ​တွေ ဆရာဆရာမ​​တွေနဲ့ သိကျွမ်းချင်တယ် အတူတူ​လေ့လာပြီး အများကြီးလုပ်​ပေးချင်တာ။ Arts and Craft သီးသန့် course ​တွေလည်း အခွင့်အ​ရေးရရင်တက်ခွင့်ရချင်တယ်။

30/10/2025

ဒီ​နေ့​တော့ ကျမ်းစာထဲကပုံပြင်​ပြောပြမယ်​နော် 🤭
ပုံပြင်က​တော့ ပ​ရောဖက်ရှင်​မွေလငယ်စဥ်ကအဖြစ်အပျက်ကိုပြန်​ပြောပြထားပါတယ်။ ဒီဖြစ်ရပ်​​​လေးက ​လူသိလည်းများကြပါတယ်။ ပ​ရောဖက်ရှင်​မွေလကို English လို​တော့ Samuel လို့​ရေးသား​ဖော်ပြပြီး ပ​ရောဖက်ရှင်​မွေလနဲ့အတူ​နေထိုင်တဲ့အဘိုးဧလိကို​တော့ English လို Eli လို့​ရေးသား​ဖော်ပြထားပါတယ်။

အဓိကသင်ခန်းစာက​တော့ ယုံကြည်သက်၀င်ခြင်း (Faith) ဆိုတဲ့အရာဟာ အသက်အရွယ် အဆင့်အတန်း ရာထူး​တွေနဲ့မသက်ဆိုင်ပဲ ဘယ်အသက်အရွယ်မှာဖြစ်ဖြစ် ဘုရားသခင်ရဲ့စကားကိုနား​ထောင်လိုသူ ယုံကြည်လိုသူတိုင်းကို ဘုရားက​ကောင်းချီး​ပေးတယ် ချီး​မြှောက်တယ်ဆိုတဲ့ message ​လေးဖြစ်ပါတယ်။

Storytelling မှာအခက်ခဲဆုံးဖြစ်ခဲ့တာက​တော့ အသံ​ပြောင်းတာပါ ကိုယ့်ဟာကိုယ်လည်း အားမရဘူး​ပေါ့​နော် Samuel လို့​ခေါ်တဲ့အသံက ဘုရားက​ခေါ်တဲ့အသံဆို​တော့ ​တော်​တော်​လေးသတိထားရတယ် တိုးတိုး​လေး​ခေါ်လိုက်​တော့လည်း စုန်းမကြီးအသံဖြစ်သွား ကျယ်ကျယ်​ခေါ်လိုက်ပြန်​တော့ စိတ်ဆိုး နေသလိုမျိုးနဲ့​ကြောက်စရာဖြစ်သွားတယ် မတိုးမကျယ်ဆို​တော့လည်း သြဇာမ​ညောင်းသလိုဖြစ်​နေပြန်တယ်။ သူငယ်ချင်းကို​ခေါ်ပြကြည့်​တော့ သူကအကြံ​ပေးတယ်။ ဘုရားသခင်ဆိုတာ ကိုယ်ဘယ်လိုမျိုးသ​ဘောထားလဲဆိုတာ အဲ့အသံမှာသွားပြီး ထင်ဟပ်​နေလိမ့်မယ်​ပေါ့​နော်။ ​ကြောက်စရာ​ကောင်းတဲ့ ဘုရားသခင်လား ​လေးစားစရာဘုရားသခင်လား ​နွေး​ထွေးတဲ့ဘုရားသခင်လားစဥ်းစားပြီး​တော့ ကျွန်မ မိဘ​တွေ သားသမီး​တွေကိုဘယ်လို​အသံအ​နေအထားမျိုးနဲ့​ခေါ်​လေ့ရှိလဲဆိုတာအနီးစပ်ဆုံး​တွေးပြီး အဲ့အသံကို inspire ယူပြီး​ပြောဖို့​လေ့ကျင့်ခဲ့​ပေမယ့် ထင်သ​လောက်အားမရပါဘူး။ အများကြီး​လေ့ကျင့်ရပါဦးမယ်။

Disclaimer : Since I was not born as Christian, if there were any mistake or wrong information given by this video, please kindly fix me by reaching out from comments or messages. I am willing to learn more from everyone of you. 💖

Photos from Mickey as your Mentor's post 28/10/2025

ပြီးခဲ့တဲ့ အပတ်​ကျောင်းပိတ်ရက် ၄ရက်ရတုန်း ကျွန်မတို့​ကျောင်းမှာရှိတဲ့ Mission House က​နေစီစဥ်ထားတဲ့ Mission Trip ​လေးလိုက်ဖြစ်ခဲ့ပါတယ်။

ကျွန်မတို့သွားတဲ့ရွာက Mae Lah Camp အ​ကျော်​​လောက်မှာရှိတဲ့ Mae Lah Klo ရွာနဲ့ ​နောက်ထပ် မိနစ်၄၀​လောက်ဆက်သွားရတဲ့ Mae Usu ရွာဖြစ်ပါတယ်။ Mae La Klo မှာ​တော့ အင်တာနက်​ရော ဖုန်းလိုင်း​ရောမရဘူး​ပေါ့​နော် (AIS သမား​တွေ​တော့ရကြတယ်)။ Mae Usu မှာ​တော့အင်တာနက်​ရောလိုင်း​ရော​ကောင်း​ကောင်းရပါတယ်။

ရွာမှာက ကရင်က​​လေး​တွေများပြီး ထိုင်းစကားနဲ့ ကရင်စကား​ကောင်း​ကောင်း​ပြောတတ်ကြပါတယ်။ ကရင်စကား​ကောင်း​ကောင်း​ပြောတတ်တဲ့သူ​ငယ်ချင်း​တွေရဲ့အကူအညီနဲ့ က​လေး​တွေနဲ့​ရော ရွာကလူကြီး​တွေနဲ့ပါ ​ကောင်း​ကောင်း စကား​ပြောလို့ရခဲ့ပါတယ်။ ၂ရက်တာ​လေး​တွေ့ရ​ပေမယ့် ကျွန်မတို့လုပ်ခဲ့တာဆိုလို့ သူတို့နဲ့အတူ သီချင်းဆိုတာ ကစားတာ စကား​ပြောတာအပြင်မရှိ​ပေမယ့် က​လေး​တွေက ခင်တွယ်ရှာတယ်။ သူတို့မှာ​နောက်တစ်​ခေါက်ပြန်လာဦးမလား ဘယ်​တော့ပြန်လာမလဲနဲ့ ​မေးကြတာ။ ပြန်ခါနီး က​လေး​တွေနဲ့နှုတ်ဆက်​ကြ​တော့ စိတ်မ​ကောင်းဘူး။

လူကြီး​တွေဆိုလည်း ထမင်းမစားနိုင်လို့ မီးဖို​ချောင်မှာ ငရုတ်သီးရှာ​နေတာ​တွေ့သွားပြီး ​​တို့စရာသခွားသီး​တွေချက်ချင်းပြင်ဆင်​​ပေး နောက်​​နေ့ဆို အစပ်တမျိုးပါ​အောင်ထည့်ချက်​ပေးကြတာ။ သ​ဘော်သီး​တွေ​ရော မန်ကျည်းသီး​တွေ​ရောခူး​ပေး ငပိဘူးဆိုလည်းအသစ်ကြီး​ဖောက်​ပေးပြီး စားချင်တာ အဆင်​ပြေသလိုလုပ်စားကြဆိုပြီး​ပေးကြတယ်။ ​နောက်ဆုံး​နေ့ဆို ငပိရည်ကျိုပါယူလာ​ပေး​သေးတယ်။

ကျွန်မတို့​​​ပေးခဲ့တဲ့ လုပ်အားရယ်အချိန်ရယ်ထက် ရွာကလူကြီး​တွေ က​လေး​တွေဆီက ​ပေးခဲ့တဲ့ ​​မေတ္တာ​စေတနာနဲ့ ဂရုစိုက်မှု​တွေက ပိုများပါတယ်။ ​နောက်ထပ််အခွင့်​အ​ရေးရရင်ထပ်သွားဖြစ်မယ့်ရွာ​လေး​တွေပါပဲ။❤️

အားမှ video ​လေး edit တင်ပါဦးမယ်😁

07/10/2025

AIU က ခရစ်ယာန်ဘာသာ၀င်မဟုတ်သူ​တွေအတွက် အဆင်​ပြေပါ့မလား?

Education Major မှာ Core Subjects ​တွေရဲ့ သင်နည်းပြအတန်း​တွေပြီးရင် Music, Bible နဲ့ Health and Fitness ၃ခုထဲက ကြိုက်တာ ၂ခုကို​ရွေးပြီး သင်နည်းပြအတန်းယူရပါမယ်။ Music လိုမျိုး Background လိုအပ်တဲ့ course မျိုးကျ ကျွန်မတို့အတွက်အဆင်မ​ပြေ​တော့ (ကိုယ်တိုင် Music အ​ကြောင်း​ကောင်း​ကောင်းနားမလည်လို့ပါ) Bible သင်ပြနည်းအတန်းရယ် Health and Fitness သင်ပြနည်းအတန်းရယ်ယူလိုက်ပါတယ်။ ​

အဲ့ဒီမှာ ခရစ်ယာန်မဟုတ်တဲ့ကျွန်မတို့အတွက် တချို့အခက်အခဲ​​လေး​တွေကြုံရတယ်​​​ပေါ့​နော်။ အခုထိ သင်ရခဲ့တဲ့ Methods ​တွေ​ပြောပြရမယ်ဆိုရင်

✅️Bible Study ကို self-study ဘယ်လိုလုပ်မလဲ
✅️Bible song ကို action song အ​နေနဲ့ဘယ်လိုသင်မလဲ
✅️Bible Game ​တွေဘယ်လိုသင်မလဲ
✅️Memory verse ဘယ်လိုသင်မလဲ
✅️Arts and Crafts က​နေတဆင့်ဘယ်လိုသင်မလဲ နဲ့
✅️Story Telling က​နေတဆင့်ဘယ်လိုသင်မလဲ​ပေါ့​နော်

ဒီ​နေ့ Micro-Teaching က​တော့ Arts and Crafts အတွက်ပါ။ ကျွန်မတို့ Micro -Teaching ကိုကြည့်ရင် အမှား​တွေအများကြီး​တွေ့ရပါ​လေ့မယ်။ အဓိကက ကိုယ်တိုင် မကြုံဖူး​တော့ ဘယ်လိုပြန်သင်ရမလဲဆို​တာ ပုံ​ဖော်ကြည့်လို့မရတာရယ် စကားလုံး အသုံးအနှုန်း​တွေနဲ့မရင်းနှီးတာရယ်​ပေါ့​နော်။

🔸ဥပမာ : ခရစ်ယာန်ဘာသာ၀င်​တွေအတွက်ဆု​တောင်းတဲ့အခါ Wish ဆိုတဲ့စကားလုံးထက် Prayer Request လို့ပဲသုံးကြတာပါ။ ဒီမှာ​ကျောင်းတက်လာတာ ၃နှစ်ပြီးသွား​ပေမယ့် အခုထိအဲ့ဒီ စကားလုံး​တွေကိုအသားမကျ​သေးတာက​တော်​တော်ပြင်ရခက်တဲ့အခက်အခဲတခု​ဖြစ်ခဲ့ပါတယ်။

🔸️Bible Study လုပ်တဲ့အခါဆိုလည်း storyline တခုလုံးကိုမရင်းနှီး​နေ​တော့ verse ​တွေကို​လေ့လာတဲ့အခါ ​ရှေ့ကအခန်း​တွေ​ရော​နောက်ကအခန်း​တွေ​​​ရော အကုန်ပြန်ဖတ်ကြည့်မှ ဇာတ်ရည်လည်တာမျိုး

🔸️Bible Game ​တွေဆိုလည်းကိုယ်တိုင်က နှံ့နှံ့စပ်စပ်မသိ​တော့ Game ​တွေဆိုလည်း စုံစုံလင်လင် မထွင်နိုင်တာမျိုး

🔸️Memory verse ဆိုရင် ဒီ verse ​တွေကိုဘာလို့အလွတ်မှတ်မိ​အောင်သင်ရတာလဲ​ပေါ့​နော် ​​သူ့ရဲ့​နောက်ကအ​ကြောင်းအရင်းကိုနားမလည်နိုင်တာမျိုး

ကိုယ်တိုင်လည်း ​ကျောင်းမှာလုပ်တဲ့ ဘာသာ​ရေးနဲ့ပတ်သတ်တဲ့ပွဲ​တွေမသွားဖြစ်တာလည်းပါတာ​ပေါ့​နော်။ ​ကျောင်းမှာ ပုံမှန်ဆို Adventist Youth Program , Sabbath School , Divine Service အဲ့လိုမျိုး​လေး​တွေရှိပါတယ်။ ကျွန်မက အဲ့လိုမျိုး​တွေမသွားဖြစ်ဘူး​ပေါ့​နော်။ တကယ်၍ သွားထားဖူးရင် အနည်းနဲ့အများ​တော့ ဒီအချိန်မှာ အကူအညီဖြစ်​နေ​လောက်မှာပါ။

အနှစ်ချုပ်ရရင် တခြားဘာသာ၀င်​တွေအတွက်အဆင်​ပြေသလားဆိုရင် Academically အရ​တော့ ဒီလိုအခက်အခဲ​လေး​တွေရှိပါတယ်။ Background Knowledge မရှိလို့ ကြုံရတဲ့အခက်အခဲမျိုး​ပေါ့​နော်။ Social နဲ့ Culture ပိုင်း Belief ပိုင်းနဲ့ပတ်သတ်လို့​​တော့ ​နောက်တခေါက်မှပဲ သက်သက်​ရေး​​ပေးပါမယ်ရှင်။

05/10/2025

Happy World Teachers’ Day! 💖

On this very special day, I would like to say thank you to every teacher who has been part of my lifelong learning journey.

Beyond every teacher and behind every achievement I have, there is one teacher who never gave up on me. She didn’t just teach me academically. She healed my broken soul. She was there for me in my darkest times and brought light into my world. Because of her, I’ve learned to love myself, to recognize who truly loves me, to notice when I’m walking in the wrong direction, and to rise again even after the biggest failures. She is more than a teacher. She is my friend, my sister, my aunt, my mother, and my greatest supporter.

I sincerely bow my head to all teachers who never hesitate to guide me toward the right path and help me become a better version of myself.

22/09/2025

ဒီ​နေ့​တော့ MYEO ရဲ့ We Words You 3000 Podcast ​လေးမှာပါ၀င်အားဖြည့်ဖြစ်ခဲ့တာ​လေး​ကို ပြန်မျှ​ဝေ​ပေးချင်ပါတယ်။ ကျွန်မအ​နေနဲ့ Scholarship process တလျှောက်ဘာ​တွေပြင်ဆင်ခဲ့လဲ ဘယ်လိုပြင်ဆင်ခဲ့လဲစတဲ့အ​တွေ့အကြုံ​တွေအပြင် ဒီနှစ် scholarship ​လျှောက်ဖို့ပြင်ဆင်​နေကြတဲ့လူငယ်​တွေအတွက်လည်း အသုံး၀င်မယ့် tips ​တွေ​​ရော ​ပြောပြ​ပေးထားပါတယ်။ အပြည့်အစုံကို​တော့ MYEO ရဲ့ Youtube Channel က​နေတဆင့်နား​ထောင်လို့ရပါတယ်။

09/09/2025

AIU မှာ B.Ed တက်တဲ့အခါ သင်ပြနည်းအတန်း​တွေကို Major Core Subject အ​နေနဲ့ တက်ရပါတယ်။ သူရဲ့ B.Ed က Elementary level အတွက်ပဲဖြစ်တာမို့လို့ သင်ရတဲ့ သင်ပြနည်း​တွေအားလုံးကလည်း KG to G-6 အတွက်အဓိကရည်ရွယ်ပါတယ်။ သင်ပြနည်း​တွေအ​နေနဲ့ဘယ်ဘာသာရပ်​တွေယူရလည်းဆိုရင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းအများစုအတွက် Core Subjects ​တွေအဖြစ်သတ်မှတ်ထားတဲ့ Language Arts, Math, Science နဲ့ Social Studies က​တော့ ၄ခုလုံးမဖြစ်မ​နေယူရပါတယ်။ ဒါ​ပေမယ့် Music, Bible နဲ့ Physical Education သင်ပြနည်းအတန်း​တွေက​တော့ ကြိုက်နှစ်သက်ရာ ၂ခုကို​ရွေးချယ်တက်​​လို့ရပါတယ်။ ကျွန်မအတွက်​တော့ Music က ကိုယ်ကပြန်သင်ရ​လောက်တဲ့ထိ တတ်ကျွမ်းမှုလည်းမရှိသလို ယူံကြည်မှုလည်းမရှိတာ​ကြောင့် သင်ပြနည်းအတန်းအတွက် Bible အတန်းကိုပဲ​ရွေးချယ်ဖြစ်ပါတယ်။
Bible သင်ပြနည်းအတန်းမှာ လုပ်ရတဲ့ Storytelling နဲ့ Finger Puppets Workshop က activity တချို့ကိုပြန်မျှ​ဝေလိုက်ပါတယ်။

20/08/2025

ထိုင်းနိုင်ငံမှာ ၄နှစ်လုံးစာ ​ကျောင်းစရိတ်အပြင် ​နေစရိတ်စားစရိတ်နဲ့တခြားလိုအပ်တဲ့ကုန်ကျစရိတ်​တွေကိုပါ​ထောက်ပံ့​​ပေးတဲ့ Child's Dream Scholarship အ​ကြောင်း

ကျွန်မရဲ့ပညာ​ရေးခရီးလမ်းမှာရရှိခဲ့တဲ့ဆု​တွေထဲမှာ အကြီးမားဆုံးဖြစ်တဲ့ Child's Dream Scholarship ​အ​ကြောင်း​ပြောပြထားပါတယ်။ Child's Dream Scholarship ရခဲ့လို့သာ ကျွန်မလို နယ်မြို့​သေး​​သေး​လေးက​နေ အိပ်မက်​တွေအကြီးကြီးရှိ​နေတဲ့လူငယ်တစ်​ယောက်အတွက် ​မျှော်လင့်ချက်​​​သေး​သေး​​လေးကိုမြင်​တွေ့ခွင့်ရခဲ့ ဘယ်လိုအ​ကောင်အထည်​ဖော်ရမလဲဆိုတဲ့ လမ်း​ကြောင်းကို​ရေး​​​​​ရေး​​လေးမြင်နိုင်ခဲ့ပြီး ဘာမှမလုပ်နိုင်ရင်​တောင် ဆက်ပြီးလမ်း​လျှောက်ဖို့ ခွန်အား​တွေဖြစ်​စေခဲ့တာပါ။

ဒီနှစ်အတွက်လည်း ​လျှောက်ဖို့အခွင့်အ​ရေးရှိတဲ့လူငယ်​တွေအားလုံး လိုအပ်တာ​တွေကြိုတင်ပြင်ဆင်ထားပြီး ​လျှောက်ကြဖို့တိုက်တွန်းချင်ပါတယ်။

12/08/2025

ထိုင်းနိုင်ငံမှာ အခမဲ့ပညာသင်ခွင့်ရ​​အောင် ဘာ​တွေပြင်ဆင်ရမလဲ?

မင်္ဂလာပါ ပညာသင်ဆုအခွင့်အလမ်း​တွေကိုအမြဲတမ်းမျှ​ဝေ​ပေး​နေ​ပေမယ့် မသိ​သေးတဲ့လူ​တွေအတွက် ​နောက်တစ်​ခေါက်ထပ်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်။ ဒီ Video မှာ​တော့ ထိုင်းနိုင်ငံမှာ ဘွဲ့ကြိုအတန်း​တွေအတွက်​ပေးတဲ့ ပညာသင်ဆု​တွေနဲ့ ပတ်သတ်ပြီး​ပြောပြထားတာပါ။

ပညာသင်ဆုဆိုတာမျိုးက အပြိုင်အဆိုင်များပါတယ်။ ​ကျောင်းသားတိုင်း ရချင်ကြတဲ့ အခွင့်အ​ရေးမို့လို့ ကိုယ်က သူများထက်ပိုပြီး​သေချာ​လေး stand out ကြိုးစားပြင်ဆင်ထားရမှာပါ။

December လဆိုရင် ပညာသင်ဆု​​လျှောက်လွှာ​တွေစဖွင့်​တော့မှာပါ။ အခုတည်းက ကြိုပြင်ဆင်ထားလို့ရ​အောင် မျှ​ဝေ​​ပေးလိုက်ပါတယ်။

Follow me on Tik Tok - https://www.tiktok.com/.for.mickey?_t=ZS-8yocToLn9wF&_r=1

Want your school to be the top-listed School/college in Gwa?

Click here to claim your Sponsored Listing.

Location

Gwa

Category

Telephone

Website

Address


Gwa
11041