11/06/2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း
KHIT THIT Family Education Centre
11/06/2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း
03/02/2023
၂၀၂၂-၂၃ပညာသင်နှစ် အကျဉ်းချုပ်ပြီးလုပ်ခဲ့ရတဲ့ပွဲလေး❤
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်
G-9 အဋ္ဌမတန်း(သင်ရိုးဟောင်း)
G-10 ဒဿမတန်း(သင်ရိုးသစ်)
G-11 ဒဿမတန်း(သင်ရိုးဟောင်း)
အတန်းများ သင်္ကြန်ကျော်ပြီးလျှင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးမှာမို့အမြန်ဆုံးဆက်သွယ် စာရင်းသွင်းပြီးအပ်နှံနိုင်ပါပြီနှော်😍
ခေတ်သစ်
မိသားစုစာသင်ဝိုင်း
#တာထွက်ချိန်ချင်းမတူကြပါ
အိုဘားမားက
အသက်၅၅နှစ်မှာ အနားယူတယ်။
ဒေါ်နယ်ထရမ့်ပ်က
အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။
ဘန်ကောက်က
စင်ကာပူထက် တစ်နာရီပိုစောတယ်။
ဒါပေမယ့်
⏩ဘန်ကောက်တစ်နေ့တာနဲ့
⏩စင်ကာပူတစ်နေ့တာဟာ
ကြာချိန်ချင်းတော့ အတူတူပါပဲ။
ဘန်ကောက်က
ပို..........မမြန်သလို
စင်ကာပူက
ပို..........မနှေးပါဘူး။
တချို့က
အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။
ဒါပေမယ့်
ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့
၅နှစ်လောက် အချိန်ယူနေရတယ်။
တချို့က
အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။
အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။
တချို့ကျတော့
အသက်၅၀ကျမှ CEOနေရာရောက်တယ်။
ပြီးတော့
အသက်၉၀လောက်ထိ နေသွားရတယ်။
တကယ်တော့
ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ
သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး
အလုပ်လုပ်နေကြတာပါ။
ဥပမာ-
ကျွန်တော်အခု
ဒီစာကိုရေးနေတဲ့အချိန်က
သောကြာနေ့ နေ့လယ်၁၁နာရီဝန်းကျင်။
ကျွန်တော်ရုံးတက်နေရတယ်။
ဒါပေမယ့်
လော့စ်အိန်ဂျလိစ်က
ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့
ကြာသပတေးနေ့ ည၁၀နာရီဝန်းကျင်။
သူဘီယာသောက်ရင်သောက်နေမှာပေါ့။
ကျွန်တော်တို့အနေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်
လူတချို့က
ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။
တချို့ကတော့
ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး
ခံစားရပါလိမ့်မယ်။
ဒါပေမယ့်
တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ
သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း
ပြေးနေကြတာပါ။
#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။
ပိုအရေးကြီး တာက
တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ
တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်
⏩ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ
⏩နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ
မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။
သူ.......
⏩ဘယ်နေရာကစပြီးတာထွက်တယ်
⏩ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ
ကျွန်တော်တို့သိနိုင်ကြလို့လား။
သူတို့က
သူတို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။
ကျွန်တော်တို့က
ကျွန်တော်တို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။
အရေးကြီးတာက
# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။
အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။
အဲဒါကြောင့်
စိတ်အေးအေးထားပါ။
ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။
ဒီလိုပဲ
ကျွန်တော်တို့ နောက်ကျမနေပါဘူး။
" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "
Credit : copy
20/02/2021
၂ငါးလုံးသပိတ် တစ်နိုင်ငံလုံးဆင်နွှဲမည်(22222)
29/08/2020
တွက်ကြည့်ကြပါ၊ သားတို့ သမီးတို့။
မိဘတွေက ဒီ covid-19 ကာလကြီးမှာ ငွေရေးကြေးရေး အခက်အခဲ၊ လုပ်ငန်းအခက်အခဲတွေ အများကြီးတွေ့ကြုံနေကြရတယ်။ စိတ်ညစ်နေရတာတွေကို သားသမီးတွေ စိတ်ဆင်းရဲမှာစိုးလို့ ထုတ်မပြောကြသူတွေများတယ်။ အလုပ်တွေတော်တော်များများ ရပ်တန့်နေကြတယ်၊ အချို့ဝန်ထမ်းတွေဆို လစာလျှော့ရတာတွေ၊ လစာမဲ့ "ခွင့်" ပေးခံထားရတာတွေ နိုင်ငံတကာမှာဖြစ်နေကြသလို မြန်မာပြည်မှာလည်း တွေ့ကြုံနေကြရပါတယ်။ မိဘဝတ္တရားနဲ့အညီ ကိုယ့်မှာရှိရှိ မရှိရှိ သားသမီးတွေကိုတော့ ထမင်းဝအောင်ကျွေးထားမှာပဲ၊ ပညာရေး ရပ်တန့်မနေအောင် online သင်တန်းဆိုတာမျိုးလေးတွေလည်း ကြံဖန်ပြီး ထားပေးကြမှာပဲ။
သားတို့ သမီးတို့ ကိုယ့်ဖက်ကရော တာဝန်ကြေရဲ့လား။
ညဖက်တွေတော်တော်နဲ့မအိပ်ဘဲ game တွေပဲပိုဆော့ပြီး မနက်နေမြင့်တဲ့အထိ မထနိုင်ဘူးလား။
ဒီလို ကပ်ကာလကြီးမှာ ကျောင်းတွေပိတ်ထား၊အပြင်ထွက်လို့မရ၊ တစ်နေ့မှာ ၂၄ နာရီ solid အချိန်ပြည့်အားနေကြတာ အဲဒီအချိန်တွေကို မိမိရဲ့အနာဂတ်ကိုမျှော်ကြည့်ပြီး လိုအပ်တဲ့ skills တွေ၊ knowledge တွေကို ဖြည့်ဆည်းဖို့ အသုံးချဖြစ်ရဲ့လား။
တစ်နေ့မှာ အိပ်ချိန် ၈ နာရီခန့်ကို နှုပ်လိုက်ရင် ကျန်တဲ့ အချိန် ၁၆ နာရီမှာ ဘယ်နှစ်နာရီ စာဖတ်ဖြစ်သလဲ၊ ဘယ်နှစ်နာရီ မိမိရှေ့ရေးအတွက် ပြင်ဆင်ဖို့ အသုံးချဖြစ်သလဲ၊ဘယ်နှစ်နာရီ မိဘကိုဝိုင်းကူ အိမ်အလုပ်တွေကို လုပ်ပေးသလဲ၊ ဘယ်နှစ်နာရီကို အကျိုးမဲ့ ဖြုန်းတီးပစ်လိုက်သလဲ၊ ဘယ်နှစ်နာရီ ယောင်ခြောက်ဆယ် လုပ်ပစ်လိုက်သလဲ။ You do the math. တွက်ကြည့်ပါဦး။
ဟိုးတုန်းက မြန်မာပြည်မှာ ၈၈ အရေးအခင်းကြောင့် ကျောင်းတွေ နှစ်နဲ့ချီပြီး အကြာကြီးပိတ်ထားခဲ့လို့ အချိန်ကို အသုံးမချတတ်သူလူငယ်တွေ တော်တော်များများ လေလွင့်သွား၊ ဦးတည်ချက်တွေပျောက်ပြီး human capital တွေများစွာဆုံးရှုံးခဲ့ရလို့ ကိုယ့်တိုင်းပြည်ဟာ အိမ်နီးချင်းတွေရဲ့နောက်မှာ ကျန်နေခဲ့ရတယ်။ ဒါဟာ နိုင်ငံရေးစနစ်ဆိုးကြောင့် မိမိတို့နိုင်ငံတစ်ခုတည်း ခံစားခဲ့ရတဲ့ ဝေဒနာဖြစ်တယ်။
အခု covid-19 ကတော့ pandemic ဆိုတော့ တစ်ကမ္ဘာလုံးဒုက္ခရောက်ကြရတာ။ covid ကြောင့် ကျောင်းတွေပိတ်ရတာ ၈၈အရေးအခင်းမှာပိတ်ခဲ့ရသလို ကြာမှာမဟုတ်ဘူး။ လပိုင်းလောက်ပဲ ထပ်စောင့်ရမှာ။ အခုလို အခြေအနေအရ ရနေတဲ့ အချိန်တွေကို မဖြုန်းတီးပစ်ဘဲ သားတို့ သမီးတို့ နေ့စဉ်အချိန်စာရင်းလေးနဲ့ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ online သင်တန်းတွေတက်၊ မိဘကိုဝိုင်းကူ စသည်ဖြင့် live your daily life productively နေ့စဉ်အချိန်ကိုအကျိုးရှိအောင်အသုံးချနေကြမယ်ဆိုရင် မိဘတွေလည်း စိတ်ချမ်းသာ၊ covid ကြီးအပြီးမှာ ကိုယ်လည်း အရည်အချင်းပိုရှိလာတဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်နေမှာ သေချာပါတယ်။ အဲဒီလိုမြင်တတ် နေထိုင်တတ်သူဟာ every crisis ကို opportunity အဖြစ်သို့ ပြောင်းယူတတ်သူဖြစ်လို့ သူ့ရဲ့ရှေ့ရေးအတွက်လည်း စိုးရိမ်စရာမလိုတဲ့ self-reliant, self-sufficient ကိုယ့်အားကိုယ်ကိုး စီးပွားတိုးတဲ့သူဖြစ်မှာ သေချာပါတယ်။
ဒါ့ကြောင့် သားတို့ သမီးတို့... Please do the math. တွက်ကြည့်ပါ။နေ့စဉ် ငါ အချိန်တွေကို ဘယ်လိုသုံးပစ်လိုက်တယ်ဆိုတာ။ အခုရနေတဲ့ free time အားလပ်နေချိန်တွေဟာ နောင်ဆို ပြန်မရနိုင်ပါဘူး။ အမိအရ အကျိုးရှိအောင် အသုံးချကြပါလေ။
ဒီအကြံပေး တိုက်တွန်းမှုဟာ သိပ်နောက်မကျသေးဘူးလို့ မျှော်လင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
May 14, 2020
# crd;