Falam Nursing Training School Students’ Union

Falam Nursing Training School Students’ Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Falam Nursing Training School Students’ Union, Education, Falam.

30/04/2022

Just My Opinion..
Social punishment လုပ်ပြီဆိုကတည်းက ကိုယ်နဲ့ ဘယ်လောက်ပဲခင်တဲ့ သူငယ်ချင်း ဖြစ်ပါစေ စစ်ကောင်စီဖက်က ခိုင်းတဲ့အလုပ်၊ ကျောင်းတက်ခိုင်းတာကအစ လိုက်လုပ်လို့၊ စိတ်ဓာတ်က အောက်တန်းကျလွန်းလို့ သူငယ်ချင်းရေစက်ကနေတောင် ဖြတ်ရမှာ... ခုက တစ်ချို့လူတွေ အဲလိုမဟုတ်ဘူး..ကျောင်းတက်တုန်းက ချင်းဂူး တွေမို့လို့... ငယ်သူငယ်ချင်းမို့လို့.. ကိုယ့် crush မို့လို့... ရုပ်ချောတဲ့ မမ ကိုကြီး မို့လို့ ဆိုပြီး ဘက်မလိုက်သင့်ဘူးထင်တယ်။ Socialpunishment list မှာကျ postတွေ ရှဲ ပြီးတော့ အဲဘောမတွေရဲ့ မွေးနေ့တွေကျ Wish မကုန်နိုင်တဲ့ ညီမလေးတွေ၊ သူငယ်ချင်းနဲ့ လူတစ်ချို့၊သူတို့ကျောင်းနေပျော်ပုံတွေ လာတင်တော့လည်း like အားပေးနေတာတွေ ကွန်မန့်တာတွေကကော ဘောမချင်းဂူးကို အားပေးတာနဲ့ တူတူပါပဲ... Socialpunishment က Page Adminတွေပဲ လုပ်ရမယ်လို့ ဆိုလိုတာလားကွယ်...ဒီလိုမျိုးတွေ ကိုတွေ့ရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ.. အဲလိုလုပ်မယ်ဆို socialpunishment က ဘာအကျုံးဝင်တော့မှာလဲ နော်.. တစ်ရွာတည်း တစ်မြို့တည်း တွေမို့၊အချင်းချင်းမို့ နားလည်ပေးတာတို့၊ crush မို့လို့ ဆိုတာတွေ ငြီးငွေ့လာပါပြီ....အပြစ်မရှိ အနာဂတ်အတွက် ပညာရေးအတွက် Democracy အောက်မှာ ကျောင်းတက်နိုင်ရမယ်ဆိုတဲ့ တိုက်ပွဲဝင်နေတဲ့ မောင်လေးညီမငယ်လေးတွေ အစ်ကိုအစ်မတွေ ဆရာဆရာမတွေကိုလည်း တစ်ချက်တစ်ချက် ပြန်မြင်ယောင်ပေးကြပါလား သူငယ်ချင်းတို့...😥😥

ကြေညာချက်အမှတ်။  ။၄/၂၀၂၂                      ရက်စွဲ။  ။၂၀၂၂ ခုနှစ်၊ဧပြီလ၈ရက်။"အမည်ပျက်စာရင်း ကြေညာခြင်း"သူနာပြုသင်တန်းက...
09/04/2022

ကြေညာချက်အမှတ်။ ။၄/၂၀၂၂
ရက်စွဲ။ ။၂၀၂၂ ခုနှစ်၊ဧပြီလ၈ရက်။

"အမည်ပျက်စာရင်း ကြေညာခြင်း"

သူနာပြုသင်တန်းကျောင်း(ဖလမ်း)မှအောက်ဖော်ပြပါ
တတိယနှစ်ကျောင်းသူများသည် Civil Disobedience Movement(CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်မှုမရှိဘဲ
စစ်ကောင်စီ၏ ထိန်းကွပ်မှုအောက်တွင် ဖွင့်လှစ်သောအရည်အသွေးမပြည့်မှီသည့် တရားမဝင်သင်တန်းတက်ကာ ဘွဲ့ရယူခဲ့ကြသော သစ်လွင်သူနာပြုလောက်ကောင်များအား ကြေညာအပ်ပါသည်။

၁။ RN(4) မ ကျောင်သွဲဒိမ့်
၂။ RN(5) မ ကျိန်ငိုက်ဟဲလ်
၃။ RN(6) မ ကျိန်ဒိတ်ဆန်း
၄။ RN(8) မ ကျိန်ရှင်းညောင်
၅။ RN(10) မ ကျိန်ဟောမ်းညောင်
၆။ RN(12) မ ခုပ်လမ့်ကျိန်
၇။ RN(24) မ ဇင့်ရှန်းဝုန်
၈။ RN(25) မ ဇမ်းစန်းဒွန့်
၉။ RN(27) မ ညှင်းဒိမ့်ကျိန်
၁၀။ RN(34) မ ထွေးထွေးညွန့်
၁၁။ RN(44) မ ဗန်နိုင်မွေး
၁၂။ RN(49) မ မေရီတင်သန်း
၁၃။ RN(56) မ မန်ရှင်းနွမ်း
၁၄။ RN(62) မ ရှယ်ရှယ်သန်း
၁၅။ RN(64) မ လာလ်ရွက်မွေးအီး
၁၆။ RN(67) မ လျန်းဟွေ့လဲင်
၁၇။ RN(71) မ ဝေမေလင်း
၁၈။ RN(74) မ ဟန်ဇာသိန်း
၁၉။ RN(75) မ ဟောက်ငိုက်ဝုန်

မှတ်ချက်(RN=Roll Number)

 ကြေညာချက်အမှတ်။   ။၅/၂၀၂၂                    ရကျစှဲ။   ။၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်။"အမည်ပျက်စာရင်း ကြေညာခြင်း"သူနာပြုသင်တန်...
09/04/2022

ကြေညာချက်အမှတ်။ ။၅/၂၀၂၂
ရကျစှဲ။ ။၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်။

"အမည်ပျက်စာရင်း ကြေညာခြင်း"

သူနာပြုသင်တန်းကျောင်း(ဖလမ်း)‌မှ အောက်ဖော်ပြပါ ဒုတိယနှစ်ကျောင်းသူများသည် Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်မှုမရှိဘဲ စစ်ကောင်စီ၏ ထိန်းကွပ်မှုအောက်‌တွင်ဖွင့်လှစ်သော အရည်အသွေးမပြည့်မှီသည့် တရားမဝင်သင်တန်းကို ၂၀၂၂ခုနှစ်၊ မတ်လ ၁၄ရက်နေ့မှစ၍ သွားတက်ခဲ့ကြသော လောက်ကောင်များအား ကြေညာအပ်ပါသည်။

၁။ RN(2)မ ကျိန်ဆင်းဒိတ်
၂။ RN(3)မ ကျိန်ရှန်းစန်နွမ်
၃။ RN(7)မ ချယ်ရီနွယ်
၄။ RN(11)မ စန္ဒာလွန်
၅။ RN(17)မ ဇိုရှန်းဟွန့်
၆။ RN(19)မ နီယာန်ခေါမ်ကိမ်
၇။ RN(20)မ နီယာန်စန်းကိမ်
၈။ RN(21)မ တလောင်နိုင်တီာလ်
၉။ RN(22)မ တီာလ်လဲင်ကိမ်
၁၀။ RN(26)မောင် လျန်ရှန်းဆန်
၁၁။ RN(33)မောင် နန်ဂင့်လျန်
၁၂။ RN(35)မ နိန်လမ့်နီယာန်
၁၃။ RN(37)မောင် ဖွန်ကျင်ထန်
၁၄။ RN(44)မ မန်စန်းဒိမ်
၁၅။ RN(45)မောင် မန်လောမ်ဆန်
၁၆။ RN(46)မ မြသန္တာလင်း
၁၇။ RN(50)မ ရင်နယ်ဆွီး
၁၈။ RN(63)မ ဝုန်ရှန်ငိုက်
၁၉။ RN(68)မောင် ဟက်ပီးဗန်လျန်

(မှတ်ချက်။ ။RN=Roll no.)

ကြေညာချက်အမှတ်။   ။၅/၂၀၂၂                    ရက်စွဲ။   ။၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်။"အမည်ပျက်စာရင်း ကြေညာခြင်း"သူနာပြုသင်တန်း...
08/04/2022

ကြေညာချက်အမှတ်။ ။၅/၂၀၂၂
ရက်စွဲ။ ။၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်။

"အမည်ပျက်စာရင်း ကြေညာခြင်း"

သူနာပြုသင်တန်းကျောင်း(ဖလမ်း)‌မှ အောက်ဖော်ပြပါ ဒုတိယနှစ်ကျောင်းသူများသည် Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်မှုမရှိဘဲ စစ်ကောင်စီ၏ ထိန်းကွပ်မှုအောက်‌တွင်ဖွင့်လှစ်သော အရည်အသွေးမပြည့်မှီသည့် တရားမဝင်သင်တန်းကို ၂၀၂၂ခုနှစ်၊ မတ်လ ၁၄ရက်နေ့မှစ၍ သွားတက်ခဲ့ကြသော လောက်ကောင်များအား ကြေညာအပ်ပါသည်။

၁။ RN(2)မ ကျိန်ဆင်းဒိတ်
၂။ RN(3)မ ကျိန်ရှန်းစန်နွမ်
၃။ RN(7)မ ချယ်ရီနွယ်
၄။ RN(11)မ စန္ဒာလွန်
၅။ RN(17)မ ဇိုရှန်းဟွန့်
၆။ RN(19)မ နီယာန်ခေါမ်ကိမ်
၇။ RN(20)မ နီယာန်စန်းကိမ်
၈။ RN(21)မ တလောင်နိုင်တီာလ်
၉။ RN(22)မ တီာလ်လဲင်ကိမ်
၁၀။ RN(26)မောင် လျန်ရှန်းဆန်
၁၁။ RN(33)မောင် နန်ဂင့်လျန်
၁၂။ RN(35)မ နိန်လမ့်နီယာန်
၁၃။ RN(37)မောင် ဖွန်ကျင်ထန်
၁၄။ RN(44)မ မန်စန်းဒိမ်
၁၅။ RN(45)မောင် မန်လောမ်ဆန်
၁၆။ RN(46)မ မြသန္တာလင်း
၁၇။ RN(50)မ ရင်နယ်ဆွီး
၁၈။ RN(63)မ ဝုန်ရှန်ငိုက်
၁၉။ RN(68)မောင် ဟက်ပီးဗန်လျန်

(မှတ်ချက်။ ။RN=Roll no.)

စာအမှတ်။        ။၃/၂၀၂၂.....ကွယ်လွန်သူ မသဉ္ဇာဟိန်းသည် ၂၀၂၁ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် စစ်အာဏာရှင်လက်ပါးစေတို့၏ ရက်စက်စွာပ...
28/03/2022

စာအမှတ်။ ။၃/၂၀၂၂
.....ကွယ်လွန်သူ မသဉ္ဇာဟိန်းသည် ၂၀၂၁ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် စစ်အာဏာရှင်လက်ပါးစေတို့၏ ရက်စက်စွာပစ်ခတ်ခြင်းကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၁)နှစ် တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ကွယ်လွန်အနိစရောက်ခဲ့သည့်အပေါ် မိမိတို့ ဖလမ်းသူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂအနေဖြင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ နှမြောတသဖြစ်ရပါကြောင်း ဤသဝဏ်လွှာအားပေးပို့အပ်ပါသည်.......

" အကောင်းအတိုင်း ပြန်လာမယ်လို့
အာမ မခံနိုင်တဲ့ခရီးကို သွားရတဲ့အခါ
နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ "

မသဉ္ဇာဟိန်း ကောင်းရာသုဂတိလားပါ‌စေ🙏

အရေးတော်ပုံ ဧကန်မုချ အောင်ရမည်။

၂၈. ၃.၂၀၂၂ #

07/12/2021

ရန်ကုန်မှာကျောင်းတက်နေတဲ့ သူငယ်ချင်းဟောင်းထံသို့

သူငယ်ချင်းရယ် ဘာတွေစဉ်းစားနေတာလဲ?
စိတ်တူကိုယ်တူ ကျောင်းမတက်ဘဲ စစ်အစိုးရကို
ဆန့်ကျင်ကန့်ကွက်ဖို့ အတန်းဖော်တွေတိုင်ပင်ခဲ့တုန်းက စိတ်ထက်သန်ဆုံးက မင်းမဟုတ်လား?

တခြားပြည်နယ်ကကျောင်းသားတွေ
ကျောင်းတက်နေရင်တောင် ချင်းပြည်နယ်မှာနေတဲ့
မင်းကတော့ လုံးဝမတက်သင့်ဘူးလေ။
ဘာလို့ စစ်ခွေးတွေ လုပ်ရက်ကို လျစ်လျူရှုပီး
သူတို့လက်အောက်မှာ ကျောင်းတက်နေတာလဲ?

ရင်နာလိုက်တာ သူငယ်ချင်းရယ်။

"လူတစ်ယာက်နဲ့တစ်ယောက်က ဘဝပေး အခြေနေ
မတူဘူးလေ"ဟုတ်လား?

ငါတို့ စစ်ဘေးရှောင်နေတဲ့ချိန်
မင်းရော စစ်ဘေးရှောင်နေလား
စစ်ဘေးရှောင်တာ ဘယ်လောက်ခက်ခဲလဲ မင်းသိလို့လား?
မင်းပြောတဲ့ ဘဝပေးအခြေနေဆိုတာ ဘာလဲ?

"မိဘ ခက်ခဲနေလို့ ၈သိန်းလျော်ဖို့ အဆင်ပြေမှာ
မဟုတ်ဘူး"တဲ့လား?

ငါ့မိဘဆီမှာ ၈သိန်းမပြောနဲ့ နေဖို့ အိမ်တောင်မရှိတော့ဘူး။ မင်းကတော့ မင်းမိဘပို့တဲ့ပိုက်ဆံနဲ့ ကျောင်းတက် နေနိုင်တာပဲ။မင်းမိဘက တကယ်ရော ငါ့မိဘလောက်
ခက်ခဲနေလို့လား?

"ဘွဲ့မြန်မြန်ယူချင်ပီ ကျောင်းပီးချင်ပီ"ဟုတ်လား?
ငါလည်း ၃လလောက်ကျောင်းဆက်တက်ပီး ဘွဲ့ယူဖို့ ပျင်းတဲ့လူလို့ထင်နေတာလား?

မဟုတ်ဘူးလေ သူငယ်ချင်း

ငါတို့လည်း ဘဝပေးအခြေနေကောင်းလို့
ငါ့မိဘမှာ၈သိန်းလျော်ဖို့ ပိုက်ဆံပေါများနေလို့
ဘွဲ့မြန်မြန်ယူဖို့ ပျင်းလို့ ကျောင်းမတက်တာမှ
မဟုတ်တာ
ငါတို့လူမျိုးတွေက အသက်အိုးအိမ်တွေ စတေးပြီး
ဒီမိုကရေစီရဖို့ ကြိုးစားရုန်းကန်နေတဲ့ချိန်မှာ
ငါတို့က တစ်ကိုယ်ကောင်းဆန်ပြီး စစ်အစိုးရ
လက်အောက်မှာကျောင်းတက်နေစရာအကြောင်းမရှိဘူး။

မင်းလည်း စစ်အစိုးရကို ထောက်ခံတဲ့သူ မဟုတ်ခဲ့သလို စစ်ခွေးတွေ လုပ်ရက်ကို ကျေနပ်တဲ့သူ မဟုတ်ခဲ့ဘူးလေ။

တခါလောက် ငါတို့ ချင်းပြည်နယ်မှာ စစ်ခွေးတွေ ဘယ်လို ရက်စက်လဲဆိုတာ ပြန်တွေးကြည့်စမ်းပါ
ဘယ်လောက်ရက်စက်ခဲ့လဲ ဆိုတာ သိသိရက်နဲ့
မင်းမိသားစုက ဘာမှမထိခိုက်လို့၊ မင်းကျောင်းတက်နေလည်း ဘာမှမဖြစ်ပါဘူး ဆိုတဲ့အတွေးနဲ့ ကျောင်းဆက် တက် မယ်ဆိုရင်တော့...
မင်းက
စစ်ခွေးတွေထက်ပိုပီး ရက်စက်တဲ့သူ
ကိုယ့်လူမျိုးဒုက္ခရောက်နေတာကို လျစ်လျူရှုတဲ့
တစ်ကိုယ်ကောင်းဆန်သမားဆိုတာ ကိုယ့်ကိုကိုယ်မမေ့နဲ့ ဘယ်တော့မှ ဘဝကို လိပ်ပြာသန့်သန့်
မဖြတ်သန်းမိစေနဲ့။

"ကျောင်းတက်တာလေးများ ဘာမှမဖြစ်ပါဘူး"လို့ မတွေးမိစေနဲ့ အဲ့လိုသေးမွှားလေး ကိစ္စတွေ လျစ်လျူရှုတဲ့သူတွေကြောင့် ငါတို့လူမျိုးခံနေရတာ မင်းလည်း ရှင်းရှင်းလင်းလင်းသိရှိနားလည်ပါတယ်။
နားလည်ရက်သားနဲ့ အဲ့အသေးမွှားကိစ္စကို
ဆက်လုပ်တဲ့ မင်းက စစ်ခွေးတွေနဲ့မခြား
ကိုယ့်လူမျိုး ကိုယ့်သူငယ်ချင်းတွေအပေါ်
သစ္စာဖောက်သမားဆိုတာ မင်းလူမျိုးနဲ့
မင်းသူငယ်ချင်းတွေမေ့သွားခဲ့ရင်တောင်
မင်းကိုယ်တိုင်တော့ ဒီတစ်သက် မှတ်မိနေပါ။

#ပြီးတော့ ကိုယ့်လူမျိုးတွေကိုစစ်ခွေးတွေက
နှိပ်စက်တဲ့အကြောင်းကို စိတ်မကောင်းသလိုလိုနဲ့
နောက်ထပ် fbပေါ်မှာ shareမနေနဲ့တော့
မင်းလည်း ကြံရာပါဆိုတာ မမေ့နဲ့။
သိုးယောင်ဆောင်သော မြေခွေးလေ။

"ခွပ်ဒေါင်းတွန်သံ မိုးသို့ညံအဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ"(Eng Version below) မြန်မာနိုင်ငံ့ရေးလှုပ်ရှားမှုသမိုင်းတွင် ခေတ...
20/09/2021

"ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ
အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ"
(Eng Version below)

မြန်မာနိုင်ငံ့ရေးလှုပ်ရှားမှုသမိုင်းတွင် ခေတ်အဆက်ဆက်ကျောင်း သားမျိုးဆက်အသီးသီးတို့သည် ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးလွှင့်ထူပြီး
တပ်ဦးမှ တိုက်ပွဲဝင်ခဲ့ကြသည်။ ပထမကျောင်းသားသပိတ်၊ ဒုတိယကျောင်းသားသပိတ်၊ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ၊ ၈၈၈၈ လူထုအရေးတော်ပုံ၊၂၀၁၅ ပညာရေးသပိတ်မှသည် ယနေ့အချိန်အထိ ကျောင်းသားမျိုးဆက်အသီးသီးတို့၏ တော်လှန်စိတ်ဓာတ်နှင့် ခွပ်ဒေါင်းသွေးတို့သည် စီးဆင်းနေမြဲဖြစ်သည်။ မြန်မာ့နွေဦးတော်လှန်ရေးတွင် ခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားသမဂ္ဂအသီးသီးတို့သည် စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ပြီး လမ်းမပေါ်က သပိတ်တိုက်ပွဲများ၊ CDM လှုပ်ရှားမှုကို ထောက်ပံ့ကူညီမှုများ၊ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများတွင် တပ်ဦးမှ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိသည်။

​မြန်မာ့နွေဦးတော်လှန်ရေး ကနဦးကာလတွင် ကျောင်းသားပြည်သူတရပ်လုံးက "စစ်အာဏာရှင်စနစ်ကို တော်လှန်သည့် နောက်ဆုံးမျိုးဆက်
ဖြစ်ရမည်"ဟုလည်းကောင်း၊ "အဆုံးသတ်တိုက်ပွဲ ဆင်နွဲကြ" ဟူ၍လည်းကောင်း ကြွေးကြော်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် မိမိတို့ ကြွေးကြော်ခဲ့ကြသည့်အတိုင်း စကားနောက် တရားပါအောင် ဆောင်ရွက်ကြဖို့ လိုအပ်သည်။ ကျောင်းသားပြည်သူတရပ်လုံးက ညီညွတ်စွာ ပါဝင်တော်လှန်ကြမှသာ "အဆုံးသတ်တိုက်ပွဲ"သည် အမှန်လက်တွေ့ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖက်ဆစ်ဝါဒနှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ဖျက်နိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု၊ CDM လှုပ်ရှားမှုနှင့် သပိတ်တိုက်ပွဲများအပါအဝင် တော်လှန်ရေးနှင့်ပက်သက်သည့် လှုပ်ရှားမှုတိုင်းကို ထိထိရောက်ရောက် ပါဝင်ကူညီ တိုက်ပွဲဝင်ကြရန် ကျောင်းသားပြည်သူအပေါင်းတို့ကို ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

In the history of the Burmese political movement, generations of students have raised the peacock flag to the highest level and fought at front line. From the First student strike, Second student strike, the Seventh July Uprising, the 8888 uprising, the 2015 education strike to this present day, the revolutionary blood and spirit of various generations of students still runs red in our veins.

During the Burmese Spring Revolution, under the peacock flag, various student unions boycotted the military education system, staged street protests, supported the CDM movement, led an armed insurgency and fought at frontlines.

At the beginning of the Burmese Spring Revolution, the entire student population stated " We must be the last generation to revolt against the military dictatorship." "We must take necessary actions to achieve what we have proclaimed".

The "final battle" can only be won if the entire student body unites in the revolution.
Our student unions urge all students to take an active part in all revolutionary activities, including the CDM movement, the strikes and the armed uprising for the complete overthrow of fascism and the military dictatorship.

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

"ဖက်ဆစ်ထုတ်ကုန် အားမပေး ငါတို့ အနာဂတ်အရေး"အာဏာသိမ်းခါစက ဖက်ဆစ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။သို့ရာတွင် ယခုအခါ အချ...
18/09/2021

"ဖက်ဆစ်ထုတ်ကုန် အားမပေး ငါတို့ အနာဂတ်အရေး"

အာဏာသိမ်းခါစက ဖက်ဆစ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။သို့ရာတွင် ယခုအခါ အချို့ပြည်သူများက မေ့မေ့လျော့လျော့ဖြင့်ပြန်လည် သုံးစွဲနေကြတာကို တွေ့ရပါတယ်။အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ယန္တရားကြီးကို အပြီးတိုင် ရပ်ဆိုင်းပစ်ဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက အတူတကွ ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ တောခိုနေတဲ့ ရဲဘော်ရဲဘက်တွေက သူတို့တတ်စွမ်းသမျှ လုပ်ပေးနေတုန်းမှာ တောမခိုနိုင်တဲ့ မြို့ပေါ်နေ ပြည်သူတို့အနေနဲ့လဲ ကိုယ်တတ်နိုင်တာကို ကြိုးစားလုပ်ပေးဖို့ လိုအပ်ပါတယ်။ တောခိုနေသူတို့အတွက် လိုအပ်တာ လှူဒါန်းပေးတဲ့ နည်းတူစွာပဲ တစ်ဖက်က စစ်ကောင်စီဆီကို ငွေဝင်မယ့် လမ်းကြောင်းတွေကိုလဲ ဖျက်ဆီးပစ်ရပါမယ်။ အဲ့အတွက် စစ်တပ်ပိုင်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။

သပိတ်မမှောက်ရင်ရော ဘာဖြစ်လို့လဲ?
သပိတ်မမှောက်ဘူးဆိုရင် စစ်တပ်ဘက်ကို ငွေဝင်စီးကြောင်း ရှိနေတဲ့အတွက် ပြည်သူတွေကို သတ်ဖြတ်မယ့် ကျည်ဆန်ဖိုး၊ လက်နက်ကြီးတွေ စသဖြင့် ဝယ်လို့ရအောင် ကူညီပေးသလို ဖြစ်သွားပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ကို ပြန်ပစ်ဖို့ ကျည်ဖိုး ရှာပေးတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကိုယ့်ဆီကငွေ တစ်ပြားတစ်ချပ်မှ စစ်တပ်ဘက်ကို ရောက်မသွားဖို့အတွက် သေချာသပိတ်မှောက်ကြရပါမယ်။

ဘာတွေကို သပိတ်မှောက်ကြမလဲ?
အခုအချိန်မှာ မြန်မာဘီယာတို့ Rubyတို့ စတဲ့ စစ်တပ်ပိုင် ပစ္စည်းတွေကို ပြန်ပြီးသုံးနေတာတွေ ရှိလာပါတယ်။ ဒါကြောင့် စီးကရက်၊ ဘီယာစတဲ့ လူသုံးများတဲ့ ထုတ်ကုန်နဲ့ပတ်သတ်ပြီး သပိတ်မှောက်ရမယ့် ထုတ်ကုန်များကို ဖော်ပြပေးလိုပါတယ်။ ဘီယာမှာဆိုရင် Myanmar Beer, Myanmar Premium Beer, Adaman Gold, Dagon Beer, Mandalay Beer နဲ့ Black Shield တို့ဖြစ်ပြီး စီးကရက်ထုတ်ကုန်တွေက Red Ruby နဲ့ Premium Gold တို့ ဖြစ်ပါတယ်။

သပိတ်မှောက်တာကို ပိုထိရောက်အောင် ဘယ်လိုလုပ်မလဲ?
ဈေးကွက်ကွန်ရက်ဟာ အဓိကက ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ဝယ်ယူသူဆိုပြီး ကွင်းဆက်ကြီးရှိပါတယ်။ ဝယ်သူရှိလို့ ရောင်းသူရှိတယ်၊ ရောင်းသူရှိလို့ ထုတ်သူရှိတယ်၊ ထုတ်သူရှိလို့ ဝယ်သူရှိတယ်။ အဲ့အတွက် ကွင်းဆက်ဖြတ်ဖို့အတွက် အဓိကအခြေခံအနေနဲ့ ဝယ်သူတွေကစပြီး ဖြတ်ပစ်ကြပါမယ်။ တပ်ပိုင်းထုတ်ကုန်မှန်သမျှ မဝယ်ယူ၊ အားမပေးဘဲ နေပါမယ်။ ထိုနည်းလည်းကောင်း ရောင်းသူတို့ကလဲ တပ်ပိုင်းပစ္စည်းဆို ဆိုင်ပေါ်မတင်၊ မရောင်းချဘဲ နေရပါမယ်။

အခု Mytel Tower တွေ ကျိုးတဲ့အခါ စစ်တပ်ဘက်က အထိနာနေပါတယ်။ ဘီယာနဲ့ စီးကရက်က တိုင်ချိုးသလို သွားချိုးလို့မရတဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေဘဲ မဝယ်ယူ၊ မသုံးစွဲ၊ မရောင်းချ၊ အားမပေး ဆိုပြီးတော့ပဲ တတ်နိုင်သမျှ သပိတ်မှောက်ဖို့လိုအပ်ပါတယ်။

"ကိုယ်တစ်ယောက်မလုပ်လည်း ဘာမှမဖြစ်ပါဘူး"ဆိုပြီးနေမယ်ဆိုရင် ကိုယ်လိုလူတွေတစ်စတစ်စများလာမယ်ဆိုရင် ဖြစ်လာမယ့်ငွေတွေက စစ်တပ်ကို အကျိုးအမြတ် အကြီးကြီးပေးသလို ဖြစ်သွားစေတဲ့အတွက် ပြည်သူတစ်ရပ်လုံးအနာဂတ်အတွက် ဖက်ဆစ်ထုတ်ကုန်မှန်သမျှသပိတ်မှောက်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#သတင်းနှင့်ပြန်ကြားရေး

"ကျောင်းသားသမဂ္ဂများမှပူးတွဲကြေညာချက်"[English Version below]ဤကြေညာချက်အား ပြည်တွင်းပြည်ပကျောင်းသားသမဂ္ဂ (၂၄၆)ဖွဲ့မှ ထုတ...
10/09/2021

"ကျောင်းသားသမဂ္ဂများမှပူးတွဲကြေညာချက်"
[English Version below]

ဤကြေညာချက်အား ပြည်တွင်းပြည်ပကျောင်းသားသမဂ္ဂ (၂၄၆)ဖွဲ့မှ ထုတ်ပြန်သည်။

"Joint Statement of Students’ Unions"

This statement is signed by (246) students' unions from local and diaspora.

# FNTSSU

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ ဖွဲ့စည်းပြီးကြောင်း ကြေညာချက်။နေ့စွဲ။ ၁၀.၉.၂၀၂၁တိုင်းနှင့်...
10/09/2021

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ ဖွဲ့စည်းပြီးကြောင်း ကြေညာချက်။
နေ့စွဲ။ ၁၀.၉.၂၀၂၁

တိုင်းနှင့်ပြည်နယ် (၁၅) ခုမှာ ရှိကြသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွေမှာ CDM အဖြစ်ပါဝင်‌ေနကြသော ဆရာ၊ဆရာမများ၊ ‌ဝန်ထမ်းများ၊ ကျောင်းသား၊သူများ ပါဝင်ပြီး ယာယီကောင်စီဖွဲ့စည်းနိုင်ခဲ့ပါပြီ။ သမိုင်းသစ်စာမျက်နှာသစ်ဖွင့်လှစ်ပြီး ပိုမိုကောင်းမွန်သောပညာရပ်ဝန်း တစ်ခုပေါ်ထွန်းနိုင်အောင် ရည်ရွယ်ချက်ကောင်းများနဲ့ ဆက်လက်အတူတူကြိုးစားကြပါမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပုံ/ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ

အ​ရေး​ပေါ်အ​ခြေအ​နေနှင့် ပတ်သက်၍ ​ဖလမ်းသူနာပြုသင်တန်းကျောင်း ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်​ကြေညာချက်။ ကြေညာချက်အမှတ်။     ။၂...
07/09/2021

အ​ရေး​ပေါ်အ​ခြေအ​နေနှင့် ပတ်သက်၍ ​ဖလမ်းသူနာပြုသင်တန်းကျောင်း ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်​ကြေညာချက်။

ကြေညာချက်အမှတ်။ ။၂/၂၀၂၁

ရက်စွဲ။ ။ ၀၇/ ၀၉/ ၂၀၂၁။

Address

Falam

Website

Alerts

Be the first to know and let us send you an email when Falam Nursing Training School Students’ Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Falam Nursing Training School Students’ Union:

Shortcuts

Share

Category