23/08/2026
အလှူတွေ အထဲမှာမှ မွန်မြတ်တဲ့ အလှူတစ်ခုကတော့ အသိပညာ ဉာဏ်အလင်းဆီမီးကို ထွန်းညှိပေးနိုင်တဲ့ စာအုပ်စာပေ အလှူ၊ တနည်းဆိုသော် စာပေဒါန ပဲ ဖြစ်ပါတယ်။
ထားဝယ်မြို့က စာပေချစ်သူများ စိတ်ကြိုက်ရွေးခြယ်ဖတ်ရှုနိုင်ရန် အတွက် Dawei Millennium Centre စာကြည့်တိုက် ကို သုတ၊ ရသ စာအုပ်ပေါင်း - ၃၆၀ အုပ် သဒ္ဒါထက်သန်စွာနဲ့ လှူဒါန်းပေးပါသော ကိုထွန်းနေထွန်း အား DMC အဖွဲ့သားများက လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါရစေ။
မွန်မြတ်လှတဲ့ စာပေမျိုးစေ့ချ ဒါနကုသိုလ်ကြောင့် ကိုထွန်းနေထွန်း နှင့် မိသားစု စီးပွါးရေး ဒီရေအလားတိုးတက်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ကောင်းကျိုးလိုအင်ဆန္ဒအဝဝ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။