Du Won ကိုယ်ပိုင်အလယ်တန်းကျောင်း

Du Won ကိုယ်ပိုင်အလယ်တန်းကျောင်း

Share

လှပတဲ့ ဘဝရဲ့ အရုဏ်ဦးဆီသို့ လမ်းညွှန်ဖို့ အလင်းလက်ဆုံးတောက်ပနေမယ့် Du Won ကျောင်းတော် ❣️

11/05/2026

🎉 အကောင်းဆုံးတွေပေးဖို့ အကောင်းဆုံးပြင်ဆင်ထားတဲ့ "ဓူဝံ ကျောင်းတော်"

🌟 Du Won မှာ ဘာတွေ ထူးခြားသလဲ?
✅ ၂၁ ရာစု နည်းပညာအခြေပြု စာသင်ခန်းများ (High-End Facilities) စာအုပ်ကြီးအတိုင်း သင်နေရတဲ့ခေတ် မဟုတ်တော့ပါဘူး။ စာသင်ခန်းတိုင်းမှာ Projector, Speaker များ တပ်ဆင်ထားတဲ့ Media Classrooms များဖြစ်လို့ ကလေးငယ်တွေ ပျော်ရွှင်စွာနဲ့ ဗဟုသုတတွေကို ထိတွေ့သင်ယူနိုင်မှာပါ။

✅ Modern & Safe Environment သန့်ရှင်းတောက်ပတဲ့ ကြွေပြားခင်း စာသင်ခန်းများ၊ လှပတဲ့မီးဆိုင်းများနှင့် ခေတ်မီအဆင့်မြင့် Facilities များက ကလေးငယ်တွေကို စိတ်ကူးစိတ်သန်းကောင်းစေပြီး မိမိအိမ်လို နွေးထွေးလုံခြုံတဲ့ "ဘေးကင်းလုံခြုံသော ဥယျာဉ်တော်" အဖြစ် ခံစားရစေမှာပါ။

✅ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (English Language Skills) စာမေးပွဲအောင်ရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်တဲ့ Listening & Speaking Skills တွေကို အထူးအလေးပေး လေ့ကျင့်ပေးပါတယ်။ နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်ကြောင့် ကလေးငယ်များ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်လာပါမယ်။

✅ ကိုယ်ကျင့်တရားနှင့် ဘက်စုံဖွံ့ဖြိုးမှု (Holistic Development) ပညာတတ်ရုံတင်မကဘဲ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ရိုသေကိုင်းရှိုင်းခြင်း၊ စာနာစိတ်ရှိခြင်းနှင့် ခိုင်မာသော ကိုယ်ကျင့်တရားရှိသူများ ဖြစ်လာအောင် စိတ်ရှည်စွာ ပုံသွင်းပျိုးထောင်ပေးပါတယ်။
________________________________________
🎯 Du Won ကျောင်းတော်ဟာ ကလေးတိုင်း သူတို့ရဲ့ ကိုယ်ပိုင်အလှတရားတွေနဲ့ အစွမ်းကုန် ပွင့်လန်းခွင့်ရမယ့် နေရာတစ်ခု ဖြစ်စေရပါမယ်။
• Critical Thinking & Creativity: ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် တီထွင်ဖန်တီးနိုင်စွမ်း ရှိစေရမည်။
• Lifelong Learners: စဉ်ဆက်မပြတ် သင်ယူလိုစိတ်ရှိသော ပညာလိုလားသူများ ဖြစ်လာစေရမည်။
• Success & Morality: လိမ္မာထူးချွန်သော လူကောင်းလူတော်လေးများ ဖြစ်လာစေရမည်။
✨ လှပတဲ့ဘဝရဲ့ အာရုဏ်ဦးဆီသို့ လမ်းညွှန်ဖို့ "ဓူဝံ" နဲ့ အတူ လက်တွဲလိုက်ပါ။ ✨
ဆက်သွယ်စုံစမ်းလိုပါက
🏚အမှတ် (၄၂၇) ၊ ပုံကျွန်းလမ်း၊ ပုံကျွန်းရပ်၊ ထားဝယ်မြို့။
☎️ ဖုန်း - ၀၉ ၇၈၈ ၀၄၀ ၇၅၈

Photos from Du Won ကိုယ်ပိုင်အလယ်တန်းကျောင်း's post 19/03/2026

✨ လှပတဲ့ဘဝရဲ့ အာရုဏ်ဦးဆီသို့ လမ်းညွှန်ဖို့ အလင်းလက်ဆုံး တောက်ပနေမယ့် . . . "ဓူဝံ" (Du Won) ကျောင်းတော် ✨
❣️ "ပန်းတစ်ပွင့် လှပစွာ ပွင့်လန်းဖို့ဆိုတာ မြေဆီလွှာကောင်းရုံနဲ့ မရသလို၊ ရေလောင်းရုံနဲ့လည်း မလုံလောက်ပါဘူး။" စိုက်ပျိုးသူရဲ့ ဂရုစိုက်မှု၊ စိတ်ရှည်မှုနဲ့ အချိန်ပေးမှုတွေကသာ ထိုပန်းလေးကို ရနံ့သင်းပျံ့တဲ့ ပန်းတစ်ပွင့် ဖြစ်လာစေတာပါ။
သင့်ရင်သွေးငယ်ကို ခေတ်ပညာလည်းတတ်၊ ကိုယ်ကျင့်တရားလည်းကောင်းမွန်တဲ့ "လူရည်မွန်" လေးတွေအဖြစ် မြင်တွေ့ချင်ပါသလား? Du Won ကိုယ်ပိုင်အလယ်တန်းကျောင်း မှာ အားလုံးကို ပြင်ဆင်ထားပြီးသားပါ။
🌟 Du Won မှာ ဘာတွေ ထူးခြားသလဲ?
✅ ၂၁ ရာစု နည်းပညာအခြေပြု စာသင်ခန်းများ (High-End Facilities) စာအုပ်ကြီးအတိုင်း သင်နေရတဲ့ခေတ် မဟုတ်တော့ပါဘူး။ စာသင်ခန်းတိုင်းမှာ Projector, Speaker များ တပ်ဆင်ထားတဲ့ Media Classrooms များဖြစ်လို့ ကလေးငယ်တွေ ပျော်ရွှင်စွာနဲ့ ဗဟုသုတတွေကို ထိတွေ့သင်ယူနိုင်မှာပါ။
✅ Modern & Safe Environment သန့်ရှင်းတောက်ပတဲ့ ကြွေပြားခင်း စာသင်ခန်းများ၊ လှပတဲ့မီးဆိုင်းများနှင့် ခေတ်မီအဆင့်မြင့် Facilities များက ကလေးငယ်တွေကို စိတ်ကူးစိတ်သန်းကောင်းစေပြီး မိမိအိမ်လို နွေးထွေးလုံခြုံတဲ့ "ဘေးကင်းလုံခြုံသော ဥယျာဉ်တော်" အဖြစ် ခံစားရစေမှာပါ။
✅ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (English Language Skills) စာမေးပွဲအောင်ရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်တဲ့ Listening & Speaking Skills တွေကို အထူးအလေးပေး လေ့ကျင့်ပေးပါတယ်။ နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်ကြောင့် ကလေးငယ်များ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်လာပါမယ်။
✅ ကိုယ်ကျင့်တရားနှင့် ဘက်စုံဖွံ့ဖြိုးမှု (Holistic Development) ပညာတတ်ရုံတင်မကဘဲ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ရိုသေကိုင်းရှိုင်းခြင်း၊ စာနာစိတ်ရှိခြင်းနှင့် ခိုင်မာသော ကိုယ်ကျင့်တရားရှိသူများ ဖြစ်လာအောင် စိတ်ရှည်စွာ ပုံသွင်းပျိုးထောင်ပေးပါတယ်။
________________________________________
🎯 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ် (Our Guarantee)
Du Won ကျောင်းတော်ဟာ ကလေးတိုင်း သူတို့ရဲ့ ကိုယ်ပိုင်အလှတရားတွေနဲ့ အစွမ်းကုန် ပွင့်လန်းခွင့်ရမယ့် နေရာတစ်ခု ဖြစ်စေရပါမယ်။
• Critical Thinking & Creativity: ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် တီထွင်ဖန်တီးနိုင်စွမ်း ရှိစေရမည်။
• Lifelong Learners: စဉ်ဆက်မပြတ် သင်ယူလိုစိတ်ရှိသော ပညာလိုလားသူများ ဖြစ်လာစေရမည်။
• Success & Morality: လိမ္မာထူးချွန်သော လူကောင်းလူတော်လေးများ ဖြစ်လာစေရမည်။
✨ လှပတဲ့ဘဝရဲ့ အာရုဏ်ဦးဆီသို့ လမ်းညွှန်ဖို့ "ဓူဝံ" နဲ့ အတူ လက်တွဲလိုက်ပါ။ ✨
ဆက်သွယ်စုံစမ်းလိုပါက
🏚အမှတ် (၄၂၇) ၊ ပုံကျွန်းလမ်း၊ ပုံကျွန်းရပ်၊ ထားဝယ်မြို့။
☎️ ဖုန်း - ၀၉ ၇၈၈ ၀၄၀ ၇၅၈

Photos from Du Won ကိုယ်ပိုင်အလယ်တန်းကျောင်း's post 11/02/2026

✨ လှပတဲ့ဘဝရဲ့ အာရုဏ်ဦးဆီသို့ လမ်းညွှန်ဖို့ အလင်းလက်ဆုံးတောက်ပနေမယ့် Du Won ကျောင်းတော် ...

❣️ Du Won ကိုယ်ပိုင်အလယ်တန်းကျောင်းသို့ မြို့နယ်ပညာရေးမှူးအဖွဲ့မှ ကျောင်းရဲ့သင်ကြားရေးစီမံထားမှုများ၊ စာကြည့်တိုက်ပြင်ဆင်ထားမှုများစတဲ့အချက်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုကိုခံယူပြီး နွေးထွေးပျူငှာစွာဖြင့်ရင်းရင်းနှီးနှီးတွေ့ဆုံဧည့်ခံဖြစ်သည့် ရင်ခုန်ခဲ့ရသော ပီတိဖြစ်ရသော အမှတ်တရနေ့လေးဖြစ်ခဲ့ပါတယ်။

❣️ ပန်းတစ်ပွင့် လှပစွာ ပွင့်လန်းလာဖို့ဆိုတာ မြေဆီလွှာကောင်းရုံနဲ့မရသလို၊ ရေလောင်းရုံရုံနဲ့လည်း မလုံလောက်ပါဘူး။ စိုက်ပျိုးသူရဲ့ ဂရုစိုက်မှု၊ စိတ်ရှည်မှုနဲ့ အချိန်ပေးမှုတွေကသာ ထိုပန်းလေးကို ရနံ့သင်းပျံ့တဲ့ ပန်းတစ်ပွင့် ဖြစ်လာစေတာပါ။

🔸 Du Won ကိုယ်ပိုင်အလယ်တန်းကျောင်းကို တည်ထောင်ရခြင်း ရည်ရွယ်ချက်ကလည်း ဒီသဘောတရားအတိုင်းပါပဲ။

❣️ ပညာရေးဆိုတာ အလျင်စလိုလုပ်လို့ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ကလေးတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ရှာဖွေဖော်ထုတ်ပေးဖို့ဆိုတာ အချိန်နဲ့ စိတ်ရှည်မှု အများကြီးလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ အပေါ်ယံ အောင်မြင်မှုထက် ခိုင်မာတဲ့ ကိုယ်ကျင့်တရားနဲ့ အသိပညာ အုတ်မြစ်ကို တစ်ဆင့်ချင်းစီ စိတ်ရှည်စွာ တည်ဆောက်ပေးသွားချင်လို့ ဖြစ်ပါတယ်။

❣️ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ ပုံစံမတူ၊ အရောင်မတူတဲ့ ပန်းလေးတွေနဲ့ တူပါတယ်။ တစ်ချို့က စောစောပွင့်တယ်၊ တစ်ချို့က အချိန်ယူပြီးမှ ပွင့်လန်းကြတယ်။ ကျွန်တော်တို့ရဲ့ Du Won ကျောင်းဟာ ပန်းတိုင်း သူတို့ရဲ့ ကိုယ်ပိုင်အလှတရားတွေနဲ့ အစွမ်းကုန် ပွင့်လန်းခွင့်ရမယ့်၊ ဘေးကင်းလုံခြုံတဲ့ ဥယျာဉ်တော်လေးတစ်ခု ဖြစ်စေရပါမယ်။

❣️ အစွမ်းကုန် မြင့်မားပြီး ဂုဏ်တင့်ရုံသာမက၊ လောကကြီးကို အလှဆင်ပေးနိုင်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေဖို့ ၊ အတန်းပညာသာမက၊ အတတ်ပညာနဲ့ လူမှုဆက်ဆံရေး နယ်ပယ်ပါ
ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

❣️ ပန်းမာလာတို့ လန်းဖြာကာ ၊ အစွမ်းကုန်မြင့်၍ ပန်းဂုဏ်တင့်စေမယ့် ကျောင်းတော်ဖြစ်ဖို့ အမြဲကြိုးစားနေပါမယ်။

Photos from Technoland ICT Institute's post 01/07/2020
07/06/2020
02/06/2020

မျှော်ရစ်ဘုရား ဆည်းဆာနေညိုချိန် ပန်းချီကားလေး

29/05/2020
ဇူလိုင် ၂၁ရက်တွင် အထက်တန်းကျောင်းများ စတင်ဖွင့်မည် 26/05/2020

ဇူလိုင် ၂၁ရက်တွင် အထက်တန်းကျောင်းများ စတင်ဖွင့်မည်

ဇူလိုင် ၂၁ရက်တွင် အခြေခံပညာ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်ပတ်ကြားပြီးနောက် အခြေအနေအပေါ်မှုတည်ပြီး အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို အဆင့်လိုက်ဖွင့်လှစ်သွားရန် ပြင်ဆင်ထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနက ယခင် မူလတန်းမှစတင်ဖွင့်လှစ်ရန် ပြင်ဆင်ရန်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့စကားကို နားထောင်ခြင်းသည့်အနေဖြင့် ယခုကဲ့သို့ မူလတန်းမှစတင်ဖွင့်လှစ်မည့် အစား အထက်တန်းဆင့်မှ ဖွင့်လှစ်ရန်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

“ဗဟိုကော်မတီက ဇူလိုင် ၂၁ရက်မှာဖွင့်ဖို့ ညွှန်ကြားချက်ထွက်လာပါပြီ။ အထက်တန်းကနေစဖွင့်ဖို့ဆိုတာလည်း ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလို မူလတန်း ကလေးတွေအစား အထက်တန်းအဆင့်ကျောင်းသားတွေက ပိုနည်းတဲ့အတွက် Social Distancingလုပ်ရင် ပိုပြီးသင့်တော်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ’’ဟု ဒေါက်တာတင်မောင်ဝင်း ကပြောသည်။

လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ထုတ်ပြန်မည်ဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်ကို အစိုးရ ကျောင်းအပြင် ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပါ လိုက်နာရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ရောဂါထိန်းချုပ်ရေး ဥပဒေအရ အရေးယူခံရမည်ဟု ဒေါက်တာတင်မောင်ဝင်းဆက် ပြောသည်။

“ကျောင်းဖွင့်ရက် ထုတ်ပြန်ပြီဆိုကတည်းက ထုတ်ပြန်ချက်အတိုင်း အဆင့်လိုက်ဖွင့်ရမယ့် အတန်းတွေကိုလည်း အဆင့်လိုက်ပဲဖွင့် ရပါလိမ့်မယ်။ ဒါက ပုဂ္ဂလိကကျောင်းရော၊ ဘက ကျောင်းရော အားလုံးလိုက် နာရမယ်။လိုက်နာမှုမရှိဘဲ တစ်စုံပြဿဖြစ်လာရင် ရောဂါထိန်းချုပ်ရေး ဥပဒေနဲ့အရေးယူခံရမယ်’’ ဟု ဒေါက်တာ တင်မောင်ဝင်းကပြောသည်။

ဆရာကိုင်သင်ရိုးသစ်စာအုပ်များ စောစီးစွာရရှိထားသော ပုဂ္ဂလိကကျောင်းအချို့က မေလဆန်းကစပြီး အွန်လိုင်း သင်ကြားလျက်ရှိပြီး စိန်ခေါ်မှုအမှန်တကယ်ရှိမည့်ဆိုပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်ကြောင်း ဘုန်တော်ကြီးသင်ပညာရေးကျောင်းများဖွံ့ဖြိုးရေအဖွဲ့လုပ်ငန်းညှိနှိုင်ုရေးမှုး ဦးဝင်းနိုင်က မြန်မာ့တိုင်းနှင့် သီးခြားအင်တာဗျူးတစ်ခုတွင်ပြောသည်။

ဇူလိုင် ၂၁ရက်တွင် အထက်တန်းကျောင်းများ စတင်ဖွင့်မည် ဇူလိုင် ၂၁ရက်တွင် အခြေခံပညာ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်ပတ်ကြားပြီးနောက် အခြေအနေအပေ...

25/05/2020
Want your school to be the top-listed School/college in Dawei?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Dawei
14011