အောင်မြင်မှုဆီဆက်လျှောက်ကြမယ်🏆
Dawei
I K O Matsushima Myanmar, Tanintharyi Branch, Dawei -KURO OBI DOJO
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I K O Matsushima Myanmar, Tanintharyi Branch, Dawei -KURO OBI DOJO, Martial Arts School, (406), Yadana Street, Talinema Quarter, Dawei City, Dawei.
ဤသင်တန်းသည် ထားဝယ်ဒေသအတွင်း မျိုးဆက်သစ်ကရာတေးသမားများ ပေါ်ထွက်လာရေးအတွက်ရည်ရွယ်၍ ကျို့ခ်ရှင်းကရာတေးပညာကို အစဉ်တစိုက်ကြိုးစားသင်ကြားလျက်ရှိပါသည်။သင်တန်းမှူးနာမည်မှာ ဆရာရဲအောင်ဖြစ်ပြီး ကျို့ခ်ရှင်းကရာတေး Black Belt 4th Dan အဆင့်ရှိသူဖြစ်သည်။
ရှေးဆရာကြီးတွေ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။
"ကရာတေးဟာ ခန္ဓာကိုယ်ရဲ့ လက်မောင်းတစ်ခုဆိုရင်၊ ကိုဘူဒိုဟာလည်း နောက်ထပ် လက်မောင်းတစ်ခုပဲ" တဲ့။ဒါကြောင့်လည်း Kyokushin ရဲ့ "အပြင်းထန်ဆုံး" ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ခန္ဓာကိုယ်ကို သံမဏိလိုမာအောင် လေ့ကျင့်ပြီးရင်၊ ကျွန်တော်တို့က Nunchaku (နှစ်ဆစ်ချိုးတုတ်)၊ Tonfa (လက်ကိုင်တုတ်) နဲ့ K**a (တံစဉ်) စတဲ့ ကိုဘူဒိုလက်နက်တွေကိုဆက်ပြီးလေ့ကျင့်ကြပါတယ်။ဒါဟာ လက်မဲ့တိုက်ခိုက်ရေးမှာ ရှိနှင့်ပြီးသား ခန္ဓာကိုယ်ရဲ့ အရှိန်အဟုန် (Body Dynamics) တွေကို လက်နက်တွေဆီစီးဆင်းကူးပြောင်း အသုံးချတတ်ဖို့ ဖြစ်ပါတယ်။
ဆရာရဲအောင်
Kyokushinကရာတေးသမားတစ်ယောက်အတွက် ကရာတေးကပေးတဲ့ ခိုင်မာတဲ့အခြေခံခြေလှမ်းတွေဟာ လက်နက်ကို ကိုင်တွယ်တဲ့အခါ တုန်လှုပ်မှုမရှိတဲ့တည်ငြိမ်မှုကိုပေးပါတယ်။ လက်နက်တစ်ခုကို ကိုင်လိုက်တိုင်း Zanshin (နိုးကြားသောစိတ်)နဲ့ Kime (ပြတ်သားသောအရှိန်) ရှိနေရမယ်ဆိုတဲ့ ဆရာကြီးတွေရဲ့လမ်းညွှန်ချက်ဟာ ကျွန်တော်တို့ဒိုဂျိုရဲ့ အဓိက မဏ္ဍိုင်ဖြစ်ပါတယ်။
အစစ်အမှန် Budo ပညာရပ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထက် ကျော်လွန်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ စည်းကမ်းနဲ့ နက်နဲတဲ့ ဗဟုသုတတွေအပေါ်မှာ တည်ဆောက်ထားတာပါ။ အစဉ်အလာကို လေးစားပြီး နည်းစနစ်ကျတဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ဖို့ ကျွန်တော်တို့ KURO OBI DOJO က အမြဲတမ်း ကြိုဆိုနေပါတယ်။
OSU!
ဆရာရဲအောင်
27/05/2026
belts & Certificate awarding
K O Matsushima Myanmar
Branch
OBI DOJO
27/05/2026
ဆုရရှိသူများအားဂုဏ်ပြုပွဲ
ဆရာကြီး(Shihan)ဦးမောင်မောင်မြင့်၏ အိုကေအိုမာဆုရှီးမားအဖွဲ့အစည်းကြီးမှ ကြီးမှူးကျင်းပသည့် 12th I K O Matsushima Cupပြိုင်ပွဲတွင် ဆုရရှိသော ထားဝယ်ကရာတေးအဖွဲ့ ပြိုင်ပွဲဝင်များအားဂုဏ်ပြုပွဲနှင့်ညစာစားပွဲပြုလုပ်ခဲ့ပါသည်။
ထားဝယ်ဒေသရှိ မျိုးဆက်သစ်ကရာတေးသမားများပိုမိုပေါ်ထွက်လာရေးနှင့် ဒီထက်မကပိုမိုအောင်မြင်လာရေးအတွက် အများကြီးကြိုးစားသွားပါဦးမည်။အထူးသဖြင့် ခရီးသွားလာရေးအတွက် မေတ္တာရှေ့ထားပြီး သက်သက်သာသာဖြင့် ဘတ်စ်ကားငှားရမ်းပေးပါသော ထားဝယ်လမင်းကားအသင်းအား အထူးကျေးဇူးတင်ရှိအပ်ပါသည်။
ဆရာရဲအောင်
26/05/2026
ခါးစည်းတဆင့်တက်စာမေးပွဲစစ်ဆေးခြင်း
K O Matsushima Myanmar
Branch
OBI DOJO
#25/5/2026
26/05/2026
Dawei💪
22/05/2026
မင်္ဂလာပါ ခင်ဗျာ
ဒီနေ့တော့ ကျွန်တော့်ဘဝရဲ့ အမောဆုံး၊အကြမ်းဆုံးနဲ့ ဂုဏ်ယူရဆုံးမှတ်တိုင်တစ်ခုအကြောင်းကို တခုတ်တရ မျှဝေပေးချင်ပါတယ်။
ကျွန်တော် ကျို့ခ်ရှင်းကရာတေးပညာရဲ့ ခါးစည်းနက်အဆင့် (Shodan 初段 , Nidan 二段, Sandan 三段 ) အဆင့်ဆင့်ကို ကမ္ဘာ့အဖွဲ့ချုပ်ရဲ့ ထိုက်တန်တဲ့အသိအမှတ်ပြုမှုတွေနဲ့ ဖြတ်သန်းလာခဲ့ပြီးဖြစ်ပါတယ်။သို့သော်လည်း ကျို့ခ်ရှင်းကရာတေးပညာ သင်ယူ၊သင်ကြားခြင်းကိုမရပ်တန့်ခဲ့ပါ။ဆက်လက်ကြိုးစားရင်း ကျွန်တော့်ဘဝရဲ့မှတ်တိုင်တခုထပ်မံစိုက်ထူနိုင်ခဲ့ပါပြီ။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကျွန်တော့်ဘဝအတွက် မမေ့နိုင်စရာအကောင်းဆုံးနှင့် အခက်ခဲဆုံးသောစိန်ခေါ်မှုကို ကျော်ဖြတ်ခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ဂျပန်နိုင်ငံ၊ Maebashi မြို့ရှိ International Karate Organization Kyokushinkaikan (I.K.O. MATSUSHIMA) Honbu Japan တွင် ကျင်းပပြုလုပ်ခဲ့သော Dan Test ( ကျွန်တောာ့်အတွက် Yondan 四段) အဆင့်မြင့် စာမေးပွဲကြီးကို သွားရောက်ရင်ဆိုင်ဖြေဆိုခဲ့ရခြင်းဖြစ်ပါတယ်။
ကမ္ဘာ့အဖွဲ့ချုပ်ဥက္ကဌ Kancho Yoshikazu Matsushima ကိုယ်တိုင် ရှေ့မှောက်ကနေစစ်ဆေးပြီး၊နိုင်ငံပေါင်းများစွာက ကမ္ဘာ့အဆင့် ဆရာကြီး (Shihan) တွေရဲ့ တင်းကျပ်လှတဲ့ ကြီးကြပ်မှုအောက်မှာ ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ရဲ့ အကန့်အသတ်ကို အဆုံးစွန်အထိစမ်းသပ်တဲ့ Dan Test (Yondan 四段)ကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေဆိုခဲ့ရတာ ဖြစ်ပါတယ်။စိတ်ဓာတ်နဲ့ကြံ့ခိုင်မှုကို အဆုံးစွန်အထိ စမ်းသပ်တဲ့ (Yondan 四段)အဆင့်ကို အလျှော့မပေးဘဲ ကြိုးစားဖြေဆို အောင်မြင်ခဲ့ပါတယ်။
ယခုအခါ ဂျပန်နိုင်ငံက တိုက်ရိုက်ပေးအပ်လိုက်တဲ့ 4th Dan (Yondan 四段) ခါးစည်းအသစ်နဲ့ Certificate ကို ပူပူနွေးနွေး လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါပြီ။ဒီခါးစည်းနဲ့လက်မှတ်ကို မြင်ရတိုင်း ဂျပန်မြေမှာ သွေး၊ချွေးတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံကို တခုတ်တရသတိရနေမှာပါ။အခုလို အဆင့်မြင့်မှတ်တိုင်တစ်ခုကို ရောက်ရှိလာတဲ့အပြင် ကျွန်တော့်ရဲ့ရင်ထဲက ပန်းတိုင်က ပိုပြီးခိုင်မာလာပါတယ်။ကျို့ခ်ရှင်းကရာတေး ပညာရပ် ပိုမိုပျံ့ပွားရေး၊လူငယ်တွေ စိတ်ဓာတ်ကြံ့ခိုင်လာစေရေးအတွက် ရှေ့ဆက်ပြီး အရင်ကထက် ပိုမိုအရှိန်အဟုန်မြှင့်လို့ ကြိုးစားသွားပါဦးမယ်။
ဆရာရဲအောင်
Osu!
Today, I want to share one of the most grueling yet proudest moments of my life.
While I have earned my official international ranks over the years (Shodan, Nidan, and Sandan), my Kyokushin journey never stops. On December 1st, 2025, I faced my ultimate challenge at the I.K.O. MATSUSHIMA Honbu in Maebashi, Japan, testing for my Yon Dan (4th Dan).
Tested directly under World President Kancho Yoshikazu Matsushima and world-class Shihans, this examination pushed my mind and body to their absolute limits. It was a brutal test of spirit, but I refused to give up and successfully passed.
Now, my official 4th Dan Black Belt and certificate have arrived fresh from Japan. Looking at them, I am reminded of the blood, sweat, and tears shed on Japanese soil.
This achievement only strengthens my mission. I will push forward with even greater momentum to spread Kyokushin Karate and build mental resilience in the youth.
Osu!
Sensei Ye Aung
Osu!
Humbled and elevated. Officially certified as a 4th Dan by the International Karate Organization Kyokushinkaikan, IKO MATSUSHIMA Honbu Japan. Moving forward, I will dedicate my utmost energy to expanding the legacy and reach of Kyokushin Karate.
Sensei Ye Aung
21/05/2026
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
(406), Yadana Street, Talinema Quarter, Dawei City
Dawei
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |