Tr.Winnie's Treasure

Tr.Winnie's Treasure Applied Knowledge Is Power ✨

🔤  PhoniBloom 📚✨ကလေးတွေ English စာကို ဖတ်တတ်၊ ရေးတတ်၊ အသံထွက်မှန်မှန် ပြောတတ် ဖို့ အခြေခံကောင်းတစ်ခု လိုပါတယ်။အဲ့ဒီအခြေခ...
27/08/2026

🔤 PhoniBloom 📚✨

ကလေးတွေ English စာကို ဖတ်တတ်၊ ရေးတတ်၊ အသံထွက်မှန်မှန် ပြောတတ် ဖို့ အခြေခံကောင်းတစ်ခု လိုပါတယ်။
အဲ့ဒီအခြေခံကို Phonics ကနေ စတင်တည်ဆောက်ပေးမှာပါ။ 💗

📚 ဘာတွေသင်မလဲ?

🔤 Letter Sounds
A, B, C ကို အက္ခရာနာမည်ပဲ သိတာမဟုတ်ဘဲ အသံထွက်ကို မှန်မှန်သိအောင် သင်ပေးမယ်။

🔗 Blending Sounds
c + a + t = cat လိုမျိုး အသံတွေကို ပေါင်းပြီး စကားလုံးဖတ်တတ်အောင် လေ့ကျင့်ပေးမယ်။

📖 Reading Words
CVC words နဲ့ အခြေခံ English words တွေကို ကိုယ်တိုင်ဖတ်တတ်လာအောင် သင်ပေးမယ်။

✏️ Spelling
ကြားတဲ့အသံကို စာလုံးနဲ့ ပြန်ရေးတတ်အောင် လေ့ကျင့်ပေးမယ်။

🗣️ Pronunciation
အသံထွက်မှန်ကန်ပြီး ရှင်းရှင်းလင်းလင်း ပြောတတ်လာအောင် လေ့ကျင့်ပေးမယ်။

🎲 Fun Activities & Games
ကလေးတွေ စာသင်ရတာ မပျင်းဘဲ ကစားရင်း၊ လှုပ်ရှားရင်း သင်ယူနိုင်အောင် Activities တွေနဲ့ သင်ကြားပေးမယ်။

🌱 သင်ပြီးရင် ဘာအကျိုးရမလဲ?

✨ English စာလုံးတွေရဲ့ အသံကို နားလည်လာမယ်
✨ မသိသေးတဲ့ စကားလုံးတွေကိုပါ အသံခွဲပြီး ဖတ်ကြည့်တတ်လာမယ်
✨ Reading Skill အခြေခံကောင်းလာမယ်
✨ Spelling Skill တိုးတက်လာမယ်
✨ Pronunciation ပိုမှန်လာမယ်
✨ English စာဖတ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာမယ် 🤍

👧🏻👦🏻 အသက် ၆ နှစ်မှ စတင်တက်ရောက်နိုင်ပါတယ်

📅 Saturday & Sunday (ဝါတွင်းကာလတွင် ဥပုသ် & တနင်္ဂနွေ ဖြစ်သွားပါမည်)
⏰ မနက် ၉:၀၀ – ၁၀:၀၀
📍 ထားဝယ်
👉၃၀ ရက်နေ့ အတန်းစပါမည်။

English စာဖတ်ခြင်းရဲ့ အခြေခံကို မှန်မှန်ကန်ကန် စတင်ပေးချင်ရင် Phonics Class ကနေ စလိုက်ပါ။ 🌱📖

📩 အတန်းအပ်ရန် Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

🌷 KET ONLINE CLASS 🌷Cambridge A2 Key (KET) Exam PreparationKET Exam အတွက် စနစ်တကျနဲ့ ထိထိရောက်ရောက် လေ့လာချင်တဲ့ Student...
12/08/2026

🌷 KET ONLINE CLASS 🌷
Cambridge A2 Key (KET) Exam Preparation

KET Exam အတွက် စနစ်တကျနဲ့ ထိထိရောက်ရောက် လေ့လာချင်တဲ့ Students များအတွက် Online Class လေးဖွင့်လှစ်ပါပြီ။ 📚✨

ဒီ Class မှာ အတန်းကာလကို သတ်မှတ်ထားမှာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ သင်ရိုးပြီးရုံ၊ အချိန်ပြည့်ရုံနဲ့ မဟုတ်ဘဲ ကျောင်းသားတစ်ယောက်ချင်းစီ KET Exam အတွက် လိုအပ်တဲ့ Skills တွေကို သေချာနားလည်ပြီး လက်တွေ့အသုံးချနိုင်တဲ့အထိ ထိထိရောက်ရောက် သင်ကြားပေးချင်လို့ပါ။ 💙

📖 Reading
✍️ Writing
🎧 Listening
🗣️ Speaking

အပြင်
📚 Grammar & Vocabulary
📝 Exam Techniques
🎯 Practice Tests
✍️ Homework & Book Checking
💬 Individual Feedback & Guidance
တို့ကိုပါ စနစ်တကျ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

💻 Class Information

🗓️ Saturday & Sunday Only
⏰ 8:00 PM – 9:30 PM
🏫 Google Classroom — Lessons & Learning Materials
📱 Viber Group — Homework / Book Checking & Marking

အတန်းကာလထက် သင်ယူမှုရဲ့ အရည်အသွေးကို ဦးစားပေးပါတယ်။
ကျောင်းသားတွေ တကယ်တတ်မြောက်ပြီး Exam ဖြေဆိုနိုင်တဲ့ Level ရောက်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စနစ်တကျ သင်ကြားပေးသွားမှာပါ။ 🌱

✨ Learn English with Winnie
Learn with Love, Grow with Joy.

🎉 EARLY BIRD PROMOTION 🎉

KET Online Class အတွက် Early Bird Promotion လေးရှိပါတယ်ရှင်။ 💙

✨ ပထမဆုံး အပ်နှံတဲ့ Students 5 ယောက်အတွက်သာ 💰 Special Fee — 30,000 MMK per month
⏳ Only 5 Seats!
ပထမဆုံး အပ်နှံသူ 5 ယောက်ပြည့်တာနဲ့ Promotion ပိတ်သွားမှာဖြစ်ပါတယ်။

👩‍🏫 Class Size — 10 Students Only
Fees 40000 MMK per months

ကျောင်းသားအရေအတွက်ကို 10 ယောက်သာ ကန့်သတ်ထားတာကြောင့် Student တစ်ယောက်ချင်းစီကို သေချာဂရုစိုက်ပြီး Feedback ပေးနိုင်ဖို့၊ စနစ်တကျနဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 🌱

📩 Class Details & Enrollment အတွက် Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏆 Celebrating our Full Shield Champions! 🥢🤍 Every achievement deserves to be celebrated. 🥢ဒီနေ့က Full Shield ရရှိခဲ့တဲ့ ...
31/07/2026

🏆 Celebrating our Full Shield Champions! 🥢

🤍 Every achievement deserves to be celebrated. 🥢

ဒီနေ့က Full Shield ရရှိခဲ့တဲ့ သားသား၊ မီးမီးလေးတွေကို ဂုဏ်ပြုတဲ့နေ့သာမက၊ ကိုယ်ထင်ထားတာထက် ပိုကောင်းတဲ့ Results တွေ ရရှိခဲ့တဲ့ ကလေးတိုင်းရဲ့ ကြိုးစားမှုကိုလည်း အတူတကွ ဂုဏ်ပြုတဲ့ ညနေခင်းလေးပါ။

အမှတ်ပြည့် မရခဲ့လို့ အောင်မြင်မှု မဟုတ်ဘူးဆိုတာ မရှိပါဘူး။ မနေ့က ကိုယ့်ကိုယ်ကိုထက် ဒီနေ့ ပိုကောင်းလာတာကလည်း အောင်မြင်မှုတစ်ခုပဲနော် Treasures တို့။

ဒီနေ့ အတူတူ မူကထစားရင်း ရယ်မောခဲ့တဲ့ အမှတ်တရလေးတွေက ဆုတစ်ခုထက် ပိုတန်ဖိုးရှိပါတယ်။

ဒီအမှတ်တရလေးက နောက်ထပ် ပိုကြီးမားတဲ့ အိပ်မက်တွေဆီ လှမ်းဖို့ အားအင်ဖြစ်ပါစေ Treasures လေးတို့ရော

Tr.Winnie က သားသား၊ မီးမီးလေးတိုင်းကို အရမ်းဂုဏ်ယူပါတယ်။ 🤍

Congratulations to every one of you. You're all winners in your own way. 🌟

ဒီနေ့ အတူမလာနိုင်ခဲ့တဲ့ သားသား၊ မီးမီးလေးတွေလည်း စိတ်မကောင်းမဖြစ်ပါနဲ့နော်။ ဆရာမတို့ရဲ့ ဂုဏ်ပြုမှုနဲ့ ဂုဏ်ယူမှုက အားလုံးအတွက် အတူတူပါပဲ။ နောက်တစ်ခေါက်မှာ အတူတူဆုံပြီး အမှတ်တရအသစ်တွေ ဖန်တီးကြမယ်နော်။ 🤍

23/07/2026

Michael Jackson တော့ မဟုတ်ဘူး Winnie Jackson

တ‌စ်ရက် တစ်ရက် သူတို့နဲ့ မရိုးရဘူး ရီနေရတာ🤧🤧

13/07/2026

✨ Idiom of the Week ✨

ဒီတစ်ပတ်ရဲ့ Idiom ကို အတူတူလေ့လာပြီး နေ့စဉ် English conversation တွေမှာ ဘယ်လိုသုံးရမလဲဆိုတာပါ လေ့ကျင့်ခဲ့ကြပါတယ်။ 📚💬

English ကို စာအုပ်ထဲမှာပဲ မထားဘဲ တကယ်အသုံးချနိုင်ဖို့၊ တစ်ပတ်ကို Idiom တစ်ခုစီနဲ့ Vocabulary နဲ့ Speaking Skills ကို တဖြည်းဖြည်းတိုးတက်အောင် လေ့ကျင့်သွားကြမယ်။ 🌱

Stay tuned for next week's idiom! 💙

Address

Dawei
14011

Website

Alerts

Be the first to know and let us send you an email when Tr.Winnie's Treasure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category