12/06/2024
Dawei University - ထားဝယ်တက္ကသိုလ်
The official page of Dawei University, Myanmar (ထားဝယ်တက္ကသိုလ်)
12/06/2024
05/02/2021
ထားဝယ်တက္ကသိုလ်
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်
မဟာတန်း ဒုတိယနှစ်သင်တန်း
ဘွဲ့စာမေးပွဲအောင်စာရင်းများ
ထုတ်ပြန်
မြန်မာစာ ပထဝီဝင်
ဒဿနိကဗေဒ ဉပဒေပညာ
ဓာတုဗေဒ သတ္တဗေဒ အထူးပြုများ
ထားဝယ်တက္ကသိုလ် ဓမ္မာရုံဆောက်လုပ်ရာတွင်
ရပ်နီးရပ်ဝေးမှ ကျောင်းသား ကျောင်းသူများ
သဒ္ဓါတရား တတ်အားသမျှ အလှူငွေထည့်ဝင်လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါသည်။
ကြော်ငြာအတွက် မေတ္တာဖြင့်ဖန်တီးပေးသည့် ကိုသန့်ဇင်အောင် (Yangon Flim School) Dawei Watch အားအထူးကျေးဇူးတင်ပါကြောင်း။
28/01/2021
ယာယီပုတ်ပြတ်( အချိန်ပိုင်းနည်းပြ / သရုပ်ပြ ) ရာထူးများခန့်ထားခြင်း ခံရသူများ
22/01/2021
နှိုးဆော်လွှာ
ထားဝယ် တက္ကသိုလ် ဓမ္မာ ရုံ အတွက် ဖော်ပြပါ လုပ်ငန်းများကို သဒ္ဓါတတ်အားသရွေ့ ပါဝင်လှူဒါန်း ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
လှူဒါန်းရန ်- wave money ၊ kbz pay တို့ဖြင့်လည်း လှူဒါန်းနိုင်ပါသည်။ ငွေလွှဲပို့ရာတွင် အလှူရှင်အမည်နှင့် လိပ်စာ ထင်ရှားစွာဖော်ပြပေးကြစေလိုပါသည်။
KBZ pay_ 09791932526
21/01/2021
ဘာသာရပ် ဌာနအသိးသီးက
Multimedia Presentation Skills
သင်တန်းတက်ရောက်လိုသူများ
သင်တန်းကာလ
10 Days( 2 hours per day)
သင်တန်းကြေး 20000 kyatsကို
ပေးသွင်းပြီးတက်ရောက်နိုင်ပါသည်
ငွေသွင်းပြီး သင်တန်းတက်ရောက် မည့်
ဆရာ ဆရာမများ ကျောင်းသားရေးရာ
လ/ထမော်ကွန်းထိန်းထံ စာရင်းပေးပို့ကြပါရန်
20/01/2021
Online Course တက်ရောက်ခွင့်ရသူစာရင်း ကြေငြာခြင်း
Am I Ready to Study in English? Online Course ကို တက်ရောက်ရန် စာရင်းပေးထားသူ (၁၃၅) ဦးအနက်မှ Online Test ဖြေဆိုပြီးမြောက်သူ (၁၀၅) ဦးရှိပါသည်။ ထို (၁၀၅) ဦးအား (၂) သုတ်ခွဲ၍ ပထမအသုတ် (၅၀) ဦးနှင့် ဒုတိယအသုတ် (၅၅) ဦးကို facilitate လုပ်ပေးမည်ဖြစ်သည်။ ပထမအသုတ်ကို ၂၆-၁-၂၀၂၁ (အင်္ဂါနေ့) တွင် စတင်မည်ဖြစ်ရာ ပထမအသုတ်တက်ရောက်ခွင့်ရသော သင်တန်းသားများအနေဖြင့် Facilitators များနှင့် Online မှ ဆက်သွယ်နိုင်ရန် Viber application ကို install လုပ်၍ activate လုပ်ထားရပါမည်။ ဒုတိယအသုတ်တက်ရောက်ခွင့်ရသူများအား လာမည့် February လထဲတွင် ဆက်လက် facilitate လုပ်ပေးမည်ဖြစ်၍ ဒုတိယအသုတ်သင်တန်းစတင်မည့်ရက်ကို ဆက်လက်ကြေငြာပေးသွားမည်ဖြစ်သည်။
15/01/2021
၂၀၁၉ ၂၀၂၀ ပညာသင်နှစ်
မဟာတန်းဒုတိယနှစ်
ဘွဲ့စာမေးပွဲအောင်စာရင်း
ထုတ်ပြန်ကြေညာ
ရူပဗေဒအထူးပြု နှင့် သင်္ချာအထူးပြု
06/01/2021
ထားဝယ်တက္ကသိုလ် ကျောင်းသူ/ကျောင်းသားများသို့
UK အခြေစိုက် The Open University နှင့် Tide Project (Myanmar) တို့မှ ပူးပေါင်းဖွင့်လှစ်ထားသော Online Courses for Higher Education Students ကို ကျောင်းသူကျောင်းသားများ တက်ရောက်နိုင်ရန် ထားဝယ်တက္ကသိုလ်မှ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထို Online Course Collection တွင်
Get started with online learning
Am I ready to study in English?
Am I ready to be a distance learner?
Digital skills, digital learning
ဟူသော Course (၄) ခု ပါရှိပြီး ထားဝယ်တက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများအတွက် Am I ready to study in English? ကို စတင်လေ့လာနိုင်ရန် ထားဝယ်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှာ ဆရာ၊ ဆရာမ (၃) ဦးက facilitator အဖြစ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထို Online Course ကို ထားဝယ်တက္ကသိုလ်၌ နေ့သင်တန်း တက်ရောက်နေဆဲကျောင်းသူကျောင်းသားများ လျှောက်ထားနိုင်ပြီး ယခင်က သက်ဆိုင်ရာ မိမိတို့ဌာနအသီးသီး၌ စာရင်းပေးထားသူများလည်း ထပ်မံလျှောက်ထားရန် လိုအပ်ပါသည်။
တက်ရောက်လိုသော ကျောင်းသူကျောင်းသားများသည် မိမိတို့၏ အမည်၊ အထူးပြုဘာသာရပ်၊ အတန်း၊ ခုံအမှတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် လက်ရှိအသုံးပြုနေသော Gmail address များကို အောက်ပါ Google form တွင် (၁၀-၁-၂၀၂၁)ရက်နေ့နောက်ဆုံးထား ဝင်ရောက်ဖြည့်သွင်း စာရင်းပေးရပါမည်။ လျှောက်ထားသူများသည် English Proficiency Test နှင့် IT Knowledge Test များကို ဖြေဆိုရမည်ဖြစ်ပြီး ပထမအသုတ် တက်ရောက်ခွင့်ရရှိသူ (၅၀) ဦးကို ဆက်လက်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
ပထမအသုတ်တွင် တက်ရောက်ခွင့်မရရှိသေးသော ကျောင်းသူကျောင်းသားများသည် နောက်အသုတ်များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ထို Online Course ကို စုစုပေါင်း (၅) နာရီကြာ တက်ရောက်ရမည်ဖြစ်၍ အောင်မြင်ပြီးဆုံးအောင်တက်ရောက်ပြီးပါက The Open University (UK) မှပေးအပ်သော Statement of Participation Certificate ကို ရရှိမည်ဖြစ်သည်။
ဝင်ရောက်စာရင်းပေးရမည့် Google form link - https://forms.gle/SVy4yo86ECup7C5Q7
နောက်ဆုံးလျှောက်ထားရမည့်အချိန် - 10.1.2021 (တနင်္ဂနွေနေ့) 8:00 p.m.
Online Registration Form For Online Course အောက်ပါအချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းပါ။ ပြည့်စုံမှုမရှိသော form များကို လက်ခံမည်မဟုတ်ပါ။
05/01/2021
ထားဝယ်တက္ကသိုလ် ရူပဗေဒ ဌာနမှ ဆရာ ဆရာမများအားအမှုထား၍ Final Year နှင့် H2 တန်းမှ ကျောင်းသား ကျောင်းသူများက ထားဝယ်တက္ကသိုလ် ဓမ္မာရုံတည်ဆောက်ရန်အတွက်
အလှူငွေ ကျပ် ၂၅၀၀၀၀ ကျပ်(နှစ်သိန်းငါးသောင်း)တိတိကို ထည့်ဝင်လှူဒါန်း
31/12/2020
မင်္ဂ လာအပေါင်းနဲ့ပြည့်စုံကြပါစေ
28/12/2020
ထားဝယ်တက္ကသိုလ်၏ ၂၀၂၁ ခုနှစ်
အကြိုလက်ဆောင်အဖြစ် (၂၈-၁၂-၂၀၂၀) မှ
(၃၀-၁၂-၂၀၂၀) အထိ
Tips for Writing Learning Outcome
(Workshop)ကို ဘွဲ့နှင်းသဘင်ခန်းမတွင်
နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ
ဘာသာရပ်ပါမောက္ခ(ဌာနမှူး)များ
ဌာနမှူးများ(စီမံ/ဘဏ္ဍာ သင်တန်း ) ပါမောက္ခများ
နေ့လည် (၁း၀၀)နာရီမှ (၃း၀၀)နာရီအထိ
QA Tean မော်ကွန်းထိန်း လ/ထမော်ကွန်းထိန်းများ တက်ရောက်ကြသည်
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
ကမြောကင်းလမ်း, လောင်းလုံးမြို့နယ်
Dawei
Opening Hours
| Monday | 09:30 - 16:00 |
| Tuesday | 09:30 - 16:00 |
| Wednesday | 09:30 - 16:00 |
| Thursday | 09:30 - 16:00 |
| Friday | 09:30 - 16:00 |