Pole Star

Pole Star Let us unlock your child's potential - Pole Star Private School is your partner in education. https://polestardawei.com/

အောင်စာရင်း လာကြည့်လို့ရပါပြီရှင်...!ကျောင်းကိုလာကြည့်ဖို့ အဆင်မပြေသူတွေအတွက် နောက်နေ့မှာ ဒီကနေပဲ တင်ပေးလိုက်ပါမယ်နော်ရှ...
13/05/2026

အောင်စာရင်း လာကြည့်လို့ရပါပြီရှင်...!

ကျောင်းကိုလာကြည့်ဖို့ အဆင်မပြေသူတွေအတွက် နောက်နေ့မှာ ဒီကနေပဲ တင်ပေးလိုက်ပါမယ်နော်ရှင်။

တနှစ်တာ ကြိုးစားခဲ့ကြတဲ့ သားသားမီးမီးအားလုံး Congratulations ပါနော် 🤩🤩🤩

နေ့စဉ် ယာဉ်အသုံးပြုခွင့် ထောက်ခံစာ လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးခြင်းမတ်လ (၃)ရက်၊ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေ...
11/03/2026

နေ့စဉ် ယာဉ်အသုံးပြုခွင့် ထောက်ခံစာ လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးခြင်း

မတ်လ (၃)ရက်၊ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေငြာချက်နှင့် မတ်လ (၄)ရက် ဖြည့်စွက်ထုတ်ပြန်ချက် နံပါတ် (၁)-(ဃ) အရ ကျောင်းကြို/ပို့ယာဉ်များအား နေ့စဉ် ယာဉ်အသုံးပြုခွင့် ထောက်ခံစာ ထုတ်ပေးပါမည်။

သို့ဖြစ်ပါ၍ Pole Star ကိုယ်ပိုင်ကျောင်းတွင်

- PER (ကျောင်းအပ်) စာရင်းသွင်းထားသူ မိဘများနှင့်
- နွေရာသီသင်တန်းအပ်နှံထားသော မိဘများ အနေဖြင့်
လိုအပ်ပါက ထောက်ခံစာ (အခမဲ့) လာရောက်ထုတ်ယူနိုင်ပါသည်။

မှတ်ချက်

- မိဘတစ်ဦးလျှင် ကား/ဆိုင်ကယ် ယာဉ် (၁)စီးသာ ထောက်ခံပေးပါသည်။
- ယာဉ်အမှတ်နှင့်တကွ ဖြည့်စွက်ထုတ်ယူရမှာမို့ Online မှ ပေးပို့မပေးပါ။
- တနင်္လာမှ သောကြာ၊ နံနက် (၉း၀၀) နာရီမှ မွန်းလွဲ (၂း၀၀)အတွင်း ကျောင်းသို့ လာယူနိုင်ပါသည်။

06/03/2026

ဒီနေ့ AI သိတဲ့ကလေးနဲ့ မသိတဲ့ကလေးဟာ၊ မနက်ဖြန်မှာ ခြားနားသွားပါလိမ့်မယ် 🤔🤔🤔
ငါတို့လဲ ငယ်ရာကကြီးလာတာပါ...ဆိုပြီး လူကြီးတွေပြောတတ်လေ့ရှိပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ် Gen-Alpha ကလေးတွေ ရှင်သန်ကြီးပြင်းလာနေရတဲ့ပုံစံမျိုး လူကြီးတွေဟာ အတွေ့အကြုံမရှိခဲ့ကြပါဘူး။

Smart Phone တွေ၊ Internet တွေ၊ Online Learning တွေ၊ Social Media နဲ့ Game တွေနဲ့အတူ မွေးဖွားကြီးပြင်းလာကြတဲ့မျိုးဆက်သစ်တွေမို့ မေမေ ဖေဖေတို့တောင် မနည်းအမီလိုက်နေရတာပါ။

ဒီလို Digital Culture ကြီးထဲမှာ ကိုယ့်ကလေးကို ခေတ်နဲ့ယှဉ်တဲ့ Digital tools တွေကို စနစ်တကျသင်ကြားပေးထားဖို့ အရေးတကြီးလိုအပ်လာပါပြီပဲ ဖြစ်ပါတယ်။

Pole Star ရဲ့ All In One Summer Camp - 2026 မှာတော့ AI For Young Learners ဘာသာရပ်လေးကို ဒီနှစ်မှာ ပြင်ဆင်ပေးထားပါတယ်ရှင်။ ဒါ့အပြင် အခြားဖွံ့ဖြိုးမှုနယ်ပယ်တွေနဲ့ ဘာသာရပ်တွေကို Healthy Learning Balance ဖြစ်အောင် အထူးဒီဇိုင်းရေးဆွဲပြင်ဆင်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းကိုလဲ အသိပေးအပ်ပါတယ်ရှင်...။

TOPICS:

🔹 (1) ICT
- AI For Young Learners
- Coding
- Robotics

🔹 (2) LANGUAGES
- English 4 Skills

🔹 (3) MUSIC
- Guitars
- Ukulele

🔹 (4) CREATIVE HEART
- Fine arts (Drawing & Painting)
- Art & Crafts
- ယဉ်ကျေးလိမ္မာ သင်ခန်းစာ

🔹 (5) ACTIVE
- Karate
- Fitness & Dancing

🔹 (6) ADVENTURES
- Fun & Seasonal Activities
- Voluntary Activities
- Exposure Trips

အနားယူရင်း၊ ကစားရင်း၊ ဝါသနာပါတာလေးတွေကို စမ်းသပ်ရင်း၊ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ရင်းနဲ့ ပျော်ရွှင်စွာသင်ယူရင်း နွေရာသီကိုဖြတ်သန်းလိုက်ပါ...🤩🤩🤩

---------
AGE: 6-15 Years
9:00 AM - 2:00 PM
MARCH 9 - MAY 8
FEES: 350000 Ks
-------

01/03/2026

ဝန်ထမ်းခေါ်ယူခြင်း 📣📣📣

သင်ကြားရေးကို အမှန်တကယ် ဝါသနာပါသူ...
စိတ်ရှည်သည်းခံစိတ်နဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရတာကို နှစ်သက်သူ...
အလုပ်အပေါ် လေးစား စေတနာထားတတ်သူ...များနှင့်
လက်တွဲလုပ်ကိုင်လိုပါသဖြင့် အောက်ပါရာထူးများအား လျှောက်ထားနိုင်ပါသည်။

🔹 မူပြ ဆရာ/မများ
🔹 လယ်ပြ ဆရာ/မများ
🔹 Media Buying/Content creator

လစာ (+Benefit) - 5###xx

👉 Viber no: 09754040186 သို့ CV form ပေးပို့လျှောက်ထားပါ။

(လျှောက်လွှာများ စီစစ်ပြီး Interview အတွက် Shortlist ပါသူများကိုသာ ပြန်လည်ဆက်သွယ်ပါမည်။)

23/02/2026

ဆရာ/မများက ပန်းများပွင့်ပြီ မြန်မာပြည်သီချင်းနဲ့ တင်ဆက်ကပြထားပါတယ်ရှင် 🤩🤩🤩
Pole Star Family Day - 2026
___
All in One Summer Camp စာရင်းပေးသွင်းနိုင်ပါပြီရှင်။
👉 https://www.facebook.com/share/p/14Z5U9xmTcN/
___
ကျောင်းအပ်စာရင်း ဘယ်လိုသွင်းရမလဲ❓
👉 https://www.facebook.com/share/v/1DBo95bmoS/
___
Video တွေကို YouTube မှာလဲ ကြည့်ရှုနိုင်တာမို့ Scribe လေး ပြုလုပ်ထားဖို့ မမေ့နဲ့နော်!
👉 https://youtube.com/-dawei?si=1Lybsd1DqJxuJrfE

ထားဝယ်ရဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို စာသင်ပေးသင့်လား❓ အနားပေးသင့်လား❓..မိဘတိုင်း အခက်တွေ့ရလေ့ရှိတဲ့ မေးခွန်းတခု...
18/02/2026

ထားဝယ်ရဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို စာသင်ပေးသင့်လား❓ အနားပေးသင့်လား❓..

မိဘတိုင်း အခက်တွေ့ရလေ့ရှိတဲ့ မေးခွန်းတခုပါပဲ...။

ဦးနှောက်ဖွံ့ဖြိုးရေး (Brain Development) အရ ကလေးတွေ အနားယူတဲ့အချိန်တွေမှာ သူတို့သင်ယူခဲ့သမျှ အချက်အလက်တွေကို စနစ်တကျစုစည်း၊ တည်ငြိမ်အောင်ပြုလုပ်ပါတယ်။ အနားယူချိန်နည်းတဲ့အခါ မှတ်ဉာဏ်တည်မြဲမှု (Memory Consolidation) နဲ့ တီထွင်ကြံဆစဉ်းစားခြင်း (Creative Thinking) လျော့နည်းလေ့ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးနဲ့ သင်ယူနိုင်စွမ်း (Mental Health & Learning Effectiveness)

စာပိုသင်တိုင်း အကျိုးရလဒ်မြင့်မားလာတာမဟုတ်ဘဲ စိတ်ပင်ပန်းမှုတွေတိုးလာတာ၊ Over Scheduling (အချိန်ပြည့်သင်ကြားစေခြင်း) ဖြစ်တဲ့အခါ စိတ်ဖိအားများတာ၊ ပူပန်ပင်ပန်းတာတွေအပြင် Learning Aversion (စာမုန်းလာခြင်း) စတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်လာတတ်ပါတယ်။

ဒါဆိုရင် ဘာမှသင်မပေးရတော့ဘူးလား❓

သုတေသနတွေက လုံး၀မသင်ပါနဲ့ လို့ မပြောပါဘူး။

အနားယူချိန်၊ ကစားချိန်လေးတွေနဲ့အတူ ဝါသနာကိုအခြေခံတဲ့ လှုပ်ရှားမှုလေးတွေလုပ်ဆောင်ရင်း သင့်လျော်တဲ့စာသင်ချိန်လေးတွေစီစဉ်ပေးရင်း Healthy Learning Balance ဖြစ်အောင် ဖန်တီးပေးသင့်ပါတယ်။ ဒါမှသာ Problem solving skill, Social skill, Emotinal regulation တွေပါ ဘက်စုံဖွံ့ဖြ်ိုးပြီး ကျောင်းပြန်ဖွင့်တဲ့အခါ Motivation မြင့်မားကာ စိတ်ဝင်စားမှုနဲ့ ဉာဏ်ရည်မြင့်မားပြီး ကျောင်းပြန်တက်ဖို့ အဆင်သင့်ဖြစ်နေစေမှာပါ။

ပညာရေးသုတေသန၊ အာရုံကြောသိပ္ပံ(Neuroscience) နဲ့ ကလေးစိတ်ပညာရှုထောင့်တို့ရဲ့ သိပ္ပံနည်းကျ အချက်အလက်တွေအရ Healthy Learning Balance သီအိုရီက ဒီလိုပါ။

နားချိန်ယူ + ကစား + ပေါ့ပါးစွာသင်ယူမှု = Healthy Learning Balance

နွေရာသီဆိုတာ ကလေးတွေအတွက် တနှစ်တာစိတ်ဖိစီးမှုတွေ လျှော့ချပေးရမယ့် အချိန်တစ်ခုလည်း ဖြစ်ပါတယ်။

Pole Star ရဲ့ All In One Summer Camp 2026 အစီအစဉ်လေးကတော့
Healthy Learning Balance ဖြစ်အောင်
အောက်ပါ နယ်ပယ် (၆) မျိုးနဲ့ အထူးဒီဇိုင်းရေးဆွဲထားတဲ့ Program တစ်ခုပါ။

(1) ICT 💻💻💻
- AI Literacy
- Coding
- Robotics

(2) LANGUAGES 💬💬💬
- English 4 Skills

(3) MUSIC 🎼🎵🎸
- Guitars
- Ukulele

(4) CREATIVE HEART 🎨🧑‍🎨♥️
- Fine arts (Drawing & Painting)
- Art & Crafts
- ယဉ်ကျေးလိမ္မာ သင်ခန်းစာ

(5) ACTIVE 💃🕺🥋
- Karate
- Fitness & Dancing

(6) ADVENTURES 📷🛣️🚌
- Fun & Seasonal Activities
- Voluntary Activities
- Exposure Trips

အနားယူရင်း...
ကစားရင်း...
ဝါသနာပါတာလေးတွေကို စမ်းသပ်ရင်း...
သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ရင်း...
AI ခေတ်...လို့ တင်စားနေရတဲ့ခေတ်ရေစီးကြောင်းနဲ့အညီ ပြင်ဆင်ထားတဲ့ ဘာသာရပ်တွေကို ပျော်ရွှင်စာနဲ့လေ့လာရင်း...

Pole Star ရဲ့ All In One Summer Camp 2026 မှာ လာအနားယူပါ 🤩🤩🤩

🔹 AGES: 6-15 Years
🔹 9:00 AM - 2:00 PM
🔹 MARCH 9 - MAY 8
🔹 FEES: 350000 Ks (လစဉ်ကြေးမဟုတ်ပါ။ သင်တန်းတခုလုံးအတွက်ပါ။)

စာရင်းပေးသွင်းရန် - 09 440152881

သဲပုံစေတီပူဇော်ပွဲ ဖိတ်ကြားခြင်းPole Star ကျောင်းမှာ လရာသီအလိုက် ပွဲတော်များ ကျင်းပလေ့ရှိပြီး ယခုအခါ တပေါင်းလအကြို သဲပုံ...
12/02/2026

သဲပုံစေတီပူဇော်ပွဲ ဖိတ်ကြားခြင်း

Pole Star ကျောင်းမှာ လရာသီအလိုက် ပွဲတော်များ ကျင်းပလေ့ရှိပြီး ယခုအခါ တပေါင်းလအကြို သဲပုံစေတီပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်လို့ သားသားမီးမီးတို့နဲ့အတူ မေမေဖေဖေ၊ အုပ်ထိန်းသူများအားလုံး လာရောက်လေ့လာဖူးမျှော်နိုင်ဖို့ နှိုးဆော်ဖိတ်ကြားအပ်ပါတယ်ရှင်။

🔹 နေ့ရက် - (၁၃.၂.၂၆)၊ သောကြာနေ့။
🔹 အချိန် - မွန်းလွဲ (၁) နာရီ။
🔹 နေရာ - အရိုးဆေးကန်ကျောင်းတိုက်၊ ထားဝယ်မြို့။

သဲပုံစေတီပြုလုပ်ပူဇော်ပွဲဟာ ယခင်အချိန်များမှာ နှစ်စဉ်ကျင်းပဆင်နွှဲခဲ့ကြတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပေမယ့် ခုအချိန်မှာတော့ တိမ်ကောလာနေသယောင်ဖြစ်လို့နေပါတယ်ရှင်။ ဒါကြောင့်မို့ မျက်မှောက်ခေတ် သားငယ်၊ သမီးငယ်လေးတွေအနေနဲ့ မြင်တွေ့ဖူးအောင်၊ လေ့လာခွင့်ရအောင် ဒီပွဲတော်လေးကို စီစဉ်ဖြစ်ခဲ့ပါတယ်။

Pole Star ကျောင်းသား/သူတွေပဲမကဘဲ ပြင်ပကအခြားမည်သူမဆို လာရောက်လေ့လာပူဇော်နိုင်ပါကြောင်းလဲ ဖိတ်ကြားအပ်ပါတယ်နော်ရှင် 🥰🥰🥰

#သဲပုံစေတီ #ထားဝယ် #တပေါင်းလပြည့်

09/02/2026

ပညာရည်ချွန် ဆုနှင်းအစီအစဉ် 🏆🏅🏆

တနှစ်တာ ထူးချွန်စွာကြိုးစားခဲ့ကြတဲ့ သားငယ် သမီးငယ်များအားလုံးကို Congratulations ပါရှင် 🤩

ရှေ့ဆက်ပြီး အမြဲတောက်ပနိုင်တဲ့ ကြယ်ပွင့်လေးတွေဖြစ်နေစေဖို့လဲ Pole Star ကျောင်းက ဆန္ဒပြုပါကြောင်းနဲ့ ဆုချီးမြှင့်အပ်နှင်းပေးခဲ့ကြပါသော ဆရာကြီးများ၊ ဆရာမကြီးများ၊ ဧည့်သည်တော်များအားလုံးကိုလည်း ထပ်မံကျေးဇူးစကားဆိုပါရစေရှင်...။
Pole Star Family Day - 2026
___
ကျောင်းအပ်စာရင်း ဘယ်လိုသွင်းရမလဲ
👉👉👉 https://www.facebook.com/reel/2012050059577418

06/02/2026

Grade - 3,4 သားငယ်လေးတွေရဲ့ စိန်အိုးစည် သီချင်းနဲ့ မြူးမြူကြွကြွ အကအလှကိုလည်း အားပေးကြပါအုံးရှင် 🤩🤩🤩
Pole Star Family Day - 2026
___
ကျောင်းအပ်စာရင်း ဘယ်လိုသွင်းရမလဲ
👉👉👉 https://www.facebook.com/reel/2012050059577418

06/02/2026

Grade - 4 သားငယ်သမီးငယ်လေးတို့က မိဘမေတ္တာ သီချင်းနဲ့ သီဆိုဖျော်ဖြေထားပါတယ်ရှင် 🤩
Pole Star Family Day - 2026
___
ကျောင်းအပ်စာရင်း ဘယ်လိုသွင်းရမလဲ
👉👉👉 https://www.facebook.com/reel/2012050059577418

Address

အမှတ် (၁၆၄)၊ ကမြောကင်းလမ်းနှင့် (၅)လမ်းထောင့် (မီးရုံးဘေး)၊ ထိန်သစ်ရပ်
Dawei
14011

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959440152881

Alerts

Be the first to know and let us send you an email when Pole Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pole Star:

Shortcuts

Share

Category