07/03/2025
"ချစ်ခြင်းမေတ္တာနဲ့ခွန်အားမျှဝေဖို့ အာဟာရဒါနကူ" 🍚🤍
(၁၅ရက်တာကမ်ပိန်း : ၇.၃.၂၀၂၅-၂၁.၃.၂၀၂၅ )
စိတ်နှလုံးရည်ပြည့်ဝဖို့ စာပေကောင်းများဖတ်ရှူဖို့ လိုအပ်သလို၊ နေ့စဉ်မှီဝဲရတဲ့ အာဟာရဟာရဲဘော်များစိတ်ဆောင်တိုင်းကိုယ်ပါပြီး ကျန်းမာသန်စွမ်းစွာတော်လှန်ရေးတိုက်ပွဲများဖော်ဆောင်နိုင်ဖို့ အလွန်အရေးပါပါတယ်။ သို့သော် အများသောအားဖြင့် အခြေအနေများအရ ရဲဘော်များဟာ ဝမ်းရေးအတွက်ကို အဆင်ပြေရာ အာဟာရကိုပဲ မှီဝဲတင်းတိမ်ကြရပါတယ်။ ဒါကြောင့် ဒေသအတွင်းမှာတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များကိုခန္ဓာကိုယ်အတွက် အာဟာရအပြင် စိတ်ခွန်အားပါရစေမယ့်အသားဟင်း အာဟာရဒါနတစ်နပ်လှူဒါန်းမယ့် "ချစ်ခြင်းမေတ္တာနဲ့ ခွန်အားမျှဝေဖို့ အာဟာရဒါနကူကြဇို့" ဆိုတဲ့ကမ်ပိန်းကိုထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများ သမဂ္ဂတည်ထောင်ခြင်း (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြုလုပ်မှာဖြစ်ပါတယ်။ ကမ်ပိန်းဟာ(၁၅)ရက်တာ ကြာမြင့်မည်ဖြစ်ပြီး တားဂတ်ပမာဏ (၁၀) သိန်းကျပ်ဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့် ရဲဘော်တွေကို ဘေးကင်းလုံခြုံစွာဖြင့် မေတ္တာမျှဝေဖို့ အကြွေ ၁၀၀ ကျပ်၊ ၂၀၀ကျပ် မှ စတင်ကာပါဝင်ကူညီပေးကြနိုင်ပြီဖြစ်ကြောင်းဆော်ဩနှိုးဆော်လိုက်ရပါတယ်။