17/11/2019
ဗိုက္တာမင္ A
Beta- carotene
ဗိုက္တာမင္ A ဆိုတာ အဆီေပ်ာ္ ဗိုက္တာမင္ပါ။ ဗိုက္တာမင္ A ကို အပင္မွ ရနိုင္သလို တိရစၧာန္ထြက္ပစၥည္းေတြက ရနိုင္ပါတယ္။ အပင္ေတြမွာ ေတြ႕ရတဲ့ ဗိုက္တာမင္ A က provitamin (beta carotene )ပါ။ Provitamin ကို ဗိုက္တာမင္ A အစြမ္းရေအာင္ ခႏၶာကိုယ္ထဲမွာ ထပ္ေျပာင္းရပါတယ္။ အမဲအသည္း၊ တူနာငါး၊ ၾကက္ဥအႏွစ္၊ ေထာပတ္၊ cod liver oil က ရတဲ့ ဗိုက္တာမင္ A ကေတာ့ ခႏၶာကိုယ္မွာ ခ်က္ခ်င္းသုံးနိုင္တဲ့ ဗိုက္တာမင္ပါ။
ခႏၶာကိုယ္အတြက္အေရးႀကီးေသာ ဗိုက္တာမင္ျဖစ္ၿပီး အျမင္အာ႐ုံက်န္းမာေရး၊ ခုခံအားက်န္းမာေရး ႏွင့္ သေႏၶသားႀကီးထြားျခင္းအတြက္ အေထာက္အကူေပးပါတယ္။ ဗိုက္တာမင္ A လိုအပ္ခ်က္က အမ်ိဳးသားအတြက္ 900 mcg၊ အမ်ိဳးသမီးအတြက္ 700mcg ႏွင့္ ဆယ္ေက်ာ္သက္မ်ားအတြက္ 300-600 mcg ျဖစ္ပါတယ္။
ဗိုက္တာမင္ A ရဲ႕ ေကာင္းက်ိဳးေတြက
(၁) ဗိုက္တာမင္ A လုံေလာက္ေအာင္စားေပးတဲ့အခါ ၾကက္မ်က္သင့္ေရာဂါျဖစ္တဲ့ ညဘက္မျမင္ရတဲ့ေရာဂါကို ကာကြယ္ႏိုင္တဲ့အျပင္ အသက္ႀကီးလာလို႔ျဖစ္တတ္တဲ့ အျမင္အာ႐ုံခ်ိဳ႕တဲ့ျခင္းျဖစ္စဥ္ေႏွးသြားတတ္ပါတယ္။
(၂) ဗိုက္တာမင္ A ကို beta carotene ပုံစံျဖင့္ လုံေလာက္ေအာင္ျဖည့္စြက္ေပးျခင္းျဖင့္ Hodgkin's lymphoma အျပင္ သားအိမ္ေခါင္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ ဆီးအိတ္ကင္ဆာျဖစ္ေပၚမႈကိုတားေပးႏိုင္ပါတယ္။ ဗိုက္တာမင္ A ကေတာ့ ဒီလိုကာကြယ္မႈမ်ိဳူမေပးႏိုင္ဘူးေျပာပါတယ္။ ဒါေၾကာင့္ ဗိုက္တာမင္ A အစား beta carotene ေသာက္ျခင္းက ကင္ဆာကာကြယ္မႈအတြက္ ပိုအက်ိဳးရွိပါမည္။ေဆးလိပ္ေသာက္သူမ်ား beta carotene ေသာက္တဲ့အခါ အဆုတ္ကင္ဆာျဖစ္ႏိုင္ေခ်တိုးလာျခင္းကို သတိျပဳပါ။ (ref-https://www.ncbi.nlm.nih.gov/pubmed/20155614)
(၃) အစားအေသာက္ထဲမွာ ဗိုက္တာမင္ A ပါတဲ့အခါ ခုခံအားစနစ္က်န္းမာလာတယ္ဆိုပါတယ္။ WHO website အရ မူႀကိဳအရြယ္ကေလး သန္း ၁၉၀ မွာ ဗိုက္တာမင္ A ခ်ိဳ႕တဲ့မွုရွိေနတယ္ဆိုပါတယ္။ အျဖစ္မ်ားတဲ့ေဒသေတြက အာဖရိက ႏွင့္ အေရွ႕ေတာင္အာရွေဒသေတြပါ။ ဗိုက္တာမင္ A က ကေလးေတြရဲ့ ႀကီးထြားမွု ႏွင့္ ကေလးေတြရဲ့ ခုခံအားစနစ္အတြက္အေရးႀကီးပါတယ္။ ကေလးေတြမွာ ဗိုက္တာမင္ A ခ်ိဳ႕တဲ့လၽွင္ ၾကက္မ်က္သင့္တာေတြ၊ ခဏခဏဖ်ားနာတာေတြ၊ ႏွင့္ ကူးစက္ေရာဂါေတြအျဖစ္မ်ားပါတယ္။ ဗိုက္တာမင္ A ေသာက္ထားသူဟာ ခုခံအားေကာင္းမြန္လာၿပီး ဝက္သက္ေရာဂါျဖစ္တဲ့အခါ ဝက္သက္ဒဏ္ကို ခံနိုင္ရည္ပိုရွိတယ္၊ ဝက္သက္ေၾကာင့္ အေသအေပ်ာက္နည္းတယ္ဆိုတဲ့ သုေသတနရွိပါတယ္။ ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီး (WHO ) က အႀကံျပဳခ်က္အရ ဗိုက္တာမင္ A -200000 IU ( ကေလးေတြမွာ - 100000 IU ) ကို ဗိုက္တာမင္ A ခ်ိဳ႕တဲ့နိုင္တဲ့ ေနရာမွာ ဝက္သက္ျဖစ္ေနတဲ့ကေလးကို ႏွစ္ရက္ဆက္တိုက္တိုက္ေကၽြးပါတယ္။ ဗိုက္တာမင္ A ( 200000 IU ) ကို တစ္ရက္တည္းတိုက္တဲ့အခါ ဝက္သက္ေၾကာင့္ အေသအေပ်ာက္ႏွုန္းမေလ်ာ့ခ်နိုင္ေပမည့္ တူညီတဲ့ ပမာဏကို ႏွစ္ရက္ဆက္တိုက္ တိုက္တဲ့အခါ ဝက္သက္ေၾကာင့္ ေသေပ်ာက္ႏွုန္းက်ဆင္းသြားတယ္ဆိုပါတယ္။ အက်ိဳးရလဒ္က ႏွစ္ႏွစ္ေအာက္ ကေလးေတြမွာ ပိုသိသာတယ္ဆိုပါတယ္။ ( ref - https://www.ncbi.nlm.nih.gov/pubmed/11869601/ )။
(၄) ဝက္ျခံကိုလည္း ကုသႏိုင္ပါတယ္။
(၅) ဗိုက္တာမင္ A ကို လုံေလာက္ေအာင္စားေပးျခင္းျဖင့္ အ႐ိုးက်န္းမာေရးတိုးတက္ေစပါတယ္။ အ႐ိုးက်ိဳးႏိုင္ေခ်ကိုလည္း ေလ်ာ့ခ်ေပးတယ္။ (ref-https://www.ncbi.nlm.nih.gov/pubmed/28891953)
(၆) ကိုယ္ဝန္ေဆာင္ မိခင္ေတြ ႏွင့္ ကေလးေတြမွာ ဗိုက္တာမင္ A လုံေလာက္ဖို႔ အေရးပါပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြအတြက္ ဗိုက္တာမင္ A လိုအပ္မွုက ေမြးဖြားခါနီး သုံးလအတြင္းမွာ အျမင့္ဆုံးေရာက္ပါတယ္။ ဒီအခ်ိန္မွာ ဗိုက္တာမင္ A ပါတဲ့ အစားအစာေတြကို ပိုစားေပးဖို႔လိုအပ္ေပမည့္ ဗိုက္တာမင္ A ပါတဲ့ ျဖည့္စြက္စာကို ကိုယ္ဝန္ေဆာင္ကာလမွာ အလြန္အကၽြံမေသာက္ရဘူးဆိုပါတယ္။ ကၽြန္ေတာ္သိသေလာက္ ဗိုက္တာမင္ A ပါတဲ့ ျဖည့္စြက္စာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မေသာက္တာပိုေကာင္းပါတယ္။
ဗိုက္တာမင္ A က အဆီမွာေပ်ာ္တဲ့ ဗိုက္တာမင္ျဖစ္ၿပီး ခႏၶာကိုယ္တြင္းသိုေလွာင္ထားပါတယ္။ အမ်ားႀကီးစားတဲ့အခါ အဆိပ္သင့္ႏိုင္တယ္။ ဗိုက္တာမင္ A အဆိပ္သင့္မွုေတြမွုေတြမွာ အသည္းထိခိုက္မွုေတြ၊ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ၊ အရိုးပါးတာေတြ ျဖစ္နိုင္ပါတယ္။ အဆီမွာ ေပ်ာ္တဲ့ ဗိုက္တာမင္ေတြကို မၽွတေအာင္စားလၽွင္ ဗိုက္တာမင္ A အဆိပ္သင့္မွုေလ်ာ့နည္းတယ္ဆိုပါတယ္။ ဗိုက္တာမင္ A ႏွင့္ D ခ်ိဳ႕တဲ့မွုက ေအာ္တဇင္ ကေလးေတြမွာ အျဖစ္မ်ားၿပီး ေအာ္တဇင္ လကၡဏာေတြကို ပိုဆိုးေစတယ္ဆိုပါတယ္။
Dr.PHYO MAUNG
ရည္ၫႊန္း
https://www.ncbi.nlm.nih.gov/pubmed/28011986
https://www.ncbi.nlm.nih.gov/pubmed/22005522
https://www.ncbi.nlm.nih.gov/pubmed/26569298
https://www.ncbi.nlm.nih.gov/pmc/articles/PMC4030017
https://www.who.int/elena/titles/vitamina_children/en/
https://www.ncbi.nlm.nih.gov/pubmed/29338670/
https://www.drstevenlin.com/vitamin-a-benefits/
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽
ဗိုက်တာမင် A
Beta- carotene
ဗိုက်တာမင် A ဆိုတာ အဆီပျော် ဗိုက်တာမင်ပါ။ ဗိုက်တာမင် A ကို အပင်မှ ရနိုင်သလို တိရစ္ဆာန်ထွက်ပစ္စည်းတွေက ရနိုင်ပါတယ်။ အပင်တွေမှာ တွေ့ရတဲ့ ဗိုက်တာမင် A က provitamin (beta carotene )ပါ။ Provitamin ကို ဗိုက်တာမင် A အစွမ်းရအောင် ခန္ဓာကိုယ်ထဲမှာ ထပ်ပြောင်းရပါတယ်။ အမဲအသည်း၊ တူနာငါး၊ ကြက်ဥအနှစ်၊ ထောပတ်၊ cod liver oil က ရတဲ့ ဗိုက်တာမင် A ကတော့ ခန္ဓာကိုယ်မှာ ချက်ချင်းသုံးနိုင်တဲ့ ဗိုက်တာမင်ပါ။
ခန္ဓာကိုယ်အတွက်အရေးကြီးသော ဗိုက်တာမင်ဖြစ်ပြီး အမြင်အာရုံကျန်းမာရေး၊ ခုခံအားကျန်းမာရေး နှင့် သန္ဓေသားကြီးထွားခြင်းအတွက် အထောက်အကူပေးပါတယ်။ ဗိုက်တာမင် A လိုအပ်ချက်က အမျိုးသားအတွက် 900 mcg၊ အမျိုးသမီးအတွက် 700mcg နှင့် ဆယ်ကျော်သက်များအတွက် 300-600 mcg ဖြစ်ပါတယ်။
ဗိုက်တာမင် A ရဲ့ ကောင်းကျိုးတွေက
(၁) ဗိုက်တာမင် A လုံလောက်အောင်စားပေးတဲ့အခါ ကြက်မျက်သင့်ရောဂါဖြစ်တဲ့ ညဘက်မမြင်ရတဲ့ရောဂါကို ကာကွယ်နိုင်တဲ့အပြင် အသက်ကြီးလာလို့ဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့ခြင်းဖြစ်စဉ်နှေးသွားတတ်ပါတယ်။
(၂) ဗိုက်တာမင် A ကို beta carotene ပုံစံဖြင့် လုံလောက်အောင်ဖြည့်စွက်ပေးခြင်းဖြင့် Hodgkin's lymphoma အပြင် သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာဖြစ်ပေါ်မှုကိုတားပေးနိုင်ပါတယ်။ ဗိုက်တာမင် A ကတော့ ဒီလိုကာကွယ်မှုမျိုူမပေးနိုင်ဘူးပြောပါတယ်။ ဒါကြောင့် ဗိုက်တာမင် A အစား beta carotene သောက်ခြင်းက ကင်ဆာကာကွယ်မှုအတွက် ပိုအကျိုးရှိပါမည်။ဆေးလိပ်သောက်သူများ beta carotene သောက်တဲ့အခါ အဆုတ်ကင်ဆာဖြစ်နိုင်ချေတိုးလာခြင်းကို သတိပြုပါ။ (ref-https://www.ncbi.nlm.nih.gov/pubmed/20155614)
(၃) အစားအသောက်ထဲမှာ ဗိုက်တာမင် A ပါတဲ့အခါ ခုခံအားစနစ်ကျန်းမာလာတယ်ဆိုပါတယ်။ WHO website အရ မူကြိုအရွယ်ကလေး သန်း ၁၉၀ မှာ ဗိုက်တာမင် A ချို့တဲ့မှုရှိနေတယ်ဆိုပါတယ်။ အဖြစ်များတဲ့ဒေသတွေက အာဖရိက နှင့် အရှေ့တောင်အာရှဒေသတွေပါ။ ဗိုက်တာမင် A က ကလေးတွေရဲ့ ကြီးထွားမှု နှင့် ကလေးတွေရဲ့ ခုခံအားစနစ်အတွက်အရေးကြီးပါတယ်။ ကလေးတွေမှာ ဗိုက်တာမင် A ချို့တဲ့လျှင် ကြက်မျက်သင့်တာတွေ၊ ခဏခဏဖျားနာတာတွေ၊ နှင့် ကူးစက်ရောဂါတွေအဖြစ်များပါတယ်။ ဗိုက်တာမင် A သောက်ထားသူဟာ ခုခံအားကောင်းမွန်လာပြီး ဝက်သက်ရောဂါဖြစ်တဲ့အခါ ဝက်သက်ဒဏ်ကို ခံနိုင်ရည်ပိုရှိတယ်၊ ဝက်သက်ကြောင့် အသေအပျောက်နည်းတယ်ဆိုတဲ့ သုသေတနရှိပါတယ်။ ကမ႓ာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က အကြံပြုချက်အရ ဗိုက်တာမင် A -200000 IU ( ကလေးတွေမှာ - 100000 IU ) ကို ဗိုက်တာမင် A ချို့တဲ့နိုင်တဲ့ နေရာမှာ ဝက်သက်ဖြစ်နေတဲ့ကလေးကို နှစ်ရက်ဆက်တိုက်တိုက်ကျွေးပါတယ်။ ဗိုက်တာမင် A ( 200000 IU ) ကို တစ်ရက်တည်းတိုက်တဲ့အခါ ဝက်သက်ကြောင့် အသေအပျောက်နှုန်းမလျော့ချနိုင်ပေမည့် တူညီတဲ့ ပမာဏကို နှစ်ရက်ဆက်တိုက် တိုက်တဲ့အခါ ဝက်သက်ကြောင့် သေပျောက်နှုန်းကျဆင်းသွားတယ်ဆိုပါတယ်။ အကျိုးရလဒ်က နှစ်နှစ်အောက် ကလေးတွေမှာ ပိုသိသာတယ်ဆိုပါတယ်။ ( ref - https://www.ncbi.nlm.nih.gov/pubmed/11869601/ )။
(၄) ဝက်ခြံကိုလည်း ကုသနိုင်ပါတယ်။
(၅) ဗိုက်တာမင် A ကို လုံလောက်အောင်စားပေးခြင်းဖြင့် အရိုးကျန်းမာရေးတိုးတက်စေပါတယ်။ အရိုးကျိုးနိုင်ချေကိုလည်း လျော့ချပေးတယ်။ (ref-https://www.ncbi.nlm.nih.gov/pubmed/28891953)
(၆) ကိုယ်ဝန်ဆောင် မိခင်တွေ နှင့် ကလေးတွေမှာ ဗိုက်တာမင် A လုံလောက်ဖို့ အရေးပါပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဗိုက်တာမင် A လိုအပ်မှုက မွေးဖွားခါနီး သုံးလအတွင်းမှာ အမြင့်ဆုံးရောက်ပါတယ်။ ဒီအချိန်မှာ ဗိုက်တာမင် A ပါတဲ့ အစားအစာတွေကို ပိုစားပေးဖို့လိုအပ်ပေမည့် ဗိုက်တာမင် A ပါတဲ့ ဖြည့်စွက်စာကို ကိုယ်ဝန်ဆောင်ကာလမှာ အလွန်အကျွံမသောက်ရဘူးဆိုပါတယ်။ ကျွန်တော်သိသလောက် ဗိုက်တာမင် A ပါတဲ့ ဖြည့်စွက်စာ ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်တာပိုကောင်းပါတယ်။
ဗိုက်တာမင် A က အဆီမှာပျော်တဲ့ ဗိုက်တာမင်ဖြစ်ပြီး ခန္ဓာကိုယ်တွင်းသိုလှောင်ထားပါတယ်။ အများကြီးစားတဲ့အခါ အဆိပ်သင့်နိုင်တယ်။ ဗိုက်တာမင် A အဆိပ်သင့်မှုတွေမှုတွေမှာ အသည်းထိခိုက်မှုတွေ၊ မွေးရာပါချို့ယွင်းချက်တွေ၊ အရိုးပါးတာတွေ ဖြစ်နိုင်ပါတယ်။ အဆီမှာ ပျော်တဲ့ ဗိုက်တာမင်တွေကို မျှတအောင်စားလျှင် ဗိုက်တာမင် A အဆိပ်သင့်မှုလျော့နည်းတယ်ဆိုပါတယ်။ ဗိုက်တာမင် A နှင့် D ချို့တဲ့မှုက အော်တဇင် ကလေးတွေမှာ အဖြစ်များပြီး အော်တဇင် လက္ခဏာတွေကို ပိုဆိုးစေတယ်ဆိုပါတယ်။
Dr.PHYO MAUNG
ရည်ညွှန်း
https://www.ncbi.nlm.nih.gov/pubmed/28011986
https://www.ncbi.nlm.nih.gov/pubmed/22005522
https://www.ncbi.nlm.nih.gov/pubmed/26569298
https://www.ncbi.nlm.nih.gov/pmc/articles/PMC4030017
https://www.who.int/elena/titles/vitamina_children/en/
https://www.ncbi.nlm.nih.gov/pubmed/29338670/
https://www.drstevenlin.com/vitamin-a-benefits/