MJ Japanese Language Centre

MJ Japanese Language Centre

Share

ဂျပန်နိုင်ငံတွင်အလုပ်လုပ်ချင်သူများကိုအထူးအာမခံဖြစ်ပို့ဆောင်ပေးပါသည်။

လူငယ်များကိုခိုင်မာ‌‌သော အလုပ်အကိုင်များ ရှာဖွေပေးရန်နှင့် ကောင်းမွန်သောဘဝကိုပိုင်ဆိုင်နိုင်သောသူများဖြစ်စေရန် လမ်းပြနိုင်သော သင်တန်းကောင်းတစ်ခုဖြစ်ရန်ရည်ရွယ်ပါသည်။

Photos from MJ Japanese Language Centre's post 13/12/2025

ရာသက်ပန်ပိတ်သိမ်းခံရတဲ့ agency list လေး‌ေတွရှောင်လို့ရအောင်တင်ပေးလိုက်ပါတယ်ခင်ဗျ

゚viralシ

26/11/2025

💡 ဂျပန်စာလေ့လာဖို့ ဘာကြောင့် စဉ်းစားသင့်သလဲ? (လေ့လာသူတိုင်းအတွက် ဗဟုသုတ)
​🎌 ဂျပန်စာ လေ့လာခြင်းက သင့်အတွက် ဘယ်လို အခွင့်အလမ်းတွေ ယူဆောင်လာပေးနိုင်မလဲ? 💡
​ဂျပန်စာကို စတင်သင်ယူဖို့ စိတ်ဝင်စားနေပေမယ့် တကယ်တမ်း လေ့လာသင့်ရဲ့လားလို့ ချီတုံချတုံဖြစ်နေသူတွေအတွက် ဂျပန်စာလေ့လာခြင်းရဲ့ အဓိက အကျိုးကျေးဇူး (၃) ချက်ကို မျှဝေပေးချင်ပါတယ်!
​၁။ 💼 အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာခြင်း
​ဂျပန်နိုင်ငံသည် နည်းပညာ၊ အင်ဂျင်နီယာနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်နေပါတယ်။ ဂျပန်စာတတ်ကျွမ်းသူများသည် မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီများတွင်သာမက ဂျပန်နိုင်ငံသို့ တိုက်ရိုက်သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက်ပါ တံခါးဖွင့်ပေးလိုက်သလိုပါပဲ။
​ဗဟုသုတ: ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲ JLPT (Japanese-Language Proficiency Test) သည် ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုခံရသော စာမေးပွဲဖြစ်ပြီး N5 မှ N1 အထိ အဆင့်များရှိပါတယ်။
​၂။ 🧠 ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အမြင်သစ်များ ရရှိခြင်း
​ဂျပန်စာတွင် ဟီရာဂါနာ (Hiragana)၊ ခါတာကာနာ (Katakana) နှင့် ခန်ဂျီ (Kanji) ဟူ၍ စာရေးစနစ် (၃) မျိုးကို တစ်ပြိုင်နက် လေ့လာရသောကြောင့် သင့်ဦးနှောက်၏ မှတ်ဉာဏ်စွမ်းရည်နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။
​ဗဟုသုတ: ခန်ဂျီ စာလုံးများသည် တရုတ်စာလုံးများမှ ဆင်းသက်လာပြီး တစ်လုံးချင်းစီ၌ သီးခြားအဓိပ္ပာယ်များရှိသည်။ ခန်ဂျီ 2000 ခန့်ကို သိရှိပါက ဂျပန်သတင်းစာများကို ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
​၃။ ⛩️ ဂျပန်ယဉ်ကျေးမှုကို နက်ရှိုင်းစွာ နားလည်ခံစားနိုင်ခြင်း
​ဂျပန်စာကို တတ်မြောက်ခြင်းက နာမည်ကျော် Anime, Manga များနှင့် ဂျပန်ရုပ်ရှင်များ၏ မူရင်းအကြောင်းအရာများကို ခံစားကြည့်ရှုနိုင်စေရုံသာမက ဂျပန်လူမျိုးတို့၏ လေးစားမှုနှင့် စည်းကမ်းရှိမှု ကို ကိုယ်တိုင်တွေ့ကြုံခံစားရင်း ဘဝအတွက် သင်ခန်းစာများစွာ ရရှိစေနိုင်ပါတယ်။
​ဗဟုသုတ: ဂျပန်လူမျိုးများ စကားပြောဆိုရာတွင် အသုံးပြုလေ့ရှိသော Keigo (လေးစားမှုဆိုင်ရာ ဘာသာစကား) သည် ဂျပန်ယဉ်ကျေးမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူကြီးလူကောင်း ဆက်ဆံရေးတွင် မရှိမဖြစ် လိုအပ်ပါတယ်။
​ဂျပန်စာသည် စိန်ခေါ်မှုများ ရှိနိုင်သော်လည်း ၎င်းကပေးမည့် အကျိုးကျေးဇူးများက ထိုက်တန်ပါသည်။ အခုပဲ စတင်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါ။
​📢 ကျွန်ုပ်တို့၏ သင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါပြီ!
​ #ဂျပန်စာ #ဂျပန်စာလေ့လာမယ် #ဂျပန်ယဉ်ကျေးမှု #အခွင့်အလမ်း

Photos from MJ Japanese Language Centre's post 05/10/2025

ဂျပန်လို ကိန်းဂဏန်းရေတွက်ပုံ‌လေးတွေ ကို ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ပါတယ်ခင်ဗျ
Learn Japanese Numbers – 日本語の数字を覚えよう!


Photos from MJ Japanese Language Centre's post 30/09/2025

မင်္ဂလာပါခင်ဗျာ 🙏

MJ japanese Language center ကို မကြာခင်ကာလအတွင်းမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး
ဂျပန်စာသင်တန်းများနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလဲ ယခု pageလေးမှာ ‌ကြေငြာပေးသွားမှာဖြစ်ပါတယ်။

🎆သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ ဝေါဟာရများကိုလေ့လာရင်း
မကြာခင်ရောက်ရှိတော့မယ့်သီတင်းကျွတ်အခါသမယလေးမှာစိတ်၏ချမ်းသာခြင်း။ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပါစေလို့ ကျွန်တော်တို့ MJ JLCမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ

07/12/2023

ယနေ့အကြိုက်ဆုံးဥပမာ.
သိပ်ကောင်းတဲ့စာတပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"
💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ်
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ဖြစ်လာတာ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."

26/08/2023

ရင့်ကျက်လာတဲ့အခါ
-----------------------

ပတ်ဝန်းကျင်ရဲ့
စကားနဲ့တိုက်ခိုက်ခြင်းတွေကို
အပြုံးလေးနဲ့ တုံ့ပြန်လာနိုင်တယ်။

အလုပ်တွေရဲ့ဖိအားကို
စိတ်ရှည် လက်ရှည်နဲ့ တွန်းလှန်နိုင်တယ်။

ကိုယ့်ကို မကောင်းမြင်တတ်တဲ့လူတွေကို
သည်းခံခြင်းနဲ့ အနိုင်ယူတတ်လာတယ်။

အချစ်နဲ့ ပတ်သက်လာရင်
အနားမနေချင်သူလည်း အရင်လို
အတင်းတွယ်ကပ်မနေဘဲ
စွန့်လွှတ်တတ်လာတယ်။

အလုပ်တွေကို အရင်ထက်ချစ်လာပြီး
မျှော်လင့်ချက်တွေ ပိုပီပြင်လာတယ်။

စာဖတ်ခြင်းဟာအကောင်းဆုံး
အားဆေးတစ်ခွက်ဖြစ်လာတယ်။

ဝမ်းနည်ရတဲ့နေ့တွေထက်
ပျော်စရာနေ့တွေ ပိုင်ဆိုင်လာပြီး
အေးချမ်းမှုတွေကို တွေ့ရှိလာတယ်။

"ဘဝ" ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့
အဓိပ္ပယ်ကို ပိုလေးနက်အောင်
ဖွင့်ဆိုနိုင်တယ်။

အခက်အခဲတွေ ကြုံလာတဲ့အခါ
ရုန်းကန် ကျော်ဖြတ်တတ်လာတယ်။

သိမ်ငယ်မှုတွေကြုံလာတဲ့အခါ
အားတင်းတတ်လာတယ်။

တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ
ရင်ဆိုင်တတ်လာတယ်။

ပြိုလဲမှုတွေ ကြုံလာတဲ့အခါ
ပြန်ထနိုင်အောင် ကြိုးစားတတ်လာတယ်။

ဒုက္ခတွေကြုံလာတဲ့အခါ
အဆင်ပြေသွားမှာလို့ နှစ်သိမ့်ရင်း
ကိုယ့်ကိုယ်ကို အားကိုးတတ်လာတယ်

တစ်နေ့ပြီး တစ်နေ့ အကောင်းဆုံး
လျှောက်လှမ်းရင်းဘဝဟာ
ပြီးပြည့်စုံမှုမရှိပေမယ့်ဆန္ဒသာ
ရှိရင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်
တယ်ဆိုတာ သိလာခဲ့ရတယ်။

ဒါကြောင့် ရင့်ကျက်မှုဟာ
လူတစ်ယောက်အတွက်
လိုအပ်ချက်တစ်ခုလို့ ခံစားသိလာတယ်။

ရင့်ကျက်ခြင်းရဲ့လက္ခဏာသင်္ကေတ(၁၀)ခု
***********************************

သင် ပိုပြီး ခွင့်လွတ်တတ်လာတယ် ။

မတူညီ ကွဲပြားတဲ့ အရာတွေအပေါ် သင် လေးစားတတ်လာတယ်။

အချစ်ကို တည်ဆောက်ဖို့ အချိန်ယူတတ်လာတယ်..။

ရင်နာဖွယ် ၀မ်းနည်းစရာဖြစ်ရပ်တွေကို သင် လက်ခံတတ်လာတယ်။

တစ်ပါးသူအပေါ် သင် ဝေဖန်တာ နည်းလာတယ် ။

အရေးမကြီးသော စကားဝိုင်းတွေအပေါ် သင် စိတ်လှုပ်ရှားမှု့နည်းပါးလာတယ်..။

ပိုပြီးလည်း အမြင်ကျယ်ပြီး သဘောထားကြီး တတ်လာတယ်..။

တစ်ခါတစ်လေ စကားများ ရန်ဖြစ်နေရတာထက်
ငြိမ်ငြိမ်လေး နုတ်ဆိတ်နေရတာ ပိုသဘောကျတယ် ။

ညနက် အပြင်သွားဖို့ထက် အိမ်မှာ အိပ်နေရတာ ပို သဘောကျလာတယ်..။

သင့် ပျော်ရွှင်မှုဟာ တစ်ပါးသူရဲ့သင့်အပေါ် အမြင်ထက်
သင့်အပေါ်မှာသာ မူတည်လာတယ်..။

( အသိတရားတွေ ရင့်ကျက်သွားရင်)
•••••••••••••••••••••••••••••••••

အရေးပါခြင်း မပါခြင်းတွေကို
နားလည်လာတဲ့အခါ
ဂရုစိုက်စရာတွေ နည်းလာတယ်။

ပြောသင့် မပြောသင့်ကို
ချင့်ချိန်တတ်လာတဲ့အခါ
စကားတွေ နည်းလာတယ်။

အမှန် အမှားကို
ခွဲခြားတတ်လာတဲ့အခါ
အပြစ်တွေ နည်းလာတယ်။

လိုအပ်တာနဲ့ မလိုအပ်တာ
ကွဲပြားသွားတဲ့အခါ
စွန့်လွှတ်ရဲတဲ့ စိတ်တွေရှိလာတယ်။

အကောင်းမြင်စိတ်တွေ
ရှိလာတဲ့အခါ
ဒေါသဖြစ်စရာတွေ နည်းလာပါတယ်။

အသိတရားတွေ
ရင့်ကျက်သွားသူတိုင်း

အရင်ကထက် ကိုယ့်စိတ်ကို
ဆင်ခြင်ထိန်းချုပ်ပြီး အေးချမ်းဖို့ကို
အလေးထားတတ်လာတယ်။

(ရင့်ကျက်မှုဆိုတာ)
============

ရင့်ကျက်နေတဲ့ သူတွေမှာ တွေ့ရတဲ့ အချက်တွေကတော့....

၁-တစ်ခြားလူတွေကို ပြောင်းလဲဖို့ မကြိုးစားတော့ပဲ
ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ပဲ အာရုံစိုက်လာတဲ့အခါ
သင်ဟာ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။

၂-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို
တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲတာမျိုးတွေ
မရှိတော့ဘူး။

၃-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ လိုချင်တာတွေကို
ဦးစားမပေးတော့ဘဲ တကယ်လိုအပ်တာတွေကိုပဲ
လုပ်တတ်လာကြပါတယ်။

၄-မျှော်လင့်ချက်တွေ အရမ်းကြီးမထားတော့ဘဲ
ရယူပိုင်ဆိုင်လိုစိတ်တွေ လျှော့ချလာနိုင်တဲ့အခါ
ရင့်ကျက်လာပါတယ်။

၅-လူတိုင်းမှာ သူ့အယူအဆနဲ့သူ၊ သူ့အမြင်နဲ့သူ ရှိပြီး
သူတို့ကိုယ်သူတို့ မှန်တယ်လို့ ထင်နေကြပါလား
ဆိုတာကို နားလည်လာတဲ့အခါ သင်ဟာ ရင့်ကျက်
လာပါပြီ။

၆-တစ်ယောက်တည်း ငြိမ်းချမ်းစွာ နေတတ်လာတဲ့အခါ
ရင့်ကျက်လာတာပါပဲ။

၇-တစ်ခြားလူတွေရဲ့ ခွင့်လွှတ်မှုတွေကို မရှာဖွေတော့ပဲ
ကိုယ့်သဘောကျ နေတတ်လာတဲ့အခါ ရင့်ကျက်လာပြီလို့
ပြောလို့ရပါပြီ။

၈-သင့်ကိုယ်သင် နားလည်လာတဲ့အခါ သင်ဟာ
ရင့်ကျက်လာပါပြီ။

၉-စွန့်လွှတ်မှုတွေကို နားလည်လာတဲ့အခါ သင်ဟာ
ရင့်ကျက်နေပါပြီ။

၁၀-ကိုယ့်ကိုယ်ကို ဘယ်လောက်တော်ကြောင်း
လူတွေသိအောင် မကြိုးစားတော့တဲ့အခါ သင်ဟာ
ရင့်ကျက်နေပါပြီ။

၁၁-ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေအပေါ်
မမှီခိုတော့ဘူးဆိုရင် သင်ဟာ ရင့်ကျက်လာပါပြီ။

၁၂-လူတွေအပေါ် နားလည်လာတဲ့အခါ
ရင့်ကျက်မှုဟာ ဖြစ်ပေါ်လာပါပြီ။

(ရင့်ကျက် တည်ငြိမ်သူ)
================

✍️ဘဝမှာ ကိုယ်လုပ်ချင်တာထက်
ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။

✍️အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။
အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သော လူသားတစ်ဦးအသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။

✍️ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်း တူပေမဲ့ အဓိပ္ပာယ် ကွာခြားလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။

✍️တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။

✍️ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေး ဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေအကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။

✍️သူများတွေ ကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။

✍️ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။

✍️အခြားသူတွေရဲ့ဘဝ အောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။

✍️ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး
အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။

✍️အခြေအနေ တစ်ခုကနေ တစ်ခုကို ပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။

✍️ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။

✍️ကိုယ့်စိတ်ထဲမှာ ဖြစ်ချင် လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။ ဆုံးဖြတ်ချက်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။

(ရင့်ကျက်လာသူတွေရဲ့ သဘာဝ)
🌿🌿🌿🌿🌿🌿🌿🌿

🌺 စိတ်ကောက်တယ်ဆိုတာ ……
🌺 ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။

🌺 စိတ်ဆိုးတယ်ဆိုတာ ……
🌺 မရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။

🌺 စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ……
🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

🌺 မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ ……
🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

🌺 နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိူင်တာကလည်း
🌺 ရင့်ကျက်နေသူတွေရဲ့ ထိမ်းချုပ်နိူင်စွမ်းပါပဲ။

🌺 ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ……
🌺 ရင့်ကျက်သူတွေရဲ့ ဂုဏ်သတ္တိပါပဲ။

🌺 ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ
🌺သဘာဝကိုသိနားလည် လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို
🌺 ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။

"မငယ်တော့တဲ့အခါ"
🍎🍎🍎🍎🍎🍎

🍏 လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက် ……
🍏 လူရှင်းရှင်း နားအေးအေးနေရာမှာ ……
🍏 သက်တောင့်သက်သာလေး ပိုနေချင်လာတယ်။

🍏 အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက် ……
🍏ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ
🍏 လုံလောက်လာတယ်။

🍏 ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်……
🍏 ဆိုတာတွေလည်း နည်းလာပြီး .……
🍏 ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်။

🍏 ဘာရလို့ ပိုပျော်တယ် ဆိုတာလည်း……
🍏 မရှိသလောက် ရှားသွားပြီး………
🍏 ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း ……
🍏 အလိုက်သင့်လေး နေတတ်လာတယ်။

🍏 ငွေတန်ဖိုးကို ပိုသိလာတယ်……
🍏 မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်။

🍏 ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး……
🍏 ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်။

🍏 အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး……
🍏ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုလည်းဦးစားပေးတတ်လာတယ်

🍏ကြီးရင့်ခြင်းဆိုတာနုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်
🍏 တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်း
🍏 ပြောင်းလဲစပြုလာတဲ့

🍏 ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်
🍏 သတိထား လက်ခံတတ်လာတယ်...။


#ခွန်အားဖြစ်စေသောစာများ #စာအုပ်
#စာပေ #ဘဝ #ဗဟုသုတ

14/05/2023

🌀⚡မိမိနေထိုင်ရာ ဒေသမှာ မုန်တိုင်းဝင်ရောက်နေသည့် အခြေအနေလေးတွေ အများသိအောင် မန့်ပေးကြပါ 🌀⚡

07/05/2023

မကြာခင်မှာပဲ သစ်သီးတွေ လှိုင်လှိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ…
ဥပမာ သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး ပိန္နဲသီး အစရှိသဖြင့်ပေါ့….

ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့…
အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ..

အဲဒီအစေစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ.. ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာ သိမ်းထားပေးပါခင်ဗျ….

ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ်…. ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်… ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ်…. အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ… သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ….

အဲဒီစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်…

မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ…

ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ…

ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲ ဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက ( မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်…

ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားဗျာ….

ကျေးဇူးပြုပြီး မျှဝေပေးကြပါနော်…

Dear Penro Tarlac Page က ရေးထားတာလေးကို ဆီလျှော်အာင် ဘာသာပြန်ပေးထားတာပါ…
Credit to original post uploader
❤❤❤❤❤❤❤❤❤❤❤

13/03/2023

ကမ္ဘာမှာNokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသားဖြစ်မှာပါ။

သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့စကားလေးက သိပ်ကောင်းတယ်။

We did't do anything wrong ,
but somehow we fall.

"ငါတို့ အမှားမလုပ်ခဲ့ဘူး။
ဒါပေမယ့် ငါတို့ကျရှုံးခဲ့တယ်"
Suri (CEO Nokia)

တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ဘူး။

ကိုယ့် Skill တွေလည်း မလျော့သွားဘူး။

ဒါပေမယ့်ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ယနေ့ခေတ်ကြီးမှာ
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို Nokia က သက်သေပြလိုက်တာပဲ။

အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့ကိုယ့် Skill ကို ဒီထက်တိုးအောင်လုပ်ဖို့ လို လာပါပြီ။

ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ။ အောင်မြင်မှုမှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ။

မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skillတိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီးမှောက်သွားမှာပေါ့။

ဒါကြောင့်ဘဝမှာ အပြောင်း အလဲတွေက ရှိနေကြုံနေရမှာပါပဲ။

ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။

That's why , want to be apro in one realm,
we need to try to improve our skill
as well as not to stop our Learning .

နယ်ပယ်တစ်ခုမှာ Pro တစ်ယောက် ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့၊ သင်ယူခြင်းကို
မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်းတိုးအောင် ကြိုးစားဖို့လိုပါတယ်။

ခင်ဗျားအနေနဲ့ အကုန်သိ အကုန်တတ်နေပြီဆိုရင် သေချာတာကတော့ ကျန်ခဲ့မှာဘဲ ခင်ဗျားမသိတာတွေ အများကြီး ရှိနေပါတယ်။

12/02/2023

ငါးလှောင်ကန်ထဲမှာ ထည့်ထားတဲ့ ငါးမန်းတစ်ကောင်ဟာ ၈ လက်မ ကြီးထွားလာချိန်မှာ ပင်လယ်ပြင်မှာ ရှင်သန်တဲ့ ငါးမန်းတစ်ကောင်ဟာ ၈ ပေ ထက်ပိုပြီးကြီးထွားကြတယ်လို့ဆိုတယ်။ ငါးမန်းတွေဟာ သူနေထိုင်တဲ့ ဝန်းကျင်ထက် ပိုပြီး outgrowth မဖြစ်ဘူး။ သူ့ဝန်းကျင်ကျဉ်းမြောင်းရင် သူနည်းနည်းပဲ ကြီးထွားမယ်။ သူ့ဝန်းကျင် လွတ်လပ်ရင်တော့ သူများများကြီးထွားမယ်။
-
လူတွေရဲ့ အတွေးအခေါ်ဟာလည်း ဒီအတိုင်းပဲ လူတစ်ယောက် လက်ခံ ကန့်သတ်ထားတဲ့ နိုင်ငံရေးဘောင်၊ လူမျိုးရေးဘောင်၊ ဘာသာရေးဘောင်၊ လူမှု စည်းမျဉ်း ဘောင် စတဲ့ ဘောင်အသီးသီး ထက်ပိုပြီး တွေးခေါ်သိမြင်နိုင်စွမ်း မရှိကြဘူး။ သူ့ရဲ့ အတွေးအမြင်ဟာ အဲဒီ ဘောင်နဲ့ လိုက်လျောညီထွေပြီးတော့ပဲ ရှိတယ်။ ဘောင်ကျဉ်းလေလေ အတွေးအခေါ်ကျဉ်းလေလေပဲ။
-
လူတစ်ယောက်ဟာ အတွေးအခေါ် ကျဉ်းမြောင်လာပြီဆိုရင် သေချာတယ် သူ့အတွေးအခေါ်ကို ကန့်သတ်ထားတဲ့ ဘောင်တစ်ခုခုရှိနေပြီ။ လူတွေဟာ အစွဲကြီးလေလေ၊ ကန့်သတ်ထားတဲ့ဘောင်ကျဉ်းလေလေ၊ အတွေးအခေါ် အားနည်းလာလေလေပါပဲ။
-
အဲဒီအကြောင်းကို ပြောရင်း ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား ၀တ္တုထဲက အဖြစ်အပျက်တစ်ခုကို ဥပမာပေးမယ်။ အဲဒီအထဲက ဇာတ်လိုက်က ဆင်ဖြူရှင် (မြေဒူးမင်း) လက်ထက်က မြန်မာစစ်သည်ကလေး၊ နာမည်က ကောင်းမြတ်၊ အင်မတန်ရိုးဖြောင့်တယ်။ သူဟာ ဘာသာတရားအဆုံးအမနဲ့ နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့တော့ သူ့မှာ ကောင်းတဲ့အချက်ရှိသလို၊ ဆိုးတဲ့အကျိုးသက်ရောက်မှုလည်းရှိတယ်။ ကောင်းတဲ့အချက်က သူဟာ ရိုးဖြောင့်တယ်၊ ဖြူစင်တယ်၊ အမှန်တရားကို မြတ်နိုးတယ်၊ ဆိုးတဲ့အချက်က အထက်က ကျွန်တော်ပြောခဲ့တဲ့ ဘောင်တွေဟာ သူ့ကို ကန့်သတ်ထားတယ်။
-
တစ်နေ့တော့ သူနဲ့ရင်းနှီးတဲ့ အီတာလျံအမြောက်ဗိုလ်က ကောင်းမြတ်ကို သူတို့အနောက်နိုင်ငံက ရေနွေးငွေ့သုံး သင်္ဘောတွေ၊ စက်ကိရိယာတွေ အကြောင်းပြောတယ်။ အဲဒီအခါ ကောင်းမြတ်က
-
“ယုတ္တိမတန်တာတွေမပြောပါနဲ့။ အဲဒါတွေဟာ စကြာ၀တေးမင်းသာ ရနိုင်တဲ့ စကြာယဉ်ပျံတွေပါ”တဲ့
-
အဲဒါဟာ ကောင်းမြတ်ရဲ့ အတွေးအမြင်ကို ဘောင်နဲ့ကန့်သတ်ခံထားလိုက်ရတဲ့သဘော။
-
နောက် ကျွန်တော် shock ရသွားတဲ့ အင်တာနက်မှာတွေ့ရတဲ့အဖြစ်အပျက်တစ်ခု ရှိသေးတယ်။ အဲဒါက balanced rock နဲ့ပတ်သက်တဲ့ topic တစ်ခုပါ။ balanced rock ဆိုတာကတော့ ကျွန်တော်တို့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီလို မျှခြေရှိပြီး အစွန်းတစ်ခုခုမှာ တင်နေတဲ့ ကျောက်တုံးတွေပေါ့လေ။ အဲဒီအကြောင်းကို အင်တာနက်ပေါ်မှာ geologist တစ်ယောက်က ဆွေးနွေးတယ်။ အဲဒီလိုကျောက်တွေဟာ ကမ္ဘာအနှံ့အပြားမှာရှိကြောင်း၊ ဘယ်လိုဘယ်ပုံဖြစ်လာကြောင်းကို ဗဟုသုတမျှဝေတယ်။ သူ့ပို့စ်မှာလည်း ဘာသာရေးနဲ့မပတ်သက်ကြောင်းလည်း ထည့်ရေးထားတယ်။ ဒါပေမယ့်ပေါ့လေ ဖေ့ဘွတ်က အစွန်းရောက်အပေါင်းသူတော်ကောင်းတွေက ဆဲလိုက်ကြတာ သောက်သောက်လဲ။ စေတနာနဲ့ဗဟုသုတမျှဝေပေးတဲ့လူလည်း သူ့ပို့စ်သူ ပြန်ဖျက်ပစ်လိုက်ရတယ်။ အဲဒါဟာလည်း ဘောင်တစ်ခုပဲ။ သူတို့သတ်မှတ်ထားတဲ့၊ ဘောင်ခတ်ထားတဲ့ ဘာသာရေးဖရိန်မှာသာ လှောင်ပိတ်ထားကြတယ်။
-
ပြောချင်တာက လူတစ်ယောက်ဟာ ဘောင်တစ်ခုခတ်မိလိုက်ပြီဆိုတာနဲ့ ပြင်ပ ဗဟုသုတကိုလက်မခံနိုင်တော့ဘူး။ အရာရာကို သူသတ်မှတ်ထားတဲ့ ဘောင်ထဲကပဲ စဉ်းစားတယ်။ အဲဒီလိုစဉ်းစားသလို အဲဒီဘောင် ပျက်ယွင်းသွားမှာ တစ်နည်းအားဖြင့် ပိုမိုကျယ်ပြန့်တဲ့ knowledge တစ်ခုကြောင့် သူအရိုးစွဲယုံကြည်ခဲ့တဲ့အရာတစ်ခု ပျက်ယွင်းသွားမှာ အင်မတန်ကြောက်တဲ့ စိတ်လည်းဖြစ်လာတယ်။ အဲဒီဘောင်ဟာ သူ့အတွေးအခေါ်ကို ဘူးသီးအမွှေးသပ်လိုက်သလိုဖြစ်သွားတယ်။ limit လုပ်လိုက်တယ်။ အဲဒီထက်ကျော်လွန်တဲ့ အသိအမြင်မျိုး သူ့အတွက် ဒီတစ်သက်မရနိုင်တော့ဘူး။
-
အဲဒီလို ဘောင်ခတ်ထားတဲ့အတွေးအမြင်ရှိသူတွေများလာရင် အတွေးအမြင် ကျဉ်းမြောင်းသလို၊ တိုးတက်ဖြစ်ထွန်းမှုလည်း မရှိနိုင်တော့ပါဘူး။
-
ငါးမန်းတွေဟာ ဝန်းကျင်ပေါ်မူတည်ပြီးကြီးထွားသလို၊ ကျွန်တော်တို့ အတွေးအမြင်တွေဟာလည်း ဘောင်တွေပေါ်မှာသိပ်ကို မူတည်ပါတယ်။
.
.
========
( ဖြိုးသုတ )
========

02/02/2023

စာဖတ်နေရင်း 94% ထဲငါပါသွားပြီ🤧🤧

25/01/2023

"ရှင့်မှာ အိမ်ရှိလား?"

"မရှိဘူး"

"ကားရှိလား?"

"မရှိဘူး"

"ငွေစုစာအုပ်ရှိလား?"

"ဒါလည်းမရှိဘူး"

"ဘာမှ မရှိဘဲ ရှင်က ကျွန်မကို ချစ်ရေးဆိုချင်သေးတယ်!"

"ကျွန်တော် ...."

ကောင်မလေးလှည့်ထွက်မယ်လုပ်တော့

"ကျွန်တော့်လူပေါင်းထောင်ကျော် စီမံကွပ်ကဲတယ်။ အဲဒီလူတွေထဲမှာ ဆရာဝန်ပါတယ်၊ အင်ဂျင်နီယာပါတယ်၊ ရှေ့နေပါတယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေပါတယ်.. ပြီးတော့ .. "

စကားမဆုံးသေးဘူး၊ ကောင်မလေး ပြေးလာပြီး ခါးကိုဖက်လိုက်တယ်။

"ကြည့်စမ်း လူနောက်.. ဘာလို့ စောစောက မပြောတာလဲ.. ဒါနဲ့ ရှင်က ဘယ်ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလဲဟင်"

" ဘယ်ကုမ္ပဏီမှမဟုတ်ပါဘူး.. ဖေ့စဘုတ်ဂရုတစ်ခုက အက်မင်ပါ ... "

***
wechat မှာဖတ်မိတာလေး မျှဝေပါတယ်။

#နိုင်းနိုင်းစနေ

Want your school to be the top-listed School/college in Dawbon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yamonna Yeikmon Housing
Dawbon
11241