Shin Than Aung PreSchool

Shin Than Aung PreSchool

Share

“ Think Smarter, Achieve Better ”

Photos from Shin Than Aung PreSchool's post 17/12/2025

Merry Christmas 🎄🎁🎊

ခရစ်စမတ်အကြို
သားသားမီးမီးတို့ရဲ့ art and craft လက်ရာများ
❤️❤️❤️













20/11/2025

💓 သားသားမီးမီးတို့ သင်ယူခဲ့တဲ့ activities ပုံရိပ်လေးတွေပါ 💓

🌱 သဲကစားခြင်း၏ အကျိုးကျေးဇူးများ

1. လူမှု စိတ်ခံစားမှု တိုးတက်ရေးနယ်ပယ်

🍀အုပ်စုဖွဲ့ ကစားတတ်မယ်
🍀မျှဝေတတ်မယ်
🍀ကိုယ်တိုင်တည်ဆောက်ထားတဲ့ အရာတွေအပေါ် ဂုဏ်ယူလာမယ်

သဲကစားခြင်းက စိတ်အေးစေပြီး စိတ်ခံစားချက်တွေကို ဖော်ထုတ်‌ေပးနိုင်တယ်

2. ဉာဏ်ရည် (Cognitive) တိုးတက်မှုနယ်ပယ်

🍀ပြဿနာ ဖြေရှင်းတတ်လာမယ် ( Tunnel ဘယ်လိုဖောက်မလဲ Castle 🏯 🏰 ဘယ်လိုဆောက်မလဲ စသည်ဖြင့် )

🍀သိပ္ပံအကြောင်းအရာများ– (ခြောက်သဲ/သဲစို ကွာခြားချက်၊ ပုံသဏ္ဍာန်၊ ထုထည်)

🍀သင်္ချာအခြေခံ– တိုင်းတာခြင်း၊ နှိုင်းယှဉ်ခြင်း

3. ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှု

🍀Fine motor skills– သဲကို ဆော့၊ တူး၊ အိုးခွက်ထဲ မ ထည့်ခြင်းများက လက်ရိုး လက်ချောင်းများကို သန်မာစေတယ်

🍀Hand–eye coordination တိုးတက်ဖွံ့ဖြိုးစေတယ်

4. ဘာသာစကားနှင့် ဆက်သွယ်ရေး

🍀စကားလုံးအသစ်များကို သင်ယူနိုင်တယ်

🍀ကိုယ့်စိတ်ကြိုက်အကြောင်းအရာပြောရာမှတဆင့် ဘာသာစကား ဖွံ့ဖြိုးလာမယ်

🍀ညွှန်ကြားချက်နားထောင်တတ်လာမယ်

5. ဖန်တီးမှုစွမ်းရည် (Creative Expression)

🍀ကလေးတွေရဲ့ စိတ်ကူးယဉ်ကစားမှု– (မုန့်ဆိုင်၊မြို့‌ေဆာက်ကစားခြင်း)

🍀အနုပညာဖန်တီးမှု– သဲထဲမှာ ပုံဆွဲခြင်း၊ ပုံဖော်ခြင်း မုန့်ပုံလုပ်ခြင်း။

6. အာရုံခံစားမှု ဖွံ့ဖြိုးတိုးတက်မှု (Sensory Development)

🍀သဲ၏ texture (မတူညီသော အကျိုးသက်ရောက်မှုများ) ကို ကိုယ်တိုင်သိမြင်တတ်လာသည်

🍀စိတ်အေးစေ၍ အာရုံကြောတည်ငြိမ်စေရာ Sensory Play ဖြစ်သည်။

📝သဲကစားခြင်းသည် ကလေးများ၏ လူမှုရေး၊ စိတ်ခံစားမှု၊ ဉာဏ်ရည်၊ ကိုယ်ကာယ၊ ဘာသာစကား၊ ဖန်တီးနိုင်စွမ်း၊ အာရုံခံစားမှု တို့ကို တပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေပါသည်။
ကလေးများကို ပြဿနာဖြေရှင်းနိုင်စွမ်း၊ စိတ်ကူးယဉ်မှု၊ မျှဝေမှု၊ Fine motor skills တို့အတွက် အထူးကောင်းမွန်သော Sensory Activity တစ်ခုဖြစ်သည်။


20/11/2025

🍀🎈 အောက်တိုဘာလ‌ကစ ပုံလေးတွေ activities လေးတွေ မတင်ဖြစ်တာကြာသွားခဲ့ပါတယ် ဒီရက်ကစ နေ့တိုင်း ပြန်တင်ပေးပါမယ် 🍀🎈

သားသားမီးမီးတို့ သင်ယူခဲ့တဲ့ activities ပုံရိပ်လေးတွေပါ



02/11/2025

တန်ဆောင်တိုင် ကျောင်းပိတ်ရက်ကြေညာခြင်း
*******************************************

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် (တနင်္လာနေ့)နှင့် ၄ ရက် (အင်္ဂါနေ့)သည် တန်ဆောင်တိုင်ကျောင်းပိတ်သည့်နေ့များ ဖြစ်ပါသဖြင့် Shin Than Aung Pre_School ပိတ်မည်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် ပုံမှန်ပြန်ဖွင့်ပါမည်။

သားသားမီးမီးတို့အားလုံး သာယာတဲ့ ပိတ်ရက်လေးကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းနိုင်ကြပါစေ 🍀🍀🍀

19/10/2025

၂၀၂၅၊အောက်တိုဘာလ ၂၀ရက်၊ (တနင်္လာနေ့)သည်ဟိန္ဒူဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဒီပါဝလီနေ့ ပိတ်ရက်ဖြစ်ပါသောကြောင့် STA မှ အတန်းများအားလုံး ပိတ်ပါသည်။
ပျော်စရာကောင်းတဲ့ ပိတ်ရက်လေး ဖြစ်ကြပါစေ.....

05/10/2025

🍀🍀🍀 ငယ်ဘဝမှစသည် ပညာသင်ကြားပေးခဲ့သော လက်ဦးဆရာ သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်းတို့၏ ဂုဏ်ကျေးဇူးအား အစဉ်ဦးခိုက်လျက် 🙏🙏🙏

ဆရာများအားလုံး ကျန်းမာ သက်ရှည် အေးမြကြပါစေ

အောက်တိုဘာ ၅ရက်နေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အမှတ်တရ

04/10/2025

🎇 သီတင်းကျွတ်ပိတ်ရက်🕯️

📢 5.10.2025 မှ 12.10.2025‌ အထိ သားသားမီးမီးတို့အားလုံး ပိတ်ရက်အဖြစ် အသိပေးအပ်ပါတယ်🤗

13.10.2025 ရက်နေ့မှစ၍ ပုံမှန်အတိုင်း အတန်းများ ပြန်ဖွင့်ပါမယ်

🎆ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

သားသားမီးမီးတို့အားလုံး ပျော်ရွှင်ကြပါစေ🎆


#သီတင်းကျွတ်ပိတ်ရက်

Photos from Shin Than Aung PreSchool's post 03/10/2025

🎉🎊💛💚Happy Thadingyut 🎉💛💚🎉🎊

ပျော်စရာ သီတင်းကျွတ်

27/09/2025

🧠Memory Game

Memory Card လေးတွေနဲ့ ကစားပြီးရင် computer နဲ့ screen time ယူပြီး ပေးကစားတယ်

အစပိုင်း Nursery တွေ 3နှစ်အထက်တွေ 14ကဒ် 15ကဒ် ကနေ KG တွေဆို 36ကဒ်ထိ ကောင်းကောင်းကစားနိုင်ပြီ 👍👍👍

သူတို့အတွက် အပျော်ဆုံး ဂိမ်းတွေထဲက တစ်ခု

Memory Game က ကလေးတွေရဲ့

🧠 ဉာဏ်ရည်ဖွံ့ဖြိုးမှု

✅အာရုံစိုက်နိုင်စွမ်း တိုးတက်စေတယ်

✅မှတ်ဉာဏ်တိုးတက်စေတယ် – ပုံစံများ၊ ပုံများ၊ အစဉ်များကို မှတ်သားရခြင်းဖြင့် ဦးနှောက်အားကောင်းစေတယ်

✅ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်စေတယ်

✅အတွေးအခေါ် တိုးတက်စေတယ် – အရာဝတ္ထုများအကြား ဆက်စပ်မှုကို တွေးနိုင်စေတယ်

🌱 ပညာရေးဆိုင်ရာ အကျိုးကျေးဇူး

📖 အက္ခရာ၊ ကိန်းဂဏန်း၊ တိရစ္ဆာန်၊ အဆင်ပုံစံ၊အသီးအနှံ၊အလုပ်အကိုင် ၊အရောင်၊ပုံသဏ္ဍာန်၊ရာသီဥတု၊အဝတ်အစား ကစားစရာမျိုးစုံ အစရှိသည်တို့ကို ပိုမိုသိရှိစေတယ်

📖 ပုံ၊ စာလုံး၊ တံဆိပ်များကို အလျင်အမြန် ခွဲခြားသိနိုင်သည်။

🤝 လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အကျိုးကျေးဇူး

🍀အလှည့်ကျကစားခြင်းနှင့် စောင့်ဆိုင်းနိုင်စွမ်း သင်ယူရရှိစေတယ် – အုပ်စုဖွဲ့ကစားရင် ပိုအဆင်ပြေပါတယ်

🍀ယုံကြည်မှုတိုးတက်စေသည် – မှန်ကန်စွာ မှတ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ဂုဏ်ယူ‌ေကျနပ်မှုတိုးပွားစေတယ်

👀 ခန္ဓာကိုယ်နှင့် အာရုံခံ အကျိုးကျေးဇူး

😊အမြင်ခြားနားနိုင်စွမ်း တိုးတက်စေတယ် – ပုံများအကြား အနည်းငယ်ကွာခြားမှုကို မှန်မှန် မှတ်မိစေတယ်

😊လက်-မျက်စိတပြိုင်နက်တည်း လှုပ်ရှားမှု
တိုးတက်စေတယ် – ကဒ်များလှည့်ခြင်း၊ အပိုင်းအစများ ရွေ့လျားခြင်းတို့မှ အကျိုးရှိသည်။

🌟 စုပေါင်း ဖွံ့ဖြိုးမှု

💚အာရုံစိုက်နိုင်စွမ်း အချိန်ပို၍ တိုးတက်စေသည် – အကြာကြီး စိုက်ကြည့်နိုင်တယ်

တလမှာ နှစ်ကြိမ် တကြိမ်ကို 10-15မိနစ်အကြား screen time ယူ၍ ပေးကစားတယ်
လက်တွေ့ကဒ်လေးတွေနဲ့ကတော့ တပတ်တကြိမ် ကစားပေးတယ်

ပုံမှာ nursery သေးသေးလေး အခုမှ ပထမဆုံး စကစားတော့ mouse ရွှေ့တာ အားနည်းသေးပေ‌မယ့် ကောင်းကောင်း ကစားတတ်ပြီ ❤️❤️❤️

👉🏼သင့်ကလေး ငယ်စဉ်ကတည်းက ဘက်စုံဖွံ့ဖြိုးဖို့ ရှင်သန်အောင်မှာ ပညာသင်ကြားကြစို့ 🐣🐣🐣

🏫ကျောင်းစုံစမ်းရန်နှင့်ဆက်သွယ်ရန်

အမှတ် ၆၀/B ဗိုလ်မင်းရောင်လမ်း
ဗိုလ်ထွန်းဇံရပ်ကွက် ဒေါပုံ
📞☎️ 09420064473, 09420160527

Photos from Shin Than Aung PreSchool's post 26/09/2025

🌈Science Time
Make a rainbow with a CD




25/09/2025

✅“Watch and Do”Game

ဒီကစားနည်းလေးကနေ ရရှိသွားမယ့် skills များ

🍀ဉာဏ်ရည် ဖွံ့ဖြိုးမှု (Cognitive Development)

ဆရာမ လုပ်တဲ့ပုံစံကို ကြည့်ရှုခြင်းဖြင့် သတိထားကြည့်ရှုနိုင်စွမ်းတိုးတက်စေသည်။

အဆင့်တိုင်းကို အမှတ်ရပြီး အစဉ်အတိုင်း လိုက်လုပ်နိုင်စွမ်း တိုးတက်စေသည်။

ပစ္စည်းများကို တည်ဆောက်ရာတွင် ပြဿနာကိုစဉ်းစားတတ်ခြင်းဖြင့် အတွေးအခေါ် ခိုင်မာစေသည်။

🍀 လက်ချောင်းအသုံးချရသဖြင့် ကြွက်သားငယ် ကျွမ်းကျင်မှု (Fine Motor Skills)

ပစ္စည်းများ တင်၊ မူ၊ ချခြင်းမှတဆင့် လက်နှင့် မျက်လုံးကို သဟဇာတဖြစ်အောင် အလုပ်လုပ်စေနိုင်မှု တိုးတက်စေသည်။

🍀 ဘာသာစကားနှင့် ဆက်ဆံရေး (Language & Communication)

ပုံသဏ္ဍာန်၊ အရောင်၊ တည်နေရာ စသည့် အသစ်အသစ်သော စကားများကို လေ့လာနိုင်သည်။

ညွှန်ကြားချက်များကို နားထောင်၍ လိုက်လုပ်တတ်‌ေစသည်။

🍀လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးမှု (Social & Emotional Development)

ဆရာမလုပ်သလို လိုက်လုပ်ပြီး အောင်မြင်သည့်အခါ မိမိကိုယ် ယုံကြည်မှု တိုးတက်စေသည်။

တိကျမှု၊ သည်းခံနိုင်စွမ်း ကစားနိုင်စွမ်း တိုးတက်စေသည်။

ဆရာမကို စံနမူနာအဖြစ် ယုံကြည်မှုပြုခြင်း တိုးပွားစေသည်။





Photos from Shin Than Aung PreSchool's post 18/09/2025

✅ “Rescue the Animals”
🐾 တိရစ္ဆာန်များကို ကယ်ဆယ်ကြစို့

“တိရစ္ဆာန်တွေ ဒုက္ခရောက်သွားပြီ ဖမ်းဆီးခံထားရတယ် ။ ဘယ်လို ကယ်ဆယ်ကြမလဲ?”ဆို

အလုအယက်ဖြေတာ သူတို့ကယ်ကြမယ် ဆိုပြီး ❤️❤️

တိရစ္ဆာန်တွေကို ကူညီရမယ်ဆိုတဲ့ စိတ်၊ သနားစိတ်၊ ကရုဏာစိတ်လေးတွေ ထွန်းကားလာဖို့ပါပဲ

ကယ်တဲ့အချိန်မှာ သူတို့‌ေလး‌ေတွ အနာတရတွေ ဖြစ်သွားလား.... ကြည့်ပါအုံး.... ဆို ...အနာတွေ တဲ့
လာပြကြတယ် ဒီမှာ နာနာ ဒီမှာ နာနာ... တဲ့ 😜😜😜

နာနာ ဖြစ်ရင် ဘာတွေ လုပ်ပေးမလဲဆို

အိုး......ဆေးထည့်တာနဲ့
ပတ်တီးစည်းတာနဲ့
ပလာစတာကပ်တာနဲ့
ဖက်ထားရတာနဲ့
မုန့်မုန့်‌‌ေကျွးရတာနဲ့ ..... ❤️❤️❤️ ချစ်စရာကွယ်

ကယ်ပြီးတဲ့အခါ ဆေးထည့်ပေးပြီးတဲ့အခါ
သူတို့ လွတ်မြောက်သွားတဲ့အခါ
သားတို့ သမီးတို့

ဘယ်လိုခံစားရလဲ?” ဆို
“ပျော်တယ် တီချယ် ”တဲ့ ပြုံးပြုံးကြီးတွေ..... ❤️❤️❤️

တိရစ္ဆာန်များကို “ကယ်ဆယ်”ခြင်းမှတဆင့် သက်ရှိအရာအားလုံးကို ကရုဏာထားရမယ် သနားရမယ်
မိမိနိုင်သမျှ ကူညီဖေးမရမယ်
“တိရစ္ဆာန်တွေ၊ မိတ်ဆွေတွေ အခက်အခဲကြုံလာရင် ကူညီရမယ်”ဆိုတဲ့ အသိက နှလုံးသားထဲ ပေါက်ဖွားလာဖို့စိတ်ကို ငယ်ငယ်လေးကတည်းက မွေးမြူပေးလိုက်တာပါပဲ ....

ဒီလို activities လေးလုပ်ရာကနေ

👇🏼ဖွံ့ဖြိုးမှုတွေ တိုးတက်လာပါလိမ့်မယ်

၁။ စိတ်ပိုင်းဆိုင်ရာ & လူမှုရေး ဖွံ့ဖြိုးမှု

တိရစ္ဆာန်များကို ဂရုစိုက်ထိန်းသိမ်းပေးခြင်းဖြင့် သနားစိတ်၊ ကရုဏာစိတ် တိုးတက်စေသည်။

“တိရစ္ဆာန်များကို ကယ်ဆယ်ခြင်း” အဖွဲ့လိုက်လုပ်ဆောင်ရာတွင် အဖွဲ့စည်းအလုပ်ပေါင်းစည်းစွမ်းရည် တိုးတက်စေသည်။

၂။ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

တိရစ္ဆာန်များကို ကူညီရန်၊ ကာကွယ်ရန် နည်းလမ်းများ စဉ်းစားရာတွင် ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်စေသည်။

အခြေအနေအလိုက် သရုပ်ဆောင်ခြင်း (ကယ်ဆယ်သူ၊ ဆရာဝန်၊ ပြုစုသူ စသည်) မှတဆင့် စိတ်ကူးယဉ်စွမ်းရည် နှင့် ဖန်တီးမှုစွမ်းရည် တိုးတက်စေသည်။

တိရစ္ဆာန်များ၏ အမည်များ၊ နေရာဒေသ၊ အသံ၊ လိုအပ်ချက်များ အကြောင်း ဗဟုသုတ တိုးတက်စေသည်။

၃။ ဘာသာစကား & ဆက်သွယ်ရေး ဖွံ့ဖြိုးမှု

တိရစ္ဆာန်များ၊ အခြေအနေများ၊ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် အသုံးအနှုံးအသစ် စကားလုံးများ (ဥပမာ – ကယ်ဆယ်၊ ထိန်းချုပ်၊ ကာကွယ်၊ အစာကျွေး) ကို သင်ယူရရှိစေသည်

၄။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

ကြီးမားသော အရိုးကြွ (Gross motor skills) ဖွံ့ဖြိုးစေသည် (ပြေးခြင်း၊ ပေါက်ထွက် crawl ခြင်း၊ လှုပ်ရှားခြင်း စသည်ဖြင့်)။
ကြွက်သားငယ်များ လက်ချောင်း (Fine motor skills) ဖွံ့ဖြိုးစေသည် (တိရစ္ဆာန်အသေးစား အရုပ်များကို ကိုင်တွယ်ခြင်း၊ အစာကျွေးခြင်း၊ ချည်မှ ဖြုတ်ခြင်း တိပ်ခွာခြင်း စသည်ဖြင့်)။

၅။ စည်းမျဉ်း၊ သဘာဝ & ပတ်ဝန်းကျင် သိမြင်မှု

သဘာဝနှင့် အသက်ရှင်သည့်အရာများကို လေးစားရမည် ဆိုသည့် သဘောထားကို သင်ယူရရှိသည်။

တိရစ္ဆာန်များနှင့် သဘာဝကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးမှု ကို နားလည်စေသည်။

အချုပ်ကတော့

သနားစိတ်၊ ကရုဏာစိတ်ကို ကြင်နာစိတ် ကူညီဖေးမစိတ် သည် တန်ဖိုးအဖြစ် ဘဝတစ်လျှောက်လုံးရှိစေမှာပါပဲ
✅ပြဿနာကို ဖြေရှင်းတတ်လာမယ်
✅အာရုံစူးစိုက်တတ်မယ်
✅လက်ချောင်းလေးတွေ သန်စွမ်းလာမယ်
✅ဘာသာစကားစွမ်းရည်နဲ့ ပတ်သတ်ပြီး
စကားအသုံးအနှုံး အသစ်တွေ (ထိန်းချုပ်၊ကယ်ဆယ်၊ ပိတ်မိ၊ လွတ်မြောက်၊ အန္တရာယ်ကင်း၊ ကူညီ၊ တိရစ္ဆာန်အမည်များ) ကို သင်ယူရရှိလာမယ်

မူကြိုဆိုတာ နှလုံးသားတွေ နူးညံ့စေဖို့အတွက် ပြုစုပျိုးထောင်ပေးတဲ့ အိမ်တခုပါပဲ .....

သင့်ရင်သွေးအတွက် အကောင်းဆုံး‌ေတွ ရရှိ‌ေစချင်ရင်တော့ “ရှင်သန်အောင် မူကြို”ကို လှမ်းခဲ့လိုက်ပါ

အသက် ၂နှစ်ခွဲမှ ၆နှစ်ထိ လက်ခံပေးနေပါတယ်

🏫ကျောင်းစုံစမ်းရန်နှင့်ဆက်သွယ်ရန်

အမှတ် ၆၀/B ဗိုလ်မင်းရောင်လမ်း
ဗိုလ်ထွန်းဇံရပ်ကွက် ဒေါပုံ

📞☎️ 09420064473, 09420160527

Want your school to be the top-listed School/college in Dawbon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


အမှတ် ၆၀/B ဗိုလ်မင်းရောင်လမ်း ဗိုလ်ထွန်းဇံရပ်ကွက် ဒေါပုံ
Dawbon