Magic Garden Preschool and Learning Centre

Magic Garden Preschool and Learning Centre

Share

From small seeds, miracles may grow in our Magic Garden.

02/03/2024

တောင်သူလယ်သမားနေ့ (Peasants' Day)

၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Magic Garden Preschool and Learning Centre မိသားစုမှ ကြိုဆိုဂုဏ်ပြု အပ်ပါသည် 👨‍🌾👩‍🌾🌾

တောင်သူလယ်သမားမိသားစုများအားလုံး ကျန်းမာချမ်းသာပြီး အစစအရာရာ အဆင်ပြေကြပါစေကြောင်း ဆန္ဒပြုဆုတောင်းအပ်ပါသည်။

Photos from Magic Garden Preschool and Learning Centre's post 29/02/2024

“A visit to the zoo”
We ensure this visit will be one of the best memories in their childhood.

14/02/2024

ဒီတစ်ပတ်မှာတော့ ကလေးလေးတွေက လက်ချောင်းကြွက်သားငယ်လေးများကို အသုံးပြုပြီး ပြုလုပ်ရတဲ့ Activity လေးများကိုပြုလုပ်ခဲ့ကြပါတယ် 💚💚💚

12/02/2024

"ပြည်ထောင်စုနေ့" (Union Day)

ယနေ့ ၁၂.၂.၂၀၂၄ (တနင်္လာနေ့)တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံတွင်း၌ စုပေါင်းနေထိုင်ကြသော တိုင်းရင်းသား မောင်နှမများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်း Magic Garden Pre School and Learning Centre မိသားစုမှ ဆုတောင်း ဂုဏ်ပြုအပ်ပါသည်။

10/02/2024

🧧🧨Happy Chinese New Year 🧨🧧

ယနေ့တွင်ကျရောက်သော တရုတ်နှစ်သစ်ကူး အခါသမယတွင် ပြည်သူပြည်သားအပေါင်း ကျန်းမာ ချမ်းသာပြီး စီးပွားလာဘ်လာဘများ တိုးပွားပါစေကြောင်း Magic Garden Preschool and Learning Centre မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

09/02/2024

Eye-Hand coordination activity
ကလေးလေးတွေရဲ့ လက်ရွေ့လျားမှု၊ မျက်စိနှင့် ဦးနှောက် တစ်ပြိုင်နက်တည်းမှာ စဉ်းစားချိန်ဆမှု အလေ့အကျင့်တိုးတက်စေရန်နှင့် အာရုံစူးစိုက်မှု ပိုကောင်းလာစေရန် ရည်ရွယ်ပါတယ်။

Photos from Magic Garden Preschool and Learning Centre's post 07/02/2024

Happy Birthday our little Aye Sandar Aung 🎂🎈🎁🎉

တီချယ်တို့ရဲ့သမီးလေး မွေးနေ့ကစပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်းပြီး ဘဝမှာလည်း ရည်မှန်းချက်တွေပြည့်စုံပြီး ဖေဖေ မေမေတို့အားကိုးရတဲ့ သမီးအလိမ္မာရတနာလေးဖြစ်ပါစေလို့ တီချယ်တို့ Magic Garden Preschool မှ ဆုတောင်းပေးပါတယ် 💚💚💚

04/02/2024

ခုရက်ပိုင်းရာသီဥတုအခြေအနေကြောင့် ကလေးတွေအဖျားအနာများကြလို့ ကလေးလေးတွေဖျားနာလျှင် ဖေဖေ မေမေတို့အတွက် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကိုမျှဝေပေးချင်ပါတယ် ရှင်...

🟩 ကလေးရဲ့ပတ်ဝန်းကျင် အေးအောင် အဝတ်ပါးပါး ချောင်ချောင်ချိချိ ဝတ်ပေးပါ။ အခန်းကို လေဝင်လေထွက်ကောင်းပါစေ။ aircon မနိမ့်မမြင့် ဖွင့်ထားနိုင်ပါတယ်။

🟩 ပုံမှန် အစားအသောက် ဆက်ကျွေးပါ။ ထမင်း/အဖတ်မကျွေးတဲ့ အယူအဆသည် မှားပါတယ်။ တိုက်ဖွိုင့် ရောဂါဆိုတာကလဲ တစ်ပတ် လောက်ဆက်ဖျားမှသံသယ ရှိရတာမို့ အဲဒါကြောက်လို့ အဖတ်မကျွေးတာ အဓိပ္ပါယ်မရှိပါ။ ကလေးများဖျားလျှင်တော့ အစားလျော့တတ်ပါတယ်။ ဒါကိုလည်း စိတ်မပူသင့်ပါ။ အတင်းအကျပ် မကျွေးပါနဲ့။ သူစားချင်တာပဲ စားပါစေ။ ကလေးအန်လျှင် နည်းနည်းချင်း ခဏခဏကျွေးပါ။

🟩 အရည်များများတိုက်ပါ။ ဓါတ်ဆားပဲတိုက်ရမယ် မဟုတ်ပါ။ လတ်ဆတ်တဲ့ အသီးအနှံ များများကျွေးပါ။

🟩 ကလေးကစားနိုင်လို့ကစားလျှင် ပေးကစားပါ။

🟩 ကျောင်းတက်အရွယ် ကလေးတွေအတွက် အိမ်မှာပေးနားသင့်ပါတယ်။ နလန်ထ မြန်ရုံမက တခြားကလေးတွေကို ကူးစက်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

အောက်ပါအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသပါ။

- အသက် ၃ လအောက် ကလေးဖျားလျှင်

- အသက် ၃ လနဲ့ ၁ နှစ်ကြား ကလေး
တစ်ရက်ထက်ပို အဖျားကြီးလျှင်

- အသက် ၁ နှစ်အထက်ကလေး ၃ ရက်ဆက် တိုက်ဖျားလျှင်

- ဘယ်အရွယ်မဆို၊ ဘယ်နှစ်ရက်ဖျားဖျား အရည်မဝင်၊ နို့မစို့၊ အရမ်းအန်၊ အသက်ရှူမြန်၊ ဆီးသွားလျှင်နာ၊ ခြေဆစ်လက်ဆစ်ရောင်၊ နားပြည်ယို၊ အဖျားကျနေတာတောင် အရမ်းမှိန်း အရမ်းနုံး စတဲ့ အခြားလက္ခဏာတွေ တွဲဖြစ်လာလျှင်

အထက်ပါအခြေအနေများအတွက် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ကုသပါ။

ကလေးအများစု၏ အဖျားသည် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်လို့ ၃-၄ ရက်အတွင်း ဆေးဝါးထူးထူးထွေထွေမလိုပဲ ပုံမှန်ပြန်ဖြစ်ပါတယ်။
သဘာဝ နလန်ထနိုင်ခြင်းသည် အကောင်းဆုံးပါ။

ေးအထူးကုဆရာကြီးကျော်လင်း

28/01/2024

ဒီတစ်ပတ်မှာတော့ ဆရာ၊ဆရာမများအနေနဲ့ ကလေးလေးတွေကို ချဥ်းကပ်ရန်လွယ်ကူစေဖို့အတွက် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ် ရှင်။

စာသင်ကြားသူ ဆရာ၊ဆရာမများအနေဖြင့် သင်ကြားသင်ယူမှုအပိုင်းမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ကလေးဗဟိုပြုချဥ်းကပ်နည်းများကိုလည်း သိရှိတတ်ကျွမ်းထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကလေးများနှင့်အတူနေစဉ် လွယ်ကူချောမွေ့တဲ့ဆက်ဆံရေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

Child Centre Approach (ကလေးဗဟိုပြုချဥ်းကပ်ခြင်း)

ကလေးဗဟိုပြုချဉ်းကပ်တယ်ဆိုရာတွင်

✅ကလေးများကို ညင်ညင်သာသာ ကြင်ကြင်နာနာ ပြောဆိုပါ။

✅ကလေးများသည် အတုမြင်အတတ်သင်ကြသည်ဖြစ်တဲ့အတွက် နမူနာကောင်းလေးများပြ၍ သင်ပြ ပေးပါ။ (ဥပမာ-ပုံပြင်များဖတ်ပြခြင်း၊ ပုံပြင်ထဲတွင် မိမိတို့ကလေးအား သင်ကြားစေလိုသောအမူအကျင့်ကောင်းလေးများကိုထည့်သွင်း၍ ဖန်တီးပြောဆိုခြင်း)

✅ကလေးတစ်ဦးချင်းစီနှင့် စကားပြောဖြစ်အောင်ကြိုးစားပါ။ကလေးများကို သူတို့အမည်နှင့်တွဲ၍ ခေါ်နိုင်အောင် မှတ်သားထားပါ။

✅ကလေးနှင့် စကားပြောသည့်အခါ ကလေးမျက်စိနှင့် အနိမ့်အမြင့် ကိုက်ညီလောက်သည်အထိ ခါးကိုင်း၍လည်းကောင်း၊ ဒူးကွေး၍လည်းကောင်း၊ ထိုင်၍လည်းကောင်း ပြုလုပ်ပြီးမှ စကားပြောပါ။

✅ကလေးများသည် ချီးကျူးပြောဆိုခြင်းများကိုခံစားလိုကြပါသည်၊ ကလေးများ လုပ်ငန်းတစ်ခုလုပ်ဆောင်ပြီးတိုင်း ကလေးအားချီးကျူးပေးပါ။

✅ကလေးများအားအကျိုးရှိစေရန်အတွက် Activity လုပ်ငန်းများကို အမြဲမပြတ်စီစဉ်ပေးဖို့ အဆင်သင့်ဖြစ်နေရပါမည်။ ထိုကဲ့သို့ပြုလုပ်ရန် Activity များမရှိပါက ကလေးများသည် ပျင်းရိခြင်း၊ ဂနာမငြိမ်ခြင်းများ ဖြစ်တတ်ပါသည်။

✅ကလေးများနှင့်အတူရှိသောအချိန်များတွင် ဆရာ၊ဆရာမ၏ အာရုံစူးစိုက်မှုတစ်ခုလုံးသည် ကလေးများအပေါ်တွင်သာ ရှိနေရပါမည်။

✅ကလေးများနှင့်အတူ နေထိုင်လုပ်ကိုင်သောအခါ ပြုံးရွှင်သောမျက်နှာဖြင့် ရယ်စရာများပြောဆိုပြီး ကလေးအားစကားပြောပါ။

အထက်ပါမျှဝေပေးသောနည်းလမ်းများကို အသုံးပြုပြီး ကလေးလေးတွေကို ချဉ်းကပ်တဲ့အခါ အဆင်ပြေလွယ်ကူစေဖို့ မျှော်လင့်ပါတယ် ရှင် 💚💚💚

Photos from Explosive Ordnance Risk Education in Myanmar's post 26/01/2024
24/01/2024

Let's count the pebbles 🤩🤩🤩

Want your school to be the top-listed School/college in Dawbon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Myintawthar Housing
Dawbon