27/12/2023
❓Idiom ဆိုတာဘာလဲ❓
===============================
🤷♂️ What is Idiom❓
✍️ (Idiom)ဆိုတဲ့စကားလုံးဟာဆိုရင်
အင်္ဂလိပ်စာလေ့လာသူတွေအဖို့ စိမ်းမှာ
တော့မဟုတ်ဘူး။ရှင်းရှင်းနားလည်ရရင်
(Idiom)ဆိုတာ တိုက်ရိုက်အဓိပ္ပာယ်
အရ(ဒေသိယစကား)ဓလေ့သုံးစကားပါပဲ။
ကာလဒေသကိုလိုက်ပီးသုံးရတဲ့အသုံး
အနှုန်းပေါ့။ဘာသာစကားတိုင်းမှာလဲသူနဲ့
သက်ဆိုင်တဲ့Idiomတွေရှိပါတယ်။
ကျွန်တော်တို့မြန်မာစကားမှာလဲရှိပါတယ်။
🎯 ဥပမာအားဖြင့် ရေအိုးထဲမှာရေမရှိတော့ဘူး
ဆိုပါစို့ အဲတာကိုတနည်းအားဖြင့်⤵️
“မိချောင်းပေါ်နေပီ” ဆိုပီပြောသလိုပေါ့။
နောက်တခု သူ့ကိုစျေးဝယ်ခိုင်းလိုက်တာ
ပြန်ပေါ်မလာတော့ဘူးဆိုတာကို⤵️
“စူလားလိပ်ရေထဲလွှတ်လိုက်သလိုပဲ” ဆိုပီး
စသဖြင့်တိုက်ရိုက်မဟုတ်ပဲသွယ်ဝိုက်တဲ့
အဓိပ္ပာယ်နဲ့တင်စားပြောဆိုတာပေါ့။
🎯 အင်္ဂလိပ်ဘာသာစကားမှာဆိုလဲ
”အရမ်းလွယ်တာပဲ”ဆို
”That’s very easy “ပေါ့။ဒါပေမယ့်
”just a piece of cake “လို့
ပြောလိုက်တယ်။
”just a piece of cake “ဆိုတာ
တိုက်ရိုက်ဘာသာပြန်မယ်ဆို
”ကိတ်မုန့်အပိုင်းလေးတပိုင်းပေါ့”
ဒါပေမယ့်သူ့အဓိပ္ပာယ်ကလဲပဲ
”အရမ်းလွယ်တာပဲ”ဆိုတဲ့မူရင်းအဓိပ္ပာယ်ကို
ဖော်ပြတာပါပဲ။အကျဉ်းချုပ်နားလည်ရ
ရင်(Idiom)ဆိုတာမူရင်းအဓိပ္ပာယ်ကိုမတူ
ကွဲပြားတဲ့အသုံးအနှုန်းနဲ့ ဖော်ပြထား
ခြင်းဖစ်ပါတယ်။✔️✔️✔️
👉Idiom မှာလဲ အမျိုးအစားအားဖြင့်
(၇) မျိုးရှိပါတယ်။အဲ့တာတွေကတော့
- Pure Idioms
- Binomial Idioms
- Partial Idioms
- Prepositional Idioms
- Proverbs
- Euphemisms
- Cliches
ဆိုပီး ရှိပါတယ်။▪️▪️▪️
💁♂️…(Idiom ) အမျိုးအစားတွေနဲ့ တခုချင်းစီရဲ့
သုံးနှုန်းပုံတွေကို နောက်ထပ် မျှဝေပေး
သွားပါဦးမယ်။ဒါ့အပြင် အင်္ဂလိပ်စာနဲ့
ပက်သက်ပီး သိသင့်သိထိုက်
ဗဟုသုတများကို Apex English
မှမျှ ဝေပေးသွားမှာ ဖြစ်ပါတယ်။
🙏 ဝင်ရောက်ဖတ်ရှုမှု အတွက် Apex English
မှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
👨🏫Apex Founder ရဲ့စေတနာအမှာစကား⤵️
“ အခွင့်အရေးက ပန်းတိုင် မဟုတ်ရင်တောင်
ပန်းတိုင်ကိုရောက်စေသော လှေကားအဖြစ်
အသုံးချတတ်သူများ ဖြစ်ကြပါစေ”
✍️Thanks for your interest,
…Apex is a myth
==================================
Do what you love , Love what you do.