D I S Y

D I S Y Home Away From Home

30/01/2022

Stop yelling at your child ❌

20/01/2021
23/04/2020

"𝘽𝙧𝙖𝙞𝙣 𝙧𝙚𝙢𝙚𝙢𝙗𝙚𝙧𝙨 𝙬𝙝𝙖𝙩 𝙩𝙝𝙚 𝙝𝙖𝙣𝙙 𝙙𝙤𝙚𝙨 "

Early Childhood Field မှာ
တစ်ကယ်နာမည်ကြီးတဲ့
စကားလေးပေါ့

"လက်နဲ့ လုပ်ဆောင်သော ကိုယ်တိုင်ပါဝင်ပတ်သက်တဲ့ အရာတွေကိုဦးနှောက်က ဘယ်တော့မှ မမေ့ပါဘူးတဲ့ "

အခုခေတ် စာနာစိတ်တွေကင်းမဲ့လာတာ
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတာ
စည်းကမ်းတွေမရှိတာတွေဟာ
ကြီးမှဖြစ်လာတာမဟုတ်ဘူး
ငယ်ငယ်ကတည်းက
ကိုယ်ချင်းစာတတ်အောင်
စာနာစိတ်ရှိအောင် စည်းကမ်းတွေရှိအောင်
လုပ်ပေးတဲ့ အပြုအမူတွေ
သင်ခန်းစာတွေကိုလက်တွေ့ လေ့လာခွင့်မရခဲ့လို့
သင်တဲ့စာအုပ်မရှိဘူးလားဆိုတော့ ရှိပါတယ်
လောကနီတိ ဆိုတာ ရှိပါတယ်
ဒါပေမယ့် စာအုပ်ထဲမှာသာရှိပါတယ်
ကလေးတွေ ရင်ထဲမရောက်ပါဘူး


လက်တွေ့ဘာလို့လေ့လာခွင့်မရလဲဆိုတော့
စာသင်ခန်းနဲ့ ပြင်ပ စပ်ဆက်မှူ တွေ
အရမ်းနည်းလို့ စနစ်ပေါ့နော်
ကိုယ်တွေ ပညာရေးစနစ်
စာသင်ကြားတဲ့စနစ်ဆိုးကြီးကြောင့်
အားလုံးစနစ်ဆိုးနဲ့ကြုံတာပဲ
တစ်ချို့ကဘာလို့ စည်းကမ်းတွေရှိ
စာနာစိတ်တွေပြည့်နေလဲဆိုတော့
ကျောင်းစာအပြင် ပြင်ပစာတွေဖတ်တယ်
ဘာသာတရားအဆုံးအမတွေရှိမယ်
ဒီလိုနဲ့ ကိုယ့်စာရိတ္တ ကိုယ်ပြုပြင်ပြီးနေကြရတာ

နော်ဝေး နိုင်ငံမှာ ဒီမိုကရေစီအစ
မူကြိုကစတယ်ဆိုပြီး
၅ နှစ်အောက်ကတည်း
ကိုယ်ချင်းစာစိတ် ကူညီချင်စိတ်
စည်းကမ်းရှိမှူ တွေကို
ဘယ်လိုမွေးပေးလဲဆိုတော့

ကလေးတွေကိုဆရာမက
အိမ်မှာရှိတဲ့ ပြန်ရောင်းလို့ရတဲ့
စွန့်ပစ်ပစ္စည်းလေးတွေ မှာလိုက်တယ်
ဥပမာ ရေသန့်ဗူးတွေပေါ့
ကလေးတွေက အိမ်ကသယ်လာတယ်
တစ်ချို့ဆိုလဲကောက်လာကြတယ်
လမ်းမှာတွေ့တာ ပြီးရင် အကုန်စုပြန်ရောင်းပြီး
ရတဲ့ငွေနဲ့ တစ်ကယ် လိုအပ်ပြီး ရှားပါးတဲ့
နေရာဒေသတွေမှာ ပြန်လှူကြတယ်ပေါ့နော်

အဲမှာကတည်းက ကလေးရဲ့စိတ်ထဲမှာ
အမှိုက်ဆို တာပြန်ရောင်းလို့ရလား
ပြန်သုံးလို့ရလား ဆိုတာ ခွဲခြားသိသွားပြီ
နောက်တစ်ချက် ကိုယ်တိုင်ယူလာပြီးရတဲ့ငွေနဲ့
ကိုယ်တိုင်လှူဒါန်းခွင့်ရတဲ့အတွက်
တစ်ပါးသူအပေါ်ကူညီချင်စိတ် စာနာစိတ်
ရသွားပြီး စုပေါင်းပြီးလုပ်တဲ့အတွက်
အသင်းအဖွဲ့စိတ် နောက်တော့
သဘာဝပတ်ဝန်းကျင်ကိုချစ်တဲ့စိတ်
အကုန်အကုန်ရသွားပြီ

ကမ္ဘာမှာ ပညာရေးအကောင်းဆုံးလို့ပြောတဲ့
Finland လိုနိုင်ငံမျိုးမှာတောင်
စာကိုနောက်မှသင်တယ်
မူကြိုရောက်ပြီဆို အသက်ကြီးတဲ့အထိ
ပါသွားရမယ့်အမူအကျင့်ကောင်းတွေကို
အရင်သင်ပေးတယ်
အိမ်စာမပေးတဲ့ပညာရေးစနစ်လဲဖြစ်တော့
ကလေးတွေက ကျောင်းမှာပဲပျော်ပျော်ရွှင်ရွှင်နဲ့
သင်ယူကြတယ်

ကိုယ်ခံယူထားတာ တစ်ခုရှိတယ် နိုင်ငံရေး
အမျိုးသားရေးဆိုတာ တို့အရေးတို့အရေး
ဆိုပြီးလမ်းပေါ်ထွက်နေမှမဟုတ်ဘူးလို့
မူကြိုဆရာမတစ်ယောက်ကလဲ
နိုင်ငံရေးလုပ်နေတာလို့မြင်တယ်
ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ
ကြီးလာကြမှာ ဒီအတိုင်းနေမှမဟုတ်ဘူး
နိုင်ငံ့ကို သူတို့လက်ထဲအပ်ခဲ့ရမှာ
ခမ်းခမ်းနားနားပြောရရင်တော့
နိုင်ငံတစ်နိုင်ငံရဲ့ ကြယ်ပွင့်လောင်းလေးတွေပေါ့

စာနာ တတ်သော လူပီသသော

ကြယ်ပွင့်တွေ နိုင်ငံ့သားကောင်းတွေ ဖြစ်ဖို့
ငယ်ငယ်ကတည်းက သင်ပေးရမှာ မေမေတို့တာဝန်
မူကြိုကျောင်းမှာ သင်ပေးရမှာ မူကြိုဆရာမလေးတွေရဲ့တာဝန်ပါ

ကလေးတွေရင်ထဲမှာ စာနာစိတ်
ကိုယ်ချင်းစာစိတ် နဲ့ ချစ်ခြင်းမေတ္တာတွေ
ထည့်ပေးနိုင်သော အခွင့်အလမ်းများဖော်ဆောင်နိုင်တဲ့
မူကြိုဆရာမဖြစ်အောင် ဆက်လက်ကြိုးစားသွားပါဦးမည်

Earth Day 2020ယနေ့ ဒီကဗ္ဘာကြီးက  အတော်လေးပျက်စီးနေပြီ ဆိုတာ အကုန်းလုံး သိပြီးသား ဖြစ်မယ် ထင်ပါတယ် လူတွေ တောင် ဖျားနာ နေက...
22/04/2020

Earth Day 2020

ယနေ့ ဒီကဗ္ဘာကြီးက အတော်လေးပျက်စီးနေပြီ ဆိုတာ အကုန်းလုံး သိပြီးသား ဖြစ်မယ် ထင်ပါတယ်

လူတွေ တောင် ဖျားနာ နေကြရင် အနား ယူ ကြသေးတာ ပဲ
ကဗ္ဘာကြီးကလည်း သူနည်းသူ့ဟန်နဲ့ covid-19 ကိုအကြောင်းြပု ြပီး လူသားတွေ ဆီ က ခဏ အနားယူနေပါပြီ

ဟုတ်ပြီ အဲ့ဒါဆိုရင် ဒီလို အနားယူ နေတဲ့ အချိန်မှာ သူ့ အတွက် ဘာတွေ ကောင်းအောင်လုပ်ပေးကြမလဲ စဉ်းစားကြရအောင် ????

ဥုတုရာသီတောကိုမှီ၏ ဆိုတဲ့ အတိုင်းပဲ
တစ်နိုင်တစ်ပိုင် သစ်ပင်လေးတွေ ပြန် စိုက်ကြမယ်
ကိုယ့် ခြံလေးထဲမှာ ပဲ ဖြစ်ဖြစ် ကိုယ့် အိမ်ဝန်းလေးထဲ မှာပဲ ဖြစ်ဖြစ် စိုက်ကြမယ်

ခဏလေး...... 🤔

သစ်ပင်စိုက်ရုံ နဲ့ လဲ မပီးသေးပါဘူး
မိမိတို့ သုံး ပြီးသားစွန့် ပစ် ပစည်း တွေကို လဲ
ပြန်သုံးလို့ ရတဲ့ ဟာလေးတွေ ပြန်သုံး ပြီး ပစ် ရမယ် ဟာလေးတွေ ကို စနစ်တကျ စွန့်ပစ် ရင်း

ဒီနေ့ ြကရောက်တဲ့ World Earth Day က နေစပြီး စနစ်တကျနေထိုင်ရင်း တိူ့ ချစ်တဲ့ ကဗ္ဘာကြီးကို ပြန်လည်ကယ်တင်ကြရအောင်လား 🌍🌳🌼

Credit - 🌱🙏🌍




What is Play  Based Learning ?ကစားခြင်းကို အခြေခံ၍ သင်ယူခြင်းဆိုတာ ဘာလဲ ?ဦးနှောက်ဖွံ့ဖြိုးမှူဟာ မေ့မေ့ဗိုက်ထဲမှာကတည်းက စ...
20/04/2020

What is Play Based Learning ?

ကစားခြင်းကို အခြေခံ၍ သင်ယူခြင်းဆိုတာ ဘာလဲ ?

ဦးနှောက်ဖွံ့ဖြိုးမှူဟာ မေ့မေ့ဗိုက်ထဲမှာကတည်းက စတင်ကြီးထွားနေတာပါ မွေးလာကတည်းက ကလေးတွေက သင်ယူနေကြတယ်
ကလေးတွေ သင်ယူမှူအပေါ် ပိုပြီး အကျိုးသက်ရောက်မှုရှိချင်ရင် များများ ပံ့ပိုးမှု လုပ်ပေးရပါမယ်။

ထိရောက်ပြီး အကျိုးသက်ရောက်မှူရှိသော သင်ကြားခြင်းသည်သာ ကလေးရဲ့ သင်ယူမှူကို အထောက်အပံ့ပေးတာပါ

ကလေးသေးသေးလေးတွေ ကို ဘယ်လိုတွေသင်မှာလဲ ?

ကစားရင်းနဲ့သင်ယူသော ကလေးများသည်
ကိုယ်တိုင် စူးစမ်းရင်းသင်ယူသောအရာများကို ဘယ်တော့မှမမေ့ကြပါ ။

ကလေးကို များများကစားခိုင်းရပါမယ် ကစားခိုင်းတဲ့နေရာမှာလဲ ကလေးနဲ့ အရုပ်တွေနဲ့ ပစ်ထားတာမျိုး
မဟုတ်ပဲ ကလေးနားမှာ စကားလေးတွပြောပေး
မေးခွန်းလေးတွေ မေး ပေး စိတ်ခံစားမှူလေးသတိထားမိအောင်ပြောပေး (ဥပမာ သားသား အရုပ်လေး လက်ကျိုးသွားတာ သားသား ဘယ်လိုခံစားရလဲ ပျော်လား ဝမ်းနည်းလား)....

ဒီလိုမျိုးကလေးကို ကစားခွင့်လဲ ပေးမယ်
အနားမှာကလေး ဖွံ့ဖြိုးမှူတွေ အတွက်
အထောက်အပံ့ပေးမယ့်မေးခွန်းလေးတွေလဲ
မေးပေးမယ်ဆိုရင် ကလေးက ကစားရင်းနဲ့

Physical Developmentရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှူ၊ Social Development -ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှူ၊ Emotional Development -စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှူ၊ Cognitive Development -ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှူ စတဲ့ အဓိကကျတဲ့ ဖွံ့ဖြိုးတိုးတက်မှူ (၄)ခု တစ်ပြိုင်နက်တိုးတက်မှာဖြစ်ပါတယ်။






ရန်ကုန်မြို့ထဲ လဲ သွားစရာမလိုပဲ နဲ့ ဒလ မြို့ထဲ မှာ ပဲ အဆင့်မြင့်တဲ့ မူကြို ပညာရေး စနစ်ကို ရှာ ဖွေ နေပါသလား?မတူညီ တဲ့ သင်...
19/04/2020

ရန်ကုန်မြို့ထဲ လဲ သွားစရာမလိုပဲ နဲ့
ဒလ မြို့ထဲ မှာ ပဲ အဆင့်မြင့်တဲ့
မူကြို ပညာရေး စနစ်ကို ရှာ ဖွေ နေပါသလား?

မတူညီ တဲ့ သင်ကြားမှု ပုံစံ
သန့်ရှင်း ကျယ်ဝန်းတဲ့ စာသင်ခန်း တွေ နဲ့ အတူ

- ကလေးငယ် များ ဦးနှောက် ဖွံ့ဖြိုးမှု
- ကိုယ်ကာယ ဖွံဖြိုး မှု
တွေကို ပိုမို တိုးတတ်အောင် သင်ကြားပေးနိုင်ဖို့
ွကိုးစားနပွေါပီ ။




သင်သိပါသလား ?ကလေးတွေရဲ့ အစောပိုင်း စာတတ်မြောက်မှူမှာ မိဘတွေရဲ့ အခန်းကဏ္ဌက နံပါတ် တစ် ဖြစ်တယ်ဆိုတာ ။...........သင်သိပါသလာ...
18/04/2020

သင်သိပါသလား ?

ကလေးတွေရဲ့ အစောပိုင်း စာတတ်မြောက်မှူမှာ

မိဘတွေရဲ့ အခန်းကဏ္ဌက နံပါတ် တစ် ဖြစ်တယ်ဆိုတာ ။
...........

သင်သိပါသလား?

ကလေးတွေ ရဲ့ အစောပိုင်းစာတတ်​ြေမာက်မှုမှာ
မိဘေတွရဲ့ အခန်းကဏ္ဍ က နံပါတ်တစ် ြဖစ်တယ္
ဆိုတာ ။



Address

Dalla

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when D I S Y posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category