ြငိမ်းမင်းကို အချစ်နှင့်သူ၏ ဘဝ

  • Home
  • Myanmar
  • Dalla
  • ြငိမ်းမင်းကို အချစ်နှင့်သူ၏ ဘဝ

ြငိမ်းမင်းကို အချစ်နှင့်သူ၏ ဘဝ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ြငိမ်းမင်းကို အချစ်နှင့်သူ၏ ဘဝ, Education, Dalla.

ဘာကိုမှ နားမလည်နိုင်တော့တဲ့ အခါကျွန်တော်တို့က ပိုပီး တိတ်ဆိတ် သွားပါလိမ့်မယ်တချို့ ချစ်ခြင်းတွေက နားလည်မှု့လို့ ခံယူပီးဂ...
25/04/2022

ဘာကိုမှ နားမလည်နိုင်တော့တဲ့ အခါ
ကျွန်တော်တို့က ပိုပီး တိတ်ဆိတ် သွားပါလိမ့်မယ်
တချို့ ချစ်ခြင်းတွေက နားလည်မှု့လို့ ခံယူပီး
ဂရုစိုက်မှု့တွေ ပျောက်ဆုံးနေတတ်တယ်
နောက်တော့ သူတို့ လမ်းခွဲသွားကြရတာပါပဲ
ကျွန်တော်တို့က တစုံတယောက်ကို ချစ်မိသွားတဲ့ အခါ
သူ့ အတိတ်ကိုပါ ပိုင်ဆိုင်ချင်ကြတာ
သူ့အတိတ်ဆိုတာ ကျွန်တော်တို့ မရှိခဲ့တဲ့ နေ့ရက်တွေပဲလေ

31/12/2021

သူမကို ဆုံးရှုံးသွားတယ်ဆိုတာ ကျွန်တော့်အတွက် အရာအားလုံး ပြီးဆုံးသွားတာပါပဲ
ဟုတ်ပါတယ်
သူမကတော့ တခြားတယောက်နဲ့ ပျော်နေချိန်မှာ ကျွန်တော်ကတော့ သူမကို
သတိရခြင်းတွေနဲ့ အတိတ်ပုံရိပ်တွေကို ပြန်ဖော်ပီး လွမ်းဆွတ်နေတာပါ
ဒီနေ့လို အရင်နှစ်တွေရဲ့ နေ့တွေမှာ ကျွန်တော်တို့ အတူတူ ရှိခဲ့ ကြပါတယ်

25/12/2021

တိမ်တွေက ဘာလို့ သူမရှိရာဆီပဲ ရွေ့လျားနေကြပါလိမ့်

17/12/2021

သူမ မရှိတော့တဲ့ ဆောင်းရာသီက ကျွန်တော့်အတွက် အအေးပိုတယ်

16/12/2021

ကဲ
လေထဲက ပြန်တတ်လာတဲ့ အရှိက ခါးကိုင်းကိုင်းနှင်းကို
ဆောင်ချီလာတယ်
သူက
သုခကို သိသလို ဒုက္ခကိုလည်း သိသင့်တယ်
အခန်းဆက် မျက်နှာမွဲမို့ အပူသည်တယောက်သာဖြစ်ပြန်တယ်
မည်သို့ပင်ဆိုစေကာမူ ညပျက်တွေ ညည့်နက်လာပုံက
အခွံသက်သက် လွတ်လပ်ခြင်းတော့ မဟုတ်လောက်ပါဘူး
ယူကြပါအုန်း ဝယ်ကြပါအုန်း
ရော့ ၁၀၀၀ပဲပေးပြီ အလကား ယူသွားပါ
ဟုတ်တယ်
အရာအားလုံးက ရေရောလိုက်ရုံနဲ့ ပေါ့ပျက်မသွားဘူး။

10/12/2016

26/11/2021

တချို့လူတွေနဲ့ကြ ဝေးရမယ်မှန်း မသိလို့ တွယ်ကပ်မိတယ်
တချို့လူတွေကိုတော့ ဝေးရမယ်မှန်း သိသိနဲ့ တွယ်ကပ်ထားမိပြန်တယ်

19/11/2021

ငါ့ကိုယ်ငါ ချစ်တာထက်ကို နင့်ကိုငါ ပိုချစ်ခဲ့တယ်

16/11/2021

ဘယ်နားထားရမယ်မှန်း မသိတဲ့ စိတ်တစ်ခု ရှိတယ်

ခန္ဓာအနှံ့ လျှောက်ပြေးလွှားနေတယ်

တစ်ခါတစ်ရံ ခေါင်းပေါ်မှာ
တစ်ခါတစ်ရံ ဝမ်းဗိုက်ဆီမှာ
တစ်ခါတစ်ရံ အိမ်မက်တစ်ခုဆီမှာ
တစ်ခါတစ်ရံ အတိတ်ခပ်နွမ်းနွမ်းဆီမှာ
တစ်ခါတစ်ရံ အဝတ်စုတ်တွေဆီမှာ
တစ်ခါတစ်ရံ ခပ်ပြင်းပြင်းအရက်တစ်ခွက်ဆီမှာ
တစ်ခါတစ်ရံ ခပ်မိုက်မိုက်လရောင်မ့ဲဆီမှာ
တစ်ခါတစ်ရံ ချစ်ရသူဆီမှာ
တစ်ခါတစ်ရံ ပျောက်ဆုံးအိမ်မက်တွေဆီမှာ
တစ်ခါတစ်ရံ ---
တစ်ခါတစ်ရံ ---
ဘာပဲ ဖစ်ဖစ် သူမ ပျော်ရွှင်ပါစေသား။

06/11/2021

ချစ်သူကို လွမ်းဆွတ်တမ်းတခြင်းအား
ကောင်းချီးသာဓုခေါ်ပါ
ငါက မမှားခဲ့သူပါ
ငါက မရဲရင့်ခဲ့သူပါ
ဒီလမ်းက ကြမ်းရှအက်ကွဲ
ငါမပြောခဲ့လေသမျှ ငါကိုယ်တိုင်အမျှဝေ
လေပြေက ငါ့ပါးပြင်ပွတ်သပ်ဆော့ကစား
ထင်ရာမြင်ရာ သူဖြင့်ပါစေသား

Address

Dalla

Website

Alerts

Be the first to know and let us send you an email when ြငိမ်းမင်းကို အချစ်နှင့်သူ၏ ဘဝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category