14/03/2025
သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်က စတင်ရမလဲ ? ဘာတွေလိုအပ်သလဲ ? 🗣❔
ဒီနေ့မှာတော့ PCC ကို သင်တန်းစုံစမ်းချိန်မှာ အမေးအများဆုံး မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့
သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့
' ဘယ်ကစလုပ်ရမလဲ ' ' ဘာတွေလုပ်ရမလဲ '
ဆိုတဲ့ မေးခွန်းလေးကို ဖြေပေးသွားမှာ ဖြစ်ပါတယ် 💯
သရုပ်ဆောင် အနုပညာဟာ ရုပ်ရှင်/အနုပညာလုပ်ငန်းတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် ၊
ဒါပေမယ့် သရုပ်ဆောင်များဟာ ရုပ်ရှင်အနုပညာတစ်ခုရဲ့ ရှေ့ဆုံးမှ ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ရသူများဖြစ်လို့ အရေးကြီးသော အခန်းကဏ္ဍပဲဖြစ်ပါတယ် ❕
ဒါကြောင့် ဒီ career ကို လျှောက်လှမ်းလိုသူများအတွက် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ် 💌
🌟 ပထမဆုံး လေ့လာ သင်ယူပါ
မိမိထပ် အတွေ့အကြုံအများအပြားရှိသော ဝါရင့် သဘာရင့် ဆရာ,ဆရာမကြီးများထံတွင် သရုပ်ဆောင်ပညာကို စတင် သင်ယူရပါမယ် ။ Facial expression , Body language တို့လိုမျိုး အခြေခံမှ စပြီး သရုပ်ဆောင်အတတ်ပညာကို စာတွေ့ လက်တွေ့ သင်ကြားပေးတဲ့ အနုပညာသင်တန်းကျောင်းတွေမှာ တက်ရောက်ပြီး သင်ယူရပါမယ် ✔
🌟 ဝါသနာတူသူများနှင့်အတူ သရုပ်ဆောင် လေ့ကျင့်ပါ
သရုပ်ဆောင်ခြင်းဟာ လူအများနဲ့ စုပေါင်းပြီး teamwork ညီညီ လုပ်ဆောင်ရသော လုပ်ငန်းဖြစ်လို့ တစ်ယောက်ထဲလေ့ကျင့်တာထပ် ကိုယ်နဲ့ဝါသနာတူသူတွေပေါင်းပြီး သရုပ်ဆောင်လေ့ကျင့်တာကအထောက်အကူဖြစ်စေမှာပါ ။
training , workshop , theatre group အစရှိတာတွေ join ပြီး မတူညီတဲ့ character အမျိုးမျိုးကို သရုပ်ဆောင်ခြင်းဟာ acting skill တက်လာစေတဲ့အပြင် သင့်ရဲ့ ကိုယ်ပိုင်ဟန်ကိုပါ ရှာတွေ့စေနိုင်ပါတယ် ✔
🌟 ဇာတ်ညွှန်းကို ကျွမ်းကျင်စွာ ဖတ်နိုင်ဖို့ လိုပါတယ်
သရုပ်ဆောင်မည့်သူတစ်ယောက်အနေနှင့် ဇာတ်ညွှန်းရေးသူ တည်ဆောက်ထားတဲ့ ကာရိုက်တာများ ၊ ခံစားမှုများကို အကောင်းဆုံးတူအောင် ဖန်တီးနိုင်ရန်အတွက် ဇာတ်ညွှန်းများကို သေချာဖတ်နိုင်ဖို့လိုပါတယ် ၊ ဒါမှသာ မိမိသရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်မှာဖြစ်ပြီး ဇာတ်လမ်းရဲ့ ဦးတည်ချက်မပျောက်ဆုံးစေမှာပါ ✔
🌟 Audition ဖြေပါ , Casting call တွေခေါ်ရင် ပါဝင်ပါ
Audition များဖြေပြီး အတွေ့အကြုံရယူပါ , မိမိ အရည်အချင်းကိုထုတ်ဖော်ပြသရာလည်း ရောက်သည့်အတွက် audition များများဖြေသင့်ပါတယ်နော် ✔
🌟 Feedback များ နားထောင်ပြီး ပြန်လည်သုံးသပ်ပါ
မိမိ၏ သရုပ်ဆောင်အရည်အချင်းအား မိမိထပ် အတွေ့အကြုံပိုများသော senior , ဆရာ ဆရာမများထံမှ feedback နားထောင်ပါ ၊ ဒါမှသာ လိုအပ်ချက်တွေပြင်ဆင်နိုင်မှာဖြစ်ပြီး တိုးတက်ကောင်းမွန်သော result ရမှာပါ ✔
🌟 ရုပ်ရှင်များကြည့်ပြီး လေ့ကျင့်ပါ
မိမိကြည့်ဖူးသော ရုပ်ရှင်များ ထပ်ခါထပ်ခါ ကြည့်ခြင်းထပ် မကြည့်ရသေးသော ရုပ်ရှင်များ , genres အသစ်များကို explore လုပ်ပြီး လေ့လာ ကြည့်ရှုပါ ✔
🌟 ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ
ကိုယ်ပိုင်ဟန်ဖန်တီးဖို့ရာအတွက် အထက်ပါအချက်များအားလုံးကိုလေ့ကျင့်ထားဖို့လိုပါတယ် ✔
🌟 ဒါ့အပြင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ရုပ်ရှင်ရိုက်ကူးရေး အစမှ အဆုံးကို တတ်မြောက်ထားဖို့မလိုသော်လည်း
သိရှိနားလည်နေဖို့လိုအပ်ပါတယ် ✔
ဒီအချက်တွေအားလုံး သိနားလည်ပြီး တတ်မြောက်ဖို့ရန်အတွက် အခြေခံမှစ၍ စာတွေ့ လက်တွေ့ သင်ကြားပေးနေတဲ့ Pro Creative Center ၏ acting class ရှိနေပါတယ် 🌟
သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လိုသူတွေ , သရုပ်ဆောင်ဖြစ်ဖို့ ပြင်ဆင်နေသူတွေအနေနဲ့ အခုပြောသွားတဲ့ အကြောင်းအရာတွေက သိကိုသိထားရမှာဖြစ်လို့
သဘောကျတယ်ဆို like and share လေး လုပ်သွားခဲ့နော် 💯❤
နောက်ထပ်လည်း အခုလိုအကြောင်းအရာတွေ ဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်ရှင် 💯❤
" We Nurture the Future Creators "
အသေးစိတ် သိရှိလိုပါက Pro Creative Center page messenger
ကို ဆက်သွယ်၍ ဖြစ်စေ , PCC သင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည် 📌
No.4018, Level 3, Taw Win Center, Pyay Road, Dagon Township, Yangon.
Ph: 09779057577 📌