Arrow Better Child Preschool

Call Directions Contact the school

Arrow Better Child Preschool “ လူတော်လူကောင်းဖြစ်ဖို့ရာ A.B.C မှာပျိုးထောင်ပါ”
“ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ A.B.C မှာ တက်ကြစို့”

KG 2 -----  "ဈေး "ခေါင်းစဉ်ထဲမှ သားသားမီးမီးများရဲ့ ဈေးသည် တဦးမှ အခြေခံအစားအစာများရောင်းချခြင်း လက်မှူလေး ဖြစ်ပါတယ်
17/09/2026

KG 2 ----- "ဈေး "ခေါင်းစဉ်ထဲမှ
သားသားမီးမီးများရဲ့ ဈေးသည် တဦးမှ အခြေခံအစားအစာများရောင်းချခြင်း လက်မှူလေး ဖြစ်ပါတယ်

Nursery to KG1  သားသားမီးမီးလေးများရဲ့ Gender &Private parts သင်ခန်းစာလေးများအတိုင်းမိမိရဲ့  private parts နေရာလေးများအာ...
25/06/2026

Nursery to KG1
သားသားမီးမီးလေးများရဲ့
Gender &Private parts သင်ခန်းစာလေးများအတိုင်း
မိမိရဲ့ private parts နေရာလေးများအား သူများမထိအောင်ကာကွယ်တတ်စေရန်

G3 လေးတွေရဲ့ သစ်ရွက်ပန်းချီ  & Craft subjectThey create by themselves.
25/06/2026

G3 လေးတွေရဲ့ သစ်ရွက်ပန်းချီ
& Craft subject
They create by themselves.

21/06/2026

"ကလေးကို စိတ်လည်းမဆိုးဘူး၊ ဖိအားလည်းမပေးဘဲ စိတ်ရှည်ရှည်နဲ့ ချော့သင်ပေးတာတောင်... မနေ့က သင်ထားတဲ့စာ၊ ခဏခဏ တွေ့နေကျ စာလုံးလေးတွေကိုပဲ ချက်ချင်း မေ့မေ့သွားတာ ဘာလို့လဲ?"

မိဘတော်တော်များများ စိတ်ညစ်ရတဲ့ အချက်ပါ။ "ငါ့ကလေး ဉာဏ်မကောင်းလို့လား" လို့အထိ တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ဉာဏ်ရည်နဲ့မဆိုင်ဘဲ ကလေးဦးနှောက်ရဲ့ "မှတ်ဉာဏ်သိုလှောင်ပုံ" (Memory Consolidation) အားနည်းနေလို့ ဖြစ်ပါတယ်။

ဒီပြဿနာကို ပြေလည်စေမယ့် လိုတိုရှင်း အချက် (၃) ချက်ကို Tr မျှဝေပေးချင်ပါတယ်။

၁။ စာလုံးကို "မျက်စိနဲ့ပဲ" မမှတ်ခိုင်းပါနဲ့ (Multi-sensory)

ကလေးက စာလုံး (Text) ကိုပဲ တောက်လျှောက်ကြည့်နေရင် ဦးနှောက်က ရေတိုမှတ်ဉာဏ်အဖြစ်ပဲ သိမ်းပါတယ်။ ဒါကြောင့် အထိအတွေ့ (Sensory) ပါအောင် ပြောင်းသင်ပါ။
ဥပမာ - စာလုံးလေးတွေကို စက္ကူပေါ်မှာပဲ ရေးခိုင်းမယ့်အစား သဲ (Sand) ပေါ်မှာ ဖြစ်စေ၊ ဆား (Salt) ပေါ်မှာ ဖြစ်စေ လက်ညှိုးလေးနဲ့ ပုံဖော်ရေးခိုင်းပါ။ အထိအတွေ့ပါလာတဲ့အခါ ဦးနှောက်ထဲက လှုပ်ရှားမှုမှတ်ဉာဏ် (Motor Memory) က စာလုံးကို ပိုစွဲမြဲသွားစေပါတယ်။

၂။ စာလုံးကို "ဂိမ်း" အဖြစ် ပြောင်းပစ်ပါ
သင်စရာရှိတဲ့ စာလုံးလေးတွေကို စက္ကူကတ်ပြားလေးတွေလုပ်ပြီး အိမ်ထဲမှာ လိုက်ဝှက်ထားပါ။ ပြီးရင် ကလေးကို "ဒီစာလုံးလေး ရှာပေးပါဦး" ဆိုပြီး လိုက်ရှာခိုင်းပါ။ စာလုံးက ကလေးအတွက် "အလွတ်ကျက်စရာ" မဟုတ်တော့ဘဲ "လိုက်ရှာကစားစရာ" ဖြစ်သွားတဲ့အခါ ဦးနှောက်က ပျော်ရွှင်တဲ့ဓာတ် ထွက်လာပြီး ခေါင်းထဲ ချက်ချင်း မှတ်မိသွားတတ်ပါတယ်။

၃။ "အချိန်ခြားပြီး ပြန်မေးပါ" (Spaced Repetition)

ဒီနေ့ သင်လိုက်တဲ့စာကို ဒီနေ့ပဲ ဇာတ်တိုက် တရစပ် ပြန်မမေးပါနဲ့။ ၅ မိနစ်ခြားတစ်ခါ၊ ပြီးရင် ၁ နာရီခြားတစ်ခါ၊ ပြီးမှ နောက်နေ့ကျမှ တစ်ခေါက် ပြန်မေးပါ။ ဒီလို အချိန်ခြားပြီး ဦးနှောက်ကို ပြန်တွေးခိုင်းတဲ့နည်းက ရေတိုမှတ်ဉာဏ်ကို ရေရှည်မှတ်ဉာဏ် (Long-term memory) ဖြစ်အောင် ပြောင်းလဲပေးတဲ့ အထိရောက်ဆုံး နည်းလမ်းပါ။

ကလေးက "သင်လို့လည်းမရဘူး" ဆိုပြီး ဖြစ်နေတာက စာညံ့လို့ မဟုတ်ပါဘဲ သူ့ဦးနှောက်က ဒီစာလုံးတွေကို မှတ်သားဖို့ "ကစားနည်းပုံစံ လမ်းကြောင်းအသစ်" တစ်ခု တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီနေ့ကစပြီး စာအုပ်ကြီးအတိုင်း သင်မယ့်အစား ကစားနည်းလေးတွေ ညှပ်ပြီး လှည့်သင်ကြည့်ကြရအောင်နော်။

Crazy Hair လေးနဲ့ သားသားမီးမီးလေးများရုပ်ရှင်မင်းသားမင်းသမီးသရုပ်ဆောင်ဖို့ လုပ်လို့ရပါပြီနော်
21/06/2026

Crazy Hair လေးနဲ့ သားသားမီးမီးလေးများ

ရုပ်ရှင်မင်းသားမင်းသမီးသရုပ်ဆောင်ဖို့ လုပ်လို့ရပါပြီနော်

🧠 ၅ နှစ်အောက်ကလေးတွေ ဉာဏ်ကောင်းဖို့ ဘာတွေလုပ်ပေးရမလဲ?ကလေးဉာဏ်ကောင်းဖို့ စာတွေ အများကြီး သင်ပေးဖို့ မလိုပါဘူး။💚 ဒီအချက်လေ...
18/06/2026

🧠 ၅ နှစ်အောက်ကလေးတွေ ဉာဏ်ကောင်းဖို့ ဘာတွေလုပ်ပေးရမလဲ?
ကလေးဉာဏ်ကောင်းဖို့ စာတွေ အများကြီး သင်ပေးဖို့ မလိုပါဘူး။
💚 ဒီအချက်လေးတွေက ပိုအရေးကြီးပါတယ်။
✅ ကလေးနဲ့ နေ့တိုင်း စကားများများပြောပါ။
✅ ပုံပြင်ဖတ်ပြပါ။
✅ ဆော့ကစားခွင့်ပေးပါ။
✅ ပုံဆွဲ၊ အရောင်ခြယ်၊ တည်ဆောက်ကစားစရာတွေ ကစားခိုင်းပါ။
✅ လုံလောက်စွာ အိပ်စက်ပါစေ။
✅ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ကျွေးပါ။
✅ ဖုန်း၊ Tablet အသုံးပြုချိန်ကို လျှော့ချပေးပါ။
ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ စာအုပ်တစ်အုပ်ပြီးတာနဲ့ မရနိုင်ပါဘူး။
🌱 နေ့စဉ် ပြောဆိုဆက်ဆံမှု၊ ကစားမှုနဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အာဟာရပါ။

Address

No. 4/1342, Anawrahta Street, East Dagon
Dagon
11451

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00

Telephone

+959979067719

Website

Alerts

Be the first to know and let us send you an email when Arrow Better Child Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Arrow Better Child Preschool:

Shortcuts

Share

Category