Global Circular Training Center

Global Circular Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Circular Training Center, Educational consultant, (No) 20/201, 2nd Floor, Kyan Sit Thar Road, Htee Hlaing Shin Housing, Hlaing Tharyar Township, Dagon.

18/09/2020

That usually happens to me.
😊😊😊

10/09/2020

Talking about rain.☁️☁️☁️
မိုးရွာကြောင်းပြောပုံများ

• It's drizzling.
မိုးဖွဲလေးကျနေတယ်။

• It's raining.
It's wet outside.
မိုးရွာနေတယ်။

• It's pouring.
It's lashing.
မိုးနည်းနည်းသည်းနေတယ်။

• It's bucketing down.
It's raining cats and dogs.
မိုးတအားရွာနေတယ်။

10/08/2020

ဆယ်တန်းပြီးရင် ဘာလုပ်မှာလဲ ???
သင်တန်းတွေ တက်ဖို့အတွက် စဉ်းစားရလို့ ခေါင်းရှုပ်နေပြီလား???

Language သီးသန့်ပဲ သင်တန်း တက်ဖို့အတွက် ပြင်ဆင်နေကြပြီလား??

ဒါဆိုရင် တော့ ကိုယ့်အတွက် တကယ်အကျိုးရှိမည့် သင်တန်း လေးကို ရွေးချယ်တတ်ဖို့တော့လိုမယ်နော်....သင်တန်းကြေး ကလဲ 25000 ကျပ်တည်း နဲ့ သင်ကြားရေးပိုင်းအတွက်လည်း စိုးရိမ်စရာ မလိုတဲ့ သင်တန်းဖြစ်တဲ့ ကိုသာ ရွေးချယ်လိုက်ပါနော်..

English စာနဲ့ ပတ်သက်တဲ့သင်တန်းတွေမှိုလို ပေါနေတဲ့ခေတ်ကြီးမှာ တကယ် အကျိုးမရှိ တဲ့ သင်တန်းကို တက်မိပြီဆိုရင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း အရာအာလုံးသဲထဲရေသွန်သလိုပါပဲနော် .......

☀ သင်တန်းကာလ (2) လ
☞ SECTION : (1) စနေ ၊ တနင်္ဂနွေ)
☞ သင်တန်းချိန် : 4:00Pm to 5:30 Pm
☞ 2 Sessions on a week.
********************************
➡ ပုံမှန် - သင်တန်းကြေး (၁လ) ၂၅၀၀၀ကျပ်

မှတ်ချက်။ အင်္ဂလိပ်ဘာသာစကားဖြင့်သာ သင်ကြားမည်၊အတန်းချိန်အတွင်း အင်္ဂလိပ်ဘာသာ စကားသာပြောခွင့်ပြုမည်။ 😍😍
“Let’s Discover the Champion in You”

အောက်ပါ Link မှလည်း တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ ရှင့်။
https://www.surveyol.com/s/globalcircular

😘😍📲ဆက်သွယ်ရန် - 09 791 127 018 / 09 791 127 019
- 09 76 77 08 188

🌐 Global Circular Training Center
📩 : [email protected]

Building(20), Room(201), Htee Hlaing Shin Housing, Kyan Sit Thar Street, Hlaing Tharyar, Yangon, Myanmar.

10/08/2020

မေးထားတဲ့ တစ်ယောက်ကို page ကနေ ရှင်းပြပေးလိုက်ပါတယ် ☺️☺️☺️

စာကြောင်းတစ်ကြောင်း ပြည့်စုံဖို့အတွက်
independent clause နဲ့
dependent clause ဆိုပြီးရှိတယ်

Dependent Clause ဖြစ်ဖို့အတွက်
အကြောင်းအရာ (၃) မျိုးလိုအပ်တယ်

adj clause
adv clause နဲ့
noun clasue ဆိုပြီး (၃)မျိုးရှိတယ်

******************
adj clause အကြောင်းကို မပြောခင်
noun clause ကို အရင်ပြောပြမယ်

noun clause ဖြစ်ဖို့ဆိုရင် subject နဲ့ Verb ပါရမယ့်အပြင်

အဲ့ဒီရဲ့အစ မှာ တွဲဖက်ပါရမယ့် (၂) မျိုးရှိတယ်
1. subordinate conjection
2. relactive pronoun

subordinate conjection တွေဖြစ်တဲ့
(when, where, နဲ့ since )

relative pronoun တွေဖြစ်တဲ့
(who, whose, whom , which နဲ့ that)

ဥပမာ

noun clause

1. I read what she wrote
2. What she wrote is interesting.
**********

Adj Clause ဖြစ်ဖို့ဆိုရင်တော့
Noun သို့မဟုတ် Pronounကို အထူးပြုတဲ့ စကားလုံးပါရမယ်
အဲဒီစကားလုံးက "အစ" စကားလုံးကို
နာမည်ပြောင်းထားတာဖြစ်ပြီး အထူးပြုထားတာပါ
noun clasue အပြင် အစ စကားလုံးကို modify အထူးပြုတာပါရပါမယ်. ဒါဆိုရင် adj clause လို့ပြောရပါမယ်.
ဥပမာ

Adj Clause.

1. I play a kind of music that nobody likes.
( that nobody likes က noun clause ဖြစ်ပြီး အဲ့ဒါကို အထူးပြုတာက kind of music ဖြစ်တယ်)

2. the man whom you saw was not the famous actor.
( whom you saw က noun clause ဖြစ်ပြီး အဲ့ဒါကို အထူးပြုတာက The man ဖြစ်တယ်)

10/08/2020

ကြိယာ မှာ ပုံစံ (၂) မျိုးရှိပါတယ်
ပုံမှန် ကြိယာ regular verb
ပုံမှန်မဟုတ် irregular verb

regular verb (ပုံမှန်ကြိယာ) များက
သူတို့အတိတ်နှင့် အတိတ်ပါဝင်မှုပုံစံများကို -ed ထည့်ခြင်းဖြင့်ဖွဲ့စည်းသည်။
ဥပမာ-

Walk – walked – walked
Dance – danced – danced
Paint – painted – painted
Work – worked – worked

Irregular Verb (ပုံမှန်မဟုတ်ကြိယာ)များကကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့သူတို့ရဲ့အတိတ်နှင့်အတိတ်ပါဝင်မှုပုံစုံများကိုဖွဲ့စည်းထားပါသည်။
ပုံမှန်အားဖြင့် Irregular Verb (ပုံမမှန်ကြိယာ) မှာ ( ၃)မျိုးရှိသည်။

1. ပုံစံသုံးမျိုးလုံးသည်တူညီသောကြိယာများ ဖြစ်ပါသည်။
ဥပမာ
( put - put - put)

2. ပုံစံသုံးမျိုးမှ နှစ်ခု ခုတူသောကြိယာများ ဥပမာ
(sit - sat - sat)

3. ပုံစံသုံးမျိုးလုံးမှ မတူညီသောကြိယာများ
ဥပမယ
( Drink - Drank - Drunk)

အချို့ကြိယာများသည် Irregular နှင့် Regular နှစ်ခုစလုံး ဖြစ်နိုင်ပါသည်။
ဥပမာ-

Burn – burnt – burnt (irregular)
Burn – burned – burned (regular)

Dream – dreamt – dreamt (irregular)
Dream – dreamed – dreamed (regular)

29/07/2020

🌐Making an Appointment🌐
(ကြိုတင်ချိန်းဆိုခြင်း)

ဒီကဏ္ဍမှာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ၊ ချိန်းဆိုမယ့်နေရက်၊ ချိန်းဆိုမယ့်အချိန်၊ ချိန်းဆိုမယ့် နေရာ စသည်ဖြင့် အသေးစိတ် အချက်အလက်များကို ဘယ်လိုပြောဆိုကြသလဲဆိုတာကို ဖော်ပြထားတဲ့ ဝါကျ အသုံးအနှုန်းတွေနဲ့ ယှဉ်တွဲပြီးလေ့လာကြည့်ကြရအောင်ဗျာ…………….

💢Suggesting an appointment 💢
(ချိန်းဆိုချက် တစ်ခုအဆိုပြုခြင်း)

👉To propose making an appointment, use:

သူလာတွေ့မယ်၊ ငါလာတွေ့မယ် စသည်ဖြင့် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ အောက်ဖော်ပြပါ အတိုင်းပြောဆိုနိုင်ပါတယ်

(1) Can I come and see you?
(ကျနော်ခင်ဗျားကို လာပြီးတွေ့နိုင်မလား)
(2) I’d like you to come and see me.
(ခင်ဗျား ကျနော်ကို လာပြီးတွေ့စေချင်ပါတယ်)
(3) Let’s meet.
( ကျနော်နဲ့ ခင်ဗျားတွေ့ကြရအောင်)
..........................

💢Talking about dates 💢
(ချိန်းဆိုမည့် နေ့ရက်ကိုပြောဆိုခြင်း)

👉To ask about dates, use:

ဘယ်နေ့၊ ဘယ်ရက်၊ဘယ်သီတင်းပတ်၊ဘယ်လ စသည်ဖြင့် ချိန်းဆိုတဲ့ နေ့ရက်အဆင်ပြေ/မပြေ၊ မေးမြန်း ပြောဆိုတဲ့အခါ-

(1) What day would you suit you?
(ဘယ်နေ့ဟာ မင်းအတွက် အဆင်ပြေမလဲ)

👉To suggest a date, use:
ချိန်းဆိုတဲ့နေ့ရက်ကို အဆိုပြုပြောဆိုတဲ့အခါ-

(1) What about Thursday?
(ကြာသပတေးနေ့ဆို ဘယ်လိုလဲ)
(2) I’d like to make it soon.
(ကျွန်တော်ကတော့ မကြာခင်မှာပဲ ချိန်းချင်တယ်)
(3) I’m free on Tuesday.
(အင်္ဂါနေ့တွေမှာ ကျနော်အားလပ်ပါတယ်)
(4) Next Friday would suit me.
(လာမယ့် သောကြာနေ့ဆို ကျနော်အဆင်ပြေပါတယ်)

👉To specify date, use:
ချိန်းဆိုမယ့်နေ့ရက်ကို သတ်သတ်မှတ်မှတ် တိတိကျကျပြောမယ်ဆိုရင်တော့-

(1) On Monday (or) On Tuesday (or) On Wednesday.
(တနင်္ဂလာနေ့(သို့)အင်္ဂါနေ့(သို့)ဗုဒ္ဓဟူးနေ့
(2) On the 25th of March (or) On March the 25th. (မတ်လ ၂၅ ရက်နေ့မှာ)
(3) Tomorrow, The day after tomorrow. (မနက်ဖြန်၊ သဘက်ခါ)
(4) Soon; In the next few days. (မကြာမှီ၊ လာမည့်ရက်အနည်းငယ်အတွင်းမှာ)

..........................

💢Talking about Time💢
(ချိန်းဆိုမယ့်အချိန်ကို ပြောဆိုခြင်း)

👉To ask about time, use:
ဘယ်အချိန် ချိန်းလို့ ဖြစ်နိုင်မလဲ၊ ဘယ်အချိန် အဆင်ပြေမလဲ စသည်ဖြင့် မေးမြန်းတဲ့အခါ-
(1) What time would suit you?
(ခင်ဗျားအတွက် ဘယ်အချိန် အဆင်ပြေမလဲ)။
(2) What time are you free?
(ခင်ဗျား ဘယ်အချိန်အားလဲ)

👉To suggest a time, use:
ဘယ်အချိန် ချိန်းဆိုရင် အဆင်ပြေမယ့်အကြောင်း အဆိုပြုပြောဆိုတဲ့အခါ-

(1) What about early afternoon?
(မွန်းလွဲပိုင်း ခပ်စောစောဆိုရင်ရော)
(2) I’m free in the afternoon
(မွန်းလွဲပိုင်းမှာ ကျနော်အားပါတယ်)
(3) I’d like to make it about ten o’ clock.
(ကျနော်ဆယ်နာရီလောက်မှာ ချိန်းချင်တယ်)
(4) Three-thirty would suit me.
(ညနေသုံးနာရီခွဲမှာဆိုရင် ကျနော်အဆင်ပြေပါတယ်)
(5) In the morning (or) In the afternoon (or) In the evening.
(မနက်ပိုင်းမှာ၊ နေလည်ပိုင်းမှာ၊ ညနေပိုင်းမှာ)
(6) Before Lunch / after lunch.
(နေ့လည်စာ စားချိန်မတိုင်ခင်၊ နေ့လည်စာ စားပြီး)
(7) At about eleven (or) At about eleven-thirty (or) At about twelve
(ဆယ့်တစ်နာရီလောက်မှာ၊ ဆယ့်တစ်နာရီခွဲလောက်မှာ၊ ဆယ့်နှစ်နာရီလောက်မှာ)

..........................

💢Talking about place💢
(ချိန်းဆိုမည့်နေရာကိုပြောဆိုခြင်း)

👉To ask about place, use:
ဘယ်နေရာမှာတွေ့ရင်ကောင်းမလဲ၊ အဆင်ပြေမလဲ စသည့်ဖြင့်မေးမြန်းတဲ့အခါ-

(1) Where shall we meet?
(ကျနော်တို့ ဘယ်နေရာမှာတွေ့ရင် ကောင်းမလဲ)
(2) Where would suit you?
(ဘယ်နေရာမှာတွေ့ရင် ခင်ဗျားအတွက် အဆင်ပြေမလဲ)

👉To suggest a place, use:
ချိန်းဆိုမယ့်နေရာကို အဆိုပြုပြောဆိုတဲ့အခါ-

(1) What about at my place?
(ကျနော့်နေရာမှာဆိုရင် ဖြစ်မလား)
(2) Let’s make it here.
(ဒီနေရာမှာပဲတွေ့ကြရအောင်)

👉To specify place, use:
ချိန်းဆိုမယ့်နေရာကို သတ်သတ်မှတ်မှတ်တိတိကျကျ ပြောမယ်ဆိုရင်တော့-

(1) At your/ my office/ home/ hotel.
(ခင်ဗျားရဲ့ ရုံးခန်းမှာ/ အိမ်မှာ/ဟိုတယ်မှာ/ ကျနေ်ာရဲ့ရုံးခန်းမှာ/ အိမ်မှာ/ ဟိုတယ်မှာ)….

🥰🥰🥰လေ့လာရင်းတိုးတက်နိုင်ပါစေ🥰🥰🥰

28/07/2020

HR လမ်းကြောင်းထဲသို့ ယခုမှ စဝင်မည့် ညီ / ညီမငယ်လေးများ အတွက် HR Payroll in Excel Course ကို ရိုးရိုးသာမန် (ပေါင်း ၊ နှုတ် ၊ မြှောက် ၊ စား ) ဖြင့် သင်ပေးခြင်းမျိုး မဟုတ်ပဲ နားလည် တတ်ကျွမ်းသည် အထိ Excel Function များနှင့် တကွ သေချာ သင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။

HR Payroll Excel တွင်
ပါဝင်မည့် သင်ကြားမှုများမှာ -

(1) Employee Background Information
(2) Payroll Calculation
(3) Attendance Record Calculation
(4) Social Security Board (SSB) Benefits Calculation
(5) Personal Income Tax (PIT) Calculation
(6) Join / Resign Deduction Calculation
(7) Over Time Calculation
(8) Other Deduction (Late Fee / Fine / Advance / Loan) (Calculation)
(9) Payslips Preparing
.....................

(1) MOL မှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလေ့လာနိုင်ရန်အတွက် သိသင့်သိထိုက်သော အလုပ်သမားဥပဒေများကို မျှဝေပေးခြင်း
(2) SSB Calculation တွက်ချက်ရာတွင် သိရှိထားရမည့် အခြေခံနည်းလမ်းများ ၊
(3) Personal Income Tax Calculation လုပ်ရာတွင် သိရှိနားလည် ရမည့် အခြေခံ အချက်များ၊ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များ ၊ သက်သာခွင့်များ ကို သေသေချာချာ နားလည်အောင် တွက်ချက်ပြခြင်း၊

စသည့်အချက်များအပြင် မိမိ သိရှိလိုသော HR Payroll နှင့် ပတ်သတ်သည့် အချက်များကို စိတ်ရှည်ရှည်နှင့် ဖြေကြား / သင်ကြားပေးခြင်း၊
နားလည်သည် အထိ သင်ကြားပေးမှာ ဖြစ်လို့
စိတ်ပါ ဝင်စားတယ် အမှန်တကယ် တတ်မြောက်ချင်တယ် ဆိုရင် .......

အောက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်…
တစ်ခုသေချာတာက လူအများကြီးနှင့် သင်ကြားခြင်းမျိုး မဟုတ်တာကြောင့်
ဆရာ/ဆရာမ ရှင်းပြတဲ့အခါ နားမလည်ပဲ ကျော်သွားခြင်းမျိုးလည်း မရှိပဲ အမှန်တကယ် တတ်မြောက်သွားအောင် ကူညီဆောင်ရွက်ပေးပါတယ်...

သင်ကြားမည့်ရက် - 8 - 8 - 2020
သင်တန်းကြေးနှုန်း - 20,000 ကျပ်

🏠🏠 သင်တန်းနေရာ -
🌐 Global Circular Training Center
တိုက်(၂၀)၊ အခန်း(၂၀၁)၊ ထီလှိုင်ရှင်အိမ်ယာ၊ ကျန်စစ်သားလမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📲ဆက်သွယ်ရန် - 09 791 127 018 / 09 791 127 019
📩 : [email protected]

Photos from Global Circular Training Center's post 27/07/2020

I couldn't help it !!!

ရှင်းလင်းချက်။

upset ဆိုတာ
စိတ်အနှောင့်အယှက်ဖြစ်တာ။ အလိုမကျတာ။
ဝမ်းနည်းတာ။
စိတ်မချမ်းမသာဖြစ်တာ။
ရခိုင်မုန့်တီတို့ အသုပ်စုံတို့ကို ငြုပ်သီးစပ်စပ်နဲ့စားပြီးတဲ့အခါမျိုးမှာ
I have an upset stomach.
လို့ပြောဖို့အခွင့်ကြုံပါလိမ့်မယ်။

အားကစားပွဲတွေမှာဆိုရင်မျှော်မှန်းထားတဲ့အတိုင်း
မဖြစ်ဘဲ ကမောက်ကမရလာဒ်တွေဖြစ်လာတာကို End Result Suffer Early Upset လို့ခေါင်းစီးရေးထားတာ တွေ့နိုင်ပါတယ်။

I have to admit it.
ဒါကတော့ရှင်းပါတယ်။
တစ်ခုခုကိုယ်လုပ်ထားတာကိုဝန်ခံတာ။

I couldn't help it.
ကိုယ့်စိတ်ကူး၊ အပြုအမူတစ်ခုခုကို မလုပ်ဘဲ မထိန်းချုပ်လိုက်နိုင်တဲ့အခါသုံးနိုင်ပါတယ်။
အင်မတန် လွမ်းစရာကောင်းတဲ့ရုပ်ရှင်ကြည့်ပြီးတဲ့အခါ မငိုမိအောင် ထိန်းပေမယ့်လည်း မျက်ရည်ဝဲလာတဲ့အခါ I couldn't help it. ပြောလို့ရပြီပေါ့။

I couldn't help but shed tear. ဆိုရင် မျက်ရည်မကျဘဲမနေနိုင်ဘူးပေါ့။

point-blank ဆိုတာကတော့ မေးခွန်း(သို့)စကားတစ်ခွန်းကို သွယ်ဝိုက်မနေဘဲ တိုက်ရိုက်၊ ခပ်ကြမ်းကြမ်းပြောတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။


ကဲဒါဆိုရင် စကားပြော မှာ ပါတဲ့စာကြောင်းလေးတွေပြောရင်းလေ့ကျင့်ကြည့်လိုက်ပါစို့။

27/07/2020

အင်္ဂလိပ်ဘာသာစကား သီးသန့် သင်တန်း။
What do we learn in this Course?
• Speaking (လွယ်ကူသော စကားပြော)
• Listening (နားထောင်စွမ်းရည်)
• Writing (စာရေးသားနည်း)
• Grammar Focus (သဒ္ဒါအထားအသို)
• Vocabularies (ဝေါဟာရများ)
• Two - Word sentence (စကားလုံး ၂လုံး တည်းရိုးရှင်းစွာပြောခြင်း)
• Questions(မေးခွန်းများ)
• Practice Exercises (လေ့ကျင့်ခန်းများ) ☞ MODULE (12) ပါတဲ့ International most use ဖြစ်တဲ့ CUTTING EDGE စာအုပ်ကိုအသုံးပြုမှာဖြစ်ပါတယ်။ video clip/ Audio/Games/group discussion များဖြင့် နိုင်ငံတကာ အဆင့်မှီ သင်ကြားပေးမှာ ဖြစ်ပါသည်။

☀ သင်တန်းကာလ (2) လ
☞ SECTION : (1) စနေ ၊ တနင်္ဂနွေ)
☞ သင်တန်းချိန် : 4:00Pm to 5:30 Pm
☞ 2 Sessions on a week.
********************************
➡ ပုံမှန် - သင်တန်းကြေး (၁လ) ၂၅၀၀၀ကျပ်

မှတ်ချက်။ အင်္ဂလိပ်ဘာသာစကားဖြင့်သာ သင်ကြားမည်၊အတန်းချိန်အတွင်း အင်္ဂလိပ်ဘာသာ စကားသာပြောခွင့်ပြုမည်။ 😍😍
“Let’s Discover the Champion in You”

😘😍📲ဆက်သွယ်ရန် - 09 791 127 018 / 09 791 127 019
- 09 76 77 08 188

🌐 Global Circular Travel & Tour Co.Ltd,Yangon
📩 : [email protected]
Building(20), Room(201), Htee Hlaing Shin Housing, Kyan Sit Thar Street, Hlaing Tharyar, Yangon, Myanmar.

18/07/2020

GCTC မှ English Speaking Batch (1) သင်တန်းအား စတင်ဖွင့်လှစ်လိုက်ပါပြီ။

အင်္ဂလိပ်စကားပြောသင်တန်းတက်ရာတွင်

👉အင်္ဂလိပ် စာဆို အရမ်းကြောက်ပြီး ယုံကြည်ချက်မရှိတဲ့သူများ၊
👉ငယ်ငယ်က အ‌‌ခြေခံလည်း သိပ်မရခဲ့တော့ ဘယ်ကနေ စသင်ရမှန်းမသိသူများ၊
👉နှုတ်ထွက်ပြောဖို့ကိုလည်း တော်တော်လေးရှက်ကြောက်နေသူများ၊
အတွက် တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါသည်။

ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ English စကားဆိုတာက ကိုယ်လျှောက်မယ့် အနာဂတ်အတွက် ပေါင်းကူးတံတားတစ်ခုဖြစ်လာပါပြီနော်။
တစ်ခုတော့ရှိတယ် အခြေခံ ညံ့တဲ့သူတွေအတွက်တော့ အချိန်တော့ပေးနိုင်ရမယ်၊ တတ်ချင်စိတ်၊ ဇွဲ၊ ရှိဖို့လည်းလိုအပ်ပါတယ်နော်။

English Speaking သင်တန်းကို တက်ရောက်မယ်လို့ဆုံးဖြတ်ပြီးတာနဲ့ Chat Box မှာ လာရောက်အပ်နှံ နိုင်ပါပြီ ရှင်။😍

😘😍📲ဆက်သွယ်ရန် - 09 791 127 018 / 09 791 127 019
- 09 76 77 08 188

🌐 Global Circular Co.Ltd,Yangon
📩 : [email protected]
Building(20), Room(201), Htee Hlaing Shin Housing, Kyan Sit Thar Street, Hlaing Tharyar, Yangon, Myanmar.

14/07/2020

🌐Internet and Email Course 🌐
(အင်တာနက်အသုံးပြုနည်းသင်တန်း)
----------------------------------------------
တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာ နောက်ကျမကျန်ခဲ့ဖို့၊ အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် သင်ကြားပေမည်ဖြစ်၍ လူတိုင်း တက်ရောက်ထားသင့်သော သင်တန်းဖြစ်ပါသည်။

မြန်ဆန်ပြီး အချိန်ကုန်သက်သာ ထိရောက်တဲ့ အလုပ်အတွက် mail ပို့ပုံ၊ internet အသုံးပြုပုံ တို့အပြင် တခြားစိတ်ဝင်စားစရာအကြောင်းအရာများလည်း ပါဝင်ပါမယ်။

သင်တန်းပြီးလို့ test လေးစစ်ပြီးသွားရင် Certificate လေးပေးပါမယ်နော် ✌ ✌

🌐ပါဝင်မည့် သင်ခန်းစာများ🌐
----------------------------
✔️ Email ပို့ရန်အတွက် Gmail account ဖွင့်နည်း
✔️ CV form တစ်ခုရေးသားနည်း (CV form format
ပေးပါမယ်)
✔️ ရရှိထားတဲ့ CV နဲ့ Certificate တွေအတွက်လိုအပ်
များ လုပ်ဆောင်ခြင်း(jpg ပြောင်းနည်း၊ jpgတွေကို
pdf file ပြောင်းနည်း)
✔️ နောက်ဆုံးအနေဖြင့် Email ပို့ရန် အလုပ်လျောက်
မည့် Mail ထည့်ပုံ /CV form and Certificate
attached fileများကို တွဲပို့နည်း
✔️ Facebook account ဖွင့်နည်း
✔️ Page ဖွင့်နည်း
✔️ Page အတွက်လိုအပ်သော Profile Picture၊
Cover Photo ၊Page Information များကို ပြည်
စုံအောင် ထည့်နည်း
✔️ Page မှာ Post , Video များ upload တင်နည်း၊
✔️ တခြား သူတွေကို Page Admin ,Editor ခန့်နည်း၊
Page Auto Reply များသတ်မှတ်ပေးနည်း၊
✔️ Google drive account ဖွင့်နည်း
✔️ Google drive ပေါ်တွင် မိမိအရေးကြီး data တွေ
တင်နည်း/ download link များ share ပေးနည်း
✔️ လိုအပ်သော software များကို download လုပ်
နည်း/ Install လုပ်နည်း
✔️ Software install လုပ်နည်းအသေးစိတ်နည်းလမ်းများ
✔️ Google Search Engine ကို အသုံးပြုခြင်း
✔️ Google Map, Google Calendar ,Google Translate အစရှိ သည့် 📕 Google Tools များကို ပိုင်နိုင်စွာ အသုံးပြုခြင်း
✔️ Photo ၊ Video သိချင်တာများကိုရှာဖွေနည်း
✔️ YouTube ပေါ်က video များကို download ဆွဲ
နည်း /Facebook video များ downloadလုပ်နည်း
✔️ Computer နဲ့ ပတ်သက်သော ဗဟုသုတများ
✔️ Computer မှာ internet ချိတ်ဆက် အသုံးပြုပုံ
✔️ Phone နဲ့ Computer file အပြန်အလှန် ထည့်ပုံ
✔️ Youtube Channel ပြုလုပ်နည်း
✔️ Youtube Channel မှာ video တွေ တင်နည်း

ဒီလို သင်ရိုး + ဒီလို အခွင်အရေးတွေ
အားလုံးကို ငွေကျပ် 🌐(၁၅၀၀၀)🌐 ကျပ်နဲ့
လေ့လာနိုင်မယ့် အခွင့်အရေးပါ။

လူဦးရေ ကန့်သတ်ထားလို့
အမြန်ဆုံး စာရင်းပေးထားမှ
စိတ်ကြိုက်အချိန် ရနိုင်ပါမယ်နော် ...
တက်ဖို့ စဉ်းစားထားရင်
အမြန်ဆုံး စာရင်းသွင်းထားဖို့ သတင်းကောင်းပေးပါရစေဗျာ

သင်တန်းနေရာ
-----------------
🌐 Global Circular Co., Ltd. 🌐
Ph: 09-791127018,
Viber -09-781966648
Building(20), Room(201), Htee Hlaing Shin Housing, Kyan Sit Thar Street, Hlaing Tharyar, Yangon, Myanmar.

Want your school to be the top-listed School/college in Dagon?

Click here to claim your Sponsored Listing.

Location

Website

Address


(No) 20/201, 2nd Floor, Kyan Sit Thar Road, Htee Hlaing Shin Housing, Hlaing Tharyar Township
Dagon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00