SOZO Preschool

SOZO Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SOZO Preschool, School, Saytanar, Dagon.

❣❣❣
18/05/2022

❣❣❣

10/05/2022

#ကလေးကို မူကြိုထားပြီဆိုရင်
-----------------------------------

ညအိပ်ချိန်မှန်ပါစေ
ဒါမှမနက်နိုးချိန်ပုံမှန်ဖြစ်မှာပါ
နေ့ခင်းအိပ်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါလိမ့်မယ်

မနက်စာကိုအာဟာရဖြစ်အောင်ကျွေးပါ မနက်စာသေချာမစားလာတဲကလေးဟာ
Activities တွေမှာ စိတ်မဝင်စားနိုင်ပါဘူး

ကျောင်းမှန်မှန်ပို့ပေးပါ
နေ့စဉ်ကျောင်းပို့မှသာ ကျောင်းရဲ့လုပ်ဆောင်ချက်တွေမှာပုံမှန်ပါဝင်ခွင့်ရပြီး ကျောင်းပျော်လာမှာပါ တစ်လမှာ လတစ်ဝက်လောက်သာကျောင်းတက်တဲ့ကလေးတွေရှိပါတယ် ကလေးကမသွားချင်ရင်မပို့ပါဘူးတဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မူကြိုထားပါသလဲ??? မဖြစ်သင့်ပါ မူကြိုမှာလည်းသူ့စည်းကမ်းနဲ့သူမို့ လေးစားသင့်ပါတယ်

ကလေးကိုဖုန်းပေးသုံးရင် အချိန်သတ်မှတ်ပေးပါ လုံးဝမသုံးတာအကောင်းဆုံးပါပဲ မူကြိုအရွယ်ကို ည ၁၂ ထိ game ပေးဆော့တဲ့အမေမျိုးတွေ့ဖူးပါတယ် ကလေးဟာ လက်ကိုတစ်ချိန်လုံးဖုံးပွတ်သလိုလုပ်နေပြီး မကြာခဏမျက်ရည်ပူကျပါတယ် attention လုံးဝမရပါ စာအုပ်နဲ့အစားထိုးနိုင်ပါတယ် ကလေးနဲ့အတူနေတဲ့လူကြီးဟာ တီဗီအတူကြည့်မယ်ဆိုရင် ဇာတ်လမ်းကိုရွေးချယ်သင့်ပါတယ် ကလေးဟာသင်ယူနေတာမို့သတိထားသင့်ပါတယ် ပိုကောင်းတာက စာအုပ်အတူဖတ်တာ ပုံပြောပြတာ အတူကစားတာ လုပ်ပေးနိုင်ပါတယ်

ကလေးကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့ ကလေးဟာ တခြားသူကိုလည်း ဒီအတိုင်းပြန်ဆက်ဆံပါတယ် ကျမမူကြိုမှာ ကလေးတစ်ယောက် "သတ်ပစ်လိုက်မယ် ခေါင်းရိုက်ခွဲပစ်မယ်" ဆိုပြီး ဒေါသတကြီးရေရွတ်နေတာ... တစ်နေ့သူ့အိမ်ရှေ့ကဖြတ်တော့ လူကြီးက ကလေးကိုလက်ညှိုးထိုးပြီး အဲဒီအတိုင်းအော်ဟစ်ကြိမ်းမောင်းနေတာ တွေ့ခဲ့ရပါတယ်
ပြုပြင်သင့်ပါတယ် မကောင်းတဲ့အပြုအမူတွေဟာ ကလေးတွေမှာပိုလို့ကူးစက်လွယ်ပါတယ်

ကလေးရှေ့မှာ ညစ်ညမ်းတွေဆဲလုံးတွေမပြောပါနဲ့ တခြားက ကူးစက်လာရင်လည်း လူကြီးကစိတ်မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကြည့်ပါ သူ့ကိုအာရုံမစိုက်မှန်းသိတဲ့အခါ အလိုလိုပျောက်သွားပါလိမ့်မယ်

ကလေးက ကျောင်းရဲ့အတွေ့အကြုံတွေကိုပြန်ပြောပြတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးပါ ချီးကျူးပေးပါ ဒါလည်းကျောင်းသွားချင်စိတ်ဖြစ်အောင်ပံ့ပိုးပေးပါတယ် ပုံပြောချိန်တွေမှာ ကလေးက
"မကြားချင်ဘူး တိတ်တိတ်နေ နားငြီးတယ်" ပြောလို့အံ့သြခဲ့ရဖူးပါတယ်
ချော့မေးကြည့်တော့မှ အိမ်မှာသူ့စကားနားထောင်ပေးမယ့်သူမရှိပါဘူးတဲ့ တစ်ခုခုပြောလိုက်တိုင်း လူကြီးတွေက အဲလိုပဲပြောပါတယ်တဲ့ ဝမ်းနည်းစရာပါ

ကလေးပြောတိုင်း အမှန်မထင်ပါနဲ့
ကလေးတွေဟာ ၃ နှစ်ကျော်လာရင် စကားကိုလိုရာဆွဲပြီး လှည့်ပတ်ပြောတတ်လာပါပြီ ဘာသာစကားဖွိံ့ဖြိုးလာခြင်းဖြစ်ပါတယ်
ချင့်ချိန်ပါ စဉ်းစားပါ ဆရာမနဲ့ဆွေနွေးပါ ကလေးအတွက်
sensitive ဖြစ်တတ်ရင်လျှော့ပါ အများနဲ့လိုက်လျောညီထွေနေထိုင်တတ်အောင် ပုံပြင်စာအုပ်တွေနဲ့ဆွဲဆောင်နိုင်ပါတယ်

ကလေးက သိပ်စိတ်လှုပ်ရှားတတ်ရင် ထိခိုက်ခံစားလွယ်ရင် ကလေးရှေ့မှာကလေးချင်းနှိုင်းယှဉ်ပြောတာမျိုး ရုပ်ဝတ္တုတွေပြိုင်ဆိုင်တာမျိုးမလုပ်ပါနဲ့ ဆိုးကျိုးသာဖြစ်စေမှာပါ မလုပ်ပေးနိုင်တဲ့အရာတွေအတွက် အလွယ်တကူကတိမပေးမိပါစေနဲ့

ကလေးအတွက် အတူနေမိသားစုဟာ အရေးကြီးဆုံးပတ်ဝန်းကျင်ပါ သင့်ဆီကအရာအားလုံးကို ကလေးက တသွေမတိမ်းသင်ယူနေတာမို့ အမှတ်တမဲ့မနေပါနဲ့ အရေးတယူဆက်ဆံပေးပါ

သင့်ကလေးကျောင်းမပျော်ဘူးဆိုရင် ဒါလေးသေချာဖတ်ပြီးပြန်သုံးသပ်ကြည့်ပါ

ကလေးတို့ကျန်းမာပျော်ရွှင်ပါစေ❤❤❤

Baby လေးတွေရဲ့ ဆေးခြယ်ခြင်း အနုပညာ😍👩‍🎨👨‍🎨👩‍🎨👨‍🎨👩‍🎨👨‍🎨
04/05/2022

Baby လေးတွေရဲ့ ဆေးခြယ်ခြင်း အနုပညာ😍

👩‍🎨👨‍🎨👩‍🎨👨‍🎨👩‍🎨👨‍🎨

❣❣❣❣
30/04/2022

❣❣❣❣

SOZO Preschool တွင် မူကြိုဆရာမအကူ (၁)ဦး အလိုရှိပါသည်... လက်တွဲလိုသည့်ဆရာမများသည် - (၁) က​လေးချစ်၍ သည်းခံစိတ်ရှည်တတ်ရမည်...
28/04/2022

SOZO Preschool တွင်

မူကြိုဆရာမအကူ (၁)ဦး အလိုရှိပါသည်...

လက်တွဲလိုသည့်ဆရာမများသည် -

(၁) က​လေးချစ်၍ သည်းခံစိတ်ရှည်တတ်ရမည်။
(၂)​ ရောဂါကင်းရှင်းရမည်။
(၃) ကလေးအညစ်အကြေး မရွံရှာတတ်သူဖစ်ရမည်။
(၄) သင်ယူလိုစိတ်ရှိရမည်။

စိတ်ဝင်စားသည့်ဆရာမများသည် -
(၁) ကို​ယ်​ရေးရာဇဝင်
(၂) မှတ်ပုံတင်မိတ္တူ
(၃) ပညာ​ရေးဆိုင်ရာလက်မှတ်များ ကို Cb တွင်ပို့ဆောင်ပေးရပါမည်။

၆၆၄( ခ).စေတနာလမ်း. ၂၁ရပ်ကွက်. တောင်ဒဂုံ။
ဖုန်း -09783740839

Happy birthday ပါ သမီးလေးသဇင်ချစ်ရေ...🎉🎉🎉မွေးနေ့မှစ နောင် နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းများခံစားရပါစေ...ဉာဏ်ပညာထက်မြတ်...
21/04/2022

Happy birthday ပါ သမီးလေးသဇင်ချစ်ရေ...🎉🎉🎉

မွေးနေ့မှစ နောင် နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းများခံစားရပါစေ...

ဉာဏ်ပညာထက်မြတ်ပီး ထူးချွန်တဲ့ အနာဂတ် 😊😊

အောင်မြင်သော ပန်းတိုင်ကို ပိုင်ဆိုင်နိုင်ပါစေ....😍😍😍

Happy birthday ပါ မီးမီးလေးရေ🎂🎂🎂

18/04/2022

ကိုယ့်ဘာသာစဉ်းစား!

ကလေးတွေက သူတို့ဘာသာတွေးခေါ်တတ်၊ဆုံးဖြတ်တတ်ဖို့အတွက်ဆိုရင် လူကြီးမိဘတွေကနေရာတကာမှာလိုက်လုပ်မပေးဖို့လိုပါတယ်..။

ကလေးကိုအမှိုက်ပစ်တတ်အောင်သင်ပေးထားပြီးရင် အမှိုက်ပုံးလေးကဒီမှာလေ လို့ ကလေးလက်လေးကိုဆွဲ၊အမှိုက်ပုံးကိုလက်တကမ်းလောက်မှာရွှေ့ပေးထားတာမျိုးဟာ ဘာအကျိုးသက်ရောက်မှုမှမရှိပါဘူး..။
ကလေးကိုလက်ဆေးတတ်အောင်သင်ပေးပြီးတာတောင်ကလေးလက်ကိုဆွဲ၊ဆပ်ပြာရည်လေးလက်ထဲထည့်ပေး၊ရေပိုက်လေးဖွင့်ပေး၊ လက်သုတ်ပဝါလေးကိုင်စောင့်ပေးနေတာမျိုးကလည်း ဘာအဓိပ္ပာယ်မှမရှိပါဘူး..။

အမှိုက်ပစ်လိုက် လို့ ခိုင်းပြီးရင် ကလေးကသူ့ဘာသာသူ အမှိုက်ပုံးနေရာကိုရောက်အောင်သွားတတ်ပါစေ..။သူ့ဘာသာပစ်တတ်အောင်သင်ကြားပေးတတ်ပါစေ..။တစ်ဆင့်တက်ရင် အမှိုက်တွေ့ရင်ပစ်လိုက်လေ လို့ပြောစရာမလိုဘဲ သူတို့ဘာသာပစ်တတ်တဲ့အဆင့်ထိရောက်တာကမှ သင်ကြားမှုအောင်မြင်တယ်လို့ပြောလို့ရပါတယ်..။
လက်ဆေးတတ်အောင်သင်ပေးပြီးရင် ဆပ်ပြာရည်ဘယ်လိုထည့်၊ရေဘယ်လိုဖွင့်လောင်း၊ရေဘယ်လိုပြန်ပိတ်၊လက်ဘယ်လိုသုတ်စတာတွေကို တခြားလူအကူအညီမပါဘဲလုပ်တတ်ပါစေ..။တစ်ဆင့်တက်ရင် အပြင်ကပြန်လာတိုင်း၊တစ်ခုခုစားခါနီးတိုင်း လက်ဆေးရမယ်ဆိုတဲ့အဆင့်ထိရောက်တာကမှ သင်ကြားမှုအောင်မြင်တယ်လို့ပြောလို့ရပါတယ်..။

ကလေးကကိုယ့်ဘာသာစဉ်းစားတတ်အောင်သင်နည်းပါ..။

ကိုယ်ဆိုရင်သားငယ်ငယ်က တစ်ခါ နှစ်ခါသင်ပေး၊ပြပေးပြီးသားတွေကို ထပ်မသင်သလို၊လိုက်လုပ်မပေးပါဘူး..။
လာမေးရင် ကိုယ့်ဘာသာစဉ်းစား လို့ ပြန်ပြောတတ်ပါတယ်..။

ကလေးကိုသင်တယ်ဆိုတာ နောက်ကလိုက်လုပ်ပေးရတာမျိုးမဟုတ်ပါဘူး..။ကလေးကသူ့ဦးနှောက်လေးနဲ့စဉ်းစားတတ်၊လုပ်ကိုင်တတ်အောင်ပြုစုပျိုးထောင်ချိန်မှာနောက်ကလိုက်လုပ်ပေးခြင်းဟာ ကလေးတွေကိုမပျင်း ပျင်းအောင်ပြုစုပျိုးထောင်ပေးနေတဲ့သဘောသက်ရောက်စေတယ်..။

ကိုယ့်ဘာသာစဉ်းစားတတ်စေဖို့ရာအတွက်အခြေခံဟာ အိမ်ကလူကြီးမိဘတွေလက်ထဲမှာရှိနေပါတယ်..။

သတိထားမိနိုင်စေဖို့ရေးပြပါတယ်..။


*ယုမိကို*

💦💦💦နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ပါစေ💦💦💦ကျန်းမာ ချမ်းသာ စီးပွားများတိုးပွားကြပါစေ🙏
12/04/2022

💦💦💦နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ပါစေ💦💦💦

ကျန်းမာ ချမ်းသာ စီးပွားများတိုးပွားကြပါစေ🙏

မုန့်လုံးရေပေါ်လုံးနေကြသော SOZO မူကြိုရဲ့ ချစ်မဝလေးများ😍
11/04/2022

မုန့်လုံးရေပေါ်လုံးနေကြသော SOZO မူကြိုရဲ့ ချစ်မဝလေးများ😍

01/03/2022

Babyလေးတွေရဲ့ ချစ်စရာအက😍

Address

Saytanar
Dagon

Telephone

+959783740839

Website

Alerts

Be the first to know and let us send you an email when SOZO Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category